YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရာဇဝင်ချုပ် 9:1-37

၁ ရာဇဝင်ချုပ် 9:1-37 Judson Bible (JBMLE)

အ​ထက်​ဆို​ခဲ့​ပြီး​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် သား​စဉ်​မြေး​ဆက် စာ​ရင်း​ဝင်၍၊ ကိုယ်​အ​ပြစ်​ကြောင့် ဗာ​ဗု​လုန်​မြို့​သို့​သိမ်း​သွား​ခြင်း​ကို ခံ​ရ​နှင့်​သော ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​နှင့် ယု​ဒ​ရှင်​ဘု​ရင်​မှတ်​စာ၌ ပါ​သ​တည်း။ နောက်​တစ်​ဖန် ကိုယ်​ပိုင်​ထိုက်​သော မြို့​ရွာ​တို့၌ အ​ဦး​ဆုံး​နေ​ရာ​ကျ​သော​သူ​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား၊ ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား၊ ဘု​ရား​ကျွန် အ​သီး​အ​သီး ဖြစ်​ကြ၏။ ယေ​ရု​ရှ​လင်​မြို့​မှာ​နေ​သော ယု​ဒ​အ​မျိုး၊ ဗင်္ယာ​မိန်​အ​မျိုး၊ ဧ​ဖ​ရိမ်​နှင့် မ​နာ​ရှေ​အ​မျိုး​သား​ဟူ​မူ​ကား၊ ယု​ဒ​သား ဖာ​ရက်​အ​မျိုး​အ​နွယ်၊ ဗာ​နိ၊ ဣ​မ​ရိ၊ ဩ​မ​ရိ၊ အ​မိ​ဟုဒ်​တို့​မှ ဆင်း​သက်​သော ဥ​သဲ​တစ်​ပါး၊ ရှိ​လော​နိ​အ​မျိုး​ဖြစ်​သော သား​ဦး​အ​သာ​ယ​နှင့် သူ၏​သား​တစ်​စု၊ ဇေ​ရ​အ​မျိုး​ယွေ​လ​နှင့် သူ၏​ညီ​အစ်​ကို​တစ်​စု ပေါင်း​ခြောက်​ရာ​ကိုး​ဆယ်​တည်း။ ဗင်္ယာ​မိန်​အ​မျိုး​အ​နွယ်​ဖြစ်​သော ဟာ​သေ​နွာ၊ ဟော​ဒ​ဝိ၊ မေ​ရှု​လံ​တို့​မှ ဆင်း​သက်​သော သ​လ္လု၊ ယေ​ရော​ဟံ​သား ဣ​ဗ​နိ​ယ၊ မိ​ခ​ရိ​သား​ဖြစ်​သော ဩ​ဇိ၏​သား​ဧ​လာ​နှင့် ဣ​ဗ​နိ​ယ၊ ရွေ​လ၊ ရှေ​ဖ​တိ​တို့​မှ ဆင်း​သက်​သော မေ​ရှု​လံ​မှ​စ၍၊ သား​စဉ်​မြေး​ဆက် စာ​ရင်း​ဝင်​သော အ​မျိုး​သား​ချင်း​ပေါင်း ကိုး​ရာ​ငါး​ဆယ်​ခြောက်​ယောက်​တည်း။ ဤ​သူ​အ​ပေါင်း​တို့​သည် အ​ဆွေ​အ​မျိုး​သူ​ကြီး ဖြစ်​ကြ၏။ ယဇ်​ပု​ရော​ဟိတ်​မူ​ကား ယေ​ဒါ​ယ၊ ယော​ယ​ရိပ်၊ ယာ​ခိန်​နှင့်​တ​ကွ၊ အ​ဟိ​တုပ်၊ မ​ရာ​ယုတ်၊ ဇာ​ဒုတ်၊ မေ​ရှု​လံ၊ ဟိ​လ​ခိ​တို့​မှ ဆင်း​သက်​သော ဘု​ရား​သ​ခင်၏​အိမ်​တော်​အုပ် အာ​ဇ​ရိ​တစ်​ပါး၊ မာ​လ​ခိ၊ ပါ​ရှု​ရ၊ ယေ​ရော​ဟံ​တို့​မှ ဆင်း​သက်​သော အ​ဒါ​ယ​နှင့် ဣ​မေ​ရ၊ မေ​ရှိ​လ​မုတ်၊ မေ​ရှု​လံ၊ ယာ​ဇေ​ရ၊ အ​ဒေ​လ​တို့​မှ ဆင်း​သက်​သော​မာ​ရှဲ အ​စ​ရှိ​သော၊ အ​ဆွေ​အ​မျိုး​သူ​ကြီး အ​မျိုး​သား​ချင်း​တစ်​ထောင်​ခု​နစ်​ရာ​ခြောက်​ဆယ် ရှိ​ကြ၏။ ဤ​သူ​တို့​သည် ဘု​ရား​သ​ခင်၏​အိမ်​တော်​အ​မှု​ကို ဆောင်​ရွက်​ခြင်း​ငှာ တတ်​စွမ်း​နိုင်​သော​သူ​ပေ​တည်း။ လေ​ဝိ​သား​မူ​ကား၊ မေ​ရာ​ရိ အ​မျိုး​အ​နွယ်​ဖြစ်​သော ဟာ​ရှ​ဘိ၊ အာ​ဇ​ရိ​ကံ၊ ဟာ​ရှုပ်​တို့​မှ​ဆင်း​သက်​သော ရှေ​မာ​ရ​တစ်​ပါး၊ ဗာ​က​ဗ​က္ကာ၊ ဟေ​ရက်၊ ဂ​လာ​လ​သုံး​ပါး၊ အာ​သပ်၊ ဇိ​ခ​ရိ၊ မိ​က္ခာ​တို့​မှ ဆင်း​သက်​သော မဿ​နိ​တစ်​ပါး၊ ယေ​ဒု​သုံ၊ ဂ​လာ​လ၊ ရှေ​မာ​ယ​တို့​မှ ဆင်း​သက်​သော ဩ​ဗ​ဒိ​တစ်​ပါး၊ နေ​တော​ဖာ​သိ​ရွာ​တို့​တွင် နေ​သော ဧ​လ​ကာ​န​သား အာ​သ၏​သား ဗေ​ရ​ခိ​တစ်​ပါး​တည်း။ တံ​ခါး​စောင့်​မူ​ကား ရှ​လ္လုံ၊ အ​က္ကုပ်၊ တာ​လ​မုန်၊ အ​ဟိ​မန်​အ​စ​ရှိ​သော ညီ​အစ်​ကို​တစ်​စု၊ ရှ​လ္လုံ​သည် ရှင်​ဘု​ရင်​ဝင်​သော အ​ရှေ့​တံ​ခါး​တွင် တံ​ခါး​မှူး​ဖြစ်၏။ ဤ​သူ​တို့​သည် လေ​ဝိ​သား​အ​ပေါင်း​အ​သင်း၌​ပါ​သော တံ​ခါး​စောင့်​ပေ​တည်း။ ကော​ရ​သိ အ​ဆွေ​အ​မျိုး၊ ကော​ရ၊ ဧ​ဗျာ​သပ်၊ ကော​ရ​တို့​မှ ဆင်း​သက်​သော ရှ​လ္လုံ​နှင့်​မိ​မိ​ညီ​တို့​သည် အ​မှု​တော်​စောင့်​ရာ​တွင် တဲ​တော်​တံ​ခါး​စောင့် ဖြစ်​ကြ၏။ အ​ဘ​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​ဗိုလ်​ခြေ​တပ်​ချ​ရာ​တွင် တဲ​တော်​ဦး​စောင့် ဖြစ်​ကြ၏။ ရှေး​ကာ​လ ဧ​လာ​ဇာ​သား ဖိ​န​ဟတ်​သည် ထို​သူ​တို့​ကို​အုပ်​ရ၍၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​နှင့်​အ​တူ​ရှိ​တော်​မူ၏။ မေ​ရှိ​လ​မိ​သား ဇာ​ခ​ရိ​သည် ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​စောင့်​ဖြစ်၏။ တံ​ခါး​စောင့်​အ​ရာ၌ ခန့်​ထား​သော​သူ​ပေါင်း​ကား နှစ်​ရာ​တစ်​ဆယ်​နှစ်​ယောက်​တည်း။ ထို​သူ​တို့​သည် ဒါ​ဝိဒ်​နှင့် ပ​ရော​ဖက်​ရှ​မွေ​လ​ခန့်​ထား​သော သား​စဉ်​မြေး​ဆက် အ​သီး​အ​သီး​နေ​သော​ရွာ၌ စာ​ရင်း​ဝင်​ကြ၏။ ထို​သူ၏ သား​စဉ်​မြေး​ဆက်​တို့​သည် တဲ​တော်​တည်း​ဟူ​သော ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်၌ တံ​ခါး​စောင့်​အ​မှု​ကို ဆောင်​ရွက်​ရ​ကြ၏။ တံ​ခါး​စောင့်​တို့​သည် အ​ရှေ့၊ အ​နောက်၊ တောင်၊ မြောက်၊ လေး​မျက်​နှာ၌ စောင့်​နေ​ရ​ကြ၏။ ရွာ​တို့၌​နေ​သော အ​ပေါင်း​အ​ဖော်​တို့​သည် အ​လှည့်​သင့်​သည်​အ​တိုင်း ခု​နစ်​ရက်၊ ခု​နစ်​ရက်​လာ​ရ​ကြ၏။ ထို​လေ​ဝိ​သား​တို့​တွင် တံ​ခါး​စောင့်​ကြီး လေး​ယောက်​တို့​သည် အ​ရာ​ကို​ခံ​ရ​သည်​အ​တိုင်း၊ ဘု​ရား​သ​ခင်၏ အိမ်​တော်​အ​ခန်း​များ​နှင့် ဘ​ဏ္ဍာ​တိုက်​များ​ကို စောင့်​ရ​ကြ၏။ ထို​သို့​စောင့်၍ နံ​နက်​တိုင်း တံ​ခါး​ကို​ဖွင့်​ရ​သော​ကြောင့်၊ ဘု​ရား​သ​ခင်၏ အိမ်​တော်​ပတ်​လည်၌ အိပ်​ရ​ကြ၏။ အ​ချို့​တို့​သည်​လည်း၊ အ​မှု​တော်​စောင့်​တန်​ဆာ​များ​ကို အ​ရေ​အ​တွက်​အ​တိုင်း သွင်း​လျက်​ထုတ်​လျက် စောင့်​ရ​ကြ၏။ အ​ချို့​တို့​သည်​လည်း၊ သန့်​ရှင်း​ရာ​ဌာ​န​တော် တန်​ဆာ​များ၊ အ​သုံး​အ​ဆောင်​များ၊ မုန့်​ညက်၊ စ​ပျစ်​ရည်၊ ဆီ၊ လော​ဗန်၊ နံ့​သာ​မျိုး​များ​ကို ပြု​စု၍​စောင့်​ရ​ကြ၏။ ယဇ်​ပု​ရော​ဟိတ်​အ​မျိုး​သား အ​ချို့​တို့​သည်​လည်း နံ့​သာ​ဆီ​ကို​လုပ်​ရ​ကြ၏။ လေ​ဝိ​သား၊ ကော​ရ​သိ​အ​ဆွေ​အ​မျိုး​ဖြစ်​သော ရှ​လ္လုံ၏​သား​ဦး မ​တ္တိ​သိ​သည် သံ​ပြား​ဖြင့်​ဖုတ်​သော မုန့်​မျိုး​ကို စောင့်​ရ၏။ သူ၏​ညီ​အစ်​ကို​နှင့် အ​ခြား​သော ကော​ရ​သိ အ​ဆွေ​အ​မျိုး​သား​တို့​သည် ဥ​ပုသ်​နေ့၌ ရှေ့​တော်​မုန့်​ကို ပြင်​ဆင်​ရ​ကြ၏။ သီ​ချင်း​ဆို​သော​သူ လေ​ဝိ​အ​ဆွေ​အ​မျိုး သူ​ကြီး​တို့​သည် မိ​မိ​တို့​အ​မှု​ကို နေ့​ည​မ​ပြတ်​စောင့်​ရ​သော​ကြောင့်၊ အိမ်​တော်​အ​ခန်း၌​နေ၍ အ​ခြား​သော​အ​မှု​နှင့် လွတ်​ကြ၏။ ထို​လေ​ဝိ​အ​ဆွေ​အ​မျိုး သူ​ကြီး​တို့​သည် အ​စဉ်​အ​ဆက် အ​ကြီး​အ​ကဲ​ဖြစ်၍ ယေ​ရု​ရှ​လင်​မြို့၌ နေ​ရာ​ကျ​ကြ၏။ ဂိ​ဗောင်​မြို့​မှာ ဂိ​ဗောင်​အ​ဘ​ယေ​လ​နေ၏။ သူ​၏​မ​ယား​ကား မာ​ခါ​အ​မည်​ရှိ၏။ သူ​၏​သား​ဦး​ကား၊ အာ​ဗ​ဒုန်၊ ဇု​ရ၊ ကိ​ရှ၊ ဗာ​လ၊ နေ​ရ၊ နာ​ဒပ်၊ ဂေ​ဒေါ်၊ အ​ဟိ​သြ၊ ဇာ​ခါ၊ မိ​က​လုတ်​တည်း။

၁ ရာဇဝင်ချုပ် 9:1-37 Common Language Bible (BCL)

ဣ​သ​ရေ​လ​ပြည်​သူ​အ​ပေါင်း​တို့​အား​အိမ် ထောင်​စု​များ​အ​လိုက်​စာ​ရင်း​ပြု​လုပ်​ထား ကြောင်း ဣ​သ​ရေ​လ​ဘု​ရင်​များ​ကျမ်း​တွင် မှတ်​တမ်း​တင်​၍​ထား​လေ​သည်။ ယု​ဒ​ပြည်​သား​တို့​သည်​မိ​မိ​တို့​၏​အ​ပြစ် များ​ကြောင့် ဗာ​ဗု​လုန်​ပြည်​သို့​ပြည်​နှင်​ဒဏ် အ​ပေး​ခံ​ရ​ကြ​၏။- ပ​ထ​မ​ဦး​ဆုံး​မိ​မိ​တို့​၏​ဘိုး​ဘွား​ပိုင်​မြို့ ရွာ​များ​သို့​ပြန်​လည်​ရောက်​ရှိ​လာ​ကြ​သူ များ​အ​ထဲ​တွင် ဣ​သ​ရေ​လ​အ​မျိုး​သား ဝတ်​ကြောင်​များ၊ ယဇ်​ပု​ရော​ဟိတ်​များ၊ လေ​ဝိ အ​နွယ်​ဝင်​များ​နှင့်​ဗိ​မာန်​တော်​အ​လုပ် သ​မား​များ​ပါ​ဝင်​လေ​သည်။- ယု​ဒ၊ ဗင်္ယာ​မိန်၊ ဧ​ဖ​ရိမ်​နှင့်​မ​နာ​ရှေ​အ​နွယ် ဝင်​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သို့​သွား​ရောက် နေ​ထိုင်​ကြ​၏။ ယု​ဒ​အ​နွယ်​မှ​အိမ်​ထောင်​စု​ပေါင်း​ခြောက်​ရာ ကိုး​ဆယ်​တို့​သည် ယေ​ရု​ရှ​လင်​မြို့​တွင်​နေ ထိုင်​ကြ​၏။ ယု​ဒ​၏​သား​ဖာ​ရက်​မှ​ဆင်း​သက်​လာ​သူ​တို့ ၏​ခေါင်း​ဆောင်​မှာ​ဥသဲ​ဖြစ်​၏။ သူ​သည်​အ​မိ ဟုဒ်​၏​သား၊ သြ​မ​ရိ​၏​မြေး​တည်း။ သူ​၏ အ​ခြား​ဘိုး​ဘေး​များ​တွင်​ဣ​မ​ရိ​နှင့် ဗာ​နိ​တို့​ပါ​ဝင်​သည်။ ယု​ဒ​၏​သား​ရှေ​လ​မှ​ဆင်း​သက်​လာ​သူ​တို့ ၏​ခေါင်း​ဆောင်​မှာ​အ​သာ​ယ​ဖြစ်​၏။ သူ​သည် မိ​မိ​၏​အိမ်​ထောင်​ဦး​စီး​ဖြစ်​လေ​သည်။ ယု​ဒ​၏​သား​ဇေ​ရ​မှ​ဆင်း​သက်​လာ​သူ တို့​၏​ခေါင်း​ဆောင်​မှာ​ယွေ​လ​ဖြစ်​၏။ ဗင်္ယာ​မိန်​အ​နွယ်​ဝင်​များ​ဖြစ်​ကြ​သော၊ ဟာ​သေ​နွာ​၏​သား​ဟော​ဒ​ဝိ၊ဟော​ဒ​ဝိ​၏​သား မေ​ရှု​လံ၊ မေ​ရှု​လံ​၏​သား​သလ္လု၊ ယေ​ရော​ဟံ​၏​သား​ဣ​ဗ​နိ​ယ၊ သြ​ဇိ​၏​သား၊ မိ​ခ​ရိ​၏​မြေး​ဧ​လာ၊ ဣ​ဗ​နိ​ယ​၏​သား​ရွေ​လ၊ ရွေ​လ​၏​သား ရှေ​ဖ​တိ တို့​သည်​ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ထိုင်​ကြ​၏။ ဤ​အ​နွယ်​မှ​ထို​မြို့​တွင်​နေ​ထိုင်​သူ​အိမ်​ထောင်​စု များ​မှာ​ကိုး​ရာ့​ငါး​ဆယ့်​ခြောက်​စု​ရှိ​သ​တည်း။ အ​ထက်​တွင်​ဖော်​ပြ​ပါ​ရှိ​သော​အ​မျိုး​သား အား​လုံး​သည်​အိမ်​ထောင်​ဦး​စီး​များ​ဖြစ်​ပေ သည်။ ယေ​ရု​ရှ​လင်​မြို့​တွင် အောက်​ပါ​ယဇ်​ပု​ရော ဟိတ်​များ​သီ​တင်း​သုံး​နေ​ထိုင်​ကြ​သည်။ ယေ​ဒါ​ယ၊ယော​ယ​ရိပ်​နှင့်​ယာ​ခိန်၊ မေ​ရှု​လံ၊ဇာ​ဒုတ်၊မ​ရာ​ယုတ်၊အ​ဟိ​တုပ်​တို့​မှ ဆင်း​သက်​လာ​သူ​ဟိ​လ​ခိ​၏​သား (ဗိ​မာန်​တော်​မှူး​ချုပ်) အာ​ဇ​ရိ။ ပါ​ရှု​ရ​နှင့်​မာ​လ​ခိ​တို့​မှ​ဆင်း​သက်​လာ​သူ ယေ​ရော​ဟံ​၏​သား​အ​ဒါ​ယ။ ယာ​ဇေ​ရ၊ မေ​ရှု​လံ၊ မေ​ရှိ​လ​မုတ်​နှင့် ဣ​မေ​ရ တို့​မှ​ဆင်း​သက်​လာ​သူ​အ​ဒေ​လ​၏​သား မာ​ရှဲ​တို့​ဖြစ်​ကြ​၏။ အိမ်​ထောင်​ဦး​စီး​များ​ဖြစ်​ကြ​သည့်​ယဇ်​ပု​ရော ဟိတ်​တို့​၏​အ​ရေ​အ​တွက်​မှာ စု​စု​ပေါင်း​တစ် ထောင့်​ခု​နစ်​ရာ​ခြောက်​ဆယ်​ဖြစ်​၏။ သူ​တို့​သည် ဗိ​မာန်​တော်​အ​တွင်း​၌​ဆောင်​ရွက်​ရ​သော​အ​မှု ကိစ္စ​မှန်​သ​မျှ​တို့​တွင်​အ​ထူး​ကျွမ်း​ကျင်​သူ များ​ဖြစ်​ကြ​၏။ အောက်​ပါ​လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​ယေ​ရု​ရှ​လင် မြို့​တွင်​နေ​ထိုင်​ကြ​၏။ မေ​ရာ​ရိ​သား​ချင်း​စု​ဝင်၊ ဟာ​ရှ​ဘိ​နှင့်​အာ​ဇ​ရိ​ကံ တို့​မှ ဆင်း​သက်​လာ​သော​ဟာ​ရှုပ်​၏​သား​ရှေ​မာ​ရ။ ဗာ​က​ဗက္ကာ၊ဟေ​ရက်​နှင့်​ဂ​လာ​လ။ အာ​သပ်၊ဇိ​ခ​ရိ​တို့​မှ​ဆင်း​သက်​လာ​သော မိက္ခာ​၏​သား​မ​ဿ​နိ။ ဂ​လာ​လ၊ ယေ​ဒု​သုံ​တို့​မှ​ဆင်း​သက်​လာ သော ရှေ​မာ​ယ​၏​သား​သြ​ဗ​ဒိ။ ဧ​လ​ကာ​န​၏​မြေး၊အာ​သ​၏​သား​ဗေ​ရ​ခိ၊ ဧ​လ​ကာ​န​သည်​နေ​တော​ဖာ​သိ​မြို့​အ​ပိုင် နယ်​မြေ​သား​ဖြစ်​၏။ ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ထိုင်​သည့်​ဗိ​မာန်​တော် အ​စောင့်​တပ်​သား​များ​မှာ​ရှလ္လုံ၊ အက္ကုပ်၊ တာ လ​မုန်​နှင့်​အ​ဟိ​မန်​တို့​ဖြစ်​၏။ ရှလ္လုံ​သည်​သူ တို့​၏​ခေါင်း​ဆောင်​တည်း။- သူ​တို့​သည်​ယ​ခင်​အ​ခါ​က​သူ​တို့​သည် လေ​ဝိ​တဲ​စ​ခန်း​မှ​တံ​ခါး​စောင့်​များ​ဖြစ် သည်။ အ​ရှေ့​အ​ဝင်​ဝ​ရှင်​ဘု​ရင်​၏​တံ​ခါး ကို​စောင့်​ရ​ကြ​၏။ ဘု​ရား​သ​ခင်​၏​တဲ​စ​ခန်း​ကို​ဘိုး​ဘေး​တို့ တာ​ဝန်​ယူ​၍​စောင့်​ရ​ကြ​သ​ကဲ့​သို့ ဧ​ဗျာ​သပ် ၏​မြေး၊ ကော​ရ​၏​သား​ရှလ္လုံ​သည်​မိ​မိ​၏ အ​မျိုး​သား​များ​ဖြစ်​ကြ​သော အ​ခြား ကော​ရ​သိ​သား​ချင်း​စု​ဝင်​တို့​နှင့်​အ​တူ သန့်​ရှင်း​မြင့်​မြတ်​သည့်​တဲ​တော်​အ​ဝင်​ဝ ကို​စောင့်​ရန်​တာ​ဝန်​ယူ​ရ​၏။- ဧ​လာ​ဇာ​၏​သား​ဖိ​န​ဟတ်​သည်​အ​ခါ တစ်​ပါး​က ထို​သူ​တို့​အား​ကြီး​ကြပ်​အုပ် ချုပ်​ရ​လေ​သည်။ ထာ​ဝ​ရ​ဘု​ရား​သည် သူ​နှင့်​အ​တူ​ရှိ​တော်​မူ​၏။ မေ​ရှိ​လ​မိ​၏​သား​ဇာ​ခ​ရိ​သည်​လည်း ထာ​ဝ​ရ​ဘု​ရား​ကိန်း​ဝပ်​ရာ​တဲ​တော် တံ​ခါး​စောင့်​ဖြစ်​၏။ အ​ဝင်​ဝ​နှင့်​တံ​ခါး​ပေါက်​များ​အ​တွက် အ​စောင့်​တပ်​သား​များ​အ​ဖြစ် ရွေး​ချယ်​ခန့် ထား​ခြင်း​ခံ​ရ​သူ​များ​မှာ လူ​ပေါင်း​နှစ်​ရာ တစ်​ဆယ့်​နှစ်​ယောက်​ရှိ​သ​တည်း။ ထို​သူ​တို့ အား​မိ​မိ​တို့​နေ​ထိုင်​ရာ​ရပ်​ရွာ​များ​အ​လိုက် မှတ်​တမ်း​တင်​ထား​၏။ သူ​တို့​၏​ဘိုး​ဘေး​များ အား​ဤ​သို့​တာ​ဝန်​ရှိ​သည့်​အ​လုပ်​ကို​ပေး အပ်​ခဲ့​သူ​များ​မှာ​ဒါ​ဝိဒ်​မင်း​နှင့်​ပ​ရော ဖက်​ရှ​မွေ​လ​တို့​ဖြစ်​၏။- ထို​အ​စောင့်​တပ်​သား​များ​နှင့်​သား​မြေး​တို့ သည် ဆက်​လက်​၍​ဗိ​မာန်​တော်​အ​ဝင်​တံ​ခါး များ​ကို​စောင့်​ရ​ကြ​၏။- ဗိ​မာန်​တော်​၏​အ​ရှေ့​အ​နောက်​တောင်​မြောက် အ​ရပ်​လေး​မျက်​နှာ​တွင်​တံ​ခါး​တစ်​ပေါက် စီ​ရှိ​၏။ ထို​တံ​ခါး​တစ်​ပေါက်​စီ​တွင်​တံခါး မှူး​တစ်​ယောက်​စီ​ရှိ​၏။- ယင်း​တံ​ခါး​မှူး​တို့​အား​ရွာ​များ​တွင်​နေ​ထိုင် ကြ​သူ​ဆွေ​မျိုး​သား​ချင်း​တို့​က တစ်​ကြိမ် လျှင်​ခု​နစ်​ရက်​အ​လှည့်​ကျ​တံ​ခါး​စောင့် အ​လုပ်​တွင်​ကူ​ညီ​ရ​ကြ​လေ​သည်။- တံ​ခါး​မှူး​လေး​ယောက်​တို့​သည်​လေဝိ​အ​နွယ် ဝင်​များ​ဖြစ်​၍​လုံး​ဝ​တာ​ဝန်​ယူ​ရ​သည်။ ဗိ​မာန်​တော်​ရှိ​အ​ခန်း​များ​နှင့် ယင်း​တို့​တွင် သို​လှောင်​ထား​သော​ပစ္စည်း​များ​ကို​လည်း တာ​ဝန်​ယူ​၍​စောင့်​ထိန်း​ရ​ကြ​၏။- သူ​တို့​၏​တာ​ဝန်​ဝတ္တ​ရား​မှာ​ဗိ​မာန်​တော်​ကို စောင့်​ရန်​နှင့် တံ​ခါး​များ​ကို​နံ​နက်​တိုင်း​ဖွင့် ပေး​ရန်​ဖြစ်​သ​ဖြင့် သူ​တို့​သည်​ဗိ​မာန်​တော် အ​နီး​တွင်​နေ​ထိုင်​ရ​ကြ​၏။ အ​ချို့​သော​လေဝိ​အ​နွယ်​ဝင်​တို့​သည်​ကိုး​ကွယ် ဝတ်​ပြု​ရာ​၌​အ​သုံး​ပြု​သော​ခွက်​ဖ​လား​များ ကို​တာ​ဝန်​ယူ​ရ​ကြ​၏။ ခွက်​ဖ​လား​များ​ကို အ​သုံး​ပြု​သည့်​အ​ခါ​တိုင်း စစ်​ဆေး​၍​ထုတ် ပေး​ပြီး​နောက်​စစ်​ဆေး​၍​ပြန်​လည်​လက်​ခံ ရ​ကြ​၏။- အ​ချို့​သူ​တို့​မှာ​သန့်​ရှင်း​ရာ​ဌာ​န​တော်​ဆိုင် ရာ​အ​သုံး​အ​ဆောင်​တန်​ဆာ​များ၊ မုန့်​ညက်၊ စ​ပျစ်​ရည်၊ သံ​လွင်​ဆီ၊ လော်​ဗန်​နှင့်​နံ့​သာ မျိုး​တို့​ကို​ကြည့်​ရှု​သိမ်း​ဆည်း​ရန်​တာ​ဝန် ယူ​ရ​ကြ​၏။- သို့​ရာ​တွင်​နံ့သာ​မျိုး​တို့​ကို​ပေါင်း​စပ်​ရော နှော​သည့်​အ​လုပ်​မှာ​မူ ယဇ်​ပု​ရော​ဟိတ်​တို့ ၏​တာ​ဝန်​ဖြစ်​ပေ​သည်။ ကော​ရ​ဆွေ​မျိုး​စု​မှ​ရှလ္လုံ​၏​သား​ဦး​မတ္တိ​သိ နာ​မည်​ရှိ​သော​လေ​ဝိ​အ​နွယ်​ဝင်​တစ်​ယောက် သည် မီး​ဖြင့်​ဖုတ်​လုပ်​ရ​သည့်​ပူ​ဇော်​သ​ကာ များ​ကို​တာ​ဝန်​ယူ​၍​ပြင်​ဆင်​ရ​၏။- ကော​ဟတ်​သား​ချင်း​တွင်​ပါ​ဝင်​သူ​တို့​သည် ဥ​ပုသ်​နေ့​တိုင်း​ဗိ​မာန်​တော်​အ​တွက်​ရှေ့ တော်​မုန့်​ကို​ပြင်​ဆင်​ရ​ကြ​၏။ လေ​ဝိ​အိမ်​ထောင်​စု​အ​ချို့​တို့​သည်​ဗိ​မာန် တော်​တွင် ဂီ​တ​သီ​ဆို​တီး​မှုတ်​မှု​များ​ကို တာ​ဝန်​ယူ​ရ​ကြ​၏။ သူ​တို့​၏​အိမ်​ထောင် ဦး​စီး​များ​သည်​နေ့​ရော​ညည့်​ပါ​လုပ်​ဆောင် ရန်​လို​အပ်​သ​ဖြင့် ဗိ​မာန်​တော်​အ​ဆောက် အ​အုံ အ​ချို့​တို့​တွင်​နေ​ထိုင်​ရ​ကြ​၍ အ​ခြား​တာ​ဝန်​ဝတ္တ​ရား​များ​မှ​ကင်း လွတ်​ခွင့်​ရ​ရှိ​ကြ​၏။ အ​ထက်​တွင်​ဖော်​ပြ​ပါ​ရှိ​သော​အ​မျိုး​သား တို့​သည် မိ​မိ​တို့​ဘိုး​ဘေး​အ​ဆက်​အ​နွယ် စာ​ရင်း​များ​အ​ရ​လေ​ဝိ​အိမ်​ထောင်​ဦး​စီး များ​ဖြစ်​ကြ​၏။ သူ​တို့​သည်​ယေ​ရု​ရှ​လင် မြို့​တွင်​နေ​ထိုင်​သည့်​ခေါင်း​ဆောင်​များ​ဖြစ် ပေ​သည်။ ယေ​ဟေ​လ​သည်​ဂိ​ဗောင်​မြို့​ကို​တည်​ထောင်​၍ ထို​မြို့​တွင်​အ​ခြေ​စိုက်​နေ​ထိုင်​လေ​သည်။ သူ​၏​ဇနီး​မှာ​မာခါ​နာ​မည်​ရှိ​၏။- သူ​၏​သား​ဦး​ကား​အာ​ဗ​ဒုန်​ဖြစ်​၏။ သူ​၏ အ​ခြား​သား​များ​မှာ​ဇု​ရ၊ ကိ​ရှ၊ ဗာ​လ၊ နေ​ရ၊ နာ​ဒပ်၊- ဂေ​ဒေါ်၊ အ​ဟိ​သြ၊ ဇာ​ခ​ရိ၊ မိ​က​လုတ်​တို့ ဖြစ်​ကြ​၏။

၁ ရာဇဝင်ချုပ် 9:1-37 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အစ္စရေး​တစ်မျိုးနွယ်လုံး​၏​မျိုးရိုးစဉ်ဆက်​စာရင်း​ကို ရေးမှတ်​၍ အစ္စရေး​ဘုရင်​တို့​၏​ရာဇဝင်မှတ်တမ်း​တွင် မှတ်တမ်းတင်​ထား​၏​။ ယုဒ​လူမျိုး​တို့​မူကား မိမိ​တို့​ကျူးလွန်​မိ​သော​အမှား​များ​ကြောင့် ဘေဘီလုံ​မြို့​သို့ ဖမ်းခေါ်​သွား​ခြင်း ခံရ​ကြ​၏​။ ကိုယ့်​မြို့​ကိုယ့်​မြေ​များ​သို့ ဦးစွာ​ပြန်​နေထိုင်​ရ​သူ​တို့​မှာ အစ္စရေး​အမျိုးသား ယဇ်ပုရောဟိတ်​များ​၊ လေဝိ​အမျိုး​များ​၊ ဗိမာန်တော်​အစေအပါး​များ ဖြစ်​ကြ​၏​။ ဂျေရုဆလင်​မြို့​တွင်​နေထိုင်​ကြ​သော ယုဒ​အမျိုးသား​၊ ဗင်္ယာမိန်​အမျိုးသား​၊ ဧဖရိမ်​နှင့်​မနာရှေ​အမျိုးသား​တို့​တွင် ယုဒ​အမျိုးသား ဖာရက်​၏​သားမြေး​များ​မှ ဗာနိ​၏​တီ​၊ ဣမရိ​၏​မြစ်​၊ ဩမရိ​၏​မြေး​၊ အမိဟုဒ်​၏​သား ဥသဲ​၊ ရှိလောနိ​လူမျိုး​မှ သားဦး​အသာယ​နှင့် သူ​၏​သား​များ​၊ ဇေရ​၏​သားမြေး​များ​မှ ယွေလ​နှင့် သူ​၏​ဆွေမျိုးသားချင်း ပေါင်း​ခြောက်​ရာ​ကိုးဆယ်​၊ ဗင်္ယာမိန်​သားမြေး​များ​မှ ဟာသေနွာ​၏​မြစ်​၊ ဟောဒဝိ​၏​မြေး​၊ မေရှုလံ​၏​သား သလ္လု​၊ ယေရောဟံ​၏​သား ဣဗနိယ​၊ မိခရိ​၏​မြေး ဩဇိ​၏​သား ဧလာ​၊ ဣဗနိယ​၏​မြစ် ရွေလ​၏​မြေး ရှေဖတိ​၏​သား မေရှုလံ စသော​သူ​တို့​နှင့် ဆွေစဉ်မျိုးဆက်​စာရင်း​အရ သူ​တို့​၏​ဆွေမျိုးသားချင်း ပေါင်း​ကိုး​ရာ​ငါးဆယ့်​ခြောက်​ယောက် ပါ​၏​။ ဤ​သူ​အားလုံး​တို့​သည် သူ​တို့​ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အကြီးအမှူး​များ ဖြစ်​ကြ​၏​။ ယဇ်ပုရောဟိတ်​များ​တွင် ယေဒါယ​၊ ယောယရိပ်​၊ ယာခိန်​၊ အဟိတုပ်​၏​တွတ်​၊ မေရာယုတ်​၏​တီ​၊ ဇာဒုတ်​၏​မြစ်​၊ မေရှုလံ​၏​မြေး​၊ ဟိလခိ​၏​သား ဘုရားသခင်​၏​အိမ်တော်အုပ် အာဇရိ မာလခိယ​၏​မြစ်​၊ ပါရှုရ​၏​မြေး​၊ ယေရောဟံ​၏​သား​အဒါယ​နှင့် ဣမေရ​၏​တွတ်​၊ မေရှိလမိတ်​၏​တီ​၊ မေရှုလံ​၏​မြစ်​၊ ယာဇေရ​၏​မြေး​၊ အဒျေလ​၏​သား​မာရှဲ တို့​ပါ​ကြ​၏​။ သူ​တို့​သည် ကိုယ့်​ညီအစ်ကို​များ​တွင် သူ​တို့​ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အကြီးအမှူး​များ ဖြစ်​ကြ​ပြီး စုစုပေါင်း အယောက်​တစ်ထောင့်​ခုနစ်​ရာ​ခြောက်ဆယ် ရှိ​၏​။ ဘုရားသခင်​၏​အိမ်​တော်​၌ အမှု​တော်​ကို​ထမ်းဆောင်​ရန် အရည်အချင်း​ရှိ​သူ​များ ဖြစ်​၏​။ လေဝိ​အမျိုး​မှ မေရာရိ​သားမြေး​တွင် ဟာရှဘိ​၏​မြစ်​၊ အာဇရိကံ​၏​မြေး​၊ ဟာရှုပ်​၏​သား ရှေမာယ​၊ ဗာကဗက္ကာ​၊ ဟေရက်​၊ ဂလာလ​နှင့် အာသပ်​၏​မြစ်​၊ ဇိခရိ​၏​မြေး​၊ မိက္ခာ​၏​သား မတ္တနိ​၊ ယေဒုသုန်​၏​မြစ်​၊ ဂလာလ​၏​မြေး​၊ ရှေမာယ​၏​သား ဩဗဒိ​နှင့် နေတောဖာသိ​ရွာသား​ဖြစ်​သော ဧလကာန​၏​မြေး​၊ အာသ​၏​သား ဗေရခိ တို့​လည်း​ပါ​ကြ​၏​။ တံခါးစောင့်​များ​မှ ရှလ္လုံ​၊ အက္ကုပ်​၊ တာလမုန်​၊ အဟိမန်​နှင့် သူ​တို့​၏​ညီအစ်ကို​များ ပါ​၏​။ ရှလ္လုံ​သည် သူ​တို့​၏​အကြီးအမှူး ဖြစ်​၏​။ ရှလ္လုံ​သည် ယခုချိန်​ထိ ဘုရင်​ထွက်​ဝင်​ရာ​အရှေ့ဘက်​မြို့​တံခါး​၏​တံခါးမှူး ဖြစ်​၏​။ ဤ​သူ​တို့​သည် လေဝိ​သားမြေး​တို့​၏​တပ်စခန်း​၌ တံခါးစောင့်​များ ဖြစ်​ကြ​၏​။ ကောရေ​၏​မြစ်​၊ ဧဗျာသပ်​၏​မြေး​၊ ကောရ​၏​သား ရှလ္လုံ​နှင့် သူ​၏​ဘိုးဘေး​အိမ်ထောင်စု​မှ ဆွေမျိုးသားချင်း​ဖြစ်​သော ကောရ​အမျိုး​တို့​သည် တဲ​တော်​တံခါး စောင့်ကြပ်​သော​အမှု​ကို ထမ်းဆောင်​ရ​သူ​များ ဖြစ်​၏​။ သူ​တို့​၏​ဘိုးဘေး​များ​သည်​လည်း ထာဝရဘုရား​ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​ဝင်ပေါက်​ကို စောင့်ကြပ်​ခဲ့​ရ​သူ​များ ဖြစ်​၏​။ ယခင်က သူ​တို့​၏​ခေါင်းဆောင်​မှာ ဧလာဇာ​၏​သား ဖိနဟတ် ဖြစ်​၏​။ ထာဝရဘုရား​သည် သူ​နှင့်အတူ ပါရှိ​ခဲ့​၏​။ မေရှလေမိ​၏​သား ဇာခရိ​သည် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ဝင်ပေါက်​ကို စောင့်ကြပ်​ရ​သူ​ဖြစ်​၏​။ တံခါးခုံ​၌ တံခါးစောင့်​အဖြစ် ရွေးချယ်​ခန့်ထား​ခြင်း​ခံရ​သော​သူ​အားလုံး​မှာ နှစ်ရာ​တစ်ဆယ့်​နှစ်​ယောက် ရှိ​၏​။ သူ​တို့​သည် ကိုယ့်​ရပ်ရွာ​တွင် စာရင်းဝင်​သူ​များ​ဖြစ်​ပြီး ဒါဝိဒ်​မင်းကြီး​နှင့် စိတ်အာရုံရသူ​ရှမွေလ​တို့​က သူ​တို့​ကို သစ္စာရှိသူ​များ​အဖြစ် တာဝန်ပေး​ခန့်အပ်​ထား​ခဲ့​၏​။ သူ​တို့​နှင့် သူ​တို့​၏​သားမြေး​တို့​သည် တဲ​တော်​ဖြစ်​သော​ထာဝရဘုရား​၏​အိမ်​တော်​တံခါး​ကို စောင့်ကြပ်ရသူ​များ ဖြစ်​၏​။ တံခါးစောင့်​တို့​သည် အရှေ့​၊ အနောက်​၊ တောင်​၊ မြောက် လေး​မျက်နှာ​လုံး​တွင် စောင့်ကြပ်​ကြ​ရ​၏​။ ကျေးရွာ​များ​မှ သူ​တို့​၏​ညီအစ်ကို​များ​က​လည်း လာ​၍ သူ​တို့​နှင့်အတူ ခုနစ်​ရက်​တစ်ကြိမ် စောင့်ကြပ်​ပေး​လေ့​ရှိ​၏​။ သစ္စာရှိ​သော​လေဝိ​အမျိုးသား​တံခါးမှူး​လေး​ယောက်​မှာ ဘုရားသခင်​၏​အိမ်​တော်​ဘဏ္ဍာတိုက်​နှင့် အခန်း​များ​ကို စောင့်ကြပ်​ပေး​ရ​၏​။ သူ​တို့​သည် အစောင့်တာဝန်​များ​ကို​သာမက နံနက်တိုင်း တံခါး​သော့​ဖွင့်​ပေး​ရ​သော​တာဝန်​ကို​ပါ ယူ​ရ​သဖြင့် ဘုရားသခင်​၏​အိမ်​တော်​ဝန်းကျင်​တွင်ပင် ညအိပ်​ရ​၏​။ အချို့​မှာ အမှု​တော်​နှင့်ဆိုင်သော အသုံးအဆောင်​များ​ကို ထိန်းသိမ်း​ပေး​ရ​၏​။ ထို​အသုံးအဆောင်​များ​ကို ထုတ်ပေး​သောအခါ ရေတွက်​ပြီး ပြန်လည်​သိမ်းဆည်း​သောအခါ ရေတွက်​စိစစ်​ပေး​ရ​၏​။ အချို့​မှာ သန့်ရှင်းရာဌာန​၏​အသုံးအဆောင်​အားလုံး​နှင့် ဂျုံမှုန့်​၊ စပျစ်ဝိုင်​၊ ဆီ​၊ လော်ဗန်​၊ အမွှေးနံ့သာ စသည့်​အသုံးအဆောင်​တို့​ကို ထိန်းသိမ်း​ပေး​ရ​၏​။ ယဇ်ပုရောဟိတ်​တို့​၏​သားမြေး​အချို့​တို့​သည် အမွှေးနံ့သာဆီ​များ​ကို ဖော်စပ်​ပေး​ရ​၏​။ လေဝိ​အမျိုးသား ကောရ​အမျိုး ရှလ္လုံ​၏​သားဦး မတ္တိသိ​သည် အိုးကင်း​ဖြင့်​မုန့်ဖုတ်​သော​တာဝန်​ကို ယူ​ရ​၏​။ သူ​တို့​၏​ဆွေမျိုးသားချင်း ကောဟတ်​၏​သားမြေး​အချို့​မှာ​မူ ဥပုသ်နေ့​တိုင်း တင်လှူ​ရ​သော​ရှေ့တော်မုန့်​ကို ပြင်ဆင်​ပေး​ရ​၏​။ အိမ်​တော်​အခန်း​များ​တွင်​နေထိုင်​ရ​သော လေဝိ​မျိုးနွယ်စု​ခေါင်းဆောင်​သီချင်းသည်​တို့​သည် နေ့ရောညပါ​အမှု​တော်​ထမ်း​ရ​သောကြောင့် အခြား​တာဝန်​များ​နှင့် ကင်းလွတ်​ခွင့်​ရ​ကြ​၏​။ ဤ​လေဝိ​အမျိုး​၏​ဘိုးဘေး​အိမ်ထောင်စု​အကြီးအမှူး​များ​သည် ဆွေစဉ်မျိုးဆက်​ခေါင်းဆောင်​အလိုက် ဂျေရုဆလင်​မြို့​တွင် နေထိုင်​ကြ​၏​။ ဂိဗောင်​၏​ဖခင်​ယေယေလ​သည် ဂိဗောင်​မြို့​တွင် နေထိုင်​၏​။ သူ့​မယား​၏​အမည်​မှာ မာခါ ဖြစ်​၏​။ သူ​၏​သား​များ​မှာ သားဦး​အာဗဒုန်​၊ ဇုရ​၊ ကိရှ​၊ ဗာလ​၊ နေရ​၊ နာဒပ်​၊ ဂေဒေါ်​၊ အဟိဩ​၊ ဇာခရိ​၊ မိကလုတ် တို့​ဖြစ်​ကြ​၏​။