YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ကောရိန္သု 15:45-58

၁ ကောရိန္သု 15:45-58 Judson Bible (JBMLE)

ကျမ်း​စာ​လာ​သည်​ကား၊ ရှေ့​ဦး​စွာ​သော လူ​အာ​ဒံ​သည် အ​သက်​ရှင်​သော သ​တ္တ​ဝါ​ဖြစ်၏​ဟု လာ​သ​တည်း။ ယ​ခု​တွင် နောက်​ဆုံး​ဖြစ်​သော အာ​ဒံ​မူ​ကား၊ အ​သက်​ရှင်​စေ​တတ်​သော ဝိ​ညာဉ်​ဖြစ်၏။- ဝိ​ညာ​ဏ​ကိုယ်​သည် ရှေ့​ဦး​စွာ​ဖြစ်​သည်​မ​ဟုတ်၊ ဇာ​တိ​ပ​က​တိ​ကိုယ်​သည် ရှေ့​ဦး​စွာ​ဖြစ်၏။ နောက်​မှ ဝိ​ညာ​ဏ​ကိုယ်​ဖြစ်၏။- ရှေ့​ဦး​စွာ​သော လူ​သည် မြေ​ကြီး​က​ဖြစ်​သော​ကြောင့် မြေ​သား​ဖြစ်၏။ ဒု​တိ​ယ​လူ​မူ​ကား၊ ကောင်း​ကင်​ဘုံ​က ဖြစ်​တော်​မူ​သော သ​ခင်​ပေ​တည်း။- မြေ​သား​တို့​သည် ထို​မြေ​သား​ကဲ့​သို့ ဖြစ်​ကြ၏။ ကောင်း​ကင်​သား​တို့​သည် ထို​ကောင်း​ကင်​သား​ကဲ့​သို့ ဖြစ်​ကြ​လိမ့်​မည်။- ငါ​တို့​သည် မြေ​သား၏ ပုံ​သ​ဏ္ဌာန်​ကို​ဆောင်​သ​ကဲ့​သို့၊ ကောင်း​ကင်​သား၏​ပုံ​သ​ဏ္ဌာန်​ကို ဆောင်​ကြ​လိမ့်​မည်။ ညီ​အစ်​ကို​တို့၊ ငါ​ဆို​သည်​ကား၊ လူ​အ​သွေး​အ​သား​သည် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​ကို အ​မွေ​မ​ခံ​နိုင်၊ ပုပ်​တတ်​သော​အ​ရာ​သည် မ​ပုပ်​နိုင်​သော​အ​ဖြစ်​ကို အ​မွေ​မ​ခံ​နိုင်။- နက်​နဲ​သော အ​ရာ​တစ်​ခု​ကို ငါ​ပြ​ဦး​မည်။ ငါ​တို့​ရှိ​သ​မျှ​သည် အိပ်​ပျော်​ရ​ကြ​မည်​မ​ဟုတ်။- သို့​သော်​လည်း၊ နောက်​ဆုံး​သော တံ​ပိုး​မှုတ်​သော​အ​ခါ၊ တစ်​ခ​ဏ​ချင်း​တွင် မျက်​စိ​တစ်​မှိတ်၌ ငါ​တို့​ရှိ​သ​မျှ​သည် ပြောင်း​လဲ​ခြင်း​သို့ ရောက်​ရ​ကြ​မည်။ ထို​တံ​ပိုး​မှုတ်​ချိန် ရောက်​သော​အ​ခါ၊ သေ​လွန်​သော​သူ​တို့​သည်၊ မ​ပုပ်​နိုင်​သော​အ​ဖြစ်၌ တည်​လျက် ထ​မြောက်၍၊ ငါ​တို့​ရှိ​သ​မျှ​သည် ပြောင်း​လဲ​ခြင်း​သို့ ရောက်​ရ​ကြ​မည်။- ယ​ခု​မျက်​မှောက် ပုပ်​တတ်​သော​အ​ရာ​သည် မ​ပုပ်​နိုင်​သော​အ​ဖြစ်​သို့ ဝင်​စား​ရ​မည်။ ယ​ခု​မျက်​မှောက် သေ​တတ်​သော​အ​ရာ​သည် မ​သေ​နိုင်​သော​အ​ဖြစ်​သို့ ဝင်​စား​ရ​မည်။- ဤ​ပုပ်​တတ်​သော​အ​ရာ​သည် မ​ပုပ်​နိုင်​သော အ​ဖြစ်​သို့​လည်း​ကောင်း၊ ဤ​သေ​တတ်​သော​အ​ရာ​သည် မ​သေ​နိုင် သော​အ​ဖြစ်​သို့​လည်း​ကောင်း၊ ဝင်​စား​သော​အ​ခါ၊ သေ​ခြင်း​သည် အောင်​ခြင်း၌​နစ်​မြုပ်​ပြီ​ဟု ကျမ်း​စာ၌​လာ​ချက် ပြည့်​စုံ​လိမ့်​မည်။- အို သေ​မင်း၊ သင်၏​လက်​နက်​သည်၊ အ​ဘယ်​မှာ ရှိ​သ​နည်း။ အို မ​ရ​ဏ​နိုင်​ငံ၊ သင်၏​အောင်​ခြင်း​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း။- သေ​မင်း၏​လက်​နက်​ကား၊ ဒု​စ​ရိုက်​အ​ပြစ်​ပေ​တည်း။ ဒု​စ​ရိုက်​အ​ပြစ်၏ တန်​ခိုး​ကား၊ ပ​ညတ်​တ​ရား ပေ​တည်း။- ငါ​တို့​သ​ခင် ယေ​ရှု​ခ​ရစ်​အား​ဖြင့် ငါ​တို့​အား အောင်​ခြင်း​အ​ခွင့်​ကို ပေး​တော်​မူ​သော ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​သည် ကြီး​လှ​စွ​တ​ကား။- ထို​ကြောင့် ငါ​ချစ်​သော​ညီ​အစ်​ကို​တို့၊ သင်​တို့​သည် သ​ခင်​ဘု​ရား၏​အ​မှု​တော်​ကို ဆောင်​ရွက်၍ အ​ကျိုး​ကြီး​သည်​ကို သိ​မှတ်​သ​ဖြင့် တည်​ကြည်​သော​စိတ်​နှင့် ပြည့်​စုံ၍၊ မ​ရွေ့​လျော့ မ​တိမ်း​ယိမ်း​ဘဲ​လျက်၊ သ​ခင်​ဘု​ရား၏ အ​မှု​တော်​ကို ကြိုး​စား​အား​ထုတ်​ကြ​လော့။

၁ ကောရိန္သု 15:45-58 Common Language Bible (BCL)

ကျမ်း​စာ​တော်​တွင် ``ပ​ထ​မ​လူ​အာ​ဒံ​သည် အ​သက်​ရှင်​သော​သတ္တ​ဝါ​ဖြစ်​လာ​၏'' ဟု​ဖော် ပြ​၏။ နောက်​ဆုံး​ဖြစ်​သော​အာ​ဒံ​သည်​ကား အ​သက်​ရှင်​စေ​တတ်​သော​ဝိ​ညာဉ်​ဖြစ်​၏။- ဝိ​ညာ​ဏ​ခန္ဓာ​သည်​ပ​ထ​မ​ဖြစ်​ပေါ်​သည် မ​ဟုတ်။ ရုပ်​ခန္ဓာ​ဖြစ်​ပေါ်​ပြီး​မှ​ဝိ​ညာ​ဏ​ခန္ဓာ ဖြစ်​ပေါ်​လာ​၏။- ပ​ထ​မ​လူ​အာ​ဒံ​သည်​မြေ​မှုန့်​မှ​ဖန်​ဆင်း​ထား​သူ ဖြစ်​၏။ ဒု​တိ​ယ​လူ​မူ​ကား​ကောင်း​ကင်​ဘုံ​မှ​လာ သူ​တည်း။- မြေ​ကြီး​သား​တို့​သည်​မြေ​မှုန့်​မှ​ဖန်​ဆင်း​ထား​သော သူ​နှင့်​တူ​ကြ​၏။ ကောင်း​ကင်​ဘုံ​နှင့်​ဆိုင်​သော​လူ​တို့ သည်​ကောင်း​ကင်​ဘုံ​မှ​လာ​သော​သူ​နှင့်​တူ​ကြ​၏။- ငါ​တို့​သည်​မြေ​မှုန့်​မှ​ဖန်​ဆင်း​ထား​သူ​၏​ပုံ​သဏ္ဌာန် ကို​ဆောင်​သ​ကဲ့​သို့​ကောင်း​ကင်​ဘုံ​မှ​ကြွ​လာ​တော် မူ​သော​သူ​၏​ပုံ​သဏ္ဌာန်​ကို​ဆောင်​ကြ​လိမ့်​မည်။ ညီ​အစ်​ကို​တို့၊ သင်​တို့​အား​ငါ​ပြော​လို​သည်​မှာ လူ့​အ​သွေး​အ​သား​သည်​ဘု​ရား​သ​ခင်​၏​နိုင်​ငံ တော်​ကို​မ​ခံ​မ​ယူ​နိုင်။ ပုပ်​ပျက်​တတ်​သော​အ​ရာ သည်​လည်း​မ​ပုပ်​မ​ပျက်​တတ်​သော​အ​ဖြစ်​ကို မ​ခံ​မ​ယူ​နိုင်။ လျှို့​ဝှက်​နက်​နဲ​သော​အ​ရာ​တစ်​ခု​ကို​နား​ထောင် ကြ​လော့။ ငါ​တို့​အား​လုံး​သည်​သေ​လွန်​သွား​ကြ မည်​မ​ဟုတ်။ ငါ​တို့​သည်​တံ​ပိုး​ခ​ရာ​မှုတ်​သော အ​ခါ​ခ​ဏ​ချင်း​မျက်​စိ​တစ်​မှိတ်​အ​တွင်း​၌ ပြောင်း​လဲ​ကြ​မည်။ နောက်​ဆုံး​တံ​ပိုး​ခ​ရာ​မှုတ် သော​အ​ခါ​သေ​လွန်​သူ​တို့​သည် ရှင်​ပြန်​ထ​မြောက် ကြ​၍​သေ​ခြင်း​နှင့်​ထာ​ဝ​စဉ်​ကင်း​လွတ်​ကြ လိမ့်​မည်။ ငါ​တို့​အား​လုံး​သည်​လည်း​ပြောင်း​လဲ ကြ​မည်။- အ​ဘယ်​ကြောင့်​ဆို​သော်​ပုပ်​ပျက်​တတ်​သော အ​ရာ​သည်​မ​ပုပ်​မ​ပျက်​နိုင်​သော​အ​ဖြစ်​သို့ ပြောင်း​လဲ​ရ​မည်။ သေ​တတ်​သော​အ​ရာ​သည် မ​သေ​နိုင်​သော​အ​ဖြစ်​သို့​ပြောင်း​လဲ​ရ​မည်။- ပုပ်​ပျက်​တတ်​သော​အ​ရာ​သည်​မ​ပုပ်​မ​ပျက် နိုင်​သော​အ​ဖြစ်​သို့​လည်း​ကောင်း၊ သေ​တတ်​သော အ​ရာ​သည်​မ​သေ​နိုင်​သော​အ​ဖြစ်​သို့​လည်း ကောင်း​ပြောင်း​လဲ​သော​အ​ခါ ``သေ​ခြင်း​ကို ဖျက်​ဆီး​ပစ်​ပြီ။ သေ​ခြင်း​ကို​အောင်​မြင်​လေ ပြီ'' ဟူ​သော​ကျမ်း​စ​ကား​သည်​မှန်​ကန်​၍ လာ​ပေ​အံ့။ ``အို မ​ရ​ဏ​နိုင်​ငံ၊သင်​၏​အောင်​မြင်​ခြင်း​ကား အ​ဘယ်​မှာ​နည်း။ အို သေ​မင်း၊သင်​၏​အ​စွယ်​ကား​အ​ဘယ်​မှာ​နည်း။ သေ​မင်း​၏​အ​စွယ်​ကား​အ​ပြစ်​ဒု​စ​ရိုက်​ဖြစ်​၏။ အ​ပြစ်​ဒု​စ​ရိုက်​သည်​ပ​ညတ်​တ​ရား​မှ​တန်​ခိုး ကို​ရ​ရှိ​သ​တည်း။- သို့​ရာ​တွင်​အ​ရှင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ငါ​တို့ အား​သေ​ခြင်း​ကို​အောင်​မြင်​ခွင့်​ပေး​တော်​မူ သော​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​သည် ကြီး​လှ​စွ​တ​ကား။ သို့​ဖြစ်​၍​ချစ်​သော​ညီ​အစ်​ကို​တို့၊ ကြံ့​ခိုင်​စွာ ရပ်​တည်​ကြ​လော့။ သ​ခင်​ဘု​ရား​၏​အ​မှု​တော် ကို​ဆောင်​ရွက်​ခြင်း​သည်​ဘယ်​အ​ခါ​၌​မျှ အ​ချည်း​နှီး​မ​ဖြစ်​ကြောင်း​သိ​မှတ်​ကာ အ​မှု​တော်​ကို​အ​စဉ်​အ​မြဲ​ဆောင်​ရွက်​ကြ လော့။

၁ ကောရိန္သု 15:45-58 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့ကြောင့် ကျမ်းစာ​၌ “ပထမ​လူ​အာဒံ​သည် အသက်ရှင်​သော​သူ​ဖြစ်လာ​၏”​ဟု ရေး​ထား​၏။ နောက်ဆုံး​အာဒံ​သည် အသက်​ကို​ရရှိ​စေ​သော​ဝိညာဉ်​ဖြစ်​၏။ သို့သော် ဝိညာဉ်​နှင့်ဆိုင်သော​အရာ​သည် ဦးစွာ​ဖြစ်​သည်​မ​ဟုတ်။ ဇာတိ​နှင့်ဆိုင်သော​အရာ​ဖြစ်​ပြီးမှ ဝိညာဉ်​နှင့်ဆိုင်သော​အရာ​သည် ဖြစ်​ပေါ်လာ​၏။ ပထမ​လူ​သည် မြေကြီး​မှ​ဖြစ်၍ မြေမှုန့်​နှင့်ဆိုင်​၏။ ဒုတိယ​လူ​သည် ကောင်းကင်​မှ​ဖြစ်​၏။ မြေမှုန့်​နှင့်ဆိုင်သော​သူ​သည် မြေမှုန့်​နှင့်ဆိုင်သော​သူ​ကဲ့သို့​ဖြစ်​၏။ ကောင်းကင်​နှင့်ဆိုင်သော​သူ​မူကား ကောင်းကင်​နှင့်ဆိုင်သော​သူ​ကဲ့သို့​ဖြစ်​၏။ ငါ​တို့​သည် မြေမှုန့်​နှင့်ဆိုင်သော​သူ​၏​ပုံသဏ္ဌာန်​ကို​ဆောင်​သကဲ့သို့ ကောင်းကင်​နှင့်ဆိုင်သော​သူ​၏​ပုံသဏ္ဌာန်​ကို​လည်း ဆောင်​ရ​ကြ​လိမ့်မည်။ ညီအစ်ကို​တို့၊ ငါ​ဆို​သည်​ကား အသွေး​အသား​သည် ဘုရားသခင်​၏​နိုင်ငံ​တော်​ကို အမွေ​ဆက်ခံ​၍​မ​ရ​နိုင်။ ဖောက်ပြန်​ပျက်စီး​တတ်​သော​အရာ​သည်​လည်း ဖောက်ပြန်​ပျက်စီး​ခြင်း​နှင့်​ကင်း​သော​အရာ​ကို အမွေ​ဆက်ခံ​၍​မ​ရ​နိုင်။ နားထောင်​ကြ​လော့။ ငါ​သည် သင်​တို့​အား လျှို့ဝှက်​နက်နဲ​သော​အရာ​ကို ပြော​ဦး​မည်။ ငါ​တို့​အားလုံး​သည် အိပ်ပျော်​ကြ​ရ​မည်​မ​ဟုတ်။ သို့သော် နောက်ဆုံး​သော​တံပိုးခရာ​မှုတ်​ချိန်​၌ မျက်စိ​တစ်​မှိတ်​အတွင်း တစ်ခဏချင်း​တွင် ငါ​တို့​အားလုံး​သည် ပြောင်းလဲ​ခြင်း​သို့​ရောက်​ရ​ကြ​လိမ့်မည်။ အကြောင်းမူကား တံပိုးခရာ​မှုတ်​သောအခါ သေလွန်​သော​သူ​တို့​သည် ဖောက်ပြန်​ပျက်စီး​ခြင်း​နှင့်​ကင်း​သော​အရာ​အဖြစ် ထမြောက်​စေခြင်း​ကို​ခံရ​ကြ​လိမ့်မည်။ ငါ​တို့​သည်​လည်း ပြောင်းလဲ​ခြင်း​သို့​ရောက်​ရ​ကြ​လိမ့်မည်။ အဘယ်ကြောင့်​ဆိုသော် ဤ​ဖောက်ပြန်​ပျက်စီး​တတ်​သော​အရာ​သည် ဖောက်ပြန်​ပျက်စီး​ခြင်း​နှင့်​ကင်း​သော​အရာ​ကို ဝတ်ဆင်​ရ​မည်​ဖြစ်၍ ဤ​သေ​တတ်​သော​အရာ​သည် သေ​ခြင်း​နှင့်​ကင်း​သော​အရာ​ကို ဝတ်ဆင်​ရ​မည်​ဖြစ်​၏။ ဤ​ဖောက်ပြန်​ပျက်စီး​တတ်​သော​အရာ​သည် ဖောက်ပြန်​ပျက်စီး​ခြင်း​နှင့်​ကင်း​သော​အရာ​ကို​ဝတ်ဆင်​၍ ဤ​သေ​တတ်​သော​အရာ​သည် သေ​ခြင်း​နှင့်​ကင်း​သော​အရာ​ကို ဝတ်ဆင်​သောအခါ “သေ​ခြင်း​သည် အောင်မြင်​ခြင်း​၌ နစ်မြုပ်​လေ​ပြီ”​ဟု ရေး​ထား​သော ကျမ်း​စကား​ပြည့်စုံ​လိမ့်မည်။ “အို သေ​ခြင်း၊ သင်​၏​အောင်မြင်​ခြင်း​သည် အဘယ်မှာ​ရှိ​သနည်း။ အို သေ​ခြင်း၊ သင်​၏​အဆိပ်​ဆူး​သည် အဘယ်မှာ​ရှိ​သနည်း။” သေ​ခြင်း​၏​အဆိပ်​ဆူး​သည် အပြစ်​ဖြစ်​၍ အပြစ်​၏​တန်ခိုး​သည် ပညတ်​တရား​ဖြစ်​၏။ သို့သော် ငါ​တို့​သခင်​ယေရှု​ခရစ်တော်​အားဖြင့် ငါ​တို့​အား အောင်မြင်​ခြင်း​ကို​ပေး​တော်မူ​သော ဘုရားသခင်​၏​ကျေးဇူး​တော်​ကို​ချီးမွမ်း​၏။ ထို့ကြောင့် ငါ​ချစ်​သော​ညီအစ်ကို​တို့၊ သခင်​ဘုရား​၌ သင်​တို့​၏​ကြိုးပမ်း​အားထုတ်​မှု​သည် အချည်းနှီး​မ​ဖြစ်​ကြောင်း​သိမှတ်​၍ ခိုင်မြဲ​စွာ​ရပ်တည်​လျက် ဖောက်ပြန်​ရွေ့လျော​ခြင်း​မ​ရှိ​ဘဲ သခင်​ဘုရား​၏​အမှု​တော်​ကို အစဉ်အမြဲ စွမ်းစွမ်းတမံ​ဆောင်ရွက်​ကြ​လော့။