YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ကောရိန္သု 4:1-13

၁ ကောရိန္သု 4:1-13 Judson Bible (JBMLE)

ခ​ရစ်​တော်၏ အ​စေ​အ​ပါ ကဲ့​သို့​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏ နက်​နဲ​သော​အ​ရာ​တို့​ကို စောင့်​သော ဘ​ဏ္ဍာ​စိုး ကဲ့​သို့​လည်း​ကောင်း၊ သူ​တစ်​ပါး​သည် ငါ​တို့​ကို​မှတ်​ပါ​စေ။- ထို​မှ​တစ်​ပါး၊ ဘ​ဏ္ဍာ​စိုး​မည်​သည်​ကား၊ သ​စ္စာ​ရှိ​ရ​မည်။- သင်​တို့​မှ​စ၍ အ​ခြား​သော​လူ​များ​တို့​သည် ငါ့​ကို သ​စ္စာ​မ​ရှိ​ဟု စီ​ရင်​သော်​လည်း၊ ငါ​သည်​အ​မှု​မ​ထား။ ငါ့​ကိုယ်​ကို ငါ​မ​စီ​ရင်။- အ​ကြောင်း​မူ​ကား၊ ကိုယ်​စိတ်​သည် ကိုယ်​ကို အ​ပြစ်​မ​တင်။ သို့​သော်​လည်း၊ ထို​အ​ကြောင်း​ဖြင့် ငါ​သည် အ​ပြစ်​လွတ်​သည်​မ​ဟုတ်။ ငါ့​ကို​စီ​ရင်​သော​သူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​ပေ​တည်း။- ထို​သို့​ဖြစ်​လျှင် မှောင်​မိုက်၌ ဝှက်​ထား​သော​အ​ရာ​တို့​ကို ပွင့်​လင်း​စေ၍ စိတ်​နှ​လုံး​အ​ကြံ​အ​စည်​များ​ကို ထင်​ရှား​စေ​လ​တ္တံ့​သော သ​ခင်​ဘု​ရား ကြွ​လာ​တော်​မ​မူ​မီ တိုင်​အောင် အ​ဘယ်​အ​မှု​ကို​မျှ အ​ဆုံး​အ​ဖြတ် မ​စီ​ရင်​ကြ​နှင့်။ ကြွ​လာ​တော်​မူ​သော​အ​ခါ၊ အ​သီး​အ​သီး​တို့​သည် ဘု​ရား​သ​ခင် ချီး​မွမ်း​တော်​မူ​ခြင်း​ကျေး​ဇူး​ကို ခံ​ရ​ကြ​လ​တ္တံ့။ ညီ​အစ်​ကို​တို့၊ သင်​တို့​သည် ကျမ်း​စာ​ကို​လွန်၍ သူ​တစ်​ပါး​ကို မ​ရို​သေ​အပ်​ဟု ငါ​တို့​ကို​ထောက်၍ နား​လည်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ မာ​န​စိတ်​ထောင်​လွှား​သည်​နှင့် တစ်​ယောက်​ကို​မှီ​ဝဲ၍ တစ်​ယောက်​ကို​ငြင်း​ဆန်​ခြင်း မ​ရှိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ​ဆို​ခဲ့​ပြီး​သော​အ​ချက်၌ သင်​တို့၏​အ​ကျိုး​ကို​ထောက်၍ ငါ​နှင့် အာ​ပေါ​လု​ကို ပုံ​ဆောင်​လျက် ဆို​သ​တည်း။- ထို​မှ​တစ်​ပါး၊ အ​ဘယ်​သူ​သည် သင့်​ကို ထူး​ခြား​စေ​သ​နည်း။ သူ​တစ်​ပါး​လက်​မှ မ​ခံ​မ​ယူ​ဘဲ အ​လို​အ​လျောက်​ရ​သော အ​ရာ​တစ်​စုံ​တစ်​ခု​မျှ သင်၌​ရှိ​သ​လော။ သူ​တစ်​ပါး​လက်​မှ ခံ​ယူ​သည်​မှန်​လျှင်၊ မ​ခံ​မ​ယူ​သ​ကဲ့​သို့ အ​ဘယ်​ကြောင့် ဝါ​ကြွား​သ​နည်း။- ယ​ခု​တွင် သင်​တို့​သည် ကြွယ်​ဝ​ကြ၏။ ငွေ​ရ​တတ်​ကြ၏။ ငါ​တို့ မ​ရှိ​စဉ်​တွင်​စိုး​စံ​ကြ၏။ ငါ​တို့​သည် သင်​တို့​နှင့်​အ​တူ စိုး​စံ​ရ​သော​အ​ခွင့် ရှိ​မည်​အ​ကြောင်း၊ သင်​တို့​ကို အ​မှန်​စိုး​စံ​စေ​ခြင်း​ငှာ အ​လို​ရှိ၏။- သတ်​ဖို့​ရာ​ထား​သော​သူ​ကဲ့​သို့ အ​ခြား​သော​သူ​များ​နောက်၌ တ​မန်​တော်​တည်း​ဟူ​သော ငါ​တို့​ကို ဘု​ရား​သ​ခင်​ထုတ်​ပြ​တော်​မူ​သည်​ဟု ငါ​ထင်၏။ အ​ကြောင်း​မူ​ကား၊ ငါ​တို့​သည် လော​ကီ​သား​များ​နှင့် ကောင်း​ကင်​တ​မန်​များ​မျက်​မှောက်၌ ပွဲ​ဝင်​သော​သူ ဖြစ်​ကြ၏။- ငါ​တို့​သည် ခ​ရစ်​တော်၏ အ​ကြောင်း​ကြောင့် လူ​မိုက်​ဖြစ်​ကြ၏။ သင်​တို့​မူ​ကား၊ ခ​ရစ်​တော်၌ ပ​ညာ​ရှိ ဖြစ်​ကြ၏။ ငါ​တို့​သည် အား​နည်း​သော​သူ ဖြစ်​ကြ၏။ သင်​တို့​မူ​ကား၊ အ​စွမ်း​သ​တ္တိ​နှင့် ပြည့်​စုံ​သော​သူ၊ အ​သ​ရေ​ရှိ​သော​သူ ဖြစ်​ကြ၏။ ငါ​တို့​သည် အ​ရှက်​အ​ကြောက် ခံ​ရ​သော​သူ​ဖြစ်၍၊- ယ​ခု​တိုင်​အောင် အ​စား​အ​သောက်​ငတ်​မွတ်​ခြင်း၊ အ​ဝတ်​နွမ်း​ပါး​ခြင်း၊ ရိုက်​ပုတ်​ညှဉ်း​ဆဲ​ခြင်း​ကို ခံ​ရ​ကြ၏။ နေ​ရာ​မ​ကျ​သော​သူ၊- ကိုယ်​လက်​နှင့် ပင်​ပန်း​စွာ လုပ်​ဆောင်​ရ​သော​သူ ဖြစ်​ကြ၏။ ကဲ့​ရဲ့​ခြင်း​ကို ခံ​ရ​သော​အ​ခါ မေ​တ္တာ​ပို့​ကြ၏။ ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း​ကို ခံ​ရ​သော​အ​ခါ သည်း​ခံ​ကြ၏။- အ​သ​ရေ​ရှုတ်​ချ​ခြင်း​ကို ခံ​ရ​သော​အ​ခါ တောင်း​ပန်​ကြ၏။ ဤ​လော​က၏ အ​ညစ်​အ​ကြေး​ကဲ့​သို့​လည်း​ကောင်း၊ အ​ရပ်​ရပ်​ထဲ​က လှည်း​ပစ်​သော​တန်​မြက်​ချေး အ​မှိုက်​ကဲ့​သို့​လည်း​ကောင်း၊ ယ​ခု​တိုင်​အောင်​ဖြစ်​ကြ၏။

၁ ကောရိန္သု 4:1-13 Common Language Bible (BCL)

ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​နက်​နဲ​သော​သမ္မာ တ​ရား​တော်​ကို​တာ​ဝန်​ယူ​စောင့်​ထိန်း​ရ​သူ ခ​ရစ် တော်​၏​အ​စေ​ခံ​များ​ဖြစ်​သည်​ဟု​သင်​တို့​မှတ် ယူ​သင့်​ကြ​၏။- ယင်း​သို့​တာ​ဝန်​ယူ​ဆောင်​ရွက်​ရ​သူ​တွင်​ရှိ​ရ မည့်​အ​ရည်​အ​ချင်း​တစ်​ခု​ကား မိ​မိ​သ​ခင် ၏​ပေါ်​တွင်​သစ္စာ​စောင့်​ရန်​ပင်​ဖြစ်​ပေ​သည်။- ငါ့​အား​သင်​တို့​အား​ဖြင့်​ဖြစ်​စေ၊ လူ့​စံ​နှုန်း​အား ဖြင့်​ဖြစ်​စေ​အ​စစ်​ခံ​ရ​လျှင်​ငါ​သည်​အ​မှု မ​ထား။ ငါ​သည်​မိ​မိ​ကိုယ်​ကို​ပင်​လျှင်​မ​စစ် ကြော​မ​စီ​ရင်​ပြီ။- ငါ​၏​သြတ္တပ္ပ​စိတ်​သည်​ကြည်​လင်​လျက်​ရှိ​၏။ ယင်း သို့​ဆို​သော်​ငါ​၌​အြုပစ်​မ​ရှိ​ဟု​မ​ဆို​လို။ ငါ့​ကို စစ်​ကြော​စီ​ရင်​သူ​ကား​သခင်​ဘု​ရား​ပေ​တည်း။- သို့​ဖြစ်​၍​နောက်​ဆုံး​တ​ရား​စီ​ရင်​တော်​မူ​ရန် သ​ခင်​ဘု​ရား​ကြွ​လာ​တော်​မူ​ချိန်​တိုင်​အောင် မည်​သူ့​ကို​မျှ​စီ​ရင်​မှု​မ​ပြု​နှင့်။ ကိုယ်​တော်​သည် လျှို့​ဝှက်​ချက်​မှန်​သ​မျှ​ကို​လည်း​ကောင်း၊ လူ​တို့ ၏​စိတ်​နှ​လုံး​တွင်​ကွယ်​ဝှက်​နေ​သည့်​အ​ကြံ​အ​စည် များ​ကို​လည်း​ကောင်း​ထုတ်​ဖော်​တော်​မူ​လိမ့်​မည်။ ထို​အ​ခါ​လူ​တိုင်း​ပင်​ဘု​ရား​သ​ခင်​၏​ထံ​ခံ ထိုက်​သည့်​အ​ချီး​အ​မွမ်း​ကို​ခံ​ကြ​ရ​လတ္တံ့။ ညီ​အစ်​ကို​တို့၊ သင်​တို့​၏​အ​ကျိုး​ငှာ​ဤ​အ​ကြောင်း အ​ရာ​များ​တွင် အာ​ပေါ​လု​နှင့်​ငါ့​ကိစ္စ​ကို​ဥ​ပ​မာ ထည့်​သွင်း​ဖော်​ပြ​လိုက်​ခြင်း​ဖြစ်​၏။ ထို​သို့​ဖော် ပြ​ရ​ခြင်း​မှာ ``စည်း​မျဉ်း​ကို​ကျော်​လွန်​၍​မ​ပြု နှင့်'' ဟူ​သော​ဆို​ရိုး​စ​ကား​၏​အ​နက်​အ​ဋ္ဌိပ္ပါယ် ကို​သင်​တို့​နား​လည်​နိုင်​ကြ​စေ​ရန်​ဖြစ်​၏။ သင် တို့​သည်​တစ်​ယောက်​ကို​ချီး​မွမ်း​၍​အ​ခြား တစ်​ယောက်​ကို​မ​ထီ​လေး​စား​မ​ပြု​ကြ​နှင့်။- အ​ဘယ်​သူ​သည်​သင်​တို့​အား​သူ​တစ်​ပါး ထက်​ထူး​ကဲ​စေ​ပါ​သ​နည်း။ သင်​တို့​တွင်​ရှိ သ​မျှ​သော​အ​ရာ​တို့​သည် ဘု​ရား​သ​ခင် ချ​ပေး​တော်​မူ​သော​အ​ရာ​များ​မ​ဟုတ် ပါ​လော။ သို့​ဖြစ်​ပါ​လျက်​သင်​တို့​ရ​ရှိ​ထား သော​အ​ရာ​များ​သည် ဘု​ရား​သ​ခင်​ချ​ပေး တော်​မူ​သော​ဆု​ကျေး​ဇူး​များ​မ​ဟုတ် သ​ကဲ့​သို့ သင်​တို့​အ​ဘယ်​ကြောင့်​ကြွား ဝါ​သ​နည်း။ သင်​တို့​သည်​လို​လေ​သေး​မ​ရှိ​အောင်​ပြည့်​စုံ ကြ​ပြီ​လော။ ချမ်း​သာ​ကြွယ်​ဝ​ကြ​လေ​ပြီ လော။ ငါ​တို့​ပင်​ဘု​ရင်​မ​ဖြစ်​ဘဲ​သင်​တို့​သည် ဘု​ရင်​ဖြစ်​ကြ​လေ​ပြီ​လော။ သင်​တို့​ဘု​ရင် ဖြစ်​မှ​သာ​လျှင်​ငါ​တို့​လည်း​သင်​တို့​နှင့် အ​တူ​နန်း​စံ​နိုင်​ကြ​မည်​ဖြစ်​၍ အ​ကယ်​ပင် သင်​တို့​ဘု​ရင်​ဖြစ်​ကြ​ပါ​စေ​ဟု​ငါ​သည် ဆန္ဒ​ပြု​၏။- လူ​ထု​အား​ထုတ်​ပြ​ရာ​တွင်​သေ​ဒဏ်​သင့် သူ​များ​အား​နောက်​ဆုံး​မှ​လိုက်​ပါ​စေ​သ​ကဲ့ သို့ ဘု​ရား​သ​ခင်​သည်​လူ​တို့​နှင့်​ကောင်း​ကင် တ​မန်​တို့​ရှု​စား​ကြ​စေ​ရန် ငါ​တို့​တ​မန် တော်​များ​အား​နောက်​ဆုံး​နေ​ရာ​တွင်​ထား တော်​မူ​သည်​ဟု​ငါ​ထင်​မှတ်​၏။- ငါ​တို့​သည်​ခ​ရစ်​တော်​အ​တွက်​လူ​မိုက်​ဖြစ် ရ​၏။ သင်​တို့​ကား​ခ​ရစ်​တော်​နှင့်​တစ်​လုံး တစ်​ဝ​တည်း​ဖြစ်​သူ​ပ​ညာ​ရှိ​များ​ဖြစ်​ကြ သည်။ ငါ​တို့​သည်​ချည့်​နဲ့​သူ၊ သင်​တို့​ကား စွမ်း​သန်​သူ၊ ငါ​တို့​သည်​အ​သ​ရေ​မဲ့​သူ၊ သင်​တို့​ကား​အ​သ​ရေ​ရှိ​သူ​များ​ဖြစ်​ကြ ပါ​သည်​တ​ကား။- ယ​ခု​အ​ချိန်​အ​ထိ​ငါ​တို့​သည်​အ​စာ​ရေ စာ​ငတ်​မွတ်​လျက်​ရှိ​ကြ​၏။ အ​ဝတ်​အ​စား နွမ်း​ပါး​ကြ​၏။ ရိုက်​ပုတ်​ညှဉ်း​ဆဲ​ခြင်း​ကို ခံ​ကြ​ရ​၏။ အိမ်​ခြေ​ရာ​ခြေ​မဲ့​လှည့်​လည် ကြ​ရ​၏။- လက်​ဖြင့်​ပင်​ပန်း​ကြီး​စွာ​လုပ်​ဆောင်​ကြ​ရ​၏။ ငါ​တို့​သည်​ကျိန်​ဆဲ​ခြင်း​ကို​ခံ​ရ​သော​အ​ခါ ကောင်း​ချီး​ပေး​ကြ​၏။ ညှင်း​ဆဲ​ခြင်း​ခံ​ရ​သော အ​ခါ​သည်း​ခံ​ကြ​၏။- စော်​ကား​ခြင်း​ကို​ခံ​ရ​သော​အ​ခါ​မေတ္တာ​ပို့ ကြ​၏။ ငါ​တို့​ကား​ယ​ခု​တိုင်​အောင်​လော​က ၏​အ​ညစ်​အ​ကြေး၊ လူ​တ​ကာ​စွန့်​ပစ်​သည့် အ​မှိုက်​ကဲ့​သို့​ဖြစ်​ကြ​၏။

၁ ကောရိန္သု 4:1-13 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့ကြောင့် လူ​တို့​သည် ငါ​တို့​အား ခရစ်တော်​၏​အမှု​တော်​ဆောင်​အဖြစ်​လည်းကောင်း၊ ဘုရားသခင်​၏​လျှို့ဝှက်​နက်နဲ​သော​အရာ​များ​ကို စောင့်ရှောက်​ရ​သော ဘဏ္ဍာစိုး​အဖြစ်​လည်းကောင်း မှတ်ယူ​ပါစေ။ ဤ​နေရာ​တွင် ဘဏ္ဍာစိုး​သည် သစ္စာရှိ​ကြောင်း အသိအမှတ်ပြု​ခြင်း​ခံရ​သူ​ဖြစ်​ရ​မည်။ ငါ​သည် သင်​တို့​ထံ၌​ဖြစ်စေ၊ လူ​တို့​၏​ခုံရုံး​၌​ဖြစ်စေ စစ်ဆေး​စီရင်​ခြင်း​ကို​ခံရ​သော်လည်း ငါ့​အတွက် သေးငယ်​သော​အမှု​သာ​ဖြစ်​၏။ ငါ​သည် မိမိကိုယ်ကို​လည်း စစ်ဆေး​စီရင်​ခြင်း​မ​ပြု။ အကြောင်းမူကား ငါ​သည် ကိုယ့်ကိုယ်ကိုယ်​စိတ်လုံ​၏။ သို့သော် ထိုသို့​ဖြစ်​သည့်​အတွက် ငါ​သည် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​သည်​မ​ဟုတ်။ ငါ့​ကို​စစ်ဆေး​စီရင်​တော်မူ​သော​အရှင်​ကား သခင်​ဘုရား​ပေတည်း။ သို့ဖြစ်၍ သခင်​ဘုရား​ကြွလာ​တော်​မ​မူ​မီ မည်သည့်​အရာ​ကို​မျှ အချိန်​မ​တန်​ဘဲ မ​စီရင်​ကြ​နှင့်။ ထို​သခင်​သည် အမှောင်​ထဲ၌ ကွယ်ဝှက်​ထား​သော​အရာ​များ​ကို အလင်း​သို့​ယူဆောင်​လာ​ပြီး စိတ်နှလုံး​အကြံအစည်​များ​ကို ထင်ရှား​စေ​တော်မူ​လိမ့်မည်။ ထိုအခါ လူ​အသီးသီး​တို့​သည် ဘုရားသခင်​ထံ​တော်​မှ ချီးမွမ်း​ခြင်း​ကို​ခံရ​ကြ​လိမ့်မည်။ ညီအစ်ကို​တို့၊ ငါ​သည် ငါ​နှင့်​အာပေါလု​တို့​အကြောင်း​ကို​ပုံဆောင်​လျက် ဤ​အရာ​များ​ကို သင်​တို့​အတွက်​ဖော်ပြ​၏။ ဤသည်ကား သင်​တို့​သည် ကျမ်းစာ​၌​ရေး​ထား​သော​အရာ​တို့​ကို မ​ကျော်လွန်​မည့်အကြောင်း ငါ​တို့​ကို​စံနမူနာ​ထား​၍ သင်ယူ​ကြ​စေရန်​နှင့် တစ်​ဦး​ဘက်၌​နေ​၍ အခြား​တစ်​ဦး​အပေါ် မာန​ထောင်လွှား​ခြင်း​မ​ရှိ​ကြ​စေရန်​ဖြစ်​၏။ အကြောင်းမူကား မည်သူ​သည် သင့်​ကို​ထူးခြား​စေ​သနည်း။ သင်​ခံယူ​ရရှိ​သော​အရာ​မ​ဟုတ်​ဘဲ သင်​၌​နဂို​ကတည်းက ရှိ​ထား​သော​အရာ​တစ်စုံတစ်ခု​ရှိ​သလော။ သင်​ခံယူ​ရရှိ​ခဲ့​သည့်​အရာ​ဖြစ်​သည်​မှန်​လျှင် ခံယူ​ရရှိ​ခဲ့​သည့်​အရာ​မ​ဟုတ်​သကဲ့သို့ အဘယ်ကြောင့်​ဝါကြွား​သနည်း။ သင်​တို့​သည် ပြည့်စုံ​နေ​ကြ​ပြီ။ သင်​တို့​သည် ကြွယ်ဝ​နေ​ကြ​ပြီ။ ငါ​တို့​မ​ပါ​ဘဲ စိုးစံ​နေ​ကြ​ပြီ။ ငါ​တို့​လည်း သင်​တို့​နှင့်အတူ​စိုးစံ​နိုင်​ရန် သင်​တို့​သည် အမှန်​တကယ်​စိုးစံ​နေ​ခဲ့​ကြ​လျှင် ကောင်း​ပေ​မည်။ ဘုရားသခင်​သည် တမန်တော်​ဖြစ်​ကြ​သော​ငါ​တို့​ကို နောက်ဆုံး​တွင်​ထား​၍ အသေ​သတ်​ခြင်း​ခံရ​မည့်​သူ​များ​ကဲ့သို့ ထုတ်ပြ​တော်မူ​ပြီ​ဟု ငါ​ထင်မှတ်​၏။ အဘယ်ကြောင့်​ဆိုသော် ငါ​တို့​သည် ကောင်းကင်​တမန်​များ​ရှေ့၌​ဖြစ်စေ၊ လူ​တို့​ရှေ့၌​ဖြစ်စေ တစ်လောကလုံး​အတွက် ရှုစား​စရာ​ဖြစ်လာ​ကြ​၏။ ငါ​တို့​သည် ခရစ်တော်​အတွက် မိုက်မဲ​သော​သူ​ဖြစ်​ကြ​၏။ သင်​တို့​မူကား ခရစ်တော်​၌ ပညာ​သတိ​ရှိ​သော​သူ​ဖြစ်​ကြ​၏။ ငါ​တို့​သည် အားနည်း​သော​သူ​ဖြစ်​ကြ​၏။ သင်​တို့​မူကား ခွန်အားကြီး​သော​သူ​ဖြစ်​ကြ​၏။ သင်​တို့​သည် ဂုဏ်သရေ​ရှိ​သော​သူ​ဖြစ်​ကြ​၏။ ငါ​တို့​မူကား ဂုဏ်သရေ​မဲ့​သော​သူ​ဖြစ်​ကြ​၏။ ငါ​တို့​သည် ယခု​အချိန်​တိုင်အောင် ဆာလောင်​မွတ်သိပ်​လျက်၊ အဝတ်မဲ့​လျက်၊ ထိုးနှက်​ခြင်း​ခံရ​လျက်၊ အိမ်ရာမဲ့​လျက်၊ မိမိ​တို့​လက်​ဖြင့် အားထုတ်​လုပ်ဆောင်​လျက် နေ​ကြ​ရ​၏။ ပုတ်ခတ်​ပြောဆို​ခြင်း​ခံရ​သောအခါ ကောင်းချီး​ပေး​ကြ​၏။ ညှဉ်းဆဲ​ခြင်း​ခံရ​သောအခါ သည်းခံ​ကြ​၏။ စော်ကား​ပြောဆို​ခြင်း​ခံရ​သောအခါ မေတ္တာ​ပြ​ကြ​၏။ ယခု​တိုင်အောင် ငါ​တို့​သည် လူ​တကာ​တို့​၏​အပယ်ခံ​များ၊ လောက​၏​အမှိုက်သရိုက်​များ​ကဲ့သို့ ဖြစ်​ရ​ကြ​၏။