YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ကောရိန္သု 13:2-7

၁ ကောရိန္သု 13:2-7 Judson Bible (JBMLE)

ပ​ရော​ဖက်​ဉာဏ်​ကို ငါ​ရ၍၊ နက်​နဲ​သော အ​ရာ​ရှိ​သ​မျှ​တို့​နှင့် သိ​ပ္ပံ​အ​တတ်​အ​မျိုး​မျိုး​ကို တတ်​သော်​လည်း​ကောင်း၊ တောင်​များ​ကို​ရွှေ့​နိုင်​သော ယုံ​ကြည်​ခြင်း​အ​မျိုး​မျိုး​နှင့် ပြည့်​စုံ​သော်​လည်း​ကောင်း၊ မေ​တ္တာ​မ​ရှိ​လျှင် အ​ချည်း​နှီး​သက်​သက် ဖြစ်၏။- သူ​တစ်​ပါး​ကို ငါ​ကျွေး​မွေး၍ ဥ​စ္စာ​ရှိ​သ​မျှ​ကို စွန့်​ကြဲ​သည်​သာ​မ​က၊ ကိုယ်​ခ​န္ဓာ​ကို မီး​ရှို့​စေ​ခြင်း​ငှာ အပ်​သော်​လည်း၊ မေ​တ္တာ​မ​ရှိ​လျှင်၊ ငါ၌​အ​ကျိုး​မ​ရှိ။- မေ​တ္တာ​သည် စိတ်​ရှည်​တတ်၏။ ကျေး​ဇူး​ပြု​တတ်၏။ မေ​တ္တာ​သည် ဂုဏ်​ပြိုင်​ခြင်း​မ​ရှိ၊ ဝါ​ကြွား​ခြင်း​မ​ရှိ၊ မာန်​မာ​န​မ​ရှိ။- မ​လျောက်​ပတ်​စွာ မ​ကျင့်​တတ်၊ ကိုယ်​အ​ကျိုး​ကို မ​ရှာ​တတ်၊ ဒေါ​သ​အ​မျက် မ​ထွက်​တတ်၊ အ​ပြစ်​ရှိ​သည်​ဟု မ​ထင်​တတ်၊- မ​တ​ရား​သော​အ​မှု၌ ဝမ်း​မြောက်​ခြင်း မ​ရှိ​တတ်၊ သ​မ္မာ​တ​ရား၌ ဝမ်း​မြောက်​တတ်၏။- ခပ်​သိမ်း​သော​အ​ရာ​ကို ဖုံး​အုပ်​တတ်၏။ ခပ်​သိမ်း​သော​အ​ရာ​ကို ယုံ​တတ်၏။ ခပ်​သိမ်း​သော​အ​ရာ​ကို မျှော်​လ​င့်​တတ်၏။ ခပ်​သိမ်း​သော​အ​ရာ​ကို သည်း​ခံ​တတ်၏။

၁ ကောရိန္သု 13:2-7 Common Language Bible (BCL)

ငါ​သည်​ဗျာ​ဒိတ်​တော်​အား​ဖြင့်​ဟော​ပြော​နိုင် သော်​လည်း​ကောင်း၊ နက်​နဲ​သော​အ​ရာ​ရှိ​သ​မျှ နှင့်​အ​တတ်​ပ​ညာ​ရှိ​သ​မျှ​တို့​ကို​နား​လည် တတ်​ကျွမ်း​သော်​လည်း​ကောင်း၊ တောင်​များ​ကို ရွှေ့​ပြောင်း​နိုင်​သည့်​ယုံ​ကြည်​ခြင်း​ရှိ​သော် လည်း​ကောင်း​မေတ္တာ​မ​ရှိ​လျှင်​အ​ချည်း​နှီး ပင်​ဖြစ်​၏။- ငါ​၏​ဥစ္စာ​ရှိ​သ​မျှ​ကို​ပေး​ကမ်း​စွန့်​ကြဲ​သည် သာ​မ​က​ကိုယ်​ခန္ဓာ​ကို​မီး​ဖြင့်​ပူ​ဇော်​သော် လည်း​မေတ္တာ​မ​ရှိ​လျှင်​ငါ​၌​အ​ကျိုး​မ​ရှိ။ မေတ္တာ​သည်​သည်း​ခံ​တတ်​၏။ ကြင်​နာ​သ​နား တတ်​၏။ မ​နာ​လို​စိတ်​မ​ရှိ။ မေတ္တာ​သည်​ကြွား​ဝါ မှု​မ​ရှိ။ မာန်​မာ​န​မ​ရှိ။- မ​လျောက်​ပတ်​သည့်​အ​မှု​ကို​မ​ပြု​တတ်။ ကိုယ် ကျိုး​ကို​မ​ရှာ​တတ်။ ဒေါ​သ​အ​မျက်​မ​ထွက် တတ်။ သူ​တစ်​ပါး​၏​အ​ပြစ်​ကို​မှတ်​၍​မ​ထား တတ်။- မ​ကောင်း​မှု​ဒု​စ​ရိုက်​ကြောင့်​ဝမ်း​မြောက်​ဝမ်း​သာ မ​ရှိ​တတ်။ သမ္မာ​တ​ရား​ကြောင့်​ဝမ်း​မြောက်​တတ်​၏။- မည့်​သည့်​အ​ခါ​မျှ​လက်​အ​လျော့​မ​ပေး​တတ်။ မေတ္တာ​သည်​အ​မြဲ​ယုံ​ကြည်​တတ်​၏။ အ​မြဲ မျှော်​လင့်​တတ်​၏။ အ​မြဲ​သည်း​ခံ​တတ်​၏။

၁ ကောရိန္သု 13:2-7 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ငါ​သည် ပရောဖက်ပြု​ဟောပြော​နိုင်​သော​အခွင့်​ကို​ရရှိ​၍ လျှို့ဝှက်​နက်နဲ​သော​အရာ​ရှိသမျှ​နှင့် အသိပညာ​အလုံးစုံ​တို့​ကို နားလည်​သိရှိ​ကာ တောင်​များ​ကို​ရွှေ့​နိုင်​သည့် ယုံကြည်​ခြင်း​အပြည့်အဝ​ရှိ​သော်လည်း မေတ္တာ​မ​ရှိ​လျှင် အချည်းနှီး​ဖြစ်​၏။ ငါ​သည် မိမိ​ဥစ္စာ​ပစ္စည်း​ရှိသမျှ​တို့​ကို စွန့်ကြဲ​သည်​သာမက ငါ​၏​ကိုယ်ခန္ဓာ​ကို​မီးရှို့​စေရန် အပ်နှံ​သော်လည်း မေတ္တာ​မ​ရှိ​လျှင် ငါ​၌​မည်သည့်​အကျိုး​မျှ​မ​ရှိ။ မေတ္တာ​သည် စိတ်ရှည်​တတ်​၏။ ကျေးဇူး​ပြု​တတ်​၏။ မေတ္တာ​သည် မနာလို​ခြင်း​မ​ရှိ။ ဝါကြွား​ခြင်း​မ​ရှိ။ မာန​ထောင်လွှား​ခြင်း​မ​ရှိ။ မ​လျောက်ပတ်​စွာ​မ​ပြု​တတ်။ ကိုယ်ကျိုး​ကို​မ​ရှာ​တတ်။ ဒေါသ​အလွယ်တကူ​မ​ထွက်​တတ်။ သူတစ်ပါး​အပြစ်​ကို မှတ်​၍​မ​ထား​တတ်။ မတရားမှု​၌ ဝမ်းမြောက်​ခြင်း​မ​ရှိ​ဘဲ သမ္မာတရား​၌​သာ ဝမ်းမြောက်​တတ်​၏။ ခပ်သိမ်း​သော​အရာ​ကို ကြံ့ကြံ့ခံ​တတ်​၏။ ခပ်သိမ်း​သော​အရာ​ကို ယုံကြည်​တတ်​၏။ ခပ်သိမ်း​သော​အရာ​ကို မျှော်လင့်​တတ်​၏။ ခပ်သိမ်း​သော​အရာ​ကို သည်းခံ​တတ်​၏။