YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ကောရိန္သု 3:1-9

၁ ကောရိန္သု 3:1-9 Judson Bible (JBMLE)

ညီ​အစ်​ကို​တို့၊ အ​ထက်​က ငါ​သည် ဝိ​ညာဉ်​လူ​တို့​အား ဟော​ပြော​သ​ကဲ့​သို့ သင်​တို့​အား ဟော​ပြော​ရ​သော အ​ခွင့်​မ​ရှိ​ဘဲ၊ ဇာ​တိ​ပ​က​တိ လူ​တို့​အား​လည်း​ကောင်း၊ ခ​ရစ်​တော်၌ သူ​ငယ်​က​လေး​တို့​အား​လည်း​ကောင်း၊ ဟော​ပြော​သ​ကဲ့​သို့ ဟော​ပြော​ရ၏။- ယ​ခု​တိုင်​အောင် သင်​တို့​သည် ခဲ​ဖွယ်​စား​ဖွယ်​ကို မ​ကြေ​နိုင်​သော​ကြောင့် ငါ​မ​ကျွေး​ရ၊ နို့​ကို​သာ တိုက်​ရ၏။ ယ​ခု​ပင်​လည်း၊ သင်​တို့​သည် မ​ကြေ​နိုင်​ကြ​သေး။- ယ​ခု​ပင်​လည်း၊ ဇာ​တိ​ပ​က​တိ​လူ ဖြစ်​ကြ​သေး၏။ ဂုဏ်​ပြိုင်​ခြင်း၊ ရန်​တွေ့​ခြင်း၊ အ​ချင်း​ချင်း​ကွဲ​ပြား​ခြင်း​ရှိ​သည်​ဖြစ်၍၊ သင်​တို့​သည် ဇာ​တိ​ပ​က​တိ လူ​ဖြစ်​ကြ​သည် မ​ဟုတ်​လော။ လော​ကီ​ထုံး​စံ​အ​တိုင်း ကျင့်​ဆောင်​ကြ​သည် မ​ဟုတ်​လော။- တစ်​ယောက်​က၊ ငါ​သည် ပေါ​လု​တ​ပည့်​ဖြစ်၏ ဟူ၍​လည်း​ကောင်း၊ တစ်​ယောက်​က၊ ငါ​သည် အာ​ပေါ​လု​တ​ပည့်​ဖြစ်၏ ဟူ၍​လည်း​ကောင်း၊ အ​သီး​အ​သီး​ပြော​ကြ​လျှင်၊ ဇာ​တိ​ပ​က​တိ​လူ ဖြစ်​ကြ​သည် မ​ဟုတ်​လော။ ပေါ​လု​ကား အ​ဘယ်​သူ​နည်း။ အာ​ပေါ​လု​ကား အ​ဘယ်​သူ​နည်း။ အ​ခြား​သော​သူ​မ​ဟုတ်၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​သီး​အ​သီး​တို့​အား အ​ခွင့်​ပေး​သ​နား​တော်​မူ​သည်​နှင့် အ​ညီ၊ သင်​တို့​ကို ယုံ​ကြည်​ခြင်း​သို့ ရောက်​စေ​သော ဓ​မ္မ​ဆ​ရာ​ပေ​တည်း။- ငါ​သည် စိုက်​ပျိုး​သော​သူ​ဖြစ်၏။ အာ​ပေါ​လု​သည် ရေ​လောင်း​သော​သူ​ဖြစ်၏။ အ​ပင်​ကို​ကြီး​ပွား​စေ​သော​သူ​ကား၊ ဘု​ရား​သ​ခင်​ပေ​တည်း။- စိုက်​ပျိုး​သော​သူ မ​တတ်​နိုင်။ ရေ​လောင်း​သော​သူ​လည်း မ​တတ်​နိုင်။ ကြီး​ပွား​စေ​တော်​မူ​သော ဘု​ရား​သ​ခင်​သာ​လျှင် တတ်​နိုင်​တော်​မူ၏။- သို့​သော်​လည်း၊ စိုက်​ပျိုး​သော​သူ​နှင့် ရေ​လောင်း​သော​သူ​သည် တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်၍၊ အ​သီး​အ​သီး မိ​မိ​လုပ်​သည်​အ​တိုင်း မိ​မိ​အ​ကျိုး​ကို ခံ​ရ​လိမ့်​မည်။- ငါ​တို့​သည် ဘု​ရား​သ​ခင့်​ထံ၌ အ​လုပ်​လုပ်​သော​သူ​ချင်း ဖြစ်​ကြ၏။ သင်​တို့​သည် ဘု​ရား​သ​ခင်၏ ဥ​ယျာဉ်​တော် ဖြစ်​ကြ၏။ ဘု​ရား​သ​ခင်၏ ကျောင်း​တော်​တိုက်​လည်း ဖြစ်​ကြ၏။

၁ ကောရိန္သု 3:1-9 Common Language Bible (BCL)

ညီ​အစ်​ကို​တို့၊ အ​မှန်​အား​ဖြင့်​ဆို​သော်​ငါ​သည် သင်​တို့​အား ဝိ​ညာဉ်​တော်​ကို​ခံ​ယူ​ရ​ရှိ​သူ​များ အ​နေ​ဖြင့်​ပြော​ဆို​၍​မ​ဖြစ်။ လော​ကီ​သား​များ သ​ဖွယ်​အ​နေ​ဖြင့်​လည်း​ကောင်း၊ ခ​ရစ်​ယာန်​သက် တွင်​ကလေး​သူ​ငယ်​များ​အ​နေ​ဖြင့်​လည်း​ကောင်း ပြော​ဆို​ရ​၏။- ကြေ​ခဲ​သော​အ​စား​အ​စာ​ကို​သင်​တို့​မ​စား နိုင်​ကြ​သေး​သ​ဖြင့် ငါ​သည်​သင်​တို့​အား​နို့ ကို​သာ​တိုက်​ကျွေး​ရ​၏။ ယ​ခု​တိုင်​အောင်​သင် တို့​သည်​အ​စာ​မ​ကြေ​နိုင်​ကြ။- သင်​တို့​သည်​လော​ကီ​သား​များ​အ​ဆင့်​အ​တန်း ၌​သာ​နေ​ကြ​သေး​၏။ အ​ချင်း​ချင်း​မ​နာ​လို လျက်၊ ရန်​ဖြစ်​လျက်​နေ​ကြ​သည်​မှာ​လော​ကီ သား​အ​ဆင့်​အ​တန်း​၌​ပင်​သင်​တို့​ရှိ​နေ​ကြ သေး​၍​မ​ဟုတ်​ပါ​လော။ လော​ကီ​ထုံး​စံ​အ​တိုင်း ကျင့်​ကြံ​နေ​ကြ​ခြင်း​ပင်​မ​ဟုတ်​ပါ​လော။- ငါ​သည်​ပေါ​လု​တ​ပည့်​ဖြစ်​သည်၊ ငါ​သည် အာ​ပေါ​လု​တ​ပည့်​ဖြစ်​သည်​ဟု​သင်​တို့​ဆို သည့်​အ​ခါ သင်​တို့​သည်​လော​ကီ​ဆန်​သူ များ​ကဲ့​သို့​ပြု​မူ​ခြင်း​ပင်​မ​ဟုတ်​ပါ​လော။ အာ​ပေါ​လု​ကား​အ​ဘယ်​သူ​နည်း။ ပေါ​လု​ကား အ​ဘယ်​သူ​နည်း။ သူ​တို့​သည်​ဘု​ရား​သ​ခင်​၏ အ​စေ​ခံ​များ​သာ​လျှင်​ဖြစ်​၍ သင်​တို့​ယုံ​ကြည် လာ​စေ​ရန်​ပြု​စု​ပေး​ကြ​သူ​များ​ဖြစ်​၏။ ငါ တို့​တစ်​ဦး​စီ​သည်​သ​ခင်​ဘု​ရား​ခွဲ​ဝေ​သတ် မှတ်​ပေး​တော်​မူ​သော​တာ​ဝန်​အ​သီး​သီး ကို​ထမ်း​ဆောင်​ကြ​ရ​သည်။- ငါ​သည်​မျိုး​စေ့​ကို​စိုက်​၏။ အာ​ပေါ​လု​ကား ရေ​လောင်း​၏။ အ​ပင်​ပေါက်​စေ​တော်​မူ​သော အ​ရှင်​ကား​ဘု​ရား​သ​ခင်​ပေ​တည်း။- မျိုး​စေ့​ကို​စိုက်​သူ​နှင့်​ရေ​လောင်း​သူ​သည် အ​ဋ္ဌိ​က​မ​ဟုတ်။ အ​ပင်​ပေါက်​စေ​တော်​မူ သော​သူ​တည်း​ဟူ​သော​ဘု​ရား​သ​ခင်​သာ လျှင်​အ​ဋ္ဌိ​က​ဖြစ်​တော်​မူ​၏။- မျိုး​စေ့​ကို​စိုက်​သူ​နှင့်​ရေ​လောင်း​သူ​တို့​သည် တန်း​တူ​ရည်​တူ​ဖြစ်​ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့ ၏​အား​ထုတ်​မှု​နှင့်​အ​ညီ​အ​ကျိုး​ကို​ရ​ရှိ​ကြ ပေ​မည်။- ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​ထံ​တော်​၌​အ​လုပ် လုပ်​သော​လုပ်​ဖော်​ကိုင်​ဘက်​ဖြစ်​ကြ​၏။ သင်​တို့ သည်​ကား​ဘု​ရား​သ​ခင်​၏​ဥ​ယျာဉ်​တော်​ဖြစ်​၏။ သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​ကျောင်း​တော်​တိုက် လည်း​ဖြစ်​၏။

၁ ကောရိန္သု 3:1-9 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သို့သော် ညီအစ်ကို​တို့၊ ငါ​သည် သင်​တို့​ကို ဝိညာဉ်​သဘော​ရှိ​သော​သူ​များ​ကဲ့သို့ ဟောပြော​၍​မ​ရ​ဘဲ သွေးသား​ဇာတိ​၌​ရှိ​သော​သူ​များ​ကဲ့သို့​လည်းကောင်း၊ ခရစ်တော်​၌ ကလေး​သူငယ်​များ​ကဲ့သို့​လည်းကောင်း ဟောပြော​ရ​၏။ သင်​တို့​သည် မာ​သော​အစာ​ကို မ​စား​နိုင်​ကြ​သေး​သောကြောင့် ၎င်း​ကို​မ​ကျွေး​ဘဲ နို့​ကို​သာ ငါ​တိုက်​ရ​၏။ ယခု​တိုင်အောင် သင်​တို့​သည် မာ​သော​အစာ​ကို မ​စား​နိုင်​ကြ​သေး။ အကြောင်းမူကား သင်​တို့​သည် သွေးသား​ဇာတိ​၌​ရှိ​သော​သူ​များ​ဖြစ်​ကြ​သေး​၏။ သင်​တို့​ကြား၌ မနာလို​ခြင်း​နှင့်​ပဋိပက္ခ​ဖြစ်​ခြင်း​ရှိ​ကြ​သည်​မှာ သင်​တို့​သည် သွေးသား​ဇာတိ​၌​ရှိ​သူ​များ​ဖြစ်​ကြ​ပြီး သာမန်​လူသား​အတိုင်း အသက်ရှင်​လျှောက်လှမ်း​နေ​ကြ​သောကြောင့်​မ​ဟုတ်​လော။ အကြောင်းမူကား တစ်​ဦး​က “ငါ​သည် ပေါလု​တပည့်​ဖြစ်​သည်”​ဟု ပြော​လျက် အခြား​တစ်​ဦး​က “ငါ​သည် အာပေါလု​တပည့်​ဖြစ်​သည်”​ဟု ပြော​နေ​ကြ​လျှင် သင်​တို့​သည် သာမန်​လူသား​များ​ပင် ဖြစ်​ကြ​သည်​မ​ဟုတ်​လော။ သို့ဖြစ်လျှင် အာပေါလု​ကား မည်သူ​နည်း။ ပေါလု​ကား မည်သူ​နည်း။ သူ​တို့​သည် မိမိ​တို့​တစ်ဦးစီ​အား ထာဝရ​ဘုရား​ပေးအပ်​တော်မူ​သည့်​အတိုင်း သင်​တို့​ကို ယုံကြည်​ခြင်း​သို့​ပို့ဆောင်​ပေး​သော အမှု​တော်​ဆောင်​များ​ဖြစ်​ကြ​၏။ ငါ​သည် စိုက်ပျိုး​၏။ အာပေါလု​သည် ရေ​လောင်း​၏။ သို့သော် ကြီးထွား​စေ​တော်မူ​သော​အရှင်​ကား ဘုရားသခင်​ပေတည်း။ ထို့ကြောင့် စိုက်ပျိုး​သော​သူ​ဖြစ်စေ၊ ရေ​လောင်း​သော​သူ​ဖြစ်စေ ပဓာန​မ​ဟုတ်။ ကြီးထွား​စေ​တော်မူ​သော ဘုရားသခင်​သာလျှင် ပဓာန​ဖြစ်​တော်မူ​၏။ စိုက်ပျိုး​သော​သူ​နှင့်​ရေ​လောင်း​သော​သူ​တို့​သည် တစ်လုံးတစ်ဝတည်း​ဖြစ်​ကြ​ပြီး အသီးသီး​တို့​သည် မိမိ​ကြိုးပမ်း​အားထုတ်​သည့်​အတိုင်း ဆုလာဘ်​ကို​ရရှိ​ကြ​လိမ့်မည်။ အကြောင်းမူကား ငါ​တို့​သည် ဘုရားသခင်​၏​လုပ်ဖော်ဆောင်ဖက်​များ​ဖြစ်​ကြ​၏။ သင်​တို့​သည် ဘုရားသခင်​၏​ဥယျာဉ်၊ ဘုရားသခင်​၏​အဆောက်အအုံ​ဖြစ်​ကြ​၏။