YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရှင်ယောဟန် 3:12-18

၁ ရှင်ယောဟန် 3:11-18 Judson Bible (JBMLE)

သင်​တို့​သည် ရှေ့​ဦး​စွာ​က​ပင် ကြား​ရ​သော တ​ရား​စ​ကား​ဟူ​မူ​ကား၊ မာရ်​နတ်​နှင့်​ဆိုင်၍ မိ​မိ​ညီ​ကို​သတ်​သော ကာ​ဣ​န​ကဲ့​သို့​မ​ဟုတ်၊ ငါ​တို့​သည် အ​ချင်း​ချင်း​ချစ်​ရ​ကြ​မည်​ဟု​လာ​သ​တည်း။ ကာ​ဣ​န​သည် မိ​မိ​ညီ​ကို အ​ဘယ်​ကြောင့် သတ်​သ​နည်း ဟူ​မူ​ကား၊ မိ​မိ​အ​ကျင့်​သည် ဆိုး​ယုတ်၍၊ ညီ၏​အ​ကျင့်​သည် ဖြောင့်​မတ်​သ​တည်း။ ညီ​အစ်​ကို​တို့၊ လော​ကီ​သား​တို့​သည် သင်​တို့​ကို မုန်း​သော်​လည်း အံ့​ဩ​ခြင်း​မ​ရှိ​ကြ​နှင့်။- ငါ​တို့​သည် ညီ​အစ်​ကို​ချင်း​တို့​ကို ချစ်​သော​ကြောင့်၊ သေ​ခြင်း​မှ အ​သက်​ရှင်​ခြင်း​သို့ ကိုယ်​ကူး​မြောက်​သည်​ကို ကိုယ်​သိ​ရ​ကြ၏။ မိ​မိ ညီ​အစ်​ကို​ကို မ​ချစ်​သော​သူ​သည် သေ​ခြင်း၌​တည်၏။- မိ​မိ​ညီ​အစ်​ကို​ကို မုန်း​သော​သူ​မည်​သည်​ကား၊ လူ​အ​သက်​ကို သတ်​သော​သူ​ဖြစ်၏။ လူ​အ​သက်​ကို သတ်​သော​သူ တစ်​စုံ​တစ်​ယောက်၌​မျှ ထာ​ဝ​ရ​အ​သက် မ​တည်​သည်​ကို သင်​တို့​သိ​ကြ၏။- ခ​ရစ်​တော်​သည် ငါ​တို့​အ​ဖို့​အ​လို​ငှာ အ​သက်​တော်​ကို စွန့်​တော်​မူ​သည်​အ​ရာ​ကို ငါ​တို့​သည် ထောက်၍၊ မေ​တ္တာ​တော်​ကို သိ​ရ​ကြ​ပြီ။ ငါ​တို့​သည်​လည်း ညီ​အစ်​ကို​ချင်း​တို့​အ​ဖို့​အ​လို​ငှာ အ​သက်​ကို​စွန့်​ရ​ကြ၏။- အ​ကြင်​သူ​သည် လော​ကီ​စည်း​စိမ်​ဥ​စ္စာ ရှိ​လျက်​ပင်၊ မိ​မိ​ညီ​အစ်​ကို​ဆင်း​ရဲ​ခြင်း​ကို မြင်၍၊ သ​နား​ခြင်း က​ရု​ဏာ​စိတ်​ကို ချုပ်​တည်း၏။ ထို​သူ၌ ဘု​ရား​သ​ခင်၏ မေ​တ္တာ​တော်​သည် အ​ဘယ်​သို့ တည်​မည်​နည်း။ ချစ်​သား​တို့၊ ငါ​တို့​သည် စ​ကား​ပြော​ကာ​မျှ​အား​ဖြင့်​သာ မ​ချစ်​ဘဲ၊ စိတ်​ပါ​ကိုယ်​ရောက် ဧ​ကန်​အ​မှန် ချစ်​ကြ​ကုန်​အံ့။

၁ ရှင်ယောဟန် 3:12-18 Common Language Bible (BCL)

မာရ်​နတ်​၏​ဘက်​သား​ဖြစ်​၍​မိ​မိ​၏​ညီ​အာ​ဗေ​လ ကို​သတ်​သူ​ကာ​ဣ​န​ကဲ့​သို့ ငါ​တို့​မ​ဖြစ်​စေ​ကြ နှင့်။ ကာ​ဣ​န​သည်​မိ​မိ​၏​ညီ​ကို​အ​ဘယ်​ကြောင့် သတ်​သ​နည်း။ သူ​၏​အ​ကျင့်​သည်​ဆိုး​ယုတ်​၍ သူ့ ညီ​၏​အ​ကျင့်​မူ​ကား​ဖြောင့်​မှန်​သော​ကြောင့် ဖြစ်​၏။ သို့​ဖြစ်​၍​ညီ​အစ်​ကို​တို့၊ လော​က​သား​တို့​သည် သင်​တို့​ကို​မုန်း​ကြ​လျှင်​မ​အံ့​သြ​ကြ​နှင့်။- ငါ​တို့​သည်​မိ​မိ​တို့​၏​ညီ​အစ်​ကို​များ​ကို​ချစ် သည့်​အ​တွက်​ကြောင့် သေ​ခြင်း​မှ​အ​သက်​ရှင်​ခြင်း သို့​ကူး​မြောက်​ခဲ့​ရ​ကြ​ကြောင်း​ကို​ငါ​တို့​သိ ကြ​၏။ မိ​မိ​၏​ညီ​အစ်​ကို​ကို​မ​ချစ်​သော​သူ သည်​သူ​သေ​ဘ​ဝ​၌​ပင်​ရှိ​နေ​သေး​၏။- မိ​မိ​၏​ညီ​အစ်​ကို​ကို​မုန်း​သော​သူ​သည်​သူ သတ်​သ​မား​ဖြစ်​၏။ သူ​သတ်​သ​မား​သည် ထာ​ဝ​ရ​အ​သက်​ကို​မ​ရ​ကြောင်း​သင်​တို့ သိ​ကြ​၏။- ခ​ရစ်​တော်​သည်​ငါ​တို့​အ​တွက်​အ​သက်​တော် ကို​စွန့်​တော်​မူ​သော​ကြောင့်​မေတ္တာ​အ​ကြောင်း ကို​ငါ​တို့​သိ​ရ​ကြ​၏။ ငါ​တို့​သည်​လည်း​မိ​မိ တို့​၏​ညီ​အစ်​ကို​များ​အ​တွက်​အ​သက်​စွန့် သင့်​ကြ​ပေ​သည်။- လော​ကီ​စည်း​စိမ်​ဥစ္စာ​ကြွယ်​ဝ​သူ​ဖြစ်​ပါ​လျက် မိ​မိ​၏​ညီ​အစ်​ကို​တစ်​စုံ​တစ်​ယောက်​ချို့​တဲ့​မှု ကို​မြင်​သော​အ​ခါ က​ရု​ဏာ​စိတ်​မ​ရှိ​သူ​တွင် အ​ဘယ်​သို့​လျှင်​ဘု​ရား​သ​ခင်​၏​မေတ္တာ​တော် ကိန်း​အောင်း​နိုင်​မည်​နည်း။- သား​သ​မီး​တို့၊ ငါ​တို့​၏​မေတ္တာ​သည်​နှုတ်​ဖျား ၌​သာ​တည်​သော​မေတ္တာ​မ​ဖြစ်​သင့်။ လက်​တွေ့​အား ဖြင့်​ဖော်​ပြ​ထား​သော​မေတ္တာ​စစ်​မေတ္တာ​မှန်​ဖြစ် ရ​မည်။

၁ ရှင်ယောဟန် 3:12-18 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

မာရ်နတ်​နှင့်​စပ်ဆိုင်​သော​သူ​ဖြစ်​ပြီး မိမိ​၏​ညီ​ကို​သတ်​သော​ကာဣန​ကဲ့သို့ မ​ဖြစ်​ကြ​နှင့်။ အဘယ်ကြောင့် ညီ​ကို​သတ်​သနည်း​ဟူမူကား သူ​၏​လုပ်ဆောင်​မှု​သည် ဆိုးညစ်​၍ သူ့​ညီ​၏​လုပ်ဆောင်​မှု​သည် ဖြောင့်မတ်​သောကြောင့်​ဖြစ်​၏။ ညီအစ်ကို​တို့၊ လောကီသား​တို့​သည် သင်​တို့​ကို​မုန်း​လျှင် မ​အံ့ဩ​ကြ​နှင့်။ ငါ​တို့​သည် ညီအစ်ကို​တို့​ကို ချစ်​ကြ​သောကြောင့် သေ​ခြင်း​မှ​အသက်ရှင်​ခြင်း​သို့ ကူးပြောင်း​ပြီ​ဖြစ်​ကြောင်း ငါ​တို့​သိ​ကြ​၏။ မ​ချစ်​သော​သူ​မူကား သေ​ခြင်း​၌​တည်​၏။ မိမိ​ညီအစ်ကို​ကို​မုန်း​သော​သူ​တိုင်း​သည် လူသတ်သမား​ဖြစ်​၏။ မည်သည့်​လူသတ်သမား​၌​မျှ ထာဝရ​အသက်​မ​တည်​ကြောင်း​ကို​လည်း သင်​တို့​သိ​ကြ​၏။ ခရစ်တော်​သည် ငါ​တို့​အတွက် မိမိ​အသက်​ကို​စွန့်​တော်မူ​သောကြောင့် ငါ​တို့​သည် ထို​အမှုအရာ​အားဖြင့် ချစ်​ခြင်း​မေတ္တာ​ကို​သိ​ရ​ကြ​ပြီ။ ငါ​တို့​သည်​လည်း ညီအစ်ကို​ချင်း​တို့​အတွက် အသက်​ကို​စွန့်​သင့်​၏။ တစ်စုံတစ်ဦး​သည် လောကီ​စည်းစိမ်​ရှိ​လျက်​နှင့် မိမိ​ညီအစ်ကို​ဆင်းရဲ​ချို့တဲ့​နေ​သည်​ကို​မြင်​၍ မိမိ​၏​ကြင်နာ​စိတ်​ကို​ချုပ်တည်း​ထား​လျှင် ဘုရားသခင်​၏​ချစ်​ခြင်း​မေတ္တာ​သည် ထို​သူ​၌ မည်သို့​တည်​မည်နည်း။ သားသမီး​တို့၊ ငါ​တို့​သည် စကား​နှင့် နှုတ်​အားဖြင့်​သာ​မ​ဟုတ်​ဘဲ လုပ်ဆောင်​မှု​နှင့် သမ္မာတရား​တို့​အားဖြင့် ချစ်​ကြ​ကုန်စို့။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။