YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ကောရိန္သု 6:18-20

၁ ကောရိန္သု 6:18-20 Judson Bible (JBMLE)

မ​တ​ရား​သော​မေ​ထုန်​ကို ကြဉ်​ရှောင်​ကြ​လော့။ လူ​ပြု​တတ်​သော အ​ခြား​ဒု​စ​ရိုက်​ရှိ​သ​မျှ​တို့​သည် ကိုယ်​ပြင်၌​ရှိ၏။ မ​တ​ရား​သော​မေ​ထုန်​ကို ပြု​သော​သူ​မူ​ကား၊ မိ​မိ​ကိုယ်​ကို​ပင် ပြစ်​မှား၏။- အ​ဘယ်​သို့​နည်း။ သင်​တို့​ကိုယ်​ခ​န္ဓာ​သည် ဘု​ရား​သ​ခင် ပေး​သ​နား​တော်​မူ​သော ဝိ​ညာဉ်​တော်​တည်း​ဟူ​သော၊ သင်​တို့​အ​ထဲ၌ ကျိန်း​ဝပ်၍ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်၏ ဗိ​မာန်​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ မိ​မိ​တို့​ကို မိ​မိ​တို့ မ​ပိုင်​ကြောင်း​ကို​လည်း​ကောင်း၊ မ​သိ​ကြ​သ​လော။- သင်​တို့​သည် အ​ဖိုး​နှင့် ဝယ်​တော်​မူ​သော​သူ ဖြစ်​သော​ကြောင့်၊ ဘု​ရား​သ​ခင်​ပိုင်​တော်​မူ​သော သင်​တို့၏ ကိုယ်​ခ​န္ဓာ​နှင့် စိတ်​ဝိ​ညာဉ်​အား​ဖြင့် ဘု​ရား​သ​ခင်၏ ဂုဏ်​တော်​ကို ထင်​ရှား​စေ​ကြ​လော့။

၁ ကောရိန္သု 6:18-20 Common Language Bible (BCL)

ကာ​မ​ဂုဏ်​လိုက်​စား​ခြင်း​ကို​ရှောင်​ကြ​လော့။ အ​ခြား​အ​ပြစ်​မှန်​သ​မျှ​သည်​လူ​၏​ကိုယ် ခန္ဓာ​အ​ကျိုး​ကို​မ​ထိ​မ​ခိုက်​စေ​နိုင်။ ကာ​မ​ဂုဏ် လိုက်​စား​ခြင်း​အ​ပြစ်​ကို​ကူး​လွန်​သူ​သည် ကား​မိ​မိ​၏​ကိုယ်​ခန္ဓာ​ကို​ပြစ်​မှား​၏။- သင်​တို့​ကိုယ်​ခန္ဓာ​သည်​ဘု​ရား​သ​ခင်​သင်​တို့ အ​တွင်း​၌​ကိန်း​အောင်း​တော်​မူ​သော၊ ဘု​ရား သ​ခင်​ပေး​သ​နား​တော်​မူ​၍ ဝိ​ညာဉ်​တော်​၏ ဗိ​မာန်​တော်​ဖြစ်​ကြောင်း​ကို​သင်​တို့​မ​သိ​ကြ သ​လော။ သင်​တို့​ကိုယ်​ကို​သင်​တို့​မ​ပိုင်။ ဘု​ရား သ​ခင်​သာ​လျှင်​ပိုင်​တော်​မူ​၏။- ကိုယ်​တော်​သည်​သင်​တို့​အား​အ​ဖိုး​အ​ခ​ပေး ၍​ဝယ်​ယူ​ထား​တော်​မူ​သ​ဖြင့် သင်​တို့​၏​ကိုယ် ခန္ဓာ​ကို​ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော် ထွန်း​တောက်​စေ​ရန်​အ​တွက်​အ​သုံး​ပြု​ကြ လော့။

၁ ကောရိန္သု 6:18-20 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

တရားနှင့်မညီ​မေထုန်ပြု​ခြင်း​ကို ရှောင်​ကြ​လော့။ လူ​ပြု​တတ်​သော အခြား​အပြစ်​အားလုံး​သည် ကိုယ်ခန္ဓာ​ပြင်ပ​၌​ဖြစ်​၏။ တရားနှင့်မညီ​မေထုန်ပြု​သော​သူ​မူကား မိမိ​ကိုယ်ခန္ဓာ​ကို​ပြစ်မှား​၏။ သင်​တို့​၏​ကိုယ်ခန္ဓာ​သည် ဘုရားသခင်​ထံမှ သင်​တို့​ရရှိ​ထား​သော သင်​တို့​အထဲ၌​တည်နေ​သည့် သန့်ရှင်း​သော​ဝိညာဉ်​တော်​၏​ဗိမာန်​တော်​ဖြစ်​ကြောင်း​ကို​လည်းကောင်း၊ သင်တို့ကိုယ်သင်တို့​မ​ပိုင်​ကြောင်း​ကို​လည်းကောင်း သင်​တို့​မ​သိ​ကြ​သလော။ သင်​တို့​ကို အဖိုးအခ​ပေး​၍ ဝယ်ယူ​ထား​တော်မူ​၏။ ထို့ကြောင့် သင်​တို့​၏​ကိုယ်ခန္ဓာ​အားဖြင့် ဘုရားသခင်​၏​ဘုန်း​တော်​ကို ထင်ရှား​စေ​ကြ​လော့။