YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရှင်ယောဟန် 1:5-10

၁ ရှင်ယောဟန် 1:5-10 Common Language Bible (BCL)

ဘု​ရား​သ​ခင်​သည်​အ​လင်း​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​၌​အ​မှောင်​လုံး​ဝ​မ​ရှိ​ဟူ​သော တ​ရား​စ​ကား​ကို ငါ​တို့​သည်​ကိုယ်​တော်​၏ သား​တော်​ထံ​မှ​ကြား​သိ​ရ​သ​ဖြင့်​သင်​တို့ အား​ကြေ​ညာ​၏။- သို့​ဖြစ်​၍​ငါ​တို့​သည်​ကိုယ်​တော်​နှင့်​မိတ်​သ​ဟာ ယ​ဖွဲ့​ရ​ကြ​လေ​ပြီ​ဟု​ဆို​လျက် အ​မှောင်​တွင် ကျင်​လည်​နေ​ကြ​ပါ​မူ​နှုတ်​အား​ဖြင့်​လည်း ကောင်း၊ အ​ကျင့်​အား​ဖြင့်​လည်း​ကောင်း​လိမ်​လည် သူ​များ​ဖြစ်​ကြ​၏။- သို့​ရာ​တွင်​ကိုယ်​တော်​သည်​အ​လင်း​တွင်​ရှိ​တော် မူ​သ​ကဲ့​သို့ ငါ​တို့​သည်​အ​လင်း​တွင်​ကျင်​လည် ကြ​ပါ​မူ အ​ချင်း​ချင်း​တစ်​ယောက်​နှင့်​တစ်​ယောက် မိတ်​သ​ဟာ​ယ​ဖွဲ့​ခြင်း​ရှိ​ကြ​၏။ ဘု​ရား​သ​ခင် ၏​သား​တော်​သ​ခင်​ယေ​ရှု​၏​သွေး​တော်​သည် လည်း​ငါ​တို့​၏​အ​ပြစ်​ရှိ​သ​မျှ​ကို​ဆေး​ကြော စင်​ကြယ်​စေ​တော်​မူ​လိမ့်​မည်။ ငါ​တို့​သည်​အ​ပြစ်​သား​များ​မ​ဟုတ်​ဟု​ဆို ပါ​မူ ငါ​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို​လှည့်​စား ကြ​၏။ ငါ​တို့​၌​သစ္စာ​တ​ရား​မ​ရှိ။- သို့​ရာ​တွင်​အ​ပြစ်​ဝန်​ချ​ကြ​လျှင်​ဘု​ရား သ​ခင်​သည်​က​တိ​တည်​တော်​မူ​၍​တ​ရား​မျှ​တ တော်​မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​သ​ဖြင့် ငါ​တို့ ၏​အြုပစ်​များ​ကို​ဖြေ​လွှတ်​၍​ငါ​တို့​အား ဒု​စ​ရိုက်​အ​ညစ်​အ​ကြေး​အ​ပေါင်း​တို့​နှင့် ကင်း​စင်​စေ​တော်​မူ​လိမ့်​မည်။- အ​ကယ်​၍​မိ​မိ​တို့​သည်​အ​ပြစ်​ကူး​သူ​များ မ​ဟုတ်​ဟု​ငါ​တို့​ဆို​ပါ​မူ ဘု​ရား​သ​ခင်​အား မု​သား​သုံး​တော်​မူ​သော​အ​ရှင်​ဟု​စွပ်​စွဲ​ပြော ဆို​ရာ​ရောက်​လျက်​နှုတ်က​ပတ်​တော်​သည်​ငါ​တို့ ၌​မ​ရှိ။

၁ ရှင်ယောဟန် 1:5-10 Judson Bible (JBMLE)

ထို​နှုတ်​က​ပတ်​တော်​ထံ၌ ငါ​တို့​သည်​ကြား​ရ၍၊ သင်​တို့​အား ပြ​သ​သော တ​ရား​စ​ကား​ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်​သည် အ​လင်း​ဖြစ်​တော်​မူ၏။ ဘု​ရား​သ​ခင်၌ မှောင်​မိုက်​အ​လျှင်း​မ​ရှိ။- ငါ​တို့​သည် ဘု​ရား​သ​ခင်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​ပြီ​ဟု ဆို​လျက်​ပင်၊ မှောင်​မိုက်၌​ကျင်​လည်​လျှင်၊ သ​စ္စာ​တ​ရား​ကို​မ​ကျင့်။ မု​သား​ကို​သုံး​သော​သူ ဖြစ်​ကြ၏။- ဘု​ရား​သ​ခင်​သည် အ​လင်း၌​ရှိ​တော်​မူ​သ​ကဲ့​သို့၊ ငါ​တို့​သည် အ​လင်း၌​ကျင်​လည်​လျှင်၊ အ​ချင်း​ချင်း မိတ်​သ​ဟာ​ယ​ဖွဲ့​ခြင်း ရှိ​ကြ​သည်​ဖြစ်၍၊ ဘု​ရား​သ​ခင်၏​သား​တော် ယေ​ရှု​ခ​ရစ်၏ အ​သွေး​တော်​သည်၊ ငါ​တို့​အ​ပြစ်​ရှိ​သ​မျှ​ကို ဆေး​ကြော​တော်​မူ၏။- ကိုယ်​အ​ပြစ်​မ​ရှိ​ဟု ငါ​တို့​သည်​ဆို​လျှင်၊ ကိုယ်​ကို​ကိုယ် လှည့်​ဖြား​ကြ၏။ ငါ​တို့၌ သ​စ္စာ​တ​ရား​မ​ရှိ။- ကိုယ်​အ​ပြစ်​တို့​ကို ဖော်​ပြ​တောင်း​ပန်​လျှင်၊ ငါ​တို့​အ​ပြစ်​များ​ကို​လွှတ်၍ ဒု​စ​ရိုက်​ရှိ​သ​မျှ​နှင့် ကင်း​စင်​စေ​ခြင်း​ငှာ ဘု​ရား​သ​ခင်​သည် သ​စ္စာ​တ​ရား​နှင့်​လည်း​ကောင်း၊ ဖြောင့်​မတ်​ခြင်း​တ​ရား​နှင့်​လည်း​ကောင်း ပြည့်​စုံ​တော်​မူ၏။- ဒု​စ​ရိုက်​ကို​မ​ပြု​ပြီ​ဟု ငါ​တို့​သည်​ဆို​လျှင်၊ ဘု​ရား​သ​ခင်​ကို မု​သား​အ​ပြစ်​တင်​ကြ၏။ နှုတ်​က​ပတ်​တော်​လည်း ငါ​တို့၌​မ​ရှိ။

၁ ရှင်ယောဟန် 1:5-10 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

“ဘုရားသခင်​သည် အလင်း​ဖြစ်​တော်မူ​၍ ဘုရားသခင်​၌ မှောင်မိုက်​ခြင်း​လုံးဝ​မ​ရှိ”​ဟူသော ဤ​သတင်း​စကား​သည် ကိုယ်တော်​ထံမှ ငါ​တို့​ကြား​ရ​၍ သင်​တို့​အား ပြောကြား​သော​သတင်းစကား​ဖြစ်​၏။ ငါ​တို့​သည် ဘုရားသခင်​နှင့်​မိတ်သဟာယ​ဖွဲ့​ခြင်း​ရှိ​၏​ဟု ဆို​လျက်​နှင့် အမှောင်​ထဲ၌​အသက်ရှင်​လျှောက်လှမ်း​နေ​ကြ​လျှင် ငါ​တို့​သည် လိမ်လည်​ပြောဆို​သည်​ဖြစ်၍ သမ္မာတရား​ကို​ကျင့်သုံး​နေ​ကြ​သည်​မ​ဟုတ်။ သို့သော် ဘုရားသခင်​သည် အလင်း​၌​ရှိ​တော်မူ​သကဲ့သို့ ငါ​တို့​သည်​လည်း အလင်း​၌​အသက်ရှင်​လျှောက်လှမ်း​ကြ​လျှင် ငါ​တို့​အချင်းချင်း​၌ မိတ်သဟာယ​ဖွဲ့​ခြင်း​ရှိ​၍ ဘုရားသခင်​၏​သား​တော်​ယေရှု​၏​သွေး​တော်​သည် ငါ​တို့​ကို အပြစ်​ရှိသမျှ​တို့​မှ စင်ကြယ်​စေ​တော်မူ​၏။ ငါ​တို့​၌​အပြစ်​မ​ရှိ​ဟု ငါ​တို့​ဆို​လျှင် ငါ​တို့​သည် ကိုယ့်ကိုယ်ကိုယ်​လှည့်ဖြား​နေ​သည်​ဖြစ်၍ သမ္မာတရား​သည် ငါ​တို့​၌​မ​ရှိ။ ငါ​တို့​သည် ကိုယ့်​အပြစ်​များ​ကို​ဖော်ပြ​ဝန်ခံ​လျှင် ဘုရားသခင်​သည် သစ္စာ​နှင့်​ပြည့်စုံ​၍ ဖြောင့်မတ်​သော​အရှင်​ဖြစ်​တော်မူ​သောကြောင့် ငါ​တို့​၏​အပြစ်​များ​ကို​ခွင့်လွှတ်​ပြီး ငါ​တို့​ကို မတရားမှု​ရှိသမျှ​တို့​မှ စင်ကြယ်​စေ​တော်မူ​၏။ အပြစ်​မ​ပြု​ဖူး​ပါ​ဟု ငါ​တို့​ဆို​လျှင် ငါ​တို့​သည် ဘုရားသခင်​ကို လိမ်လည်​သော​သူ​ဟု​ဆို​ရာ​ရောက်​၍ ဘုရားသခင်​၏​နှုတ်ကပတ်တော်​သည် ငါ​တို့​၌​မ​ရှိ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။