YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ကော 15:45-58

၁ ကော 15:45-58 BCL

ကျမ်း​စာ​တော်​တွင် ``ပ​ထ​မ​လူ​အာ​ဒံ​သည် အ​သက်​ရှင်​သော​သတ္တ​ဝါ​ဖြစ်​လာ​၏'' ဟု​ဖော် ပြ​၏။ နောက်​ဆုံး​ဖြစ်​သော​အာ​ဒံ​သည်​ကား အ​သက်​ရှင်​စေ​တတ်​သော​ဝိ​ညာဉ်​ဖြစ်​၏။- ဝိ​ညာ​ဏ​ခန္ဓာ​သည်​ပ​ထ​မ​ဖြစ်​ပေါ်​သည် မ​ဟုတ်။ ရုပ်​ခန္ဓာ​ဖြစ်​ပေါ်​ပြီး​မှ​ဝိ​ညာ​ဏ​ခန္ဓာ ဖြစ်​ပေါ်​လာ​၏။- ပ​ထ​မ​လူ​အာ​ဒံ​သည်​မြေ​မှုန့်​မှ​ဖန်​ဆင်း​ထား​သူ ဖြစ်​၏။ ဒု​တိ​ယ​လူ​မူ​ကား​ကောင်း​ကင်​ဘုံ​မှ​လာ သူ​တည်း။- မြေ​ကြီး​သား​တို့​သည်​မြေ​မှုန့်​မှ​ဖန်​ဆင်း​ထား​သော သူ​နှင့်​တူ​ကြ​၏။ ကောင်း​ကင်​ဘုံ​နှင့်​ဆိုင်​သော​လူ​တို့ သည်​ကောင်း​ကင်​ဘုံ​မှ​လာ​သော​သူ​နှင့်​တူ​ကြ​၏။- ငါ​တို့​သည်​မြေ​မှုန့်​မှ​ဖန်​ဆင်း​ထား​သူ​၏​ပုံ​သဏ္ဌာန် ကို​ဆောင်​သ​ကဲ့​သို့​ကောင်း​ကင်​ဘုံ​မှ​ကြွ​လာ​တော် မူ​သော​သူ​၏​ပုံ​သဏ္ဌာန်​ကို​ဆောင်​ကြ​လိမ့်​မည်။ ညီ​အစ်​ကို​တို့၊ သင်​တို့​အား​ငါ​ပြော​လို​သည်​မှာ လူ့​အ​သွေး​အ​သား​သည်​ဘု​ရား​သ​ခင်​၏​နိုင်​ငံ တော်​ကို​မ​ခံ​မ​ယူ​နိုင်။ ပုပ်​ပျက်​တတ်​သော​အ​ရာ သည်​လည်း​မ​ပုပ်​မ​ပျက်​တတ်​သော​အ​ဖြစ်​ကို မ​ခံ​မ​ယူ​နိုင်။ လျှို့​ဝှက်​နက်​နဲ​သော​အ​ရာ​တစ်​ခု​ကို​နား​ထောင် ကြ​လော့။ ငါ​တို့​အား​လုံး​သည်​သေ​လွန်​သွား​ကြ မည်​မ​ဟုတ်။ ငါ​တို့​သည်​တံ​ပိုး​ခ​ရာ​မှုတ်​သော အ​ခါ​ခ​ဏ​ချင်း​မျက်​စိ​တစ်​မှိတ်​အ​တွင်း​၌ ပြောင်း​လဲ​ကြ​မည်။ နောက်​ဆုံး​တံ​ပိုး​ခ​ရာ​မှုတ် သော​အ​ခါ​သေ​လွန်​သူ​တို့​သည် ရှင်​ပြန်​ထ​မြောက် ကြ​၍​သေ​ခြင်း​နှင့်​ထာ​ဝ​စဉ်​ကင်း​လွတ်​ကြ လိမ့်​မည်။ ငါ​တို့​အား​လုံး​သည်​လည်း​ပြောင်း​လဲ ကြ​မည်။- အ​ဘယ်​ကြောင့်​ဆို​သော်​ပုပ်​ပျက်​တတ်​သော အ​ရာ​သည်​မ​ပုပ်​မ​ပျက်​နိုင်​သော​အ​ဖြစ်​သို့ ပြောင်း​လဲ​ရ​မည်။ သေ​တတ်​သော​အ​ရာ​သည် မ​သေ​နိုင်​သော​အ​ဖြစ်​သို့​ပြောင်း​လဲ​ရ​မည်။- ပုပ်​ပျက်​တတ်​သော​အ​ရာ​သည်​မ​ပုပ်​မ​ပျက် နိုင်​သော​အ​ဖြစ်​သို့​လည်း​ကောင်း၊ သေ​တတ်​သော အ​ရာ​သည်​မ​သေ​နိုင်​သော​အ​ဖြစ်​သို့​လည်း ကောင်း​ပြောင်း​လဲ​သော​အ​ခါ ``သေ​ခြင်း​ကို ဖျက်​ဆီး​ပစ်​ပြီ။ သေ​ခြင်း​ကို​အောင်​မြင်​လေ ပြီ'' ဟူ​သော​ကျမ်း​စ​ကား​သည်​မှန်​ကန်​၍ လာ​ပေ​အံ့။ ``အို မ​ရ​ဏ​နိုင်​ငံ၊သင်​၏​အောင်​မြင်​ခြင်း​ကား အ​ဘယ်​မှာ​နည်း။ အို သေ​မင်း၊သင်​၏​အ​စွယ်​ကား​အ​ဘယ်​မှာ​နည်း။ သေ​မင်း​၏​အ​စွယ်​ကား​အ​ပြစ်​ဒု​စ​ရိုက်​ဖြစ်​၏။ အ​ပြစ်​ဒု​စ​ရိုက်​သည်​ပ​ညတ်​တ​ရား​မှ​တန်​ခိုး ကို​ရ​ရှိ​သ​တည်း။- သို့​ရာ​တွင်​အ​ရှင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ငါ​တို့ အား​သေ​ခြင်း​ကို​အောင်​မြင်​ခွင့်​ပေး​တော်​မူ သော​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​သည် ကြီး​လှ​စွ​တ​ကား။ သို့​ဖြစ်​၍​ချစ်​သော​ညီ​အစ်​ကို​တို့၊ ကြံ့​ခိုင်​စွာ ရပ်​တည်​ကြ​လော့။ သ​ခင်​ဘု​ရား​၏​အ​မှု​တော် ကို​ဆောင်​ရွက်​ခြင်း​သည်​ဘယ်​အ​ခါ​၌​မျှ အ​ချည်း​နှီး​မ​ဖြစ်​ကြောင်း​သိ​မှတ်​ကာ အ​မှု​တော်​ကို​အ​စဉ်​အ​မြဲ​ဆောင်​ရွက်​ကြ လော့။