YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရာဇဝင်ချုပ် 23:27-32

၁ ရာဇဝင်ချုပ် 23:27-32 Judson Bible (JBMLE)

နောက်​ဆုံး အ​မိန့်​တော်​အ​တိုင်း၊ အ​သက်​နှစ်​ဆယ်​လွန်​သော လေ​ဝိ​သား​တို့​ကို စာ​ရင်း​ယူ​ရ၏။ အ​ကြောင်း​မူ​ကား၊ လေ​ဝိ​သား​တို့​သည် အာ​ရုန်​သား​တို့၏​လက်​ထောက်​ဖြစ်​သည်​နှင့်​အ​ညီ၊ သန့်​ရှင်း​သော​အ​ရာ​ရှိ​သ​မျှ​တို့​ကို စင်​ကြယ်​စေ၍၊ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​နှင့် တံ​တိုင်း​များ၊ အ​ခန်း​များ၌​အ​မှု​ကို ဆောင်​ရွက်​ရ​ကြ​မည်။ ရှေ့​တော်​မုန့်​ကို​လည်း​ကောင်း၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ မုန့်​ညက်​ကို​လည်း​ကောင်း၊ တ​ဆေး​မဲ့​မုန့်​ပြား၊ သံ​ပြား​နှင့်​ဖုတ်​သော မုန့်၊ မုန့်​ဆီ​ကြော်​ကို​လည်း​ကောင်း​လုပ်၍ ဘု​ရား​သ​ခင်၏​အိမ်​တော်​အ​မှု​ကို​လည်း ဆောင်​ရွက်​ရ​ကြ​မည်။ တိုင်း​ထွာ၊ ချိန်​တွယ်၊ ခြင်​တွက်​ခြင်း အ​မှု​အ​မျိုး​မျိုး​ကို​လည်း စီ​ရင်​ရ​ကြ​မည်။ နံ​နက်​တိုင်း၊ ညဉ့်​ဦး​တိုင်း​ရပ်​လျက်၊ ကျေး​ဇူး​တော်​ကြီး​လှ​ပါ၏​ဟု ဝန်​ခံ၍ ထာ​ဝ​ရ​ဘု​ရား၏ ဂုဏ်​တော်​ကို​လည်း ချီး​မွမ်း​ရ​ကြ​မည်။ ပ​ညတ်​တ​ရား​တော်​အ​တိုင်း ဥ​ပုသ်​နေ့၊ လ​ဆန်း​နေ့၊ ဓ​မ္မ​ပွဲ​နေ့၊ အ​စဉ်​မ​ပြတ်​ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ မီး​ရှို့​ရာ​ယဇ်​မျိုး​တို့​ကို ပူ​ဇော်​ရ​ကြ​မည်။ ပ​ရိ​သတ်​စည်း​ဝေ​ရာ တဲ​တော်​ကို​လည်း​ကောင်း၊ သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​အိမ်​တော်၌ အ​မှု​တော်​ကို ဆောင်​ရွက်​သော ညီ​အစ်​ကို​အာ​ရုန်​သား​တို့​ကို​လည်း​ကောင်း စောင့်​ရ​ကြ​မည်။

၁ ရာဇဝင်ချုပ် 23:27-32 Common Language Bible (BCL)

ဒါ​ဝိဒ်​၏​နောက်​ဆုံး​ညွှန်​ကြား​ချက်​များ​အ​ရ အ​သက်​နှစ်​ဆယ်​ပြည့်​သူ လေ​ဝိ​အ​နွယ်​ဝင် အ​ပေါင်း​တို့​သည်​အ​မှု​ဆောင်​ရန်​မှတ်​ပုံ​တင် ရ​ကြ​၏။- သူ​တို့​၏​အ​လုပ်​ဝတ္တ​ရား​များ​မှာ​ဗိ​မာန်​တော် တွင် ဝတ်​ပြု​ကိုး​ကွယ်​မှု​၌​အာ​ရုန်​၏​သား​မြေး ယဇ်​ပု​ရော​ဟိတ်​တို့​အား​ကူ​ညီ​ရန်၊ ဗိ​မာန် တော်​ဝင်း​နှင့်​အ​ခန်း​များ​ကို​ကြည့်​ရှု​စောင့် ထိန်း​ရန်၊ အ​မွန်​အ​မြတ်​ထား​သည့်​အ​ရာ ဟူ​သ​မျှ​ကို​သန့်​စင်​စွာ​ထား​ရှိ​ရန်​တို့​ဖြစ်​၏။- သူ​တို့​သည်​ဘု​ရား​သ​ခင်​အား​ပူ​ဇော်​သည့်​မုန့်၊ ပူ​ဇော်​သ​ကာ​အ​ဖြစ်​အ​သုံး​ပြု​သည့်​မုန့်​ညက်၊ တ​ဆေး​မဲ့​မုန့်​ပြား​များ၊ မီး​ဖြင့်​ထုတ်​လုပ်​သည့် ပူ​ဇော်​သ​ကာ​များ၊ ဆီ​နှင့်​ရော​သော​မုန့်​ညက် တို့​အ​တွက်​တာ​ဝန်​ယူ​ရ​ကြ​၏။ သူ​တို့​သည် ဗိ​မာန်​တော်​ပူ​ဇော်​သ​ကာ​များ​ချိန်​တွယ်​မှု ကို​လည်း​တာ​ဝန်​ယူ​ရ​ကြ​၏။- သူ​တို့​သည်​နံ​နက်​တိုင်း​ည​နေ​တိုင်း​ဥ​ပုသ် နေ့၊ လ​ဆန်း​ပွဲ​တော်​နေ့​များ​တွင်​ပူ​ဇော် သ​ကာ​ဆက်​သ​ချိန်​တိုင်း ထာ​ဝ​ရ​ဘု​ရား ကို​ထော​မ​နာ​ပြု​၍​ဘုန်း​အ​သ​ရေ​တော် ချီး​ကူး​ရ​ကြ​၏။ ဤ​အ​မှု​ကို​တစ်​ကြိမ် လျှင်​လေ​ဝိ​အ​နွယ်​ဝင်​မည်​မျှ​ဆောင်​ရွက် ရ​မည်​ကို​သတ်​မှတ်​ထား​သည့်​နည်း​ဥ​ပ​ဒေ များ​ရှိ​၏။ လေဝိ​အ​နွယ်​ဝင်​တို့​အ​စဉ်​အ​မြဲ ထမ်း​ဆောင်​ရ​ကြ​သည့် တာ​ဝန်​ဝတ္တ​ရား​မှာ ထာ​ဝ​ရ​ဘု​ရား​အား​ရှိ​ခိုး​ဝတ်​ပြု​ကြ ရန်​ပင်​ဖြစ်​ပေ​သည်။- သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကိန်း​ဝပ်​တော်​မူ ရာ​တဲ​တော်​နှင့် ဗိ​မာန်​တော်​ကို​ကြည့်​ရှု​စောင့် ရှောက်​ကြ​ရန်​လည်း​ကောင်း၊ မိ​မိ​တို့​၏​ဆွေ​မျိုး များ​ဖြစ်​သော​အာ​ရုန်​၏​သား​မြေး​ယဇ်​ပု​ရော ဟိတ်​တို့​အား ဗိ​မာန်​တော်​တွင်​ဝတ်​ပြု​ကိုး​ကွယ် မှု​၌​ကူ​ညီ​ကြ​ရန်​လည်း​ကောင်း​တာ​ဝန်​ယူ​ရ ကြ​၏။

၁ ရာဇဝင်ချုပ် 23:27-32 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထိုသို့ဖြင့် ဒါဝိဒ်​မင်းကြီး​၏​နောက်ဆုံး​အမိန့်​တော်​အတိုင်း အသက်​နှစ်ဆယ်​နှင့်​အထက် လေဝိ​သားမြေး​တို့​ကို စာရင်းကောက်​ကြ​၏​။ သူ​တို့​၏​တာဝန်​မှာ အာရုန်​၏​သားမြေး​များ ထာဝရဘုရား​၏​အိမ်​တော်​တွင် အမှု​တော်​ထမ်းဆောင်​သောအခါ ဝိုင်းကူ​ပေး​ရန်​ဖြစ်​၏​။ အိမ်​တော်​ဝင်း​၊ အိမ်​တော်​အခန်း​များ​၊ သန့်ရှင်းရာဌာန​ရှိ​အရာ​အားလုံး သန့်ရှင်းသပ်ရပ်​အောင်​ဆောင်ရွက်​ရန်​နှင့် ဘုရားသခင်​၏​အိမ်​တော်​အမှု​ကို ထမ်းဆောင်​ရန်​အတွက်​ဖြစ်​၏​။ ဆင့်​ထား​သော​ရှေ့တော်မုန့်​၊ ဘောဇဉ်ပူဇော်သက္ကာ​ဖို့ အကောင်းဆုံး​ဂျုံမှုန့်​၊ တဆေးမဲ့​မုန့်ကြွပ်​၊ ဒယ်ပြား​နှင့်​လုပ်​သော​မုန့်​၊ ဆီ​နှင့်​ကြော်​သော​မုန့် စသည်​တို့​နှင့် ချိန်ခွက်​အရွယ်အစား အမျိုးမျိုး​တို့​ကို တာဝန်ယူ​လုပ်ဆောင်​ရ​၏​။ နံနက်တိုင်း ထာဝရဘုရား​၏​ကျေးဇူး​တော်​ချီးမွမ်း​ဖို့ ရှေ့​တော်​တွင် ရပ်​နေ​ရ​သကဲ့သို့ ညနေခင်း​တွင်​လည်း ထိုနည်းတူ​ပြု​၏​။ ဥပုသ်နေ့​၊ လဆန်းနေ့​၊ သတ်မှတ်​ထား​သော​ပွဲတော်​နေ့​များ​တွင် ထာဝရဘုရား​ထံ ပူဇော်​ရ​မည့်​မီးရှို့ရာယဇ်​အားလုံး​ကို စီရင်ထုံးဖွဲ့​ထား​သော​အရေအတွက်​နှင့်အညီ ထာဝရဘုရား​ရှေ့​တော်​၌ ပုံမှန်​ပူဇော်​ရ​၏​။ ထိုသို့ သူ​တို့​သည် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​၌​ဆောင်ရွက်​ရ​မည့်​အမှု​များ​၊ သန့်ရှင်းရာဌာန​၌​ဆောင်ရွက်​ရ​မည့်​အမှု​များ​၊ အာရုန်​၏​သားမြေး​နှင့် သူ​တို့​၏​ဆွေမျိုးသားချင်း​တို့​အတွက်​ဆောင်ရွက်​ရ​မည့်​အမှု​များ စသည်ဖြင့် ထာဝရဘုရား​၏​အိမ်​တော်​အမှု​ကို လိုက်နာဆောင်ရွက်​ကြ​ရ​၏​။