YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ကောရိန္သု 13:8-13

၁ ကောရိန္သု 13:8-13 Judson Bible (JBMLE)

မေ​တ္တာ​သည် ဖောက်​ပြန်​ခြင်း​သ​ဘော​နှင့် အ​စဉ်​ကင်း​လွတ်၏။ ပ​ရော​ဖက်​ဉာဏ်​သော်​လည်း​ကောင်း၊ အ​မျိုး​မျိုး​သော ဘာ​သာ​စ​ကား​ကို ပြော​နိုင်​သော​အ​ခွင့်​သော်​လည်း​ကောင်း၊ သိ​ပ္ပံ​အ​တတ်​သော်​လည်း​ကောင်း၊ ကွယ်​ပျောက်​လိမ့်​မည်။ ယ​ခု​မူ​ကား၊ ငါ​တို့​သည် မ​စုံ​မ​လင် သိ​တတ်​ကြ၏။ ပ​ရော​ဖက်​ဉာဏ်​နှင့် မ​စုံ​မ​လင် ဟော​တတ်​ကြ၏။- စုံ​လင်​ခြင်း​သို့ ရောက်​သော​အ​ခါ​မူ​ကား၊ မ​စုံ​လင်​သ​မျှ​တို့​သည် ကွယ်​ပျောက်​ကြ​လိမ့်​မည်။- ငါ​သည် သူ​ငယ်​ဖြစ်​စဉ်​အ​ခါ၊ သူ​ငယ်​လို စ​ကား​ပြော၏။ သူ​ငယ်​လို စိတ်​ထင်၏။ သူ​ငယ်​လို ကြံ​စည်၏။ အ​သက်​ကြီး​သော​အ​ခါ​မူ​ကား၊ သူ​ငယ်၏​အ​ရာ​များ​ကို ငါ​ပယ်​ရှား၏။- ယ​ခု​တွင် ငါ​တို့​သည် မှန်​အား​ဖြင့် ရိပ်​မိ​လျက်​သာ နေ​ကြ၏။ ထို​အ​ခါ​မူ​ကား၊ မျက်​မှောက်​ထင်​ထင် မြင်​ရ​ကြ​လိမ့်​မည်။ ယ​ခု​တွင် ငါ​အ​သိ​အ​မြင် မ​စုံ​မ​လင်​ဖြစ်၏။ ထို​အ​ခါ​မူ​ကား၊ သူ​တစ်​ပါး​သည် ငါ့​ကို​သိ​သ​ကဲ့​သို့ ငါ​သိ​ရ​လိမ့်​မည်။- ယ​ခု​တွင် ယုံ​ကြည်​ခြင်း၊ မျှော်​လ​င့်​ခြင်း၊ ချစ်​ခြင်း၊ ဤ​သုံး​ပါး​တည်​လျက် ရှိ၏။ ဤ​သုံး​ပါး​တို့​တွင် ချစ်​ခြင်း မေ​တ္တာ​သည် အ​မြတ်​ဆုံး​ဖြစ်​သ​တည်း။

၁ ကောရိန္သု 13:8-13 Common Language Bible (BCL)

မေတ္တာ​သည်​ထာ​ဝ​စဉ်​တည်​၏။ ဗျာ​ဒိတ်​တော် အား​ဖြင့်​ဟော​ပြော​နိုင်​သော​စွမ်း​ရည်​သည် လည်း​ကောင်း၊ ထူး​ဆန်း​သော​ဘာ​သာ​စ​ကား အ​မျိုး​မျိုး​ကို​ပြော​နိုင်​သော​အ​ခွင့်​သည် လည်း​ကောင်း၊ အ​သိ​ပ​ညာ​သည်​လည်း​ကောင်း အ​မြဲ​မ​တည်​ဘဲ​ကွယ်​ပျောက်​လိမ့်​မည်။- ငါ​တို့​၏​အ​သိ​ပ​ညာ​သည်​မ​စုံ​လင်။ ဗျာ​ဒိတ် တော်​အား​ဖြင့်​ဟော​ပြော​နိုင်​သော​စွမ်း​ရည် သည်​လည်း​မ​စုံ​လင်။- သို့​ရာ​တွင်​စုံ​လင်​သည့်​အ​ရာ​ရောက်​ရှိ​လာ​သော အ​ခါ​၌​မူ​ကား မ​စုံ​လင်​သော​အ​ရာ​ဟူ​သ​မျှ တို့​သည်​ကွယ်​ပျောက်​လိမ့်​မည်။ ငါ​သည်​က​လေး​သူ​ငယ်​ဖြစ်​စဉ်​အ​ခါ​က၊ က​လေး​သူ​ငယ်​ကဲ့​သို့​စ​ကား​ပြော​၏။ သူ​ငယ် ကဲ့​သို့​စိတ်​တွင်​ခံ​စား​ရ​၏။ သူ​ငယ်​ကဲ့​သို့ စဉ်း​စား​ဆင်​ခြင်​၏။ ကြီး​ပြင်း​လာ​သော အ​ခါ​၌​မူ​ကား​က​လေး​သူ​ငယ်​၏​အ​လေ့ များ​ကို​ငါ​ပယ်​ရှား​၏။- ယ​ခု​အ​ခါ​ငါ​တို့​သည်​ကြေး​မုံ​တွင်​ပေါ်​လာ သည့်​ပုံ​သဏ္ဌာန်​ကို​မြင်​ရ​သ​ကဲ့​သို့​မ​ထင်​မ​ရှား တွေ့​မြင်​ရ​ကြ​၏။ ထို​အ​ခါ​၌​မူ​ကား​မျက်​ဝါး ထင်​ထင်​တွေ့​မြင်​ရ​လတ္တံ့။ ယ​ခု​အ​ခါ​ငါ​သည် စုံ​လင်​စွာ​မ​သိ​မ​မြင်​ရ။ ထို​အ​ခါ​၌​ကား ဘု​ရား​သ​ခင်​သည်​ငါ့​ကို​စုံ​လင်​စွာ​သိ​မြင် တော်​မူ​သ​ကဲ့​သို့​ငါ​သည်​စုံ​လင်​စွာ​သိ မြင်​ရ​လိမ့်​မည်။ ယ​ခု​တွင်​ပါ​ရ​မီ​သုံး​ပါး​တည်း​ဟူ​သော ယုံ​ကြည်​ခြင်း၊ မျှော်​လင့်​ခြင်း၊ ချစ်​ခြင်း​တည် လျက်​ရှိ​၏။ ဤ​သုံး​ပါး​တို့​တွင်​ချစ်​ခြင်း မေတ္တာ​သည်​အ​မြတ်​ဆုံး​ဖြစ်​သ​တည်း။

၁ ကောရိန္သု 13:8-13 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

မေတ္တာ​သည် မည်သည့်အခါမျှ ကုန်ခန်း​ခြင်း​မ​ရှိ။ ပရောဖက်ပြု​ဟောပြော​ခြင်း​တို့​မူကား ပယ်ဖျက်​ခြင်း​ခံရ​ကြ​လိမ့်မည်။ အခြား​သော​ဘာသာ​စကား​ပြောဆို​ခြင်း​တို့​သည်​လည်း ရပ်တန့်​သွား​ကြ​လိမ့်မည်။ အသိပညာ​သည်​လည်း ပယ်ဖျက်​ခြင်း​ခံရ​လိမ့်မည်။ အကြောင်းမူကား ငါ​တို့​သည် တစ်စိတ်တစ်ဒေသ​မျှသာ​သိ​ကြ​ပြီး တစ်စိတ်တစ်ဒေသ​မျှသာ ပရောဖက်ပြု​ဟောပြော​ကြ​၏။ သို့သော် စုံလင်​ခြင်း​ရောက်လာ​သောအခါ တစ်စိတ်တစ်ဒေသ​မျှသာ​ဖြစ်​သော​အရာ​သည် ပယ်ဖျက်​ခြင်း​ခံရ​လိမ့်မည်။ ငါ​သည် ကလေး​သူငယ်​ဖြစ်​စဉ်​က ကလေး​သူငယ်​ကဲ့သို့​ပြောဆို​ခဲ့​၏။ ကလေး​သူငယ်​ကဲ့သို့​စဉ်းစား​ခဲ့​၏။ ကလေး​သူငယ်​ကဲ့သို့​တွေးဆ​ခဲ့​၏။ လူကြီး​ဖြစ်လာ​သောအခါ ကလေး​သူငယ်​၏​အလေ့အထ​များ​ကို ငါ​ပယ်ရှား​၏။ ယခု ငါ​တို့​သည် မှန်​အားဖြင့် မှုန်ဝါးဝါး​သာ​မြင်​ရ​ကြ​၏။ ထိုအခါ​၌​မူကား မျက်ဝါးထင်ထင်​မြင်​ရ​ကြ​လိမ့်မည်။ ယခု ငါ​သည် တစ်စိတ်တစ်ဒေသ​မျှသာ​သိ​၏။ သို့သော် ငါ့​ကို​စုံလင်​စွာ​သိ​တော်မူ​သကဲ့သို့ ထိုအခါ​၌​မူကား ငါ​သည်​လည်း စုံလင်​စွာ​သိ​ရ​လိမ့်မည်။ ယခု​တွင် ယုံကြည်​ခြင်း၊ မျှော်လင့်​ခြင်း​နှင့် ချစ်​ခြင်း​မေတ္တာ ဤ​သုံး​ပါး​တို့​သည် တည်​လျက်​ရှိ​၏။ ဤ​သုံး​ပါး​တို့​တွင် ချစ်​ခြင်း​မေတ္တာ​သည် အမြတ်ဆုံး​ဖြစ်​၏။