နောက်ဆုံး အမိန့်တော်အတိုင်း၊ အသက်နှစ်ဆယ်လွန်သော လေဝိသားတို့ကို စာရင်းယူရ၏။ အကြောင်းမူကား၊ လေဝိသားတို့သည် အာရုန်သားတို့၏လက်ထောက်ဖြစ်သည်နှင့်အညီ၊ သန့်ရှင်းသောအရာရှိသမျှတို့ကို စင်ကြယ်စေ၍၊ ထာဝရဘုရား၏အိမ်တော်နှင့် တံတိုင်းများ၊ အခန်းများ၌အမှုကို ဆောင်ရွက်ရကြမည်။ ရှေ့တော်မုန့်ကိုလည်းကောင်း၊ ဘောဇဉ်ပူဇော်သကာ မုန့်ညက်ကိုလည်းကောင်း၊ တဆေးမဲ့မုန့်ပြား၊ သံပြားနှင့်ဖုတ်သော မုန့်၊ မုန့်ဆီကြော်ကိုလည်းကောင်းလုပ်၍ ဘုရားသခင်၏အိမ်တော်အမှုကိုလည်း ဆောင်ရွက်ရကြမည်။ တိုင်းထွာ၊ ချိန်တွယ်၊ ခြင်တွက်ခြင်း အမှုအမျိုးမျိုးကိုလည်း စီရင်ရကြမည်။ နံနက်တိုင်း၊ ညဉ့်ဦးတိုင်းရပ်လျက်၊ ကျေးဇူးတော်ကြီးလှပါ၏ဟု ဝန်ခံ၍ ထာဝရဘုရား၏ ဂုဏ်တော်ကိုလည်း ချီးမွမ်းရကြမည်။ ပညတ်တရားတော်အတိုင်း ဥပုသ်နေ့၊ လဆန်းနေ့၊ ဓမ္မပွဲနေ့၊ အစဉ်မပြတ်ထာဝရဘုရားရှေ့တော်၌ မီးရှို့ရာယဇ်မျိုးတို့ကို ပူဇော်ရကြမည်။ ပရိသတ်စည်းဝေရာ တဲတော်ကိုလည်းကောင်း၊ သန့်ရှင်းရာဌာနတော်ကိုလည်းကောင်း၊ ထာဝရဘုရားအိမ်တော်၌ အမှုတော်ကို ဆောင်ရွက်သော ညီအစ်ကိုအာရုန်သားတို့ကိုလည်းကောင်း စောင့်ရကြမည်။
၁ ရာဇဝင်ချုပ် 23 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ၁ ရာဇဝင်ချုပ် 23:27-32
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ