YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ကောရိန္သု 6:12-20

၁ ကောရိန္သု 6:12-20 Judson Bible (JBMLE)

ငါ​သည် အ​ပြစ်​မ​သင့်​ဘဲ​လျက် ခပ်​သိမ်း​သော အ​မှု​အ​ရာ​ကို ပြု​နိုင်​သည် မှန်​စေ​တော့။ ခပ်​သိမ်း​သော အ​မှု​အ​ရာ​ကို ပြု​သင့်​သည်​မ​ဟုတ်။ အ​ပြစ်​မ​သင့်​ဘဲ​လျက် ခပ်​သိမ်း​သော​အ​မှု​အ​ရာ​ကို ပြု​နိုင်​သည်​မှန်​စေ​တော့။ အ​ဘယ်​အ​မှု​အ​ရာ၌​မျှ ငါ​သည်​ကျွန်​မ​ခံ။- အ​စား​အ​သောက်​တို့​သည် ဝမ်း​အ​ဖို့၊ ဝမ်း​သည်​လည်း အ​စား​အ​သောက်​တို့​အ​ဖို့ ဖြစ်​သည်​မှန်​စေ​တော့။ သို့​သော်​လည်း ဘု​ရား​သ​ခင်​သည် ထို​နှစ်​ပါး​ကို ဖျက်​ဆီး​တော်​မူ​လိမ့်​မည်။ ကိုယ်​ခ​န္ဓာ​သည် မ​တ​ရား​သော မေ​ထုန်​အ​ဖို့ ဖြစ်​သည်​မ​ဟုတ်။ သ​ခင်​ဘု​ရား​အ​ဖို့ ဖြစ်၏။ သ​ခင်​ဘု​ရား​သည်​လည်း ကိုယ်​ခ​န္ဓာ​အ​ဖို့ ဖြစ်​တော်​မူ၏။- ဘု​ရား​သ​ခင်​သည် တန်​ခိုး​တော်​အား​ဖြင့် သ​ခင်​ဘု​ရား​ကို ထ​မြောက်​စေ​တော်​မူ​သည်​ဖြစ်၍၊ ငါ​တို့​ကို​လည်း ထ​မြောက်​စေ​တော်​မူ​လိမ့်​မည်။- သင်​တို့​ကိုယ်​ခ​န္ဓာ​သည် ခ​ရစ်​တော်၏ အင်္ဂါ​ဖြစ်​ကြောင်း​ကို မ​သိ​ကြ​သ​လော။ သို့​ဖြစ်​လျှင်၊ ခ​ရစ်​တော်၏​အင်္ဂါ​ကို ယူ၍ ပြည့်​တန်​ဆာ၏​အင်္ဂါ ဖြစ်​စေ​အပ်​သ​လော။ မ​ဖြစ်​စေ​အပ်။- အ​ဘယ်​သို့​နည်း။ ပြည့်တန်​ဆာ၌ မှီ​ဝဲ​သော​သူ​သည် ထို​ပြည့်​တန်​ဆာ​နှင့် တစ်​သား​တစ်​ကိုယ်​တည်း ဖြစ်​ကြောင်း​ကို မ​သိ​ကြ​သ​လော။ ထို​သူ​နှစ်​ယောက်​တို့​သည် တစ်​သား​တစ်​ကိုယ်​တည်း ဖြစ်​ရ​လိမ့်​မည်​ဟု ကျမ်း​စာ​လာ၏။- သ​ခင်​ဘု​ရား၌ မှီ​ဝဲ​သော​သူ​သည် ထို​သ​ခင်​နှင့် တစ်​စိတ်​တစ်​ဝိ​ညာဉ်​တည်း ဖြစ်၏။- မ​တ​ရား​သော​မေ​ထုန်​ကို ကြဉ်​ရှောင်​ကြ​လော့။ လူ​ပြု​တတ်​သော အ​ခြား​ဒု​စ​ရိုက်​ရှိ​သ​မျှ​တို့​သည် ကိုယ်​ပြင်၌​ရှိ၏။ မ​တ​ရား​သော​မေ​ထုန်​ကို ပြု​သော​သူ​မူ​ကား၊ မိ​မိ​ကိုယ်​ကို​ပင် ပြစ်​မှား၏။- အ​ဘယ်​သို့​နည်း။ သင်​တို့​ကိုယ်​ခ​န္ဓာ​သည် ဘု​ရား​သ​ခင် ပေး​သ​နား​တော်​မူ​သော ဝိ​ညာဉ်​တော်​တည်း​ဟူ​သော၊ သင်​တို့​အ​ထဲ၌ ကျိန်း​ဝပ်၍ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်၏ ဗိ​မာန်​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ မိ​မိ​တို့​ကို မိ​မိ​တို့ မ​ပိုင်​ကြောင်း​ကို​လည်း​ကောင်း၊ မ​သိ​ကြ​သ​လော။- သင်​တို့​သည် အ​ဖိုး​နှင့် ဝယ်​တော်​မူ​သော​သူ ဖြစ်​သော​ကြောင့်၊ ဘု​ရား​သ​ခင်​ပိုင်​တော်​မူ​သော သင်​တို့၏ ကိုယ်​ခ​န္ဓာ​နှင့် စိတ်​ဝိ​ညာဉ်​အား​ဖြင့် ဘု​ရား​သ​ခင်၏ ဂုဏ်​တော်​ကို ထင်​ရှား​စေ​ကြ​လော့။

၁ ကောရိန္သု 6:12-20 Common Language Bible (BCL)

သင်​တို့​က``ငါ​တို့​သည်​အ​ဘယ်​အ​မှု​ကို​မ​ဆို ပြု​နိုင်​ခွင့်​ရှိ​၏'' ဟု​ဆို​ကြ​လိမ့်​မည်။ သင်​တို့ ဆို​သည်​အ​တိုင်း​မှန်​ပေ​၏။ သို့​သော်​အ​ရာ ခပ်​သိမ်း​သည် သင်​တို့​အ​ဖို့​အ​ကျိုး​မ​ရှိ​နိုင်။ ငါ​သည်​အ​ဘယ်​အ​မှု​ကို​မ​ဆို​ပြု​ပိုင်​ခွင့် ရှိ​သည်​ဟု​ဆို​နိုင်​သော်​လည်း အ​ဘယ်​အ​မှု က​မျှ​ငါ့​အား​၎င်း​၏​ကျွန်​ဖြစ်​စေ​ရန်​ငါ အ​ခွင့်​ပေး​လိမ့်​မည်​မ​ဟုတ်။- ``အ​စား​အ​စာ​သည်​ဝမ်း​အ​တွက်​ဖြစ်​၏။ ဝမ်း သည်​လည်း​အ​စား​အ​စာ​အ​တွက်​ဖြစ်​၏'' ဟု သင်​တို့​ဆို​လိမ့်​မည်။ ဤ​စ​ကား​သည်​မှန်​ပေ​၏။ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​ထို​အ​ရာ​နှစ်​ခု လုံး​ကို​ဖျက်​ဆီး​ပစ်​တော်​မူ​လိမ့်​မည်။ ကိုယ်​ခန္ဓာ သည်​ကာ​မ​ဂုဏ်​လိုက်​စား​ရန်​အ​တွက်​မ​ဟုတ်။ သ​ခင်​ဘု​ရား​၏​အ​မှု​တော်​ကို​ဆောင်​ရွက်​ရန် အ​တွက်​ဖြစ်​၏။ ဘု​ရား​သ​ခင်​သည်​လည်း​ကိုယ် ခန္ဓာ​လို​အပ်​သည်​များ​ကို​ချ​ပေး​တော်​မူ​၏။- ထာ​ဝ​ရ​ဘု​ရား​သည်​သ​ခင်​ဘု​ရား​ကို ရှင်​ပြန်​ထ​မြောက်​စေ​တော်​မူ​၏။ ငါ​တို့​ကို လည်း​တန်​ခိုး​တော်​အား​ဖြင့်​ရှင်​ပြန်​ထ​မြောက် စေ​တော်​မူ​လိမ့်​မည်။ သင်​တို့​ကိုယ်​ခန္ဓာ​များ​သည် ခ​ရစ်​တော်​၏​ကိုယ် အင်္ဂါ​များ​ဖြစ်​သည်​ကို​မ​သိ​ကြ​သ​လော။ ငါ သည်​ခ​ရစ်​တော်​၏​ကိုယ်​အင်္ဂါ​ကို​ယူ​၍ ပြည့်​တန် ဆာ​မ​၏​ကိုယ်​အင်္ဂါ​ဖြစ်​စေ​ရ​မည်​လော။ မ​ဖြစ် စေ​နိုင်။- ပြည့်​တန်​ဆာ​မ​နှင့်​ဆက်​ဆံ​သော​သူ​သည် ပြည့် တန်​ဆာ​မ​နှင့်​တစ်​သား​တည်း​တစ်​ကိုယ်​တည်း ဖြစ်​သည်​ကို​သင်​တို့​မ​သိ​ကြ​သ​လော။ ကျမ်း စာ​တော်​က ``ထို​သူ​နှစ်​ယောက်​တို့​သည်​တစ် သား​တစ်​ကိုယ်​တည်း​ဖြစ်​ကြ​လိမ့်​မည်'' ဟု ဆို​ပေ​သည်။- သို့​ရာ​တွင်​သ​ခင်​ဘု​ရား​နှင့်​ဆက်​ဆံ​သူ​သည် ဝိ​ညာဉ်​သ​ဘော​အား​ဖြင့်​ကိုယ်​တော်​နှင့်​တစ် သား​တစ်​ကိုယ်​တည်း​ဖြစ်​သ​တည်း။ ကာ​မ​ဂုဏ်​လိုက်​စား​ခြင်း​ကို​ရှောင်​ကြ​လော့။ အ​ခြား​အ​ပြစ်​မှန်​သ​မျှ​သည်​လူ​၏​ကိုယ် ခန္ဓာ​အ​ကျိုး​ကို​မ​ထိ​မ​ခိုက်​စေ​နိုင်။ ကာ​မ​ဂုဏ် လိုက်​စား​ခြင်း​အ​ပြစ်​ကို​ကူး​လွန်​သူ​သည် ကား​မိ​မိ​၏​ကိုယ်​ခန္ဓာ​ကို​ပြစ်​မှား​၏။- သင်​တို့​ကိုယ်​ခန္ဓာ​သည်​ဘု​ရား​သ​ခင်​သင်​တို့ အ​တွင်း​၌​ကိန်း​အောင်း​တော်​မူ​သော၊ ဘု​ရား သ​ခင်​ပေး​သ​နား​တော်​မူ​၍ ဝိ​ညာဉ်​တော်​၏ ဗိ​မာန်​တော်​ဖြစ်​ကြောင်း​ကို​သင်​တို့​မ​သိ​ကြ သ​လော။ သင်​တို့​ကိုယ်​ကို​သင်​တို့​မ​ပိုင်။ ဘု​ရား သ​ခင်​သာ​လျှင်​ပိုင်​တော်​မူ​၏။- ကိုယ်​တော်​သည်​သင်​တို့​အား​အ​ဖိုး​အ​ခ​ပေး ၍​ဝယ်​ယူ​ထား​တော်​မူ​သ​ဖြင့် သင်​တို့​၏​ကိုယ် ခန္ဓာ​ကို​ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော် ထွန်း​တောက်​စေ​ရန်​အ​တွက်​အ​သုံး​ပြု​ကြ လော့။

၁ ကောရိန္သု 6:12-20 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ငါ​သည် ခပ်သိမ်း​သော​အမှုအရာ​တို့​ကို ပြု​ခွင့်​ရှိ​၏။ သို့သော် အမှုအရာ​အားလုံး​သည် အကျိုး​ရှိ​သည်​မ​ဟုတ်။ ငါ​သည် ခပ်သိမ်း​သော​အမှုအရာ​တို့​ကို ပြု​ခွင့်​ရှိ​၏။ သို့သော် မည်သည့်​အမှုအရာ​၏​စိုးမိုး​ခြင်း​ကို​မျှ ငါ​ခံ​မည်​မ​ဟုတ်။ အစာ​သည် ဝမ်း​အတွက်​ဖြစ်​၏။ ဝမ်း​သည်​လည်း အစာ​အတွက်​ဖြစ်​၏။ သို့သော် ဘုရားသခင်​သည် ထို​အရာ​နှစ်မျိုးစလုံး​ကို ဖျက်ဆီး​တော်မူ​လိမ့်မည်။ ကိုယ်ခန္ဓာ​သည် တရားနှင့်မညီ​မေထုန်ပြု​ရန်​အတွက်​မ​ဟုတ်​ဘဲ သခင်​ဘုရား​အတွက်​ဖြစ်​၏။ သခင်​ဘုရား​သည်​လည်း ကိုယ်ခန္ဓာ​အတွက်​ဖြစ်​တော်မူ​၏။ ဘုရားသခင်​သည် သခင်​ဘုရား​ကို ထမြောက်​စေ​တော်မူ​သည်​ဖြစ်၍ ငါ​တို့​ကို​လည်း မိမိ​၏​တန်ခိုး​တော်​အားဖြင့် ထမြောက်​စေ​တော်မူ​လိမ့်မည်။ သင်​တို့​၏​ကိုယ်ခန္ဓာ​သည် ခရစ်တော်​၏​ကိုယ်အင်္ဂါ​ဖြစ်​ကြောင်း မ​သိ​ကြ​သလော။ သို့ဖြစ်လျှင် ခရစ်တော်​၏​ကိုယ်အင်္ဂါ​ကို​ယူ​၍ ပြည့်တန်ဆာ​၏​ကိုယ်အင်္ဂါ​ဖြစ်​စေ​ရ​မည်​လော။ လုံးဝ​မ​ဖြစ်​စေ​ရ။ ပြည့်တန်ဆာ​နှင့်​ပေါင်းဖော်​သော​သူ​သည် ပြည့်တန်ဆာ​နှင့်​တစ်ခန္ဓာတည်း​ဖြစ်​ကြောင်း မ​သိ​ကြ​သလော။ အကြောင်းမူကား “ထို​သူ​နှစ်​ဦး​သည် တစ်သားတစ်ကိုယ်တည်း​ဖြစ်​ကြ​လိမ့်မည်”​ဟု ကျမ်းစာ​၌​ဆို​ထား​၏။ သို့သော် သခင်​ဘုရား​နှင့်​ပေါင်းဖော်​သော​သူ​သည် သခင်​ဘုရား​နှင့်​တစ်​စိတ်​တစ်​ဝိညာဉ်​တည်း​ဖြစ်​၏။ တရားနှင့်မညီ​မေထုန်ပြု​ခြင်း​ကို ရှောင်​ကြ​လော့။ လူ​ပြု​တတ်​သော အခြား​အပြစ်​အားလုံး​သည် ကိုယ်ခန္ဓာ​ပြင်ပ​၌​ဖြစ်​၏။ တရားနှင့်မညီ​မေထုန်ပြု​သော​သူ​မူကား မိမိ​ကိုယ်ခန္ဓာ​ကို​ပြစ်မှား​၏။ သင်​တို့​၏​ကိုယ်ခန္ဓာ​သည် ဘုရားသခင်​ထံမှ သင်​တို့​ရရှိ​ထား​သော သင်​တို့​အထဲ၌​တည်နေ​သည့် သန့်ရှင်း​သော​ဝိညာဉ်​တော်​၏​ဗိမာန်​တော်​ဖြစ်​ကြောင်း​ကို​လည်းကောင်း၊ သင်တို့ကိုယ်သင်တို့​မ​ပိုင်​ကြောင်း​ကို​လည်းကောင်း သင်​တို့​မ​သိ​ကြ​သလော။ သင်​တို့​ကို အဖိုးအခ​ပေး​၍ ဝယ်ယူ​ထား​တော်မူ​၏။ ထို့ကြောင့် သင်​တို့​၏​ကိုယ်ခန္ဓာ​အားဖြင့် ဘုရားသခင်​၏​ဘုန်း​တော်​ကို ထင်ရှား​စေ​ကြ​လော့။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။