YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကောရိန္သုဩဝါဒစာပထမစောင် 3:1-9

ကောရိန္သုဩဝါဒစာပထမစောင် 3:1-9 MSBU

သို့သော် ညီအစ်ကို​တို့၊ ငါ​သည် သင်​တို့​ကို ဝိညာဉ်​သဘော​ရှိ​သော​သူ​များ​ကဲ့သို့ ဟောပြော​၍​မ​ရ​ဘဲ သွေးသား​ဇာတိ​၌​ရှိ​သော​သူ​များ​ကဲ့သို့​လည်းကောင်း၊ ခရစ်တော်​၌ ကလေး​သူငယ်​များ​ကဲ့သို့​လည်းကောင်း ဟောပြော​ရ​၏။ သင်​တို့​သည် မာ​သော​အစာ​ကို မ​စား​နိုင်​ကြ​သေး​သောကြောင့် ၎င်း​ကို​မ​ကျွေး​ဘဲ နို့​ကို​သာ ငါ​တိုက်​ရ​၏။ ယခု​တိုင်အောင် သင်​တို့​သည် မာ​သော​အစာ​ကို မ​စား​နိုင်​ကြ​သေး။ အကြောင်းမူကား သင်​တို့​သည် သွေးသား​ဇာတိ​၌​ရှိ​သော​သူ​များ​ဖြစ်​ကြ​သေး​၏။ သင်​တို့​ကြား၌ မနာလို​ခြင်း​နှင့်​ပဋိပက္ခ​ဖြစ်​ခြင်း​ရှိ​ကြ​သည်​မှာ သင်​တို့​သည် သွေးသား​ဇာတိ​၌​ရှိ​သူ​များ​ဖြစ်​ကြ​ပြီး သာမန်​လူသား​အတိုင်း အသက်ရှင်​လျှောက်လှမ်း​နေ​ကြ​သောကြောင့်​မ​ဟုတ်​လော။ အကြောင်းမူကား တစ်​ဦး​က “ငါ​သည် ပေါလု​တပည့်​ဖြစ်​သည်”​ဟု ပြော​လျက် အခြား​တစ်​ဦး​က “ငါ​သည် အာပေါလု​တပည့်​ဖြစ်​သည်”​ဟု ပြော​နေ​ကြ​လျှင် သင်​တို့​သည် သာမန်​လူသား​များ​ပင် ဖြစ်​ကြ​သည်​မ​ဟုတ်​လော။ သို့ဖြစ်လျှင် အာပေါလု​ကား မည်သူ​နည်း။ ပေါလု​ကား မည်သူ​နည်း။ သူ​တို့​သည် မိမိ​တို့​တစ်ဦးစီ​အား ထာဝရ​ဘုရား​ပေးအပ်​တော်မူ​သည့်​အတိုင်း သင်​တို့​ကို ယုံကြည်​ခြင်း​သို့​ပို့ဆောင်​ပေး​သော အမှု​တော်​ဆောင်​များ​ဖြစ်​ကြ​၏။ ငါ​သည် စိုက်ပျိုး​၏။ အာပေါလု​သည် ရေ​လောင်း​၏။ သို့သော် ကြီးထွား​စေ​တော်မူ​သော​အရှင်​ကား ဘုရားသခင်​ပေတည်း။ ထို့ကြောင့် စိုက်ပျိုး​သော​သူ​ဖြစ်စေ၊ ရေ​လောင်း​သော​သူ​ဖြစ်စေ ပဓာန​မ​ဟုတ်။ ကြီးထွား​စေ​တော်မူ​သော ဘုရားသခင်​သာလျှင် ပဓာန​ဖြစ်​တော်မူ​၏။ စိုက်ပျိုး​သော​သူ​နှင့်​ရေ​လောင်း​သော​သူ​တို့​သည် တစ်လုံးတစ်ဝတည်း​ဖြစ်​ကြ​ပြီး အသီးသီး​တို့​သည် မိမိ​ကြိုးပမ်း​အားထုတ်​သည့်​အတိုင်း ဆုလာဘ်​ကို​ရရှိ​ကြ​လိမ့်မည်။ အကြောင်းမူကား ငါ​တို့​သည် ဘုရားသခင်​၏​လုပ်ဖော်ဆောင်ဖက်​များ​ဖြစ်​ကြ​၏။ သင်​တို့​သည် ဘုရားသခင်​၏​ဥယျာဉ်၊ ဘုရားသခင်​၏​အဆောက်အအုံ​ဖြစ်​ကြ​၏။