YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရာဇဝင်ချုပ်ပထမစောင် 9:1-37

ရာဇဝင်ချုပ်ပထမစောင် 9:1-37 MSBU

အစ္စရေး​တစ်မျိုးနွယ်လုံး​၏​မျိုးရိုးစဉ်ဆက်​စာရင်း​ကို ရေးမှတ်​၍ အစ္စရေး​ဘုရင်​တို့​၏​ရာဇဝင်မှတ်တမ်း​တွင် မှတ်တမ်းတင်​ထား​၏​။ ယုဒ​လူမျိုး​တို့​မူကား မိမိ​တို့​ကျူးလွန်​မိ​သော​အမှား​များ​ကြောင့် ဘေဘီလုံ​မြို့​သို့ ဖမ်းခေါ်​သွား​ခြင်း ခံရ​ကြ​၏​။ ကိုယ့်​မြို့​ကိုယ့်​မြေ​များ​သို့ ဦးစွာ​ပြန်​နေထိုင်​ရ​သူ​တို့​မှာ အစ္စရေး​အမျိုးသား ယဇ်ပုရောဟိတ်​များ​၊ လေဝိ​အမျိုး​များ​၊ ဗိမာန်တော်​အစေအပါး​များ ဖြစ်​ကြ​၏​။ ဂျေရုဆလင်​မြို့​တွင်​နေထိုင်​ကြ​သော ယုဒ​အမျိုးသား​၊ ဗင်္ယာမိန်​အမျိုးသား​၊ ဧဖရိမ်​နှင့်​မနာရှေ​အမျိုးသား​တို့​တွင် ယုဒ​အမျိုးသား ဖာရက်​၏​သားမြေး​များ​မှ ဗာနိ​၏​တီ​၊ ဣမရိ​၏​မြစ်​၊ ဩမရိ​၏​မြေး​၊ အမိဟုဒ်​၏​သား ဥသဲ​၊ ရှိလောနိ​လူမျိုး​မှ သားဦး​အသာယ​နှင့် သူ​၏​သား​များ​၊ ဇေရ​၏​သားမြေး​များ​မှ ယွေလ​နှင့် သူ​၏​ဆွေမျိုးသားချင်း ပေါင်း​ခြောက်​ရာ​ကိုးဆယ်​၊ ဗင်္ယာမိန်​သားမြေး​များ​မှ ဟာသေနွာ​၏​မြစ်​၊ ဟောဒဝိ​၏​မြေး​၊ မေရှုလံ​၏​သား သလ္လု​၊ ယေရောဟံ​၏​သား ဣဗနိယ​၊ မိခရိ​၏​မြေး ဩဇိ​၏​သား ဧလာ​၊ ဣဗနိယ​၏​မြစ် ရွေလ​၏​မြေး ရှေဖတိ​၏​သား မေရှုလံ စသော​သူ​တို့​နှင့် ဆွေစဉ်မျိုးဆက်​စာရင်း​အရ သူ​တို့​၏​ဆွေမျိုးသားချင်း ပေါင်း​ကိုး​ရာ​ငါးဆယ့်​ခြောက်​ယောက် ပါ​၏​။ ဤ​သူ​အားလုံး​တို့​သည် သူ​တို့​ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အကြီးအမှူး​များ ဖြစ်​ကြ​၏​။ ယဇ်ပုရောဟိတ်​များ​တွင် ယေဒါယ​၊ ယောယရိပ်​၊ ယာခိန်​၊ အဟိတုပ်​၏​တွတ်​၊ မေရာယုတ်​၏​တီ​၊ ဇာဒုတ်​၏​မြစ်​၊ မေရှုလံ​၏​မြေး​၊ ဟိလခိ​၏​သား ဘုရားသခင်​၏​အိမ်တော်အုပ် အာဇရိ မာလခိယ​၏​မြစ်​၊ ပါရှုရ​၏​မြေး​၊ ယေရောဟံ​၏​သား​အဒါယ​နှင့် ဣမေရ​၏​တွတ်​၊ မေရှိလမိတ်​၏​တီ​၊ မေရှုလံ​၏​မြစ်​၊ ယာဇေရ​၏​မြေး​၊ အဒျေလ​၏​သား​မာရှဲ တို့​ပါ​ကြ​၏​။ သူ​တို့​သည် ကိုယ့်​ညီအစ်ကို​များ​တွင် သူ​တို့​ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အကြီးအမှူး​များ ဖြစ်​ကြ​ပြီး စုစုပေါင်း အယောက်​တစ်ထောင့်​ခုနစ်​ရာ​ခြောက်ဆယ် ရှိ​၏​။ ဘုရားသခင်​၏​အိမ်​တော်​၌ အမှု​တော်​ကို​ထမ်းဆောင်​ရန် အရည်အချင်း​ရှိ​သူ​များ ဖြစ်​၏​။ လေဝိ​အမျိုး​မှ မေရာရိ​သားမြေး​တွင် ဟာရှဘိ​၏​မြစ်​၊ အာဇရိကံ​၏​မြေး​၊ ဟာရှုပ်​၏​သား ရှေမာယ​၊ ဗာကဗက္ကာ​၊ ဟေရက်​၊ ဂလာလ​နှင့် အာသပ်​၏​မြစ်​၊ ဇိခရိ​၏​မြေး​၊ မိက္ခာ​၏​သား မတ္တနိ​၊ ယေဒုသုန်​၏​မြစ်​၊ ဂလာလ​၏​မြေး​၊ ရှေမာယ​၏​သား ဩဗဒိ​နှင့် နေတောဖာသိ​ရွာသား​ဖြစ်​သော ဧလကာန​၏​မြေး​၊ အာသ​၏​သား ဗေရခိ တို့​လည်း​ပါ​ကြ​၏​။ တံခါးစောင့်​များ​မှ ရှလ္လုံ​၊ အက္ကုပ်​၊ တာလမုန်​၊ အဟိမန်​နှင့် သူ​တို့​၏​ညီအစ်ကို​များ ပါ​၏​။ ရှလ္လုံ​သည် သူ​တို့​၏​အကြီးအမှူး ဖြစ်​၏​။ ရှလ္လုံ​သည် ယခုချိန်​ထိ ဘုရင်​ထွက်​ဝင်​ရာ​အရှေ့ဘက်​မြို့​တံခါး​၏​တံခါးမှူး ဖြစ်​၏​။ ဤ​သူ​တို့​သည် လေဝိ​သားမြေး​တို့​၏​တပ်စခန်း​၌ တံခါးစောင့်​များ ဖြစ်​ကြ​၏​။ ကောရေ​၏​မြစ်​၊ ဧဗျာသပ်​၏​မြေး​၊ ကောရ​၏​သား ရှလ္လုံ​နှင့် သူ​၏​ဘိုးဘေး​အိမ်ထောင်စု​မှ ဆွေမျိုးသားချင်း​ဖြစ်​သော ကောရ​အမျိုး​တို့​သည် တဲ​တော်​တံခါး စောင့်ကြပ်​သော​အမှု​ကို ထမ်းဆောင်​ရ​သူ​များ ဖြစ်​၏​။ သူ​တို့​၏​ဘိုးဘေး​များ​သည်​လည်း ထာဝရဘုရား​ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​ဝင်ပေါက်​ကို စောင့်ကြပ်​ခဲ့​ရ​သူ​များ ဖြစ်​၏​။ ယခင်က သူ​တို့​၏​ခေါင်းဆောင်​မှာ ဧလာဇာ​၏​သား ဖိနဟတ် ဖြစ်​၏​။ ထာဝရဘုရား​သည် သူ​နှင့်အတူ ပါရှိ​ခဲ့​၏​။ မေရှလေမိ​၏​သား ဇာခရိ​သည် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ဝင်ပေါက်​ကို စောင့်ကြပ်​ရ​သူ​ဖြစ်​၏​။ တံခါးခုံ​၌ တံခါးစောင့်​အဖြစ် ရွေးချယ်​ခန့်ထား​ခြင်း​ခံရ​သော​သူ​အားလုံး​မှာ နှစ်ရာ​တစ်ဆယ့်​နှစ်​ယောက် ရှိ​၏​။ သူ​တို့​သည် ကိုယ့်​ရပ်ရွာ​တွင် စာရင်းဝင်​သူ​များ​ဖြစ်​ပြီး ဒါဝိဒ်​မင်းကြီး​နှင့် စိတ်အာရုံရသူ​ရှမွေလ​တို့​က သူ​တို့​ကို သစ္စာရှိသူ​များ​အဖြစ် တာဝန်ပေး​ခန့်အပ်​ထား​ခဲ့​၏​။ သူ​တို့​နှင့် သူ​တို့​၏​သားမြေး​တို့​သည် တဲ​တော်​ဖြစ်​သော​ထာဝရဘုရား​၏​အိမ်​တော်​တံခါး​ကို စောင့်ကြပ်ရသူ​များ ဖြစ်​၏​။ တံခါးစောင့်​တို့​သည် အရှေ့​၊ အနောက်​၊ တောင်​၊ မြောက် လေး​မျက်နှာ​လုံး​တွင် စောင့်ကြပ်​ကြ​ရ​၏​။ ကျေးရွာ​များ​မှ သူ​တို့​၏​ညီအစ်ကို​များ​က​လည်း လာ​၍ သူ​တို့​နှင့်အတူ ခုနစ်​ရက်​တစ်ကြိမ် စောင့်ကြပ်​ပေး​လေ့​ရှိ​၏​။ သစ္စာရှိ​သော​လေဝိ​အမျိုးသား​တံခါးမှူး​လေး​ယောက်​မှာ ဘုရားသခင်​၏​အိမ်​တော်​ဘဏ္ဍာတိုက်​နှင့် အခန်း​များ​ကို စောင့်ကြပ်​ပေး​ရ​၏​။ သူ​တို့​သည် အစောင့်တာဝန်​များ​ကို​သာမက နံနက်တိုင်း တံခါး​သော့​ဖွင့်​ပေး​ရ​သော​တာဝန်​ကို​ပါ ယူ​ရ​သဖြင့် ဘုရားသခင်​၏​အိမ်​တော်​ဝန်းကျင်​တွင်ပင် ညအိပ်​ရ​၏​။ အချို့​မှာ အမှု​တော်​နှင့်ဆိုင်သော အသုံးအဆောင်​များ​ကို ထိန်းသိမ်း​ပေး​ရ​၏​။ ထို​အသုံးအဆောင်​များ​ကို ထုတ်ပေး​သောအခါ ရေတွက်​ပြီး ပြန်လည်​သိမ်းဆည်း​သောအခါ ရေတွက်​စိစစ်​ပေး​ရ​၏​။ အချို့​မှာ သန့်ရှင်းရာဌာန​၏​အသုံးအဆောင်​အားလုံး​နှင့် ဂျုံမှုန့်​၊ စပျစ်ဝိုင်​၊ ဆီ​၊ လော်ဗန်​၊ အမွှေးနံ့သာ စသည့်​အသုံးအဆောင်​တို့​ကို ထိန်းသိမ်း​ပေး​ရ​၏​။ ယဇ်ပုရောဟိတ်​တို့​၏​သားမြေး​အချို့​တို့​သည် အမွှေးနံ့သာဆီ​များ​ကို ဖော်စပ်​ပေး​ရ​၏​။ လေဝိ​အမျိုးသား ကောရ​အမျိုး ရှလ္လုံ​၏​သားဦး မတ္တိသိ​သည် အိုးကင်း​ဖြင့်​မုန့်ဖုတ်​သော​တာဝန်​ကို ယူ​ရ​၏​။ သူ​တို့​၏​ဆွေမျိုးသားချင်း ကောဟတ်​၏​သားမြေး​အချို့​မှာ​မူ ဥပုသ်နေ့​တိုင်း တင်လှူ​ရ​သော​ရှေ့တော်မုန့်​ကို ပြင်ဆင်​ပေး​ရ​၏​။ အိမ်​တော်​အခန်း​များ​တွင်​နေထိုင်​ရ​သော လေဝိ​မျိုးနွယ်စု​ခေါင်းဆောင်​သီချင်းသည်​တို့​သည် နေ့ရောညပါ​အမှု​တော်​ထမ်း​ရ​သောကြောင့် အခြား​တာဝန်​များ​နှင့် ကင်းလွတ်​ခွင့်​ရ​ကြ​၏​။ ဤ​လေဝိ​အမျိုး​၏​ဘိုးဘေး​အိမ်ထောင်စု​အကြီးအမှူး​များ​သည် ဆွေစဉ်မျိုးဆက်​ခေါင်းဆောင်​အလိုက် ဂျေရုဆလင်​မြို့​တွင် နေထိုင်​ကြ​၏​။ ဂိဗောင်​၏​ဖခင်​ယေယေလ​သည် ဂိဗောင်​မြို့​တွင် နေထိုင်​၏​။ သူ့​မယား​၏​အမည်​မှာ မာခါ ဖြစ်​၏​။ သူ​၏​သား​များ​မှာ သားဦး​အာဗဒုန်​၊ ဇုရ​၊ ကိရှ​၊ ဗာလ​၊ နေရ​၊ နာဒပ်​၊ ဂေဒေါ်​၊ အဟိဩ​၊ ဇာခရိ​၊ မိကလုတ် တို့​ဖြစ်​ကြ​၏​။