YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ကောရိန္သု 9:19-23

၁ ကောရိန္သု 9:19-23 Judson Bible (JBMLE)

ငါ​သည် အ​ဘယ်​သူ၏​ကျွန် မ​ဖြစ်​သော်​လည်း သာ၍​များ​သော သူ​တို့​ကို​ရ​ခြင်း​အ​လို​ငှာ လူ​တ​ကာ​တို့၏ ကျွန်​ခံ​ရ၏။- ယု​ဒ​လူ​တို့​ကို​ရ​ခြင်း​အ​လို​ငှာ ယု​ဒ​လူ​တို့၌ ယု​ဒ​လူ​ကဲ့​သို့​ဖြစ်၏။ ပ​ညတ်​တ​ရား​ကို ကိုယ်​တိုင် မ​ဆည်း​ကပ်​သော်​လည်း၊ ပ​ညတ်​တ​ရား​ကို ဆည်း​ကပ်​သော​သူ​တို့​ကို ရ​ခြင်း​အ​လို​ငှာ၊ ပ​ညတ်​တ​ရား​ကို ဆည်း​ကပ်​သော​သူ​တို့၌ ပ​ညတ်​တ​ရား​ကို ကျင့်​သော​သူ​ကဲ့​သို့​ဖြစ်၏။- ဘု​ရား​သ​ခင့်​ရှေ့​တော်၌ တ​ရား​မဲ့​မ​နေ၊ ခ​ရစ်​တော်၏​တ​ရား​ကို ကျင့်​သော​သူ​ဖြစ်​သော်​လည်း၊ ပ​ညတ်​တ​ရား​မဲ့​သော​သူ​တို့​ကို ရ​ခြင်း​အ​လို​ငှာ ပ​ညတ်​တ​ရား​မဲ့​သော​သူ​တို့၌ ပ​ညတ်​တ​ရား​မဲ့​သော​သူ​ကဲ့​သို့ ဖြစ်၏။- အား​နည်း​သော​သူ​တို့​ကို ရ​ခြင်း​အ​လို​ငှာ အား​နည်း​သော​သူ​တို့၌ အား​နည်း​သော​သူ​ကဲ့​သို့ ဖြစ်၏။ အ​ချို့​သော​သူ​တို့​ကို တစ်​စုံ​တစ်​ခု​သော အ​မှု​အ​ရာ​အား​ဖြင့် ကယ်​တင်​ခြင်း​အ​လို​ငှာ၊ ခပ်​သိမ်း​သော​သူ​တို့၌ ခပ်​သိမ်း​သော​အ​ရာ​ဖြစ်၏။- သင်​တို့​နှင့်​အ​တူ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဆက်​ဆံ​ခြင်း​အ​လို​ငှာ၊ ဧ​ဝံ​ဂေ​လိ​တ​ရား​ကြောင့် ထို​သို့​ငါ​ပြု​လေ့​ရှိ၏။

၁ ကောရိန္သု 9:19-23 Common Language Bible (BCL)

ငါ​သည်​မည်​သူ့​ကျွန်​မျှ​မ​ဟုတ်။ လွတ်​လပ်​သူ ဖြစ်​၏။ သို့​ရာ​တွင်​ခ​ရစ်​တော်​ကို​ယုံ​ကြည်​သူ ဦး​ရေ​များ​နိုင်​သ​မျှ​တိုး​တက်​များ​ပြား လာ​စေ​ရန် ငါ​သည်​လူ​တိုင်း​၏​ကျွန်​ဖြစ်​၏။- ငါ​သည်​ယု​ဒ​အ​မျိုး​သား​တို့​ထံ​တွင်​အ​မှု တော်​ဆောင်​စဉ် သူ​တို့​ကို​ကယ်​တင်​နိုင်​ရန်​ယု​ဒ အ​မျိုး​သား​ကဲ့​သို့​နေ​ထိုင်​၏။ ထို​သူ​တို့​ကို ကယ်​တင်​နိုင်​ရန်​ငါ​သည်​ပ​ညတ်​တ​ရား​စောင့် ထိန်း​သူ​မ​ဟုတ်​သော်​လည်း ပ​ညတ်​တ​ရား စောင့်​ထိန်း​သူ​ကဲ့​သို့​ငါ​နေ​ထိုင်​၏။- ထို​နည်း​တူ​စွာ​လူ​မျိုး​ခြား​များ​ထံ​တွင် အ​မှု တော်​ဆောင်​စဉ်​သူ​တို့​ကို​ကယ်​တင်​နိုင်​ရန် ပ​ညတ် တ​ရား​ကို​မ​ကျင့်​သုံး​ဘဲ လူ​မျိုး​ခြား​ကဲ့​သို့ နေ​ထိုင်​၏။ ဤ​သို့​ဆို​ရာ​၌​ငါ​သည်​ဘု​ရား သ​ခင်​၏​ပ​ညတ်​တော်​ကို မ​လိုက်​နာ​ဟု​မ​ဆို လို။ အ​မှန်​အား​ဖြင့်​ဆို​သော် ငါ​သည်​ခ​ရစ်​တော် ၏​တ​ရား​တော်​ကို လိုက်​နာ​ကျင့်​သုံး​သူ​ဖြစ် သည်။- ငါ​သည်​ယုံ​ကြည်​မှု​အား​နည်း​သူ​တို့​အ​ထဲ သို့​ရောက်​သော​အ​ခါ ထို​သူ​တို့​ကို​ကယ်​တင်​နိုင် ရန်​ငါ​သည်​ယုံ​ကြည်​မှု​အား​နည်း​သူ​ကဲ့​သို့ နေ​ထိုင်​၏။ အ​ချို့​သော​သူ​တို့​ကို​တစ်​နည်း နည်း​အား​ဖြင့် ကယ်​တင်​နိုင်​ရန်​ငါ​သည်​လူ အ​မျိုး​မျိုး​အ​ထဲ​၌​အ​မျိုး​မျိုး​နေ​ထိုင်​၏။ သ​တင်း​ကောင်း​၏​ကောင်း​ချီး​မင်္ဂ​လာ​များ​ကို ဝေ​မျှ​နိုင်​ရန် ငါ​သည်​သ​တင်း​ကောင်း​အ​ကျိုး​ငှာ ဤ​အ​မှု​ခပ်​သိမ်း​ကို​ပြု​ခြင်း​ဖြစ်​သည်။

၁ ကောရိန္သု 9:19-23 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ငါ​သည် လူ​အပေါင်း​တို့​ရှေ့၌ လွတ်လပ်​သူ​ဖြစ်​သော်လည်း ပို၍​များ​သော​သူ​တို့​ကို​ရရှိ​နိုင်​ရန် လူ​အပေါင်း​တို့​ထံ၌ ကိုယ်တိုင်​ကျွန်ခံ​၏။ ဂျူး​လူမျိုး​တို့​ကို​ရရှိ​နိုင်​ရန် ဂျူး​လူမျိုး​တို့​တွင် ဂျူး​လူမျိုး​ကဲ့သို့​ဖြစ်​၏။ ငါ​ကိုယ်တိုင် ပညတ်​တရား​အောက်၌​မ​ရှိ​သော်လည်း ပညတ်​တရား​အောက်၌​ရှိ​သော​သူ​တို့​ကို​ရရှိ​နိုင်​ရန် ပညတ်​တရား​အောက်၌​ရှိ​သော​သူ​တို့​အတွက် ပညတ်​တရား​အောက်၌​ရှိ​သော​သူ​ကဲ့သို့​ဖြစ်​၏။ ငါ​သည် ဘုရားသခင်​၏​ပညတ်​တရား​နှင့် ကင်းဝေး​သော​သူ​မ​ဟုတ်​ဘဲ ခရစ်တော်​၏​ပညတ်​တရား​အောက်၌​ရှိ​သော်လည်း ပညတ်​တရား​နှင့်​ကင်းဝေး​သော​သူ​တို့​ကို​ရရှိ​နိုင်​ရန် ပညတ်​တရား​နှင့်​ကင်းဝေး​သော​သူ​တို့​တွင် ပညတ်​တရား​နှင့်​ကင်းဝေး​သော​သူ​ကဲ့သို့​ဖြစ်​၏။ အားနည်း​သော​သူ​တို့​ကို​ရရှိ​နိုင်​ရန် အားနည်း​သော​သူ​တို့​တွင် အားနည်း​သော​သူ​ဖြစ်​၏။ လူ​အချို့​တို့​ကို တစ်နည်းနည်း​ဖြင့် ကယ်တင်​နိုင်​ရန် လူ​အမျိုးမျိုး​တို့​တွင် အမျိုးမျိုး​ဖြစ်​ခဲ့​၏။ ငါ​သည် ကောင်းမြတ်​သော​သတင်း​၏​အကျိုးကျေးဇူး​ကို မျှဝေ​ခံစား​သူ​ဖြစ်​ရန် အမှု​ခပ်သိမ်း​တို့​ကို ထို​သတင်း​အတွက် ဆောင်ရွက်​၏။