၁ ရာဇဝင်ချုပ် 15:1-2
၁ ရာဇဝင်ချုပ် 15:1-2 Judson Bible (JBMLE)
ထိုနောက် ဒါဝိဒ်မြို့၌ အိမ်တော်တို့ကို ဆောက်တော်မူ၏။ ဘုရားသခင်၏သေတ္တာတော်ဌာနကို ပြင်၍ တဲတော်ကိုလည်း တည်တော်မူပြီးမှ၊ ဒါဝိဒ်က၊ ဘုရားသခင်၏ သေတ္တာတော်ကိုထမ်း၍ ရှေ့တော်၌ အမှုတော်ကိုအစဉ်စောင့်စေခြင်းငှာ ထာဝရဘုရားသည် လေဝိသားတို့ကို ရွေးချယ်တော်မူသောကြောင့်၊ အခြားတစ်ပါးသော သူတို့သည် ဘုရားသခင်၏သေတ္တာတော်ကို မထမ်းရကြဟုဆိုလျက်၊
၁ ရာဇဝင်ချုပ် 15:1-2 Common Language Bible (BCL)
ဒါဝိဒ်သည်မိမိ၏အတွက်အိမ်တော်တို့ကို ယေရုရှလင်မြို့တွင်တည်ဆောက်၏။ ဘုရားသခင်၏ပဋိညာဉ်သေတ္တာတော်အတွက်လည်း နေရာတစ်နေရာကိုအသင့်ပြင်ဆင်ကာ တဲတော်တစ်ဆောင်ကိုဆောက်လုပ်လေသည်။- ထိုနောက်မင်းကြီးက``ထာဝရဘုရားသည် မိမိ၏ပဋိညာဉ်သေတ္တာတော်ကိုပင့်ဆောင်ရန် နှင့် အစဉ်အမြဲကိုယ်တော်၏အမှုတော်ကို ထမ်းဆောင်ရန် လေဝိအနွယ်ဝင်တို့ကိုသာ လျှင်ရွေးချယ်ခန့်ထားတော်မူသည်ဖြစ်၍ ထိုသူတို့သာလျှင်ပဋိညာဉ်သေတ္တာတော် ကိုပင့်ဆောင်ရကြပေမည်'' ဟုမိန့်တော် မူလျက်၊
၁ ရာဇဝင်ချုပ် 15:1-2 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထို့နောက်တွင် ဒါဝိဒ်မင်းကြီးသည် ဒါဝိဒ်မြို့၌ မိမိအဖို့နန်းတော်ကို တည်ဆောက်၏။ ဘုရားသခင်၏သေတ္တာတော်ထားဖို့နေရာကိုပြင်ဆင်ပြီး တဲတော်ကို စိုက်ထူပေး၏။ ဒါဝိဒ်မင်းကြီးက “လေဝိအမျိုးမှလွဲ၍ မည်သူမျှ ဘုရားသခင်၏သေတ္တာတော်ကို မထမ်းရ။ အကြောင်းမူကား ထာဝရဘုရား၏သေတ္တာတော်ကိုထမ်းရန်နှင့် အမှုတော်ကိုအစဉ်ဆောင်ရွက်ရန် သူတို့ကို ထာဝရဘုရား ရွေးချယ်တော်မူပြီ”ဟု မိန့်ဆို၏။