YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ကောရိန္သု 10:12-13

၁ ကောရိန္သု 10:12-13 Judson Bible (JBMLE)

ထို​ကြောင့် အ​ကြင်​သူ​သည် မိ​မိ​တည်​ကြည်​လျက်​နေ​သည်​ဟု မိ​မိ​ထင်​မှတ်၏။ ထို​သူ​သည် မ​လဲ​ခြင်း​ငှာ သ​တိ​ပြု​စေ။- လူ၌​ဖြစ်​တတ်​သော စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို​သာ သင်​တို့​သည် ခံ​ရ​ကြ၏။ ဘု​ရား​သ​ခင်​သည် သ​စ္စာ​နှင့် ပြည့်​စုံ​တော်​မူ​သည်​ဖြစ်၍၊ သင်​တို့ မ​ခံ​နိုင်​သော စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို သင်​တို့၌ ရောက်​စိမ့်​သော​ငှာ အ​ခွင့်​ပေး​တော်​မ​မူ။ သင်​တို့​သည် ခံ​နိုင်​မည်​အ​ကြောင်း စုံ​စမ်း​နှောင့်​ယှက်​ခြင်း​အ​ရာ​နှင့်​တ​ကွ၊ ထွက်​မြောက်​သော​လမ်း​ကို​လည်း စီ​ရင်​ပြု​ပြင်​တော်​မူ​လိမ့်​မည်။

၁ ကောရိန္သု 10:12-13 Common Language Bible (BCL)

မိ​မိ​ခိုင်​မြဲ​စွာ​ရပ်​တည်​လျက်​နေ​သည်​ဟု​ထင် သော​သူ​သည်​မ​ယိုင်​မ​လဲ​စေ​ရန်​သ​တိ​ပြု ရ​၏။- သင်​တို့​တွေ့​ကြုံ​ရ​သည့်​စုံ​စမ်း​နှောင့်​ယှက်​ခြင်း များ​သည်​လူ​အ​ပေါင်း​တို့​တွေ့​ကြုံ​နေ​ကြ၊ သာ မန်​စုံ​စမ်း​နှောင့်​ယှက်​ခြင်း​များ​သာ​ဖြစ်​၏။ ဘု​ရား သ​ခင်​သည်​က​တိ​တည်​တော်​မူ​သော​အ​ရှင်​ဖြစ် တော်​မူ​သ​ဖြင့် သင်​တို့​အား​မိ​မိ​တို့​ခံ​နိုင်​သည် ထက်​ပို​၍​စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို​ခံ​စေ​တော် မူ​လိမ့်​မည်​မ​ဟုတ်။ စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ခံ​ရ ချိန်​၌​ခံ​နိုင်​သော​ခွန်​အား​ကို​ပေး​တော်​မူ​သ​ဖြင့် ထို​စုံ​စမ်း​နှောင့်​ယှက်​ခြင်း​မှ​လွတ်​မြောက်​ရန် လမ်း​ဖွင့်​ပေး​တော်​မူ​လိမ့်​မည်။

၁ ကောရိန္သု 10:12-13 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့ကြောင့် ရပ်​နေ​သည်​ဟု​ထင်မှတ်​သော​သူ​သည် မ​လဲ​စေရန် သတိပြု​စေ။ လူ​၌​ဖြစ်​တတ်​သော​စုံစမ်း​နှောင့်ယှက်​ခြင်း​ကို​သာ သင်​တို့​ခံရ​ကြ​၏။ ဘုရားသခင်​သည် သစ္စာ​နှင့်​ပြည့်စုံ​တော်မူ​သည်​ဖြစ်၍ သင်​တို့​ခံနိုင်​သည်​ထက် ပိုလွန်​သော​စုံစမ်း​နှောင့်ယှက်​ခြင်း​ကို သင်​တို့​အား​ခံ​စေ​တော်မူ​လိမ့်မည်​မ​ဟုတ်။ ထို့ပြင် သင်​တို့​ခံ​နိုင်​မည့်​အကြောင်း စုံစမ်း​နှောင့်ယှက်​ခြင်း​နှင့်တကွ ထွက်မြောက်​ရာ​လမ်း​ကို​လည်း ပြင်ဆင်​ပေး​တော်မူ​လိမ့်မည်။