YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကောရိန္သုဩဝါဒစာပထမစောင် 15:17-23

ကောရိန္သုဩဝါဒစာပထမစောင် 15:17-23 MSBU

ခရစ်တော်​သည် ထမြောက်​တော်မမူ​ခဲ့​လျှင် သင်​တို့​၏​ယုံကြည်​ခြင်း​သည် အချည်းနှီး​ဖြစ်၍ သင်​တို့​သည် မိမိ​တို့​အပြစ်​များ​ထဲ၌​ရှိ​နေ​ကြ​သေး​၏။ သို့ဖြစ်လျှင် ခရစ်တော်​၌ အိပ်ပျော်​သော​သူ​တို့​သည်​လည်း ပျက်စီး​ကြ​လေ​ပြီ။ ငါ​တို့​သည် ခရစ်တော်​၌ ယခု​ဘဝ​အတွက်​သာ မျှော်လင့်​စရာ​ရှိ​ခဲ့​လျှင် လူ​အပေါင်း​တို့​ထက် ပို၍​သနား​စရာ​ကောင်း​သော​သူ​ဖြစ်​ပေ​လိမ့်မည်။ ယခု​မူကား ခရစ်တော်​သည် သေ​သော​သူ​တို့​ထဲမှ ထမြောက်​တော်မူ​၍ အိပ်ပျော်​သော​သူ​တို့​တွင် အသီးဦး​ဖြစ်​တော်မူ​ပြီ။ အဘယ်ကြောင့်​ဆိုသော် သေ​ခြင်း​သည် လူ​တစ်​ဦး​အားဖြင့် ဖြစ်လာ​သကဲ့သို့ သေလွန်​သော​သူ​တို့​၏​ရှင်ပြန်​ထမြောက်​ခြင်း​သည်​လည်း လူ​တစ်​ဦး​အားဖြင့် ဖြစ်လာ​၏။ အကြောင်းမူကား လူ​အပေါင်း​တို့​သည် အာဒံ​အားဖြင့် သေဆုံး​ကြ​ရ​သည့်​နည်းတူ လူ​အပေါင်း​တို့​သည် ခရစ်တော်​အားဖြင့် အသက်ရှင်​စေ​ခြင်း​ကို​ခံ​ကြ​ရ​လိမ့်မည်။ သို့သော် တစ်ဦးစီ​၌ မိမိ​အလှည့်​ရှိ​၍ ခရစ်တော်​သည် အသီးဦး​ဖြစ်​တော်မူ​၏။ ထို့နောက် ခရစ်တော်​နှင့်ဆိုင်သော​သူ​တို့​သည် ကိုယ်တော်​ကြွလာ​တော်မူ​သောအခါ ထမြောက်​ကြ​လိမ့်မည်။