မာရ်နတ်၏ဘက်သားဖြစ်၍မိမိ၏ညီအာဗေလ ကိုသတ်သူကာဣနကဲ့သို့ ငါတို့မဖြစ်စေကြ နှင့်။ ကာဣနသည်မိမိ၏ညီကိုအဘယ်ကြောင့် သတ်သနည်း။ သူ၏အကျင့်သည်ဆိုးယုတ်၍ သူ့ ညီ၏အကျင့်မူကားဖြောင့်မှန်သောကြောင့် ဖြစ်၏။ သို့ဖြစ်၍ညီအစ်ကိုတို့၊ လောကသားတို့သည် သင်တို့ကိုမုန်းကြလျှင်မအံ့သြကြနှင့်။- ငါတို့သည်မိမိတို့၏ညီအစ်ကိုများကိုချစ် သည့်အတွက်ကြောင့် သေခြင်းမှအသက်ရှင်ခြင်း သို့ကူးမြောက်ခဲ့ရကြကြောင်းကိုငါတို့သိ ကြ၏။ မိမိ၏ညီအစ်ကိုကိုမချစ်သောသူ သည်သူသေဘဝ၌ပင်ရှိနေသေး၏။- မိမိ၏ညီအစ်ကိုကိုမုန်းသောသူသည်သူ သတ်သမားဖြစ်၏။ သူသတ်သမားသည် ထာဝရအသက်ကိုမရကြောင်းသင်တို့ သိကြ၏။- ခရစ်တော်သည်ငါတို့အတွက်အသက်တော် ကိုစွန့်တော်မူသောကြောင့်မေတ္တာအကြောင်း ကိုငါတို့သိရကြ၏။ ငါတို့သည်လည်းမိမိ တို့၏ညီအစ်ကိုများအတွက်အသက်စွန့် သင့်ကြပေသည်။- လောကီစည်းစိမ်ဥစ္စာကြွယ်ဝသူဖြစ်ပါလျက် မိမိ၏ညီအစ်ကိုတစ်စုံတစ်ယောက်ချို့တဲ့မှု ကိုမြင်သောအခါ ကရုဏာစိတ်မရှိသူတွင် အဘယ်သို့လျှင်ဘုရားသခင်၏မေတ္တာတော် ကိန်းအောင်းနိုင်မည်နည်း။- သားသမီးတို့၊ ငါတို့၏မေတ္တာသည်နှုတ်ဖျား ၌သာတည်သောမေတ္တာမဖြစ်သင့်။ လက်တွေ့အား ဖြင့်ဖော်ပြထားသောမေတ္တာစစ်မေတ္တာမှန်ဖြစ် ရမည်။
၁ ယော 3 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ၁ ယော 3:12-18
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ