YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ကောရိန္သု 11:1-16

၁ ကောရိန္သု 11:1-16 Judson Bible (JBMLE)

ငါ​သည်​ခ​ရစ်​တော်၏ နည်း​တူ​ကျင့်​သ​ကဲ့​သို့ သင်​တို့​လည်း ငါ့​နည်း​တူ ကျင့်​ကြ​လော့။ ညီ​အစ်​ကို​တို့၊ သင်​တို့​သည် အ​ရာ​ရာ၌ ငါ့​ကို အောက်​မေ့၍၊ ငါ​အပ်​ပေး​သော​နည်း​ဥ​ပ​ဒေ​သ​တို့​ကို စွဲ​လမ်း​ကြ​သည်​ဖြစ်၍ သင်​တို့​ကို ငါ​ချီး​မွမ်း၏။- ယောက်ျား၏​ခေါင်း​ကား ခ​ရစ်​တော်​ဖြစ်​သည်​ကို​လည်း​ကောင်း၊ မိန်း​မ၏​ခေါင်း​ကား ယောက်ျား​ဖြစ်​သည်​ကို​လည်း​ကောင်း၊ ခ​ရစ်​တော်၏​ခေါင်း​ကား ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​သည်​ကို​လည်း​ကောင်း၊ သင်​တို့ သိ​မှတ်​စေ​ခြင်း​ငှာ ငါ​အ​လို​ရှိ၏။- ယောက်ျား​မည်​သည်​ကား၊ မိ​မိ​ခေါင်း​ကို ဖုံး​လျက် ဆု​တောင်း​သော်​လည်း​ကောင်း၊ ပ​ရော​ဖက်​ပြု​သော်​လည်း​ကောင်း၊ မိ​မိ​ခေါင်း အ​သ​ရေ​ကို ရှုတ်​ချ၏။- မိန်း​မ​မည်​သည်​ကား၊ မိ​မိ​ခေါင်း​ကို မ​ဖုံး​ဘဲ ဆု​တောင်း​သော်​လည်း​ကောင်း၊ ပ​ရော​ဖက်​ပြု​သော်​လည်း​ကောင်း၊ မိ​မိ​ခေါင်း​အ​သ​ရေ​ကို ရှုတ်​ချ၏။- ထို​သို့​ပြု​လျှင် ဆံ​ပင်​ရိတ်​သည်​နှင့်​တူ၏။ မိန်း​မ​သည် မိ​မိ​ခေါင်း​ကို မ​ဖုံး​လျှင် ဆံ​ပင်​ကို​ဖြတ်​စေ။ ဆံ​ပင် ဖြတ်​ခြင်း၊ ဆံ​ပင်​ရိတ်​ခြင်း​အ​ရာ​သည် ရှက်​စ​ရာ​ရှိ​လျှင် ခေါင်း​ကို​ဖုံး​စေ။- ယောက်ျား​သည် ဘု​ရား​သ​ခင်၏ ပုံ​သ​ဏ္ဌာန်၊ ဘုန်း​အ​သ​ရေ​တော်​ဖြစ်​သော​ကြောင့် မိ​မိ​ခေါင်း​ကို မ​ဖုံး​ရ။ မိန်း​မ​မူ​ကား ယောက်ျား၏​ဘုန်း​အ​သ​ရေ​ဖြစ်၏။- ယောက်ျား​သည် မိန်း​မ​ကြောင့်​ဖြစ်​သည် မ​ဟုတ်။ မိန်း​မ​သည် ယောက်ျား​ကြောင့်​ဖြစ်၏။- ယောက်ျား​ကို မိန်း​မ​ဖို့​ဖန်​ဆင်း​သည်​မ​ဟုတ်။ မိန်း​မ​ကို ယောက်ျား​ဖို့ ဖန်​ဆင်း၏။- ထို​ကြောင့်၊ ကောင်း​ကင်​တ​မန်​များ​ကို ထောက်၍၊ မိန်း​မ​သည် မိ​မိ​ခေါင်း​ကို ဖုံး​ရ​မည်။ သို့​သော်​လည်း သ​ခင်​ဘု​ရား၌ ယောက်ျား​မ​ပါ​ဘဲ မိန်း​မ​ဖြစ်​သည်​မ​ဟုတ်။ မိန်း​မ မ​ပါ​ဘဲ ယောက်ျား​ဖြစ်​သည် မ​ဟုတ်။- မိန်း​မ​သည် ယောက်ျား​ကြောင့်​ဖြစ်​သ​ကဲ့​သို့ ယောက်ျား​သည်​လည်း မိန်း​မ​အား​ဖြင့်​ဖြစ်၏။ အ​လုံး​စုံ​တို့​သည်​လည်း ဘု​ရား​သ​ခင်​ကြောင့် ဖြစ်​ကြ၏။- မိန်း​မ​သည် ခေါင်း​ကို​မ​ဖုံး​ဘဲ​လျက် ဘု​ရား​သ​ခင်​ကို ဆု​တောင်း​လျှင်၊ လျောက်​ပတ်​သည် မ​လျောက်​ပတ်​သည်​ကို သင်​တို့ အ​လို​အ​လျောက် ဆင်​ခြင်​စီ​ရင်​ကြ​လော့။- ယောက်ျား​သည် ရှည်​သော​ဆံ​ပင်​ရှိ​လျှင်၊ ရှက်​ဖွယ်​သော အ​ကြောင်း​ဖြစ်​သည်​ကို သင်​တို့​အား ပ​က​တိ​တ​ရား​ပင် ဆုံး​မ​သွန်​သင်​သည် မ​ဟုတ်​လော။- မိန်း​မ​မူ​ကား၊ ရှည်​သော​ဆံ​ပင်​ရှိ​လျှင်၊ သူ၏​ဘုန်း​အ​သ​ရေ ဖြစ်၏။ အ​ကြောင်း​မူ​ကား၊ မိန်း​မ​ဆံ​ပင်​သည် မိ​မိ​ခြုံ​စ​ရာ​ဖို့ ဖြစ်၏။- သို့​သော်​လည်း တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ငြင်း​ခုံ​လျှင်၊ ငါ​တို့၌​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏ အ​သင်း​တော်၌ လည်း​ကောင်း၊ ထို​သို့​သော ထုံး​စံ​မ​ရှိ။

၁ ကောရိန္သု 11:1-16 Common Language Bible (BCL)

သို့​ဖြစ်​၍​ငါ​သည်​ခ​ရစ်​တော်​ထံ​မှ​အ​တု ယူ​သ​ကဲ့​သို့ သင်​တို့​သည်​ငါ့​ထံ​မှ​အ​တု ယူ​ကြ​လော့။ သင်​တို့​သည်​ငါ့​ကို​အ​စဉ်​အောက်​မေ့​သ​တိ​ရ​၍ ငါ​ပေး​အပ်​ခဲ့​သည့်​သွန်​သင်​ချက်​အ​တိုင်း​လိုက် နာ​ပြု​ကျင့်​ကြ​သော​ကြောင့်​သင်​တို့​အား​ငါ ချီး​ကူး​၏။- သို့​သော်​ခ​ရစ်​တော်​သည်​ယောကျာ်း​တိုင်း​၏​အ​ထွတ် အ​ထိပ်၊ ယောကျာ်း​သည်​မိန်း​မ​၏​အ​ထွတ်​အ​ထိပ်၊ ဘု​ရား​သ​ခင်​သည်​ခ​ရစ်​တော်​၏​အ​ထွတ်​အ​ထိပ် ဖြစ်​ကြောင်း​ကို​သင်​တို့​အား​သိ​စေ​လို​၏။- သို့​ဖြစ်​၍​ယောကျာ်း​သည်​ဝတ်​ပြု​အ​စည်း​အ​ဝေး တွင်​မိ​မိ​၏​ဦး​ခေါင်း​ကို​ဖုံး​အုပ်​၍​ပတ္ထ​နာ​ပြု သော်​လည်း​ကောင်း၊ တ​ရား​ဟော​သော်​လည်း​ကောင်း ခ​ရစ်​တော်​၏​အ​သ​ရေ​တော်​ကို​ရှုတ်​ချ​သူ ဖြစ်​၏။- မိန်း​မ​သည်​စု​ဝေး​ဝတ်​ပြု​ခြင်း​တွင်​မိ​မိ​၏​ဦး ခေါင်း​ကို​မ​ဖုံး​မ​အုပ်​ဘဲ​ဆု​တောင်း​ပတ္ထ​နာ​ပြု သော်​လည်း​ကောင်း၊ တ​ရား​တော်​ကို​ကြေ​ညာ သော်​လည်း​ကောင်း မိ​မိ​ခင်​ပွန်း​၏​အ​သ​ရေ​ကို ရှုတ်​ချ​သူ​ဖြစ်​၏။ သူ​သည်​ခေါင်း​တုံး​ရိတ်​ထား သည့်​အ​မျိုး​သ​မီး​နှင့်​မ​ထူး​ခြား​တော့​ချေ။- မိန်း​မ​သည်​မိ​မိ​၏​ဦး​ခေါင်း​ကို​မ​ဖုံး​မ​အုပ် ဘဲ​ထား​မည့်​အ​စား မိ​မိ​၏​ဆံ​ပင်​ကို​ဖြတ် ထား​လျှင်​သာ​၍​ကောင်း​၏။ ဆံ​ပင်​ဖြတ်​ခြင်း၊ ခေါင်း​တုံး​ရိတ်​ခြင်း​တို့​သည်​အ​မျိုး​သ​မီး အ​တွက် ရှက်​ဖွယ်​ကောင်း​သော​အ​ရာ​များ​ဖြစ် သ​ဖြင့် သူ​သည်​မိ​မိ​၏​ဦး​ခေါင်း​ကို​ဖုံး​အုပ်​စေ။- အ​မျိုး​သား​သည်​မိ​မိ​၏​ဦး​ခေါင်း​ကို​ဖုံး အုပ်​ရန်​မ​သင့်။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ သည်​ဘု​ရား​သ​ခင်​၏​ပုံ​သဏ္ဌာန်​တော်​နှင့်​ဘုန်း အ​သ​ရေ​တော်​ကို​ရောင်​ပြန်​ဟပ်​သူ​ဖြစ်​သော ကြောင့်​တည်း။ အ​မျိုး​သ​မီး​သည်​ကား​အ​မျိုး သား​၏​ဘုန်း​အ​သ​ရေ​ကို​ရောင်​ပြန်​ဟပ်​သူ ဖြစ်​၏။- အ​မျိုး​သား​သည်​အ​မျိုး​သ​မီး​မှ​ဖန်​ဆင်း ထား​သူ​မ​ဟုတ်။ အ​မျိုး​သ​မီး​သည်​သာ​လျှင် အ​မျိုး​သား​မှ​ဖန်​ဆင်း​သူ​ဖြစ်​၏။- အ​မျိုး​သား​ကို​အ​မျိုး​သ​မီး​အ​တွက်​ဘု​ရား သ​ခင်​ဖန်​ဆင်း​တော်​မ​မူ။ အ​မျိုး​သမီး​ကို​သာ လျှင်​အ​မျိုး​သား​အ​တွက်​ဖန်​ဆင်း​တော်​မူ​၏။- သို့​ဖြစ်​၍​ကောင်း​ကင်​တ​မန်​များ​ကို​ထောက် သော​အား​ဖြင့် အ​မျိုး​သ​မီး​သည်​မိ​မိ​အ​ပေါ် အ​မျိုး​သား​အုပ်​စိုး​ခြင်း​ကို​ဖော်​ပြ​ရန်​မိ​မိ ဦး​ခေါင်း​ကို​အုပ်​သင့်​၏။- သို့​ရာ​တွင်​သ​ခင်​ဘု​ရား​၏​မိတ်​သ​ဟာ​ယ အ​ဖွဲ့​တွင် အ​မျိုး​သား​သည်​အ​မျိုး​သ​မီး ကို​လို​အပ်​သ​ကဲ့​သို့​အ​မျိုး​သ​မီး​သည် လည်း​အ​မျိုး​သား​ကို​လို​အပ်​ပေ​သည်။- အ​မျိုး​သ​မီး​သည်​အ​မျိုး​သား​မှ​ဖန်​ဆင်း​သော် လည်း အ​မျိုး​သား​သည်​အ​မျိုး​သ​မီး​က​မွေး​ဖွား သူ​ဖြစ်​၏။ အ​ရာ​ခပ်​သိမ်း​ကို​ဖြစ်​ပေါ်​စေ​သော အ​ရှင်​ကား​ဘု​ရား​သ​ခင်​ပေ​တည်း။ အ​မျိုး​သ​မီး​သည်​ဦး​ခေါင်း​ကို​မ​ဖုံး​မ​အုပ် ဘဲ​စု​ဝေး​ဝတ်​ပြု​ခြင်း​တွင် ဘု​ရား​သ​ခင်​အား ဆု​တောင်း​ပတ္ထ​နာ​ပြု​ရန်​သင့်​တော်​သည်​မ​သင့် တော်​သည်​ကို​သင်​တို့​ကိုယ်​တိုင်​စဉ်း​စား​ဆင်​ခြင် ကြ​လော့။- ဆံ​ပင်​ရှည်​သည့်​အ​မျိုး​သား​အ​တွက်​ရှက်​ဖွယ် ရာ​ဖြစ်​ကြောင်း၊- အ​မျိုး​သ​မီး​အ​တွက်​မှာ​မူ​လှ​ပ​တင့်​တယ်​ဖွယ် ရာ​ဖြစ်​ကြောင်း သ​ဘာ​ဝ​ဋ္ဌမ္မ​က​ပင်​သွန်​သင်​ပေး သည်​မ​ဟုတ်​ပါ​လော။ ဆံ​ပင်​ရှည်​ကို​အ​မျိုး သ​မီး​အား​ခြုံ​ထည်​အ​ဖြစ်​ပေး​ထား​ခြင်း​ဖြစ်​၏။- ဤ​ကိစ္စ​နှင့်​ပတ်​သက်​၍​စော​ဒ​က​တက်​လို​သူ အား​ငါ​တို့​၌​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​၏ အ​သင်း​တော်​များ​၌​လည်း​ကောင်း ယင်း​သို့ ခေါင်း​ဖုံး​အုပ်​သည့်​ထုံး​စံ​မှ​လွဲ​၍​အ​ခြား ထုံး​စံ​မ​ရှိ​ကြောင်း​ငါ​ဖြေ​ဆို​အံ့။

၁ ကောရိန္သု 11:1-16 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ငါ​သည် ခရစ်တော်​ကို​အတုယူ​သူ​ဖြစ်​သကဲ့သို့ သင်​တို့​သည်​လည်း ငါ့​ကို​အတုယူ​သူ​များ​ဖြစ်​ကြ​လော့။ သင်​တို့​သည် အရာရာ​၌ ငါ့​ကို​သတိရ​လျက် သင်​တို့​ထံ​ငါ​ပေးအပ်​ထား​သော ဓလေ့​ထုံးတမ်း​နှင့်အညီ လိုက်လျှောက်​ကြ​သောကြောင့် သင်​တို့​ကို ငါ​ချီးမွမ်း​၏။ သို့သော် သင်​တို့​အား ငါ​သိ​စေ​လို​သည်မှာ ယောက်ျား​တိုင်း​၏​ဦးခေါင်း​သည် ခရစ်တော်​ဖြစ်​၏။ မိန်းမ​၏​ဦးခေါင်း​သည် ယောက်ျား​ဖြစ်​၏။ ခရစ်တော်​၏​ဦးခေါင်း​သည် ဘုရားသခင်​ဖြစ်​၏။ ဦးခေါင်း​ကို​ဖုံး​လျက် ဆုတောင်း​ခြင်း​၊ သို့မဟုတ် ပရောဖက်ပြု​ဟောပြော​ခြင်း​အမှု​ကို​ပြု​သော​ယောက်ျား​တိုင်း​သည် မိမိ​ဦးခေါင်း​၏​အသရေ​ကို​ရှုတ်ချ​၏။ သို့သော် ဦးခေါင်း​မ​ဖုံး​ဘဲ ဆုတောင်း​ခြင်း​၊ သို့မဟုတ် ပရောဖက်ပြု​ဟောပြော​ခြင်း​အမှု​ကို ပြု​သော​မိန်းမ​တိုင်း​သည် မိမိ​ဦးခေါင်း​၏​အသရေ​ကို​ရှုတ်ချ​၏။ အကြောင်းမူကား ထိုသို့​ပြု​ခြင်း​သည် ခေါင်းတုံး​ရိတ်​ထား​သည်​နှင့်​တူ​၏။ ထို့ကြောင့် မိန်းမ​သည် မိမိ​ဦးခေါင်း​ကို​မ​ဖုံး​လျှင် ဆံပင်​ကို​ဖြတ်​ပါစေ။ သို့သော် ဆံပင်​ဖြတ်​ခြင်း​၊ သို့မဟုတ် ခေါင်းတုံး​ရိတ်​ခြင်း​သည် မိန်းမ​အတွက်​ရှက်ဖွယ်​ဖြစ်​လျှင် ဦးခေါင်း​ကို​ဖုံး​ထား​ပါစေ။ ယောက်ျား​သည် ဘုရားသခင်​၏​ပုံသဏ္ဌာန်​တော်​နှင့် ဘုန်း​အသရေ​တော်​ဖြစ်​သောကြောင့် မိမိ​ဦးခေါင်း​ကို​မ​ဖုံး​သင့်​ပေ။ မိန်းမ​မူကား ယောက်ျား​၏​ဘုန်း​အသရေ​ဖြစ်​၏။ အကြောင်းမူကား ယောက်ျား​သည် မိန်းမ​ထံမှ​ဖြစ်လာ​သည်​မ​ဟုတ်။ မိန်းမ​သည် ယောက်ျား​ထံမှ​ဖြစ်လာ​၏။ ထို့အတူ ယောက်ျား​ကို မိန်းမ​အတွက်​ဖန်ဆင်း​တော်မူ​သည်​မ​ဟုတ်။ မိန်းမ​ကို ယောက်ျား​အတွက်​ဖန်ဆင်း​တော်မူ​၏။ ထို့ကြောင့် မိန်းမ​သည် ကောင်းကင်​တမန်​တို့​ကို​ထောက်၍ အခွင့်​အာဏာ​၏​လက္ခဏာ​ကို မိမိ​ဦးခေါင်း​ပေါ်၌ ရှိ​စေ​သင့်​၏။ သို့သော် သခင်​ဘုရား​၌ မိန်းမ​သည် ယောက်ျား​မပါ​ဘဲ​ဖြစ်​သည်​မ​ဟုတ်။ ယောက်ျား​သည်​လည်း မိန်းမ​မပါ​ဘဲ​ဖြစ်​သည်​မ​ဟုတ်။ အကြောင်းမူကား မိန်းမ​သည် ယောက်ျား​ထံမှ​ဖြစ်လာ​သကဲ့သို့ ယောက်ျား​သည်​လည်း မိန်းမ​အားဖြင့်​မွေးဖွား​လာ​၏။ သို့သော် အရာ​ခပ်သိမ်း​တို့​သည် ဘုရားသခင်​ထံမှ​ဖြစ်​၏။ မိန်းမ​သည် ဦးခေါင်း​မ​ဖုံး​ဘဲ ဘုရားသခင်​ထံ​ဆုတောင်း​ခြင်း​သည် သင့်လျော်​မှု​ရှိ​၊ မ​ရှိ သင်​တို့​ကိုယ်တိုင်​ဆင်ခြင်​သုံးသပ်​ကြ​လော့။ ယောက်ျား​သည် ဆံပင်​ရှည်​ထား​လျှင် သူ့​အတွက်​ရှက်ဖွယ်​ဖြစ်​ကြောင်း သဘာဝ​တရား​ကိုယ်​၌​က သင်​တို့​ကို​သွန်သင်​သည်​မ​ဟုတ်​လော။ မိန်းမ​မူကား ဆံပင်​ရှည်​ထား​လျှင် သူ့​အတွက်​ဘုန်း​အသရေ​ဖြစ်​၏။ အကြောင်းမူကား ဆံပင်​ကို ခြုံ​စရာ​အဖြစ် သူ့​အား​ပေး​ထား​ခြင်း​ဖြစ်​၏။ သို့သော် တစ်စုံတစ်ယောက်​က လက်ခံ​နိုင်​ဖွယ်​မ​ရှိ​ဟု​ထင်မှတ်​လျှင် ငါ​တို့​၌ ထိုသို့သော​ထုံးစံ​မ​ရှိ။ ဘုရားသခင်​၏​အသင်းတော်​များ​၌​လည်း​မ​ရှိ။