၁ ကောရိန္သု 15:17-23
၁ ကောရိန္သု 15:17-23 Judson Bible (JBMLE)
ခရစ်တော်သည် ထမြောက်တော်မမူလျှင်၊ သင်တို့သည် ယုံကြည်သော်လည်း အကျိုးမရှိ၊ ဒုစရိုက်အပြစ်အောက်၌ ရှိကြသေး၏။- ထိုမှတစ်ပါး၊ ခရစ်တော်ကို ယုံကြည်၍ အိပ်ပျော်သောသူတို့သည် ဆုံးရှုံးခြင်းသို့ရောက်ကြပြီ။- ငါတို့သည် ခရစ်တော်ကို အမှီပြု၍ ယခုဘဝ၌သာ မျှော်လင့်စရာရှိလျှင်၊ အခြားသော သူအပေါင်းတို့ထက် သာ၍ ဆင်းရဲသောသူ ဖြစ်ကြ၏။ ယခုမူကား၊ ခရစ်တော်သည် သေခြင်းမှ ထမြောက်တော်မူ၍၊ အိပ်ပျော်သောသူတို့တွင် အဦးသီးသောအသီး ဖြစ်တော်မူပြီ။- သို့ဖြစ်၍ လူအားဖြင့် သေခြင်းတရားသည် တည်သကဲ့သို့၊ သေသောသူတို့၏ ထမြောက်ခြင်းတရားသည် လူအားဖြင့် တည်လျက်ရှိ၏။- လူအပေါင်းတို့သည် အာဒံအားဖြင့် သေခြင်းသို့ ရောက်သည်နည်းတူ၊ လူအပေါင်းတို့သည် ခရစ်တော်အားဖြင့် အသက်ရှင်ခြင်းသို့ ရောက်ရကြလတ္တံ့။- သို့ရာတွင် လူအသီးအသီးတို့သည် မိမိတို့ အလှည့်အတိုင်း လိုက်ရကြလိမ့်မည်။ ခရစ်တော်သည် အဦးသီးသောအသီး ဖြစ်တော်မူ၏၊ ခရစ်တော်သည် ကြွလာတော်မူသောအခါ၊ တပည့်တော်ဖြစ်သော သူတို့သည် ရှင်ခြင်းသို့ ရောက်ကြလိမ့်မည်။
၁ ကောရိန္သု 15:17-23 Common Language Bible (BCL)
ခရစ်တော်သည်ရှင်ပြန်ထမြောက်တော်မမူ လျှင်သင်တို့၏ယုံကြည်မှုသည်လွဲမှားလျက် သင်တို့သည်လည်းအပြစ်ဒုစရိုက်တွင်နစ် မွန်းလျက်ရှိနေကြသေးမည်။- ခရစ်တော်ကိုယုံကြည်လျက်သေလွန်သွားသူ တို့သည်လည်းထာဝရဆုံးရှုံးကြပေမည်။- ခရစ်တော်ကိုအမှီပြု၍ငါတို့သည်ယခု ဘဝအတွက်သာမျှော်လင့်စရာရှိပါမူ ကမ္ဘာပေါ်တွင်ငါတို့လောက်သနားစရာ ကောင်းသူများမရှိတော့ပြီ။ သို့ရာတွင်အမှန်ဖြစ်ရပ်မှာခရစ်တော်သည် သေခြင်းမှရှင်ပြန်ထမြောက်တော်မူပြီ။ ယင်း သို့ထမြောက်တော်မူခြင်းကြောင့်သေလွန်သူ တို့သည် ရှင်ပြန်ထမြောက်ကြလိမ့်မည်ဖြစ် ကြောင်းအာမခံချက်ရရှိကြသည်။- လူတစ်ယောက်ကြောင့်ကမ္ဘာပေါ်တွင်သေခြင်း တရားဖြစ်ပေါ်လာသကဲ့သို့ လူတစ်ယောက် ကြောင့်ပင်လျှင် သေခြင်းမှရှင်ပြန်ထမြောက် ခြင်းတရားသည်လည်းဖြစ်ပေါ်လာ၏။- လူအပေါင်းတို့သည်အာဒံနှင့်တစ်လုံးတစ်ဝ တည်းဖြစ်ခြင်းကြောင့်သေရကြ၏။ ထိုနည်းတူ ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်းဖြစ်ခြင်း ကြောင့်သေခြင်းမှရှင်ပြန်ထမြောက်ရကြ လိမ့်မည်။- သို့ရာတွင်လူအသီးသီးတို့သည်မိမိတို့ အလှည့်ကျရှင်ပြန်ထမြောက်ရကြမည်။ ခရစ်တော်သည်ဦးစွာပထမရှင်ပြန် ထမြောက်တော်မူသည်။ ထိုနောက်ခရစ်တော် ကြွလာတော်မူသောအခါကိုယ်တော်၏ တပည့်တော်တို့ရှင်ပြန်ထမြောက်ပေအံ့။
၁ ကောရိန္သု 15:17-23 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ခရစ်တော်သည် ထမြောက်တော်မမူခဲ့လျှင် သင်တို့၏ယုံကြည်ခြင်းသည် အချည်းနှီးဖြစ်၍ သင်တို့သည် မိမိတို့အပြစ်များထဲ၌ရှိနေကြသေး၏။ သို့ဖြစ်လျှင် ခရစ်တော်၌ အိပ်ပျော်သောသူတို့သည်လည်း ပျက်စီးကြလေပြီ။ ငါတို့သည် ခရစ်တော်၌ ယခုဘဝအတွက်သာ မျှော်လင့်စရာရှိခဲ့လျှင် လူအပေါင်းတို့ထက် ပို၍သနားစရာကောင်းသောသူဖြစ်ပေလိမ့်မည်။ ယခုမူကား ခရစ်တော်သည် သေသောသူတို့ထဲမှ ထမြောက်တော်မူ၍ အိပ်ပျော်သောသူတို့တွင် အသီးဦးဖြစ်တော်မူပြီ။ အဘယ်ကြောင့်ဆိုသော် သေခြင်းသည် လူတစ်ဦးအားဖြင့် ဖြစ်လာသကဲ့သို့ သေလွန်သောသူတို့၏ရှင်ပြန်ထမြောက်ခြင်းသည်လည်း လူတစ်ဦးအားဖြင့် ဖြစ်လာ၏။ အကြောင်းမူကား လူအပေါင်းတို့သည် အာဒံအားဖြင့် သေဆုံးကြရသည့်နည်းတူ လူအပေါင်းတို့သည် ခရစ်တော်အားဖြင့် အသက်ရှင်စေခြင်းကိုခံကြရလိမ့်မည်။ သို့သော် တစ်ဦးစီ၌ မိမိအလှည့်ရှိ၍ ခရစ်တော်သည် အသီးဦးဖြစ်တော်မူ၏။ ထို့နောက် ခရစ်တော်နှင့်ဆိုင်သောသူတို့သည် ကိုယ်တော်ကြွလာတော်မူသောအခါ ထမြောက်ကြလိမ့်မည်။