YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန်ဩဝါဒစာပထမစောင် 3:18-24

ရှင်ယောဟန်ဩဝါဒစာပထမစောင် 3:18-24 MSBU

သားသမီး​တို့၊ ငါ​တို့​သည် စကား​နှင့် နှုတ်​အားဖြင့်​သာ​မ​ဟုတ်​ဘဲ လုပ်ဆောင်​မှု​နှင့် သမ္မာတရား​တို့​အားဖြင့် ချစ်​ကြ​ကုန်စို့။ ဤသို့ဖြင့် ငါ​တို့​သည် သမ္မာတရား​နှင့်​စပ်ဆိုင်​သော​သူ​ဖြစ်​ကြောင်း​ကို​သိ​ကြ​၍ ဘုရားသခင်​ရှေ့​တော်​၌ ငါ​တို့​၏​စိတ်နှလုံး​ကို ငြိမ်သက်​စွာ​ရှိ​စေ​ကြ​လိမ့်မည်။ ငါ​တို့​၏​စိတ်နှလုံး​သည် ငါ​တို့​ကို​အပြစ်တင်​ခဲ့​လျှင်​လည်း ဘုရားသခင်​သည် ငါ​တို့​၏​စိတ်နှလုံး​ထက် ကြီးမြတ်​တော်မူ​သည်​ဖြစ်၍ အလုံးစုံ​တို့​ကို​သိ​တော်မူ​၏။ ချစ်​ရ​သော​သူ​တို့၊ ငါ​တို့​၏​စိတ်နှလုံး​သည် ငါ​တို့​ကို​အပြစ်​မ​တင်​လျှင် ငါ​တို့​သည် ဘုရားသခင်​ရှေ့​တော်​၌ ယုံကြည်​စိတ်ချ​မှု​ရှိ​ကြ​ပြီး တောင်းလျှောက်​သမျှ​တို့​ကို ဘုရားသခင်​ထံမှ​ရ​ကြ​၏။ အဘယ်ကြောင့်​ဆိုသော် ငါ​တို့​သည် ဘုရားသခင်​၏​ပညတ်​တော်​တို့​ကို​စောင့်ထိန်း​၍ ရှေ့​တော်​၌ နှစ်သက်​တော်မူ​သော​အရာ​များ​ကို ပြု​ကြ​သောကြောင့်​ဖြစ်​၏။ ဘုရားသခင်​၏​ပညတ်​တော်​ကား သား​တော်​ယေရှု​ခရစ်တော်​၏​နာမ​တော်​ကို​ယုံကြည်​၍ ငါ​တို့​အား​ပေး​ထား​သည့်​ပညတ်​တော်​အတိုင်း အချင်းချင်း​ချစ်​ကြ​ရန်​ဖြစ်​၏။ ဘုရားသခင်​၏​ပညတ်​တော်​တို့​ကို​စောင့်ထိန်း​သော​သူ​သည် ဘုရားသခင်​၌​တည်​၍ ဘုရားသခင်​သည်​လည်း ထို​သူ​၌​တည်​၏။ ဘုရားသခင်​သည် ငါ​တို့​၌​တည်​တော်မူ​ကြောင်း​ကို ငါ​တို့​အား ပေး​တော်မူ​သော​ဝိညာဉ်​တော်​အားဖြင့် ငါ​တို့​သိ​ကြ​၏။