YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန်ဩဝါဒစာပထမစောင် 1:5-10

ရှင်ယောဟန်ဩဝါဒစာပထမစောင် 1:5-10 MSBU

“ဘုရားသခင်​သည် အလင်း​ဖြစ်​တော်မူ​၍ ဘုရားသခင်​၌ မှောင်မိုက်​ခြင်း​လုံးဝ​မ​ရှိ”​ဟူသော ဤ​သတင်း​စကား​သည် ကိုယ်တော်​ထံမှ ငါ​တို့​ကြား​ရ​၍ သင်​တို့​အား ပြောကြား​သော​သတင်းစကား​ဖြစ်​၏။ ငါ​တို့​သည် ဘုရားသခင်​နှင့်​မိတ်သဟာယ​ဖွဲ့​ခြင်း​ရှိ​၏​ဟု ဆို​လျက်​နှင့် အမှောင်​ထဲ၌​အသက်ရှင်​လျှောက်လှမ်း​နေ​ကြ​လျှင် ငါ​တို့​သည် လိမ်လည်​ပြောဆို​သည်​ဖြစ်၍ သမ္မာတရား​ကို​ကျင့်သုံး​နေ​ကြ​သည်​မ​ဟုတ်။ သို့သော် ဘုရားသခင်​သည် အလင်း​၌​ရှိ​တော်မူ​သကဲ့သို့ ငါ​တို့​သည်​လည်း အလင်း​၌​အသက်ရှင်​လျှောက်လှမ်း​ကြ​လျှင် ငါ​တို့​အချင်းချင်း​၌ မိတ်သဟာယ​ဖွဲ့​ခြင်း​ရှိ​၍ ဘုရားသခင်​၏​သား​တော်​ယေရှု​၏​သွေး​တော်​သည် ငါ​တို့​ကို အပြစ်​ရှိသမျှ​တို့​မှ စင်ကြယ်​စေ​တော်မူ​၏။ ငါ​တို့​၌​အပြစ်​မ​ရှိ​ဟု ငါ​တို့​ဆို​လျှင် ငါ​တို့​သည် ကိုယ့်ကိုယ်ကိုယ်​လှည့်ဖြား​နေ​သည်​ဖြစ်၍ သမ္မာတရား​သည် ငါ​တို့​၌​မ​ရှိ။ ငါ​တို့​သည် ကိုယ့်​အပြစ်​များ​ကို​ဖော်ပြ​ဝန်ခံ​လျှင် ဘုရားသခင်​သည် သစ္စာ​နှင့်​ပြည့်စုံ​၍ ဖြောင့်မတ်​သော​အရှင်​ဖြစ်​တော်မူ​သောကြောင့် ငါ​တို့​၏​အပြစ်​များ​ကို​ခွင့်လွှတ်​ပြီး ငါ​တို့​ကို မတရားမှု​ရှိသမျှ​တို့​မှ စင်ကြယ်​စေ​တော်မူ​၏။ အပြစ်​မ​ပြု​ဖူး​ပါ​ဟု ငါ​တို့​ဆို​လျှင် ငါ​တို့​သည် ဘုရားသခင်​ကို လိမ်လည်​သော​သူ​ဟု​ဆို​ရာ​ရောက်​၍ ဘုရားသခင်​၏​နှုတ်ကပတ်တော်​သည် ငါ​တို့​၌​မ​ရှိ။

​ရှင်ယောဟန်ဩဝါဒစာပထမစောင် 1:5-10 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။