YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ကောရိန္သု 3:18-23

၁ ကောရိန္သု 3:18-23 Judson Bible (JBMLE)

အ​ဘယ်​သူ​မျှ ကိုယ်​ကို မ​လှည့်​ဖြား​စေ​နှင့်။ သင်​တို့​တွင် အ​ကြင်​သူ​သည် ဤ​လော​က၌ ပ​ညာ​ရှိ​ဖြစ်​သည်​ဟု ကိုယ်​ကို​ထင်၏။ ထို​သူ​သည် ပ​ညာ​ရှိ​အ​ဖြစ်​သို့ ရောက်​လို​သော​ငှာ လူ​မိုက်​ဖြစ်​ပါ​စေ။- အ​ကြောင်း​မူ​ကား၊ လော​ကီ​ပ​ညာ​သည် ဘု​ရား​သ​ခင့်​ရှေ့၌ မိုက်​မဲ​ခြင်း​ဖြစ်၏။ ကျမ်း​စာ​လာ​သည်​ကား၊ ဘု​ရား​သ​ခင်​သည် ပ​ညာ​ရှိ​တို့​ကို သူ​တို့၏ ပ​ရိ​ယာယ်​အား​ဖြင့် ဖမ်း​ဆီး​တော်​မူ၏​ဟု လာ​သ​တည်း။- တစ်​ဖန်​တုံ၊ ပ​ညာ​ရှိ​တို့၏ အ​ကြံ​အ​စည်​တို့​သည် အ​ချည်း​နှီး​ဖြစ်​ကြောင်း​ကို ထာ​ဝ​ရ​ဘု​ရား​သိ​တော်​မူ၏​ဟု လာ​သ​တည်း။- ထို​သို့​ဖြစ်​လျှင်၊ အ​ဘယ်​သူ​မျှ လူ​တို့၌ ဝါ​ကြွား​ခြင်း​မ​ရှိ​စေ​နှင့်။ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် သင်​တို့​အ​ဖို့ ဖြစ်​ကြ၏။- ပေါ​လု​ဖြစ်​စေ၊ အာ​ပေါ​လု​ဖြစ်​စေ၊ ကေ​ဖ​ဖြစ်​စေ၊ ဤ​လော​က​ဖြစ်​စေ၊ အ​သက်​ရှင်​ခြင်း​ဖြစ်​စေ၊ သေ​ခြင်း​ဖြစ်​စေ၊ မျက်​မှောက်​အ​ရာ​ဖြစ်​စေ၊ နောက်​လာ​လ​တ္တံ့​သော အ​ရာ​ဖြစ်​စေ၊ ခပ်​သိမ်း​သော အ​ရာ​တို့​သည် သင်​တို့​အ​ဖို့ ဖြစ်​ကြ၏။- သင်​တို့​သည်​လည်း၊ ခ​ရစ်​တော်​အ​ဖို့ ဖြစ်​ကြ၏။ ခ​ရစ်​တော်​သည်​လည်း ဘု​ရား​သ​ခင်​အ​ဖို့ ဖြစ်​တော်​မူ၏။

၁ ကောရိန္သု 3:18-23 Common Language Bible (BCL)

အ​ဘယ်​သူ​မျှ​မိ​မိ​ကိုယ်​ကို​မ​လှည့်​စား​စေ​နှင့်။ လော​ကီ​စံ​နှုန်း​အ​ရ​မိ​မိ​ကိုယ်​ကို​ပ​ညာ​ရှိ သည်​ဟု​ထင်​မှတ်​သော​သူ​သည် အ​မှန်​ပင်​ပ​ညာ ရှိ​ဖြစ်​လာ​စေ​ရန်​လူ​မိုက်​ဖြစ်​ပါ​စေ။- ဉာဏ်​ပ​ညာ​ဟူ​၍​ဤ​လော​က​သား​တို့​ထင်​မှတ် ကြ​သည့်​အ​ရာ​သည်​ဘု​ရား​သ​ခင်​၏​ရှေ့​တော် ၌​မိုက်​မဲ​မှု​သာ​လျှင်​ဖြစ်​၏။ ကျမ်း​စာ​တော်​တွင် ``ဘု​ရား​သ​ခင်​သည်​ပ​ညာ​ရှိ​များ​အား​မိ​မိ တို့​ကိုယ်​တိုင်​အ​သုံး​ပြု​သည့်​ပ​ရိ​ယာယ်​အား ဖြင့်​ပင်​လျှင်​ထောင်​ချောက်​တွင်​မိ​စေ​တော်​မူ​၏'' ဟု​ဖော်​ပြ​သည့်​အ​တိုင်း​ပင်။- ထို့​အ​ပြင်​အ​ခြား​ကျမ်း​စာ​တော်​တစ်​ချက် က ``ပ​ညာ​ရှိ​တို့​၏​အ​ကြံ​အ​စည်​သည်​အ​ချည်း နှီး​ဖြစ်​ကြောင်း​ကို​ထာ​ဝ​ရ​ဘု​ရား​သိ​တော် မူ​၏'' ဟု​ဆို​ချေ​သည်။- သို့​ဖြစ်​၍​လူ​၏​စွမ်း​ရည်​အ​ကြောင်း​ကို​မည်​သူ မျှ​မ​ဝါ​ကြွား​စေ​နှင့်။ အ​မှန်​စင်​စစ်​အား​ဖြင့် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​သင်​တို့​ပိုင်​ကြ​၏။- ပေါ​လု၊ အာ​ပေါ​လု၊ ပေ​တ​ရု​တို့​ကို​လည်း​ကောင်း၊ ဤ​ကမ္ဘာ​လော​က​ကြီး​ကို​လည်း​ကောင်း၊ အ​သက် ရှင်​ခြင်း​နှင့်​သေ​ခြင်း​တို့​ကို​လည်း​ကောင်း၊ မျက် မှောက်​ကာ​လ​နှင့်​အ​နာ​ဂတ်​ကာ​လ​တို့​ကို လည်း​ကောင်း​သင်​တို့​ပိုင်​ကြ​၏။- သင်​တို့​ကို​ခ​ရစ်​တော်​ပိုင်​တော်​မူ​၍​ခ​ရစ်​တော် ကို​ဘု​ရား​သ​ခင်​ပိုင်​တော်​မူ​၏။

၁ ကောရိန္သု 3:18-23 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

မည်သူမျှ ကိုယ့်ကိုယ်ကိုယ်​မ​လှည့်ဖြား​စေ​နှင့်။ သင်​တို့​တွင် တစ်စုံတစ်ဦး​က မိမိ​သည် ဤ​လောက​၌ ပညာရှိ​ဖြစ်​သည်​ဟု​ထင်မှတ်​လျှင် ထို​သူ​သည် ပညာရှိ​ဖြစ်​နိုင်​ရန် မိုက်မဲ​သော​သူ​ဖြစ်​ပါစေ။ အကြောင်းမူကား ဤ​လောက​၏​ဉာဏ်ပညာ​သည် ဘုရားသခင်​ရှေ့​တော်​၌ မိုက်မဲ​သော​အရာ​ဖြစ်​၏။ “ဘုရားသခင်​သည် ပညာရှိ​တို့​ကို သူ​တို့​၏​ပရိယာယ်​အားဖြင့် ဖမ်းဆီး​တော်မူ​၏”​ဟု ကျမ်းစာ​၌​ရေး​ထား​၏။ တစ်ဖန် “ပညာရှိ​တို့​၏​တွေးတော​ကြံစည်​မှု​များ​သည် အချည်းနှီး​ဖြစ်​ကြောင်း​ကို ထာဝရ​ဘုရား​သိ​တော်မူ​၏”​ဟု ရေး​ထား​၏။ သို့ဖြစ်၍ မည်သူမျှ လူ​တို့​အကြောင်း​ကို​မ​ဝါကြွား​နှင့်။ အကြောင်းမူကား ခပ်သိမ်း​သော​အရာ​တို့​ကို သင်​တို့​ပိုင်ဆိုင်​၏။ ပေါလု​ဖြစ်စေ၊ အာပေါလု​ဖြစ်စေ၊ ကေဖ​ဖြစ်စေ၊ ဤ​လောက​ဖြစ်စေ၊ အသက်ရှင်​ခြင်း​ဖြစ်စေ၊ သေ​ခြင်း​ဖြစ်စေ၊ မျက်မှောက်​အရာ​များ​ဖြစ်စေ၊ နောင်​လာ​မည့်​အရာ​များ​ဖြစ်စေ ခပ်သိမ်း​သော​အရာ​တို့​သည် သင်​တို့​ပိုင်ဆိုင်​သော​အရာ​များ​ဖြစ်​ကြ​၏။ သင်​တို့​ကို​မူကား ခရစ်တော်​ပိုင်ဆိုင်​တော်မူ​ပြီး ခရစ်တော်​ကို ဘုရားသခင်​ပိုင်ဆိုင်​တော်မူ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။