YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရှင်ယောဟန် 2:12-14

၁ ရှင်ယောဟန် 2:12-14 Judson Bible (JBMLE)

ချစ်​သား​တို့၊ သင်​တို့​သည် ထို​သ​ခင်၏ နာ​မ​တော်​အား​ဖြင့် အ​ပြစ်​များ​နှင့် ကင်း​လွတ်​သော​ကြောင့်၊ သင်​တို့​အား ငါ​ရေး၍​ပေး​လိုက်၏။- အ​ဘ​တို့၊ သင်​တို့​သည် ရှေ့​ဦး​စွာ​က​ပင် ရှိ​တော်​မူ​သော​သူ​ကို သိ​သော​ကြောင့်၊ သင်​တို့​အား​ငါ​ရေး၍ ပေး​လိုက်၏။ လူ​ပျို​တို့၊ သင်​တို့​သည် မာရ်​နတ်​ကို​အောင်​သော​ကြောင့်၊ သင်​တို့​အား ငါ​ရေး၍ ပေး​လိုက်၏။ သူ​ငယ်​တို့၊ သင်​တို့​သည် ခ​မည်း​တော်​ကို​သိ​သော​ကြောင့်၊ သင်​တို့​အား ငါ​ရေး၍​ပေး​လိုက်၏။- အ​ဘ​တို့၊ သင်​တို့​သည် ရှေ့​ဦး​စွာ​က​ပင် ရှိ​တော်​မူ​သော​သူ​ကို သိ​သော​ကြောင့်၊ သင်​တို့​အား ငါ​ရေး၍ ပေး​လိုက်​ခဲ့​ပြီ။ လူ​ပျို​တို့၊ သင်​တို့​သည် ခွန်​အား​နှင့်​ပြည့်​စုံ၍၊ ဘု​ရား​သ​ခင်၏​နှုတ်​က​ပတ်​တော်၌ မှီ​ဝဲ​ဆည်း​ကပ်​သ​ဖြင့် မာရ်​နတ်​ကို အောင်​သော​ကြောင့်၊ သင်​တို့​အား ငါ​ရေး၍ ပေး​လိုက်​ခဲ့​ပြီ။

၁ ရှင်ယောဟန် 2:12-14 Common Language Bible (BCL)

သား​သ​မီး​တို့၊ သင်​တို့​သည်​ခ​ရစ်​တော်​အ​တွက် ကြောင့်​အ​ပြစ်​လွတ်​ပြီ​ဖြစ်​၍​သင်​တို့​ထံ​ငါ စာ​ရေး​လိုက်​၏။- အ​ဖ​တို့၊ သင်​တို့​သည်​အ​စ​က​ပင်​ရှိ​တော်​မူ သော​အ​ရှင်​ကို​သိ​သူ​များ​ဖြစ်​သော​ကြောင့် သင်​တို့​ထံ​သို့​ငါ​စာ​ရေး​လိုက်​၏။ လူ​ငယ် လူ​ရွယ်​တို့၊ သင်​တို့​သည်​မာရ်​နတ်​ကို​အောင် သော​ကြောင့်​သင်​တို့​ထံ​သို့​ငါ​စာ​ရေး​လိုက်​၏။ သား​သ​မီး​တို့၊ သင်​တို့​သည်​ခ​မည်း​တော် ကို​သိ​သူ​များ​ဖြစ်​သော​ကြောင့်​သင်​တို့​ထံ​သို့ ငါ​စာ​ရေး​လိုက်​၏။ သင်​တို့​သည်​အ​စ​က​ပင် ရှိ​တော်​မူ​သော​အ​ရှင်​ကို​သိ​သူ​များ​ဖြစ် သော​ကြောင့် သင်​တို့​ထံ​သို့​ငါ​စာ​ရေး​လိုက် ၏။ လူ​ငယ်​လူ​ရွယ်​တို့၊ သင်​တို့​သည်​ခွန်​အား ရှိ​၍ ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​သည် သင်​တို့​တွင်​ကိန်း​အောင်း​လျက်၊ မာရ်​နတ်​ကို အောင်​သော​ကြောင့်​သင်​တို့​ထံ​သို့​ငါ​စာ​ရေး လိုက်​၏။

၁ ရှင်ယောဟန် 2:12-14 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သားသမီး​တို့၊ သင်​တို့​သည် ခရစ်တော်​၏​နာမ​တော်​အားဖြင့် အပြစ်​များ​ခွင့်လွှတ်​ခြင်း​ခံရ​ပြီ​ဖြစ်​သောကြောင့် သင်​တို့​ထံ ငါ​ရေး​လိုက်​၏။ ဖခင်​တို့၊ သင်​တို့​သည် အစအဦး​က​ပင်​ရှိ​တော်မူ​သော​အရှင်​ကို သိ​ကြ​သောကြောင့် သင်​တို့​ထံ ငါ​ရေး​လိုက်​၏။ လူငယ်​လူရွယ်​တို့၊ သင်​တို့​သည် မကောင်း​သော​အရာ​ကို အောင်နိုင်​ခဲ့​ကြ​သောကြောင့် သင်​တို့​ထံ ငါ​ရေး​လိုက်​၏​။ သားသမီး​တို့၊ သင်​တို့​သည် ခမည်းတော်​ကို သိ​ကြ​သောကြောင့် သင်​တို့​ထံ ငါ​ရေး​လိုက်​၏။ ဖခင်​တို့၊ သင်​တို့​သည် အစအဦး​က​ပင်​ရှိ​တော်မူ​သော​အရှင်​ကို သိ​ကြ​သောကြောင့် သင်​တို့​ထံ ငါ​ရေး​လိုက်​၏။ လူငယ်​လူရွယ်​တို့၊ သင်​တို့​သည် ခွန်အား​နှင့်​ပြည့်စုံ​၍ ဘုရားသခင်​၏​နှုတ်ကပတ်တော်​သည် သင်​တို့​၌​တည်​သဖြင့် မကောင်း​သော​အရာ​ကို သင်​တို့​အောင်နိုင်​ခဲ့​ကြ​သောကြောင့် သင်​တို့​ထံ ငါ​ရေး​လိုက်​၏။