YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရာဇဝင်ချုပ် 14:1-17

၁ ရာဇဝင်ချုပ် 14:1-17 Judson Bible (JBMLE)

တု​ရု​မင်း​ကြီး​ဟိ​ရံ​သည် ဒါ​ဝိဒ်​အ​ဖို့ နန်း​တော်​ကို​တည်​ဆောက်​ခြင်း​ငှာ၊ သံ​တ​မန်​နှင့်​တ​ကွ အာ​ရဇ်​သစ်​သား၊ လက်​သ​မား၊ ပန်း​ရန်​သ​မား​တို့​ကို စေ​လွှတ်​လေ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ဒါ​ဝိဒ်​ကို ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အ​ရာ၌ ခန့်​ထား​တော်​မူ​ကြောင်း​နှင့် မိ​မိ​လူ​ဣ​သ​ရေ​လ​အ​မျိုး​အ​ဖို့ အ​လို​ငှာ၊ နိုင်​ငံ​ကို ချီး​မြှောက်​တော်​မူ​ကြောင်း​ကို ဒါ​ဝိဒ်​သိ​မြင်​လေ၏။ ဒါ​ဝိဒ်​သည် ယေ​ရု​ရှ​လင်​မြို့၌ ထပ်၍ မ​ယား​တို့​ကို သိမ်း​ယူ​သ​ဖြင့် သား​သ​မီး​များ​တို့​ကို မြင်​လေ၏။ ယေ​ရု​ရှ​လင်​မြို့၌ ဒါ​ဝိဒ်​မြင်​သော​သား​တို့ အ​မည်​ကား၊ ရှ​မွာ၊ ရှော​ဗပ်၊ နာ​သန်၊ ရှော​လ​မုန်၊ ဣ​ဗ​ဟာ၊ ဧ​လိ​ရွှ၊ ဧ​လိ​ပ​လက်၊ နော​ဂ၊ နေ​ဖက်၊ ယာ​ဖျာ၊ ဧ​လိ​ရှ​မာ၊ ဧ​လျာ​ဒ၊ ဧ​လိ​ဖ​လက်​တည်း။ ဒါ​ဝိဒ်​ကို ဘိ​သိက်​ပေး၍ ဣ​သ​ရေ​လ ရှင်​ဘု​ရင်​အ​ရာ၌ ခန့်​ထား​ကြောင်း​ကို ဖိ​လိ​တ္တိ​လူ​တို့​သည်​ကြား​လျှင်၊ ထို​သူ​အ​ပေါင်း​တို့​သည် ဒါ​ဝိဒ်​ကို​ရှာ၍ လာ​ကြ၏။ ထို​သ​တင်း​ကို ဒါ​ဝိဒ်​သည် ကြား​သော​အ​ခါ ချီ​သွား၏။ ဖိ​လိ​တ္တိ​လူ​တို့​သည် လာ၍ ရေ​ဖိမ်​ချိုင့်၌ အ​နှံ့​အ​ပြား​နေ​ကြ၏။ ဒါ​ဝိဒ်​က​လည်း၊ အ​ကျွန်ုပ်​သည် ဖိ​လိ​တ္တိ​လူ​တို့​ရှိ​ရာ​သို့ သွား​ရ​ပါ​မည်​လော။ အ​ကျွန်ုပ်​လက်၌ အပ်​တော်​မူ​မည်​လော​ဟု ဘု​ရား​သ​ခင်​ကို မေး​လျှောက်​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​က သွား​လော့။ သင့်​လက်၌ ငါ​အပ်​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဒါ​ဝိဒ်​သည် ဗာ​လ​ပေ​ရ​ဇိမ်​မြို့​သို့ သွား၍ သူ​တို့​ကို လုပ်​ကြံ​ပြီး​မှ၊ ဘု​ရား​သ​ခင်​သည် ရေ​ထ၍​ဖြို​ဖျက်​သ​ကဲ့​သို့ ငါ့​ရန်​သူ​တို့​ကို ငါ့​အား​ဖြင့် ဖြို​ဖျက်​တော်​မူ​ပြီ​ဟု​ဆို​လျက်၊ ထို​အ​ရပ်​ကို ဗာ​လ​ပေ​ရ​ဇိမ်​အ​မည်​ဖြင့် တွင်​စေ​သ​တည်း။ ထို​အ​ရပ်၌ ဖိ​လိ​တ္တိ​လူ​များ ပစ်​ထား​သော​ရုပ်​တု​များ​ကို ဒါ​ဝိဒ်၏​အ​မိန့်​တော်​နှင့် မီး​ရှို့​ကြ၏။ တစ်​ဖန် ဖိ​လိ​တ္တိ​လူ​တို့​သည် ထို​ချိုင့်၌ အ​နှံ့​အ​ပြား​လာ၍​နေ​ကြ၏။ ဒါ​ဝိဒ်​သည်​လည်း ဘု​ရား​သ​ခင်​ကို တစ်​ဖန်​မေး​လျှောက်​သော်၊ သူ​တို့​ရှိ​ရာ​သို့ တည့်​တည့်​မ​တက်​ရ။ သူ​တို့​မှ​လွှဲ၍ ပိုး​စာ​တော​တစ်​ဖက်​တစ်​ချက်၌ ချီ​ရ​မည်။ ပိုး​စာ​ပင်​ဖျား၌ စစ်​ချီ​သံ​ကို​ကြား​သော​အ​ခါ၊ တိုက်​အံ့​သော​ငှာ ချီ​လော့။ ထို​အ​ခါ ဘု​ရား​သ​ခင်​သည် ဖိ​လိ​တ္တိ​တပ်​ကို လုပ်​ကြံ​ခြင်း​ငှာ သင့်​ရှေ့​မှာ ကြွ​သွား​မည်​ဟု ဘု​ရား​သ​ခင် မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဒါ​ဝိဒ်​သည်​ပြု၍ ဖိ​လိ​တ္တိ​လူ​တို့​ကို ဂိ​ဗောင်​မြို့​မှ​သည် ဂါ​ဇေ​ရ​မြို့​တိုင်​အောင် လုပ်​ကြံ​လေ၏။ ဒါ​ဝိဒ်​သ​တင်း​သည် အ​တိုင်း​တိုင်း အ​ပြည်​ပြည်​တို့၌ နှံ့​ပြား၍၊ ခပ်​သိမ်း​သော လူ​မျိုး​တို့​သည် သူ့​ကို​ကြောက်​ရွံ့​စေ​ခြင်း​ငှာ ထာ​ဝ​ရ​ဘု​ရား စီ​ရင်​တော်​မူ၏။

၁ ရာဇဝင်ချုပ် 14:1-17 Common Language Bible (BCL)

တု​ရု​မြို့​မှ​ဟိ​ရံ​မင်း​သည်​ဒါဝိဒ်​ထံ​သို့​ကုန်​သွယ် ရေး​သံ​တ​မန်​အ​ဖွဲ့​တစ်​ဖွဲ့​ကို​စေ​လွှတ်​ကာ နန်း တော်​တည်​ဆောက်​ရန်​အ​တွက်​အာ​ရဇ်​သစ်​များ နှင့်​တ​ကွ လက်​သ​မား​များ၊ ပန်း​ရံ​များ​ကို ပေး​ပို့​လိုက်​၏။- သို့​ဖြစ်​၍​ဒါ​ဝိဒ်​သည်​မိ​မိ​အား​ဣ​သ​ရေ​လ ဘု​ရင်​အ​ဖြစ်​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ခန့်​ထား တော်​မူ​ပြီ​ဖြစ်​ကြောင်း၊ မိ​မိ​၏​ပြည်​သူ​တို့ အ​ကျိုး​ငှာ​ဣ​သ​ရေ​လ​နိုင်​ငံ​ကို ချမ်း​သာ ကြွယ်​ဝ​စေ​တော်​မူ​ပြီ​ဖြစ်​ကြောင်း​သိ​ရှိ ရ​၏။ ဒါ​ဝိဒ်​သည်​ယေ​ရု​ရှ​လင်​မြို့​တွင်​ထပ်​မံ​၍ လက်​ထပ်​ထိမ်း​မြား​မှု​များ​ကို​ပြု​သ​ဖြင့် သား​သ​မီး​များ​ထပ်​မံ​၍​ရ​ရှိ​လေ​သည်။- ယေ​ရု​ရှ​လင်​မြို့​တွင်​ရ​ရှိ​သော​သား​တို့​၏ နာ​မည်​များ​မှာ​ရှမွာ၊ ရှော​ဗပ်၊ နာ​သန်၊ ရှော လ​မုန်၊- ဣ​ဗ​ဟာ၊ ဧ​လိ​ရွှ၊ ဧ​လိ​ပ​လက်၊- နော​ဂ၊ နေ​ဖက်၊ ယာ​ဖျာ၊ ဧ​လိ​ရှ​မာ၊ ဧ​လျာ​ဒ​နှင့်​ဧ​လိ​ဖ​လက်​ဟူ​၍ ဖြစ်​၏။ ဣ​သ​ရေ​လ​နိုင်​ငံ​တော်​တစ်​ဝှမ်း​လုံး​မှ​ဒါ​ဝိဒ် အား​မင်း​မြှောက်​လိုက်​ကြ​ကြောင်း ဖိ​လိတ္တိ​အ​မျိုး သား​တို့​ကြား​သိ​ကြ​သော​အ​ခါ ဒါ​ဝိဒ်​ကို​ဖမ်း ဆီး​ရန်​တပ်​ချီ​လာ​ကြ​၏။ သို့​ဖြစ်​၍​ဒါ​ဝိဒ် သည်​ထို​သူ​တို့​နှင့်​ရင်​ဆိုင်​ရန်​ထွက်​ခွာ​လာ​ခဲ့​၏။- ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​ရေ​ဖိမ်​ချိုင့်​ဝှမ်း​သို့ ရောက်​ရှိ​ကြ​သော​အ​ခါ လူ​တို့​အား​စ​တင်​တိုက် ခိုက်​လု​ယက်​ကြ​ကုန်​၏။- ဒါ​ဝိဒ်​က``ကျွန်​တော်​မျိုး​သည်​ဖိ​လိတ္တိ​အ​မျိုး သား​တို့​ကို​တိုက်​ရ​ပါ​မည်​လော။ ကိုယ်​တော်​ရှင် သည်​ကျွန်​တော်​မျိုး​အား​အောင်​ပွဲ​ကို​ပေး​တော် မူ​ပါ​မည်​လော'' ဟု​ဘု​ရား​သခင်​အား​မေး လျှောက်​၏။ ထာ​ဝ​ရ​ဘု​ရား​က``တိုက်​လော့၊ ငါ​သည်​သင့် အား​အောင်​ပွဲ​ကို​ပေး​တော်​မူ​မည်'' ဟု​မိန့် တော်​မူ​၏။ သို့​ဖြစ်​၍​ဒါ​ဝိဒ်​သည်​ဗာ​လ​ပေ​ရ​ဇိမ်​မြို့​တွင် ဖိ​လိတ္တိ​အ​မျိုး​သား​တို့​အား​တိုက်​ခိုက်​ရာ​အ​နိုင် ရ​လေ​၏။ ဒါ​ဝိဒ်​က``ထာ​ဝ​ရ​ဘု​ရား​သည်​ရန်​သူ တပ်​ကို​မြစ်​ရေ​လျှံ​၍​ဖြို​ခွင်း​သ​ကဲ့​သို့ ငါ့​ကို အ​သုံး​ပြု​၍​ဖြို​ခွင်း​တော်​မူ​လေ​ပြီ'' ဟု​ဆို ၏။ သို့​ဖြစ်​၍​ထို​အ​ရပ်​ကို​ဗာ​လ​ပေ​ရ​ဇိမ်​မြို့ ဟု​ခေါ်​ဝေါ်​သ​မုတ်​ကြ​လေ​သည်။- ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​မိ​မိ​တို့​ကိုး​ကွယ် သည့်​ရုပ်​တု​များ​ကို ထို​အ​ရပ်​တွင်​ထား​ရစ်​ခဲ့ ကြ​၏။ ဒါ​ဝိဒ်​သည်​လည်း​ယင်း​တို့​ကို​မီး​ရှို့ ပစ်​ရန်​အ​မိန့်​ပေး​တော်​မူ​၏။ ထို​နောက်​များ​မ​ကြာ​မီ​ဖိ​လိတ္တိ​အ​မျိုး​သား တို့​သည် ထို​ချိုင့်​ဝှမ်း​သို့​တစ်​ဖန်​ပြန်​လာ​ကြ လျက်​စတင်​လု​ယက်​တိုက်​ခိုက်​ကြ​ပြန်​၏။- ဒါ​ဝိဒ်​သည်​လည်း​နောက်​တစ်​ကြိမ်​ဘု​ရား​သ​ခင် အား​လျှောက်​ထား​စုံ​စမ်း​ပြန်​၏။ ဘု​ရား​သ​ခင် က``သင်​သည်​ဤ​အ​ရပ်​မှ​နေ​၍​မ​တိုက်​နှင့်။ အ​ခြား​တစ်​ဖက်​သို့​လှည့်​၍​သွား​ပြီး​လျှင် သစ်​ဆီ​မွှေး​ပင်​များ​အ​နီး​မှ​နေ​၍​တိုက်​လော့။- ငါ​သည်​ဖိ​လိတ္တိ​တပ်​ကို​ဖြို​ခွင်း​ရန်​သင်​တို့​၏ ရှေ့​မှ​ချီ​တက်​တော်​မူ​မည်​ဖြစ်​၍ သင်​တို့​သည် သစ်​ဆီ​မွှေး​ပင်​ထိပ်​ဖျား​များ​တွင်​စစ်​ချီ​သံ များ​ကို​ကြား​ရ​သော​အ​ခါ​တိုက်​ခိုက်​ကြ လော့'' ဟု​မိန့်​တော်​မူ​၏။- ဒါ​ဝိဒ်​မင်း​သည်​ဘု​ရား​သခင်​မိန့်​တော်​မူ​သည် အ​တိုင်း​ပြု​၍ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​ကို​ဂိ ဗောင်​မြို့​မှ​သည်​ဂါ​ဇေ​ရ​မြို့​သို့​တိုင်​အောင် နှင်​ထုတ်​တော်​မူ​၏။- ဒါ​ဝိဒ်​မင်း​၏​ဂုဏ်​သ​တင်း​သည်​အ​ရပ်​တ​ကာ သို့​ပြန့်​နှံ့​၍​သွား​၏။ မင်း​ကြီး​အား​လူ​မျိုး တ​ကာ​တို့​ကြောက်​လန့်​လာ​ကြ​စေ​ရန် ထာ​ဝ​ရ ဘု​ရား​သည်​စီ​ရင်​တော်​မူ​သ​တည်း။

၁ ရာဇဝင်ချုပ် 14:1-17 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

တိုင်ရာ​ဘုရင်​ဟုရံ​မင်းကြီး​သည်​လည်း ဒါဝိဒ်​မင်းကြီး​ထံ တမန်​များ​ကို​စေလွှတ်​ပြီး နန်းတော်​တည်ဆောက်​ရန် သစ်ကတိုးသား​များ​နှင့်တကွ ကျောက်ဆစ်သမား​များ​၊ လက်သမား​များ​ကို ပို့ပေး​လေ​၏​။ ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​တို့​၏​ဘုရင်​အဖြစ် မိမိ​အား မင်းမြှောက်​ခဲ့​ကြောင်း​နှင့် လူမျိုး​တော်​အစ္စရေး​တို့​အဖို့ မိမိ​နိုင်ငံ​ကို ချီးမြှောက်​တော်မူ​ခဲ့​ကြောင်း​ကို ဒါဝိဒ်​မင်းကြီး​သိနားလည်​၏​။ ဒါဝိဒ်​မင်းကြီး​သည် ဂျေရုဆလင်​မြို့​တွင် မိဖုရား​များ​ထပ်​ယူ​ပြီး သား​သမီး​များ​လည်း ထပ်မံ​ရရှိ​လေ​၏​။ ဂျေရုဆလင်​မြို့​တွင် ဒါဝိဒ်​မင်းကြီး​ရ​သော​သား​တော်​များ​၏​အမည်​မှာ ရှမွာ​၊ ရှောဗပ်​၊ နာသန်​၊ ရှောလမုန်​၊ ဣဗဟာ​၊ ဧလိရွှ​၊ ဧလိပလက်​၊ နောဂ​၊ နေဖက်​၊ ယာဖျာ​၊ ဧလိရှမာ​၊ ဧလျာဒ​၊ ဧလိဖလက် ဟူ၍​ဖြစ်​၏​။ ဒါဝိဒ်​မင်းကြီး​အား အစ္စရေး​လူမျိုး​အပေါင်း​တို့​၏​ဘုရင်​အဖြစ် ဘိသိက်ပေး​ကြောင်း​ကို ဖိလိတ္တိ​လူမျိုး​တို့​ကြား​လျှင် ဖိလိတ္တိ​စစ်သည်​အပေါင်း​တို့​သည် ဒါဝိဒ်​မင်းကြီး​ကို လိုက်ရှာ​ရန် ချီလာ​ကြ​၏​။ ထို​အကြောင်း​ကို ဒါဝိဒ်​မင်းကြီး​ကြားသိ​လျှင် သူ​တို့​နှင့် တိုက်​ဖို့ ထွက်လာ​၏​။ ဖိလိတ္တိ​စစ်သည်​တို့​သည် ချီလာ​၍ ရေဖိမ်​ချိုင့်ဝှမ်း​ကို ဝင်ရောက်​တိုက်ခိုက်​ကြ​၏​။ ထိုအခါ ဒါဝိဒ်​မင်းကြီး​က “​ဖိလိတ္တိ​လူမျိုး​တို့​ကို အကျွန်ုပ်​ထွက်တိုက်​ရ​မည်လော​။ သူ​တို့​ကို အကျွန်ုပ်​လက်​သို့ အပ်​တော်မူ​မည်လော​”​ဟု ဘုရားသခင်​ထံ မေးလျှောက်​လျှင် ထာဝရဘုရား​က ဒါဝိဒ်​မင်းကြီး​အား “​ထွက်တိုက်​လော့​။ သူ​တို့​ကို သင့်​လက်​သို့ ငါ​အပ်​မည်​”​ဟု မိန့်​တော်မူ​၏​။ ဒါဝိဒ်​မင်းကြီး​သည် ဗာလပေရဇိမ်​အရပ်​သို့ ချီတက်​၍ ထို​နေရာ​တွင် သူ​တို့​ကို တိုက်ခိုက်​လေ​၏​။ ဒါဝိဒ်​မင်းကြီး​က “​ဘုရားသခင်​သည် ငါ့​ရန်သူ​ကို ရေကာတာ​ကျိုးပေါက်​ပျက်စီး​သွား​သကဲ့သို့ ငါ့​လက်​ဖြင့် ပျက်စီး​စေ​လေ​ပြီ​”​ဟု ဆို​၏​။ ထို့ကြောင့် ထို​နေရာ​ကို ဗာလပေရဇိမ် ဟု​အမည်​မှည့်ခေါ်​လေ​၏​။ ထို​နေရာ​၌ ဖိလိတ္တိ​လူမျိုး​တို့​စွန့်ထား​ခဲ့​သော သူ​တို့​၏​ဘုရား​ရုပ်တု​များ​ကို မီးရှို့ဖျက်ဆီး​ပစ်​ရန် ဒါဝိဒ်​မင်းကြီး​အမိန့်ပေး​လေ​၏​။ ဖိလိတ္တိ​စစ်သည်​တို့​သည် နောက်တစ်ကြိမ် ရေဖိမ်​ချိုင့်ဝှမ်း​ကို ဝင်ရောက်​တိုက်ခိုက်​ကြ​ပြန်​၏​။ ဒါဝိဒ်​မင်းကြီး​က​လည်း ဘုရားသခင်​ထံ​မေးလျှောက်​ပြန်​ရာ ဘုရားသခင်​က “​မျက်နှာချင်းဆိုင် မ​တက်​နှင့်​။ အနောက်ဘက်​မှ​ပတ်တက်​ပြီး သူ​တို့​ကို ပိုးစာတော​ရှေ့​နား​တွင် တိုက်ခိုက်​လော့​။ ပိုးစာပင်​ထိပ်ဖျား​မှ စစ်ချီသံ​ကြား​လျှင် ထွက်​တိုက်​လော့​။ အကြောင်းမူကား ဘုရားသခင်​သည် ဖိလိတ္တိ​တပ်​ကို တိုက်ခိုက်​ရန် သင့်​ရှေ့​မှ​ကြွ​တော်မူ​ပြီ​”​ဟု မိန့်​တော်မူ​ရာ ဒါဝိဒ်​မင်းကြီး​သည် ဘုရားသခင်​မိန့်​တော်မူ​သည့်​အတိုင်း ပြု​၍ ဖိလိတ္တိ​တပ်​ကို ဂိဗောင်​မြို့​မှ ဂေဇာ​မြို့​တိုင်အောင် တိုက်ခိုက်ချေမှုန်း​လေ​၏​။ ဤသို့ဖြင့် ဒါဝိဒ်​မင်းကြီး​၏​ဂုဏ်သတင်း​သည် တိုင်းပြည်​အရပ်ရပ်​သို့ ပျံ့နှံ့​သွား​ပြီး လူမျိုး​တကာ​တို့​သည် သူ့​ကို ကြောက်ရွံ့ရိုသေ​လာ​အောင် ထာဝရဘုရား ပြု​တော်မူ​လေ​၏​။