YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ကောရိန္သု 13:4-8

၁ ကောရိန္သု 13:4-8 Judson Bible (JBMLE)

မေ​တ္တာ​သည် စိတ်​ရှည်​တတ်၏။ ကျေး​ဇူး​ပြု​တတ်၏။ မေ​တ္တာ​သည် ဂုဏ်​ပြိုင်​ခြင်း​မ​ရှိ၊ ဝါ​ကြွား​ခြင်း​မ​ရှိ၊ မာန်​မာ​န​မ​ရှိ။- မ​လျောက်​ပတ်​စွာ မ​ကျင့်​တတ်၊ ကိုယ်​အ​ကျိုး​ကို မ​ရှာ​တတ်၊ ဒေါ​သ​အ​မျက် မ​ထွက်​တတ်၊ အ​ပြစ်​ရှိ​သည်​ဟု မ​ထင်​တတ်၊- မ​တ​ရား​သော​အ​မှု၌ ဝမ်း​မြောက်​ခြင်း မ​ရှိ​တတ်၊ သ​မ္မာ​တ​ရား၌ ဝမ်း​မြောက်​တတ်၏။- ခပ်​သိမ်း​သော​အ​ရာ​ကို ဖုံး​အုပ်​တတ်၏။ ခပ်​သိမ်း​သော​အ​ရာ​ကို ယုံ​တတ်၏။ ခပ်​သိမ်း​သော​အ​ရာ​ကို မျှော်​လ​င့်​တတ်၏။ ခပ်​သိမ်း​သော​အ​ရာ​ကို သည်း​ခံ​တတ်၏။- မေ​တ္တာ​သည် ဖောက်​ပြန်​ခြင်း​သ​ဘော​နှင့် အ​စဉ်​ကင်း​လွတ်၏။ ပ​ရော​ဖက်​ဉာဏ်​သော်​လည်း​ကောင်း၊ အ​မျိုး​မျိုး​သော ဘာ​သာ​စ​ကား​ကို ပြော​နိုင်​သော​အ​ခွင့်​သော်​လည်း​ကောင်း၊ သိ​ပ္ပံ​အ​တတ်​သော်​လည်း​ကောင်း၊ ကွယ်​ပျောက်​လိမ့်​မည်။

၁ ကောရိန္သု 13:4-8 Common Language Bible (BCL)

မေတ္တာ​သည်​သည်း​ခံ​တတ်​၏။ ကြင်​နာ​သ​နား တတ်​၏။ မ​နာ​လို​စိတ်​မ​ရှိ။ မေတ္တာ​သည်​ကြွား​ဝါ မှု​မ​ရှိ။ မာန်​မာ​န​မ​ရှိ။- မ​လျောက်​ပတ်​သည့်​အ​မှု​ကို​မ​ပြု​တတ်။ ကိုယ် ကျိုး​ကို​မ​ရှာ​တတ်။ ဒေါ​သ​အ​မျက်​မ​ထွက် တတ်။ သူ​တစ်​ပါး​၏​အ​ပြစ်​ကို​မှတ်​၍​မ​ထား တတ်။- မ​ကောင်း​မှု​ဒု​စ​ရိုက်​ကြောင့်​ဝမ်း​မြောက်​ဝမ်း​သာ မ​ရှိ​တတ်။ သမ္မာ​တ​ရား​ကြောင့်​ဝမ်း​မြောက်​တတ်​၏။- မည့်​သည့်​အ​ခါ​မျှ​လက်​အ​လျော့​မ​ပေး​တတ်။ မေတ္တာ​သည်​အ​မြဲ​ယုံ​ကြည်​တတ်​၏။ အ​မြဲ မျှော်​လင့်​တတ်​၏။ အ​မြဲ​သည်း​ခံ​တတ်​၏။ မေတ္တာ​သည်​ထာ​ဝ​စဉ်​တည်​၏။ ဗျာ​ဒိတ်​တော် အား​ဖြင့်​ဟော​ပြော​နိုင်​သော​စွမ်း​ရည်​သည် လည်း​ကောင်း၊ ထူး​ဆန်း​သော​ဘာ​သာ​စ​ကား အ​မျိုး​မျိုး​ကို​ပြော​နိုင်​သော​အ​ခွင့်​သည် လည်း​ကောင်း၊ အ​သိ​ပ​ညာ​သည်​လည်း​ကောင်း အ​မြဲ​မ​တည်​ဘဲ​ကွယ်​ပျောက်​လိမ့်​မည်။

၁ ကောရိန္သု 13:4-8 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

မေတ္တာ​သည် စိတ်ရှည်​တတ်​၏။ ကျေးဇူး​ပြု​တတ်​၏။ မေတ္တာ​သည် မနာလို​ခြင်း​မ​ရှိ။ ဝါကြွား​ခြင်း​မ​ရှိ။ မာန​ထောင်လွှား​ခြင်း​မ​ရှိ။ မ​လျောက်ပတ်​စွာ​မ​ပြု​တတ်။ ကိုယ်ကျိုး​ကို​မ​ရှာ​တတ်။ ဒေါသ​အလွယ်တကူ​မ​ထွက်​တတ်။ သူတစ်ပါး​အပြစ်​ကို မှတ်​၍​မ​ထား​တတ်။ မတရားမှု​၌ ဝမ်းမြောက်​ခြင်း​မ​ရှိ​ဘဲ သမ္မာတရား​၌​သာ ဝမ်းမြောက်​တတ်​၏။ ခပ်သိမ်း​သော​အရာ​ကို ကြံ့ကြံ့ခံ​တတ်​၏။ ခပ်သိမ်း​သော​အရာ​ကို ယုံကြည်​တတ်​၏။ ခပ်သိမ်း​သော​အရာ​ကို မျှော်လင့်​တတ်​၏။ ခပ်သိမ်း​သော​အရာ​ကို သည်းခံ​တတ်​၏။ မေတ္တာ​သည် မည်သည့်အခါမျှ ကုန်ခန်း​ခြင်း​မ​ရှိ။ ပရောဖက်ပြု​ဟောပြော​ခြင်း​တို့​မူကား ပယ်ဖျက်​ခြင်း​ခံရ​ကြ​လိမ့်မည်။ အခြား​သော​ဘာသာ​စကား​ပြောဆို​ခြင်း​တို့​သည်​လည်း ရပ်တန့်​သွား​ကြ​လိမ့်မည်။ အသိပညာ​သည်​လည်း ပယ်ဖျက်​ခြင်း​ခံရ​လိမ့်မည်။