YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ကောရိန္သု 8:9-13

၁ ကောရိန္သု 8:9-13 Judson Bible (JBMLE)

သို့​သော်​လည်း၊ သင်​တို့​အ​ခွင့်​ကို အား​နည်း​သော​သူ​တို့၌ ထိ​မိ၍​လဲ​စ​ရာ​အ​ကြောင်း မ​ဖြစ်​စေ​ခြင်း​ငှာ သ​တိ​ပြု​ကြ​လော့။- အ​ကြောင်း​မူ​ကား၊ သင်​သည် ပိုင်း​ခြား​တတ်​သော ဉာဏ်​ရှိ​လျက်​ပင်၊ ရုပ်​တု​စင်​ထဲ၌ စား​ပွဲ​နား​မှာ လျောင်း​သည်​ကို သူ​တစ်​ပါး​မြင်​လျှင်၊ ကိုယ်​ကို​ကိုယ်​သိ​သော​စိတ် အား​နည်း​သော​သူ​သည်၊ ရုပ်​တု​ရှေ့၌ ပူ​ဇော်​သော ယဇ်​ကောင်​ကို စား​ခြင်း​ငှာ ရဲ​မည်​မ​ဟုတ်​လော။- ထို​သို့​ဖြစ်​လျှင်၊ အ​ကြင်​ညီ​အစ်​ကို​အ​ဖို့ အ​လို​ငှာ ခ​ရစ်​တော်​သည် အ​သေ​ခံ​တော်​မူ၏။ အား​နည်း​သော ထို​ညီ​အစ်​ကို​သည် သင်၏​ဉာဏ်​ကြောင့် ပျက်​စီး​ခြင်း​သို့ ရောက်​ရ​ပါ​သည်​တ​ကား၊- သင်​တို့​သည်၊ ညီ​အစ်​ကို​တို့​ကို ထို​သို့​ပြစ်​မှား၍ သူ​တို့၌ ကိုယ်​ကို​ကိုယ်​သိ​သော အား​နည်း​သော​စိတ်​ကို ထိ​ခိုက်​သော​အ​ခါ၊ ခ​ရစ်​တော်​ကို​လည်း ပြစ်​မှား​ရာ​သို့ ရောက်၏။- သို့​ဖြစ်၍၊ ငါ၏​အ​စား​အ​သောက်​သည် ငါ့​ညီ​အစ်​ကို​ကို မှား​ယွင်း​စေ​လျှင်၊ ငါ့​ညီ​အစ်​ကို၌ မှား​ယွင်း​စ​ရာ​အ​ကြောင်း မ​ရှိ​စေ​ခြင်း​ငှာ၊ အ​မဲ​သား​ကို အ​စဉ်​မ​ပြတ်​ရှောင်​မည်။

၁ ကောရိန္သု 8:9-13 Common Language Bible (BCL)

သို့​ရာ​တွင်​သင်​တို့​ဤ​သို့​လွတ်​လပ်​စွာ​စား သောက်​နိုင်​ခွင့်​သည် ယုံ​ကြည်​မှု​အား​နည်း​သူ များ​အ​တွက်​မှောက်​မှား​စ​ရာ​မ​ဖြစ်​စေ​ရန် သ​တိ​ပြု​ကြ​လော့။- အ​ကယ်​၍​ဤ​ကိစ္စ​မျိုး​၌​စိတ်​မ​သိုး​မ​သန့် ဖြစ်​သူ​သည် ``အ​သိ​ပ​ညာ'' ရှိ​သူ​သင်​တို့​က နတ်​ကွန်း​အ​တွင်း​၌​ထိုင်​လျက်​စား​သောက်​နေ သည်​ကို​တွေ့​ရှိ​သော​အ​ခါ ရုပ်​တု​အား​ဆက်​သ သည့်​ပူ​ဇော်​သ​ကာ​ကို​စား​ရဲ​လာ​မည်​မ​ဟုတ် ပါ​လော။- သို့​ဖြစ်​၍​အား​နည်း​သူ​ညီ​အစ်​ကို​အ​တွက် ခ​ရစ်​တော်​အ​သေ​ခံ​ခဲ့​ပါ​သော်​လည်း​သင် ၏ ``အ​သိ​ပ​ညာ'' ကြောင့်​ထို​သူ​သည်​ပျက်​စီး ရ​တော့​၏။- ဤ​သို့​လျှင်​သင်​တို့​သည်​မိ​မိ​တို့​ညီ​အစ်​ကို များ​အား​ပြစ်​မှား​၍ သူ​တို့​၏​သြတ္တပ္ပ​စိတ်​ကို လည်း​ထိ​ခိုက်​စေ​ခြင်း​အား​ဖြင့် ခ​ရစ်​တော်​ကို လည်း​ပြစ်​မှား​ရာ​ရောက်​သည်။- ထို့​ကြောင့်​အ​သား​ကို​စား​ခြင်း​သည်​ညီ​အစ်​ကို အား​မှောက်​မှား​လမ်း​လွဲ​စေ​မည်​ဆို​ပါ​က ငါ သည်​ငါ့​ညီ​အစ်​ကို​အား​မ​မှောက်​မှား​လမ်း မ​လွဲ​စေ​ရန်​အ​သား​ကို​မ​စား​ဘဲ​နေ​မည်။

၁ ကောရိန္သု 8:9-13 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သို့သော် သင်​တို့​၏​လွတ်လပ်​ခွင့်​သည် အကြောင်း​တစ်စုံတစ်ခု​ကြောင့် အားနည်း​သော​သူ​တို့​အတွက် ခလုတ်တံသင်း​မ​ဖြစ်​စေရန် သတိပြု​ကြ​လော့။ အကြောင်းမူကား အသိပညာ​ရှိ​သော​သင်​သည် ရုပ်တု​ဗိမာန်​ထဲ၌ ထိုင်​၍​စား​သောက်​နေ​သည်​ကို တစ်စုံတစ်ဦး​က​တွေ့မြင်​လျှင် ထို​သူ​၏​အားနည်း​သည့်​အသိစိတ်​သည် ရုပ်တု​အား​ပူဇော်​ထား​သော​အရာ​ကို​စား​ရန် ရဲတင်း​လာ​မည်​မ​ဟုတ်​လော။ ထိုအခါ ခရစ်တော်​က ကိုယ်စား​အသေခံ​ပေး​သော ညီအစ်ကို​ဖြစ်​သည့် ထို​အားနည်း​သော​သူ​သည် သင်​၏​အသိပညာ​ကြောင့် ပျက်စီး​ခြင်း​သို့​ရောက်​ရ​၏။ ဤသို့ဖြင့် သင်​တို့​သည် ညီအစ်ကို​တို့​ကို​ပြစ်မှား​၍ သူ​တို့​၏​အားနည်း​သည့်​အသိစိတ်​ကို ထိခိုက်​စေ​လျှင် ခရစ်တော်​ကို​ပြစ်မှား​ရာ​ရောက်​၏။ ထို့ကြောင့် အစားအစာ​သည် ငါ​၏​ညီအစ်ကို​ကို မှားယွင်း​စေ​လျှင် ငါ့​ညီအစ်ကို​အား မ​မှားယွင်း​စေရန် ငါ​သည် အသား​ကို ကာလ​အစဉ်အဆက် မည်သည့်​အခါ​မျှ စား​မည်​မ​ဟုတ်။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။