YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ကော 3:18-23

၁ ကော 3:18-23 BCL

အ​ဘယ်​သူ​မျှ​မိ​မိ​ကိုယ်​ကို​မ​လှည့်​စား​စေ​နှင့်။ လော​ကီ​စံ​နှုန်း​အ​ရ​မိ​မိ​ကိုယ်​ကို​ပ​ညာ​ရှိ သည်​ဟု​ထင်​မှတ်​သော​သူ​သည် အ​မှန်​ပင်​ပ​ညာ ရှိ​ဖြစ်​လာ​စေ​ရန်​လူ​မိုက်​ဖြစ်​ပါ​စေ။- ဉာဏ်​ပ​ညာ​ဟူ​၍​ဤ​လော​က​သား​တို့​ထင်​မှတ် ကြ​သည့်​အ​ရာ​သည်​ဘု​ရား​သ​ခင်​၏​ရှေ့​တော် ၌​မိုက်​မဲ​မှု​သာ​လျှင်​ဖြစ်​၏။ ကျမ်း​စာ​တော်​တွင် ``ဘု​ရား​သ​ခင်​သည်​ပ​ညာ​ရှိ​များ​အား​မိ​မိ တို့​ကိုယ်​တိုင်​အ​သုံး​ပြု​သည့်​ပ​ရိ​ယာယ်​အား ဖြင့်​ပင်​လျှင်​ထောင်​ချောက်​တွင်​မိ​စေ​တော်​မူ​၏'' ဟု​ဖော်​ပြ​သည့်​အ​တိုင်း​ပင်။- ထို့​အ​ပြင်​အ​ခြား​ကျမ်း​စာ​တော်​တစ်​ချက် က ``ပ​ညာ​ရှိ​တို့​၏​အ​ကြံ​အ​စည်​သည်​အ​ချည်း နှီး​ဖြစ်​ကြောင်း​ကို​ထာ​ဝ​ရ​ဘု​ရား​သိ​တော် မူ​၏'' ဟု​ဆို​ချေ​သည်။- သို့​ဖြစ်​၍​လူ​၏​စွမ်း​ရည်​အ​ကြောင်း​ကို​မည်​သူ မျှ​မ​ဝါ​ကြွား​စေ​နှင့်။ အ​မှန်​စင်​စစ်​အား​ဖြင့် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​သင်​တို့​ပိုင်​ကြ​၏။- ပေါ​လု၊ အာ​ပေါ​လု၊ ပေ​တ​ရု​တို့​ကို​လည်း​ကောင်း၊ ဤ​ကမ္ဘာ​လော​က​ကြီး​ကို​လည်း​ကောင်း၊ အ​သက် ရှင်​ခြင်း​နှင့်​သေ​ခြင်း​တို့​ကို​လည်း​ကောင်း၊ မျက် မှောက်​ကာ​လ​နှင့်​အ​နာ​ဂတ်​ကာ​လ​တို့​ကို လည်း​ကောင်း​သင်​တို့​ပိုင်​ကြ​၏။- သင်​တို့​ကို​ခ​ရစ်​တော်​ပိုင်​တော်​မူ​၍​ခ​ရစ်​တော် ကို​ဘု​ရား​သ​ခင်​ပိုင်​တော်​မူ​၏။