YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ကောရိန္သု 10

10
ရုပ်​တု​ကိုး​ကွယ်​မှု​သ​တိ​ပေး​ချက်
1ညီ​အစ်​ကို​တို့၊ ငါ​တို့​ဘိုး​ဘေး​အ​ပေါင်း​တို့​သည် မိုး​တိမ်​အောက်​မှာ​ရှိ၍၊ ပင်​လယ်​အ​လယ်၌ လျှောက်​သွား​ကြ​သည်​ဟူ၍​လည်း​ကောင်း၊- 2မိုး​တိမ်​နှင့် ပင်​လယ်​ထဲ​မှာ မော​ရှေ၌ ဗ​တ္တိ​ဇံ​ကို ခံ​ကြ​သည် ဟူ၍​လည်း​ကောင်း၊- 3ဓ​မ္မ​အ​စာ​ကို​အ​တူ​စား​ကြ​သည်​ဟူ၍​လည်း​ကောင်း၊ ဓ​မ္မ​ရေ​ကို အ​တူ​သောက်​ကြ​သည်​ဟူ၍​လည်း​ကောင်း၊ သင်​တို့ မ​သိ​မ​မှတ် ဘဲ​နေ​စေ​ခြင်း​ငှာ ငါ​အ​လို​မ​ရှိ၊- 4ထို​သူ​တို့​နောက်၌ လိုက်​သော​ဓ​မ္မ​ကျောက်​မှ ထွက်​သော​ရေ​ကို သောက်​ကြ၏။ ထို​ကျောက်​ကား ခ​ရစ်​တော်​ဖြစ်​သ​တည်း။- 5သို့​သော်​လည်း ထို​သူ​တို့​တွင် များ​စွာ​သော သူ​တို့​ကို ဘု​ရား​သ​ခင်​သည် အား​ရ​နှစ်​သက်​တော်​မ​မူ။ သူ​တို့​သည် တော၌​သေ​ကြေ​ပျက်​စီး​ခြင်း​သို့ ရောက်​ကြ၏။
6ထို​သူ​တို့​သည် မ​ကောင်း​သော​အ​ရာ​တို့​ကို တပ်​မက်​သ​ကဲ့​သို့ ငါ​တို့​သည် မ​တပ်​မက်​စေ​ခြင်း​ငှာ၊ ထို​အ​ကြောင်း​အ​ရာ​တို့​သည် ငါ​တို့​အ​ဖို့ ပုံ​သက်​သေ ဖြစ်​ကြ၏။- 7လူ​တို့​သည် စား​သောက်​လျက် ထိုင်​နေ​ကြ၏။ နောက်​တစ်​ဖန် က​ခုန်​မြူး​ထူး​ခြင်း​ငှာ ထ​ကြ၏​ဟု ကျမ်း​စာ​လာ​သည်​အ​တိုင်း၊- 8ထို​သူ​အ​ချို့​တို့​သည် ရုပ်​တု​ကို ကိုး​ကွယ်​သ​ကဲ့​သို့ မ​ကိုး​ကွယ်​ကြ​နှင့်။ ထို​သူ​အ​ချို့​တို့​သည် မ​တ​ရား​သော မေ​ထုန်​အ​မှု​ကို​ပြု၍ တစ်​နေ့​ချင်း​တွင် လူ​နှစ်​သောင်း သုံး​ထောင်​လဲ၍​သေ​သ​ကဲ့​သို့ မ​ပြု​ဘဲ၊ မ​တ​ရား​သော မေ​ထုန်​ကို​ရှောင်​ကြ​ကုန်​အံ့။- 9ထို​သူ​အ​ချို့​တို့​သည် စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို ပြု၍၊ မြွေ​ဖြင့် ပျက်​စီး​သ​ကဲ့​သို့ ငါ​တို့​သည်​မ​ပြု၊ ခ​ရစ်​တော်​ကို မ​စုံ​စမ်း​မ​နှောင့်​ယှက်​ဘဲ​နေ​ကြ​ကုန်​အံ့။- 10ထို​သူ​အ​ချို့​တို့​သည် မြည်​တမ်း​ခြင်း​ကို​ပြု၍၊ ဖျက်​ဆီး​သော​သူ၏ လက်​ဖြင့် ပျက်​စီး​သ​ကဲ့​သို့​မ​ဟုတ်၊ မြည်​တမ်း​ခြင်း​ကို​မ​ပြု​ကြ​နှင့်။- 11ထို​အ​ကြောင်း​အ​ရာ​ရှိ​သ​မျှ​တို့​သည် ပုံ​သက်​သေ ဖြစ်​အံ့​သော​ငှာ ထို​သူ​တို့၌ ရောက်​ကြ၏။ ကပ်​ကာ​လ အ​ဆုံး​တွင် ဖြစ်​သော​ငါ​တို့​ကို ဆုံး​မ​စ​ရာ​ဖို့ ကျမ်း​စာ၌ ရေး​ထား​လျက်​ရှိ​သ​တည်း။- 12ထို​ကြောင့် အ​ကြင်​သူ​သည် မိ​မိ​တည်​ကြည်​လျက်​နေ​သည်​ဟု မိ​မိ​ထင်​မှတ်၏။ ထို​သူ​သည် မ​လဲ​ခြင်း​ငှာ သ​တိ​ပြု​စေ။- 13လူ၌​ဖြစ်​တတ်​သော စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို​သာ သင်​တို့​သည် ခံ​ရ​ကြ၏။ ဘု​ရား​သ​ခင်​သည် သ​စ္စာ​နှင့် ပြည့်​စုံ​တော်​မူ​သည်​ဖြစ်၍၊ သင်​တို့ မ​ခံ​နိုင်​သော စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို သင်​တို့၌ ရောက်​စိမ့်​သော​ငှာ အ​ခွင့်​ပေး​တော်​မ​မူ။ သင်​တို့​သည် ခံ​နိုင်​မည်​အ​ကြောင်း စုံ​စမ်း​နှောင့်​ယှက်​ခြင်း​အ​ရာ​နှင့်​တ​ကွ၊ ထွက်​မြောက်​သော​လမ်း​ကို​လည်း စီ​ရင်​ပြု​ပြင်​တော်​မူ​လိမ့်​မည်။
14ထို​ကြောင့် ငါ့​ချစ်​သူ​တို့၊ ရုပ်​တု​ကို ကိုး​ကွယ်​ခြင်း​အ​မှု​ကို ကြဉ်​ရှောင်​ကြ​လော့။- 15သင်​တို့​ကို ပ​ညာ​ရှိ​ကဲ့​သို့​မှတ်၍ ပြော​မည်။ ငါ့​စ​ကား​ကို ဆင်​ခြင်​ကြ​လော့။- 16ငါ​တို့​သည် ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ရာ မင်္ဂ​လာ​ခွက်​ဖ​လား​မူ​ကား၊ ခ​ရစ်​တော်၏​အ​သွေး​ကို ဆက်​ဆံ​ခြင်း​ဖြစ်​သည် မ​ဟုတ်​လော။ ငါ​တို့​ဖဲ့​သော​မုန့်​မူ​ကား၊ ခ​ရစ်​တော်၏ ကိုယ်​ကို ဆက်​ဆံ​ခြင်း​ဖြစ်​သည် မ​ဟုတ်​လော။- 17မုန့်​တစ်​လုံး​တည်း​ရှိ​သည်​ဖြစ်၍၊ ငါ​တို့​ရှိ​သ​မျှ​သည် တစ်​လုံး​တည်း ဖြစ်​သော​ထို​မုန့်​ကို ဆက်​ဆံ​လျက် ခံ​ယူ​ကြ​သော​ကြောင့်၊ အ​များ​ဖြစ်​သော ငါ​တို့​သည် တစ်​လုံး​တစ်​ကိုယ်​တည်း​ဖြစ်​ကြ၏။- 18ဇာ​တိ​အား​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​ဖြစ်​သော သူ​တို့​ကို ကြည့်​ရှု​ကြ​လော့။ ယဇ်​ကောင်​ကို​စား​သော သူ​တို့​သည် ယဇ်​ပ​လ္လင်​နှင့် ဆက်​ဆံ​သော​သူ ဖြစ်​ကြ​သည် မ​ဟုတ်​လော။- 19ထို​သို့​ဆို​သော် အ​ဘယ်​သို့ ငါ​ဆို​လို​သ​နည်း။ ရုပ်​တု​ကား မှတ်​စ​ရာ​ရှိ​သည်၊ ရုပ်​တု​ရှေ့၌ ပူ​ဇော်​သော ယဇ်​ကောင်​ကား မှတ်​စ​ရာ​ရှိ​သည်​ဟု ဆို​လို​သ​လော။- 20ထို​သို့​မ​ဆို​လို။ သာ​သ​နာ​ပ​လူ​တို့​သည် ပူ​ဇော်​သော​ယဇ်​ကို ဘု​ရား​သ​ခင်​အား ပူ​ဇော်​ကြ​သည်​မ​ဟုတ်။ နတ်​ဆိုး​တို့​အား ပူ​ဇော်​ကြ၏။ သင်​တို့​သည် နတ်​ဆိုး​တို့​နှင့် ဆက်​ဆံ​စေ​ခြင်း​ငှာ ငါ​အ​လို​မ​ရှိ။- 21သ​ခင်​ဘု​ရား၏ ခွက်​ဖ​လား၊ နတ်​ဆိုး​တို့၏ ခွက်​ဖ​လား​နှစ်​ပါး​ကို သင်​တို့​မ​သောက်​နိုင်​ကြ။ သ​ခင်​ဘု​ရား၏ စား​ပွဲ၊ နတ်​ဆိုး​တို့၏​စား​ပွဲ​နှစ်​ပါး​ကို သင်​တို့​ဝင်၍ မ​စား​နိုင်​ကြ။- 22သ​ခင်​ဘု​ရား အ​မျက်​တော်​ထွက်​စေ​ခြင်း​ငှာ ငါ​တို့ ပြု​ရ​ကြ​သ​လော။ ငါ​တို့​သည် သ​ခင်​ဘု​ရား​ထက်​သာ၍ တန်​ခိုး​ကြီး​ကြ​သ​လော။
23ငါ​သည် အ​ပြစ်​မ​သင့်​ဘဲ ခပ်​သိမ်း​သော အ​မှု​အ​ရာ​ကို ပြု​နိုင်​သည် မှန်​စေ​တော့။ ခပ်​သိမ်း​သော အ​မှု​အ​ရာ​ကို ပြု​သင့်​သည်​မ​ဟုတ်။ အ​ပြစ်​မ​သင့်​ဘဲ ခပ်​သိမ်း​သော​အ​မှု​အ​ရာ​ကို ပြု​နိုင်​သည် မှန်​စေ​တော့။ ခပ်​သိမ်း​သော အ​မှု​အ​ရာ​တို့​သည် သူ​တစ်​ပါး​ကို တည်​ဆောက်​တတ်​သည်​မ​ဟုတ်။- 24ကိုယ်​အ​ကျိုး​ကို အ​ဘယ်​သူ​မျှ​မ​ရှာ​စေ​နှင့်။ သူ့​အ​ကျိုး​ကို လူ​တိုင်း​ရှာ​စေ။- 25ဩ​တ္တ​ပ္ပ​စိတ်​ကို ထောက်​ရ​သော​ကြောင့်၊ ဈေး၌ ရောင်း​သ​မျှ​ကို မ​စစ်​ကြော မ​မေး​မြန်း​ဘဲ စား​ကြ​လော့။- 26အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် မြေ​ကြီး​နှင့် မြေ​ကြီး​တန်​ဆာ​ကို ပိုင်​တော်​မူ၏။- 27မ​ယုံ​ကြည်​သော​သူ​သည် သင်​တို့​ကို​ခေါ်​ဖိတ်၍ သင်​တို့​သည် သွား​လို​လျှင်၊ ဩ​တ္တ​ပ္ပ​စိတ်​ကို ထောက်​ရ​သော​ကြောင့်၊ သင်​တို့​ရှေ့၌ ထည့်​သ​မျှ​ကို မ​စစ်​ကြော​မ​မေး​မြန်း​ဘဲ စား​ကြ​လော့။- 28သို့​သော်​လည်း ဤ​မည်​သော​အ​ရာ​သည် ရုပ်​တု​ရှေ့၌ ပူ​ဇော်​သော ယဇ်​ကောင်​ဖြစ်၏​ဟု တစ်​စုံ​တစ်​ယောက် သော​သူ​ဆို​လျှင်၊ ထို​သို့​ဆို​သော​သူ၏ မျက်​နှာ​ကို​လည်း​ကောင်း၊ ဩ​တ္တ​ပ္ပ​စိတ်​ကို​လည်း​ကောင်း၊ ထောက်၍ မ​စား​ကြ​နှင့်။- 29ဩ​တ္တ​ပ္ပ​စိတ်​ဟု​ဆို​သော် ကိုယ်​စိတ်​ကို​မ​ဆို​လို၊ သူ့​စိတ်​ကို ဆို​လို၏။ အ​ခြား​သော​သူ၏​စိတ်​သည် ငါ၏​အ​ခွင့်​ကို အ​ဘယ်​ကြောင့် စစ်​ကြော​စီ​ရင်​ရ​မည်​နည်း။- 30ကျေး​ဇူး​တော်​အား​ဖြင့် ငါ​သုံး​ဆောင်​ရ​လျှင်၊ ကျေး​ဇူး​တော်​ကို ချီး​မွမ်း၍ သုံး​ဆောင်​သည်​တွင် အ​ဘယ်​ကြောင့် ကဲ့​ရဲ့​ပြစ်​တင်​ခြင်း​ကို ခံ​ရ​မည်​နည်း​ဟု ဆို​လျှင်​မူ​ကား၊- 31သင်​တို့​သည် စား​သော်​လည်း​ကောင်း၊ သောက်​သော်​လည်း​ကောင်း၊ မည်​သည့်​အ​မှု​ကို ပြု​သော်​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏ ဘုန်း​တော်​ကို ထောက်၍ ခပ်​သိမ်း​သော​အ​မှု​ကိ​စ္စ​ကို ပြု​ကြ​လော့။- 32လူ​များ​တို့​သည် ကယ်​တင်​ခြင်း​သို့ ရောက်​စိမ့်​သော​ငှာ၊ ငါ​သည် ကိုယ်​အ​ကျိုး​ကို​မ​ရှာ​ဘဲ သူ့​အ​ကျိုး​ကို ရှာ၍၊- 33ခပ်​သိမ်း​သော​လူ​တို့၏ အ​လို​သို့ အ​ရာ​ရာ၌ လိုက်​သည်​နည်း​တူ၊ သင်​တို့​သည်​လည်း ယု​ဒ​လူ၊ ဟေ​လ​သ​လူ၊ ဘု​ရား​သ​ခင်၏ အ​သင်း​တော်​ဝင်​သူ​တို့၌ ထိ​မိ၍​လဲ​စ​ရာ​အ​ကြောင်း​ကို မ​ပြု​ဘဲ၊

လက်ရှိရွေးချယ်ထားမှု

၁ ကောရိန္သု 10: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။