YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရှင်ယောဟန် 2:1-11

၁ ရှင်ယောဟန် 2:1-11 Judson Bible (JBMLE)

ချစ်​သား​တို့၊ သင်​တို့​သည် ဒု​စ​ရိုက်​ကို​မ​ပြု​စေ​ခြင်း​ငှာ ဤ​အ​ရာ​များ​ကို သင်​တို့​အား ငါ​ရေး၍​ပေး​လိုက်၏။ တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ဒု​စ​ရိုက်​ကို​ပြု​မိ​လျှင်၊ ဖြောင့်​မတ်​တော်​မူ​သော အ​ရှင်​ယေ​ရှု​ခ​ရစ်​တည်း​ဟူ​သော ငါ​တို့​အ​မှု​ဆောင်​သ​ခင်​သည် ခ​မည်း​တော်​ထံ၌ ရှိ​တော်​မူ၏။- ထို​သ​ခင်​သည် ငါ​တို့၏​အ​ပြစ်​မ​က၊ လော​ကီ​သား​အ​ပေါင်း​တို့၏ အ​ပြစ်​ဖြေ​စ​ရာ​အ​ကြောင်း ဖြစ်​တော်​မူ၏။- ထို​သ​ခင်​ကို ကိုယ်​တိုင်​သိ​ကျွမ်း​သည်​ကို အ​ဘယ်​သို့ သိ​ရ​သ​နည်း​ဟူ​မူ​ကား၊ ပ​ညတ်​တော်​တို့​ကို စောင့်​ရှောက်​လျှင် သိ​ရ​သ​တည်း။- ထို​သ​ခင်​ကို ငါ​သိ၏​ဟု ပ​ညတ်​တော်​တို့​ကို မ​စောင့်​ဘဲ​လျက် ဆို​သော​သူ​သည် မု​သား​ကို​သုံး​သော​သူ​ဖြစ်၍ ထို​သူ၌ သ​စ္စာ​မ​ရှိ။- ထို​သ​ခင်၏​စ​ကား​တော်​ကို နား​ထောင်​သော​သူ မည်​သည်​ကား၊ ဘု​ရား​သ​ခင်​ကို ချစ်​ခြင်း​မေ​တ္တာ​နှင့် အ​မှန်​ပြည့်​စုံ၏။ ငါ​တို့​သည် ထို​သ​ခင်၌​ရှိ​ကြောင်း​ကို ထို​သို့​အား​ဖြင့်​သိ​ရ​ကြ၏။- ထို​သ​ခင်၌​ငါ​တည်၏​ဟု​ဆို​သော​သူ​သည်၊ ထို​သ​ခင်​ကျင့်​တော်​မူ​သည်​နည်း​တူ ကျင့်​ရ​မည်။ ချစ်​သူ​တို့၊ သင်​တို့​အား ငါ​ရေး​ထား​သော ပ​ညတ်​သည် ပ​ညတ်​သစ်​မ​ဟုတ်။ ရှေ့​ဦး​စွာ​က​ပင် သင်​တို့၌​ရှိ​သော ပ​ညတ်​ဟောင်း​ဖြစ်၏။ ပ​ညတ်​ဟောင်း​ကား၊ ရှေ့​ဦး​စွာ​က​ပင် သင်​တို့​ကြား​ရ​သော ဒေ​သ​နာ​တော်​ဖြစ်၏။- တစ်​ဖန်​တုံ၊ ပ​ညတ်​သစ်​ကို သင်​တို့​အား ငါ​ရေး​ထား၏။ ထို​သ​ခင်​အား​ဖြင့်​လည်း​ကောင်း၊ သင်​တို့​အား​ဖြင့်​လည်း​ကောင်း၊ အ​သစ်​မှန်​ပေ၏။ အ​ကြောင်း​မူ​ကား၊ မှောင်​မိုက်​ပျောက်​လွင့်၍ မှန်​သော​အ​လင်း​သည် ထွန်း​တောက်​လျက်​ရှိ၏။- မိ​မိ​ညီ​အစ်​ကို​ကို မုန်း​လျက်​ပင်၊ ငါ​သည် အ​လင်း၌​ရှိ၏​ဟု ဆို​သော​သူ​သည် ယ​ခု​တိုင်​အောင် မှောင်​မိုက်၌ ရှိ​သေး၏။- မိ​မိ​ညီ​အစ်​ကို​ကို ချစ်​သော​သူ​သည် အ​လင်း၌ တည်​နေ၏။ ထိ​မိ၍ လဲ​စ​ရာ​အ​ကြောင်း​သည် ထို​သူ၌​မ​ရှိ။- မိ​မိ​ညီ​အစ်​ကို​ကို မုန်း​သော​သူ​သည် မှောင်​မိုက်၌​ရှိ၏။ မှောင်​မိုက်၌​လည်း ကျင်​လည်​သွား​လာ၏။ မှောင်​မိုက်​ကြောင့် သူ၏​မျက်​စိ မ​မြင်​နိုင်​သ​ဖြင့်၊ အ​ဘယ်​အ​ရပ်​သို့ ကိုယ်​သွား​သည်​ကို ကိုယ်​မ​သိ။

၁ ရှင်ယောဟန် 2:1-11 Common Language Bible (BCL)

ငါ​၏​သား​သ​မီး​တို့၊ သင်​တို့​သည်​အ​ပြစ် မ​ကူး​ကြ​စေ​ရန်​ဤ​စာ​ကို​ငါ​ရေး​လိုက်​၏။ သို့​ရာ​တွင်​အကယ်​၍​တစ်​စုံ​တစ်​ယောက်​သော သူ​သည်​အ​ပြစ်​ကူး​မိ​ပါ​မူ ခ​မည်း​တော် ထံ​တွင်​ငါ​တို့​အ​တွက်​အသ​နား​ခံ​သည့်​ဖြောင့် မတ်​တော်​မူ​သော​အ​ရှင်​ယေ​ရှု​ခ​ရစ်​ရှိ​ပေ သည်။- ကိုယ်​တော်​သည်​ငါ​တို့​၏​အ​ပြစ်​များ​သာ​မ​က ကမ္ဘာ​သူ​ကမ္ဘာ​သား​အ​ပေါင်း​တို့​၏​အြုပစ်​ပြေ ရာ​ပြေ​ကြောင်း​ပူ​ဇော်​ဆက်​ကပ်​တော်​မူ​သော အရှင်​ဖြစ်​တော်​မူ​၏။ ဘု​ရား​သ​ခင်​၏​ပ​ညတ်​တော်​တို့​ကို​စောင့်​ထိန်း မှ​သာ​လျှင်​ငါ​တို့​သည်​ကိုယ်​တော်​ကို​သိ​ကျွမ်း သူ​များ​ဖြစ်​ကြောင်း​အ​သေ​အ​ချာ​သိ​ရှိ နိုင်​မည်။- ကိုယ်​တော်​ကို​သိ​ပါ​သည်​ဟု​ဆို​ပြီး​လျှင် ပ​ညတ်​တော်​တို့​ကို​မ​စောင့်​ထိန်း​သူ​သည် လူ​လိမ်​ဖြစ်​၍​ထို​သူ​၌​သစ္စာ​တ​ရား​မ​ရှိ။- သို့​ရာ​တွင်​ကိုယ်​တော်​၏​စ​ကား​တော်​ကို​နား ထောင်​သူ​သည် အ​ကယ်​ပင်​ဘု​ရား​သ​ခင်​၏ ချစ်​ခြင်း​မေတ္တာ​နှင့်​ပြည့်​ဝ​စုံ​လင်​၏။ သို့​မှ သာ​ကျွန်ုပ်​တို့​သည်​ဘု​ရား​သ​ခင်​နှင့်​တစ် လုံး​တစ်​ဝ​တည်း​ဖြစ်​ကြောင်း​သေ​ချာ​သိ ပေ​သည်။ ဘု​ရား​သ​ခင်​နှင့်​တစ်​လုံး​တစ်​ဝ တည်း​ဖြစ်​ကြောင်း​သေ​ချာ​သိ​သူ​သည် သ​ခင်​ယေ​ရှု​ခ​ရစ်​၏​ခြေ​တော်​ရာ​ကို လိုက်​လျှောက်​သူ​ဖြစ်​မည်။ ချစ်​ဆွေ​တို့၊ သင်​တို့​ထံ​သို့​ငါ​စာ​ရေး​သား ဖော်​ပြ​နေ​သည့်​ပ​ညတ်​သည်​အ​သစ်​မ​ဟုတ်။ အ​စ​မူ​လ​က​တည်း​က​သင်​တို့​ရ​ရှိ​ထား ကြ​သည့်​ပ​ညတ်​ဟောင်း​ဖြစ်​၏။ ထို​ပ​ညတ် ဟောင်း​ကား သင်​တို့​ကြား​နာ​ခဲ့​ရ​သည့် တ​ရား​တော်​ပင်​ဖြစ်​ပေ​သည်။- သို့​သော်​သင်​တို့​အား​ယ​ခု​ငါ​ရေး​သား ဖော်​ပြ​သည့်​ပ​ညတ်​သည်​အ​သစ်​ဖြစ်​၏။ ယင်း သို့​အ​မှန်​ပင်​အ​သစ်​ဖြစ်​ကြောင်း​ခ​ရစ်​တော် ၌​လည်း​ကောင်း၊ သင်​တို့​၌​လည်း​ကောင်း​ဖော်​ပြ လျက်​ရှိ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​အ​မှောင် သည်​ရွေ့​လျား​လျက်​အ​လင်း​စစ်​အ​လင်း​မှန် ပေါ်​ထွန်း​လာ​ပြီ​ဖြစ်​သော​ကြောင့်​တည်း။ အ​လင်း​တွင်​ကျင်​လည်​ပါ​သည်​ဟု​ဆို​လျက် မိ​မိ​၏​ညီ​အစ်​ကို​ကို​မုန်း​သော​သူ​သည် ယ​ခု တိုင်​အောင်​အ​မှောင်​တွင်​ကျင်​လည်​နေ​သေး​သူ ဖြစ်​၏။- ညီ​အစ်​ကို​ကို​ချစ်​သော​သူ​သည်​အ​လင်း​တွင် ကျင်​လည်​သော​သူ​ဖြစ်​၏။ သူ​သည်​အ​ဘယ်​သို့ မျှ​သူ​တစ်​ပါး​တို့​အား​အ​ပြစ်​ကူး​လွန်​စေ လိမ့်​မည်​မ​ဟုတ်။- သို့​ရာ​တွင်​ညီ​အစ်​ကို​ကို​မုန်း​သော​သူ​သည် ကား​အ​မှောင်​တွင်​ကျင်​လည်​သူ​ဖြစ်​၏။ အ​မှောင် တွင်​ကျင်​လည်​၍​မျက်​စိ​မ​မြင်​နိုင်​သ​ဖြင့်​သူ သည်​မိ​မိ​အ​ဘယ်​အ​ရပ်​သို့​သွား​သည်​ကို​မ​သိ။

၁ ရှင်ယောဟန် 2:1-11 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ငါ့​သားသမီး​တို့၊ သင်​တို့​သည် အပြစ်​မ​ပြု​ကြ​စေရန် ဤ​အရာ​များ​ကို သင်​တို့​ထံ ငါ​ရေး​လိုက်​၏။ တစ်စုံတစ်ယောက်​သည် အပြစ်​ပြု​မိ​ခဲ့​လျှင် ခမည်းတော်​ထံ၌ ကူညီ​ဖြေရှင်း​ပေး​သူ​တည်းဟူသော ဖြောင့်မတ်​သည့်​အရှင်​ယေရှု​ခရစ်တော်​သည် ငါ​တို့​အတွက်​ရှိ​၏။ ထို​အရှင်​သည် ငါ​တို့​အပြစ်​များ​အတွက် အသနားခံ​ခြင်း​ပူဇော်သက္ကာ​ဖြစ်​တော်မူ​၏။ ငါ​တို့​အပြစ်​များ​အတွက်​သာမက လောကီသား​အပေါင်း​တို့​၏​အပြစ်​များ​အတွက်​လည်း ဖြစ်​တော်မူ​၏။ ငါ​တို့​သည် ဘုရားသခင်​၏​ပညတ်​တော်​တို့​ကို လိုက်နာ​စောင့်ထိန်း​လျှင် ထို​အမှုအရာ​အားဖြင့် ဘုရားသခင်​ကို ငါ​တို့​သိကျွမ်း​သည်​ကို​သိ​ကြ​၏။ ဘုရားသခင်​ကို ငါ​သိကျွမ်း​၏​ဟု​ဆို​လျက် ဘုရားသခင်​၏​ပညတ်​တော်​တို့​ကို လိုက်နာ​စောင့်ထိန်း​ခြင်း​မ​ရှိ​သော​သူ​သည် လိမ်လည်​သော​သူ​ဖြစ်​၍ သမ္မာတရား​သည် ထို​သူ​၌​မ​ရှိ။ သို့ရာတွင် မည်သူမဆို ဘုရားသခင်​၏​စကား​ကို လိုက်နာ​စောင့်ထိန်း​လျှင် ဘုရားသခင်​၏​ချစ်​ခြင်း​မေတ္တာ​တော်​သည် ထို​သူ​၌ အမှန်ပင်​ပြည့်စုံ​၏။ ဤသို့ဖြင့် ငါ​တို့​သည် ဘုရားသခင်​၌​ရှိ​သည်​ကို သိ​ကြ​၏။ ဘုရားသခင်​၌ ငါ​တည်​၏​ဟု​ဆို​သော​သူ​သည် ခရစ်တော်​အသက်ရှင်​လျှောက်လှမ်း​တော်မူ​ခဲ့​သည့်​အတိုင်း အသက်ရှင်​လျှောက်လှမ်း​ရ​မည်။ ချစ်​ရ​သော​သူ​တို့၊ သင်​တို့​ထံ ငါ​ရေး​လိုက်​သော​ပညတ်​သည် ပညတ်​သစ်​မ​ဟုတ်။ အစအဦး​က​ပင် သင်​တို့​၌​ရှိ​သော ပညတ်​ဟောင်း​သာ​ဖြစ်​၏။ ထို​ပညတ်​ဟောင်း​သည် သင်​တို့​ကြား​ခဲ့​ရ​သော နှုတ်ကပတ်တော်​ဖြစ်​၏။ တစ်ဖန် ခရစ်တော်​၌​လည်းကောင်း၊ သင်​တို့​၌​လည်းကောင်း မှန်ကန်​သော​ပညတ်​သစ်​ကို သင်​တို့​ထံသို့ ငါ​ရေး​လိုက်​၏။ အကြောင်းမူကား မှောင်မိုက်​သည် ရွေ့လျား​ကွယ်ပျောက်​သွား​၍ စစ်မှန်​သော​အလင်း​သည် ထွန်းတောက်​ပြီ​ဖြစ်​၏။ ငါ​သည် အလင်း​၌​ရှိ​၏​ဟု​ဆို​လျက် မိမိ​ညီအစ်ကို​ကို​မုန်း​သော​သူ​သည် ယခု​တိုင်အောင် မှောင်မိုက်​၌​ရှိ​သေး​၏။ မိမိ​ညီအစ်ကို​ကို​ချစ်​သော​သူ​သည် အလင်း​၌​တည်​သည်​ဖြစ်၍ ထို​သူ​၌ မှားယွင်း​စေ​သော​အရာ​မ​ရှိ။ မိမိ​ညီအစ်ကို​ကို​မုန်း​သော​သူ​မူကား မှောင်မိုက်​၌​ရှိ​၍ မှောင်မိုက်​၌​အသက်ရှင်​လျှောက်လှမ်း​နေ​၏။ မှောင်မိုက်​သည် သူ​၏​မျက်စိ​ကို​ကွယ်​စေ​သဖြင့် သူ​သည် မိမိ​မည်သည့်​အရပ်​သို့​သွား​နေ​သည်​ကို မ​သိ။