ဇာခရိ 7
7
ဟန်ဆောင်၍အစာရှောင်မှုကိုထာဝရဘုရား ပြစ်တင်ရှုတ်ချတော်မူခြင်း
1ဧကရာဇ်ဘုရင်ဒါရိနန်းစံစတုတ္ထနှစ် ခိသလုနာမည်တွင်သော နဝမလ၊ လေး ရက်နေ့၌ထာဝရဘုရားသည်ငါ့အား ဗျာဒိတ်ပေးတော်မူ၏။
2-3ဗေသလမြို့သားတို့သည်ထာဝရဘုရား ၏ကောင်းချီးမင်္ဂလာကိုတောင်းခံကြရန် လည်းကောင်း``အကျွန်ုပ်တို့သည်ဗိမာန်တော် ပြိုပျက်မှုအတွက် နှစ်ပေါင်းများစွာပြုလုပ် ခဲ့ကြသည့်နည်းတူ အစာရှောင်ခြင်းအား ဖြင့်ဝမ်းနည်းကြေကွဲသည့်အမှတ်လက္ခဏာ ကိုပြရကြပါမည်လော'' ဟုမေးလျှောက် ကြရန်လည်းကောင်း၊ ရှရေဇာနှင့်ရေဂင်္မေ လက်နှင့်သူတို့၏လူတို့အား အနန္တတန်ခိုး ရှင်ထာဝရဘုရား၏ဗိမာန်တော်မှ ယဇ် ပုရောဟိတ်များ၊ ပရောဖက်များထံသို့ စေလွှတ်လိုက်ကြ၏။
4ငါ့အားထာဝရဘုရားပေးတော်မူသော ဗျာဒိတ်တော်ကားဤသို့တည်း။- 5ကိုယ်တော်က``ပြည်သူများနှင့်ယဇ်ပုရော ဟိတ်တို့သည်နှစ်ပေါင်းခုနစ်ဆယ်ပတ်လုံး၊ ပဉ္စမလနှင့်သတ္တမလတို့တွင်အစာရှောင် ၍ဝမ်းနည်းကြေကွဲသည့်အမှတ်လက္ခဏာ ကိုပြခဲ့ကြသည်မှာငါ့အားဂုဏ်ပြုချီး ကူးရန်မဟုတ်။- 6စားပွဲသောက်ပွဲကျင်းပကြသည်မှာလည်း မိမိတို့အာသာချင်ရဲပြေစေရန်သာလျှင် ဖြစ်ပေသည်'' ဟုမိန့်တော်မူ၏။
7ဤကားယေရုရှလင်မြို့ကောင်းစားစည်ပင် လျက်နေချိန်၌ ရှေးပရောဖက်များအားဖြင့် ထာဝရဘုရားပေးတော်မူသောဗျာဒိတ် တော်ဖြစ်၏။ ထိုအခါမြို့ပတ်ဝန်းကျင်ကျေး ရွာများတွင်သာလျှင်လူအမြောက်အမြား နေထိုင်ကြသည်မဟုတ်။ တောင်ဘက်ဒေသ နှင့်အနောက်ဘက်ရှိတောင်ခြေဒေသများ တွင်လည်းနေထိုင်ကြလေသည်။
ပြည်နှင်ဒဏ်ခံရခြင်း၏အကြောင်းရင်းကား ဘုရားစကားကိုမနာခံမှု
8ထာဝရဘုရားသည်ဇာခရိအား ဤသို့ ဗျာဒိတ်ပေးတော်မူ၏။- 9အနန္တတန်ခိုးရှင်ထာဝရဘုရားက``ရှေး အခါ၌ငါသည်မိမိ၏လူမျိုးတော်အား`သင် တို့သည်တရားမျှတစွာပြုကျင့်ကြလျက်၊ တစ်ဦးအပေါ်တစ်ဦးသနားကရုဏာ ထားရကြမည်။- 10မုဆိုးမများ၊ မိဘမဲ့များ၊ တစ်ကျွန်းတစ် နိုင်ငံသားများသို့မဟုတ်ဆင်းရဲနွမ်းပါး သူများအားမညှင်းဆဲမနှိပ်စက်ကြနှင့်၊ တစ်ဦးကိုတစ်ဦးဘေးဒုက္ခရောက်အောင် မကြံစည်ကြနှင့်'' ဟုမိန့်မှာခဲ့၏။
11``သို့ရာတွင်ငါ၏လူမျိုးတော်သည်ဂရု မစိုက်ဘဲခေါင်းမာလျက် ငါ့စကားကိုနား မထောင်ကြ။ သူတို့သည်နားကိုပိတ်ထား ကြ၏။- 12စိတ်နှလုံးကိုကျောက်ကဲ့သို့မာကျောစေ ကြ၏။ သူတို့သည်ရှေးပရောဖက်များအား ဖြင့်ငါပေးအပ်ခဲ့သည့်သွန်သင်ချက်များ ကိုနားမထောင်သဖြင့် အနန္တတန်ခိုးရှင် ငါထာဝရဘုရားသည်ပြင်းစွာအမျက် ထွက်ခဲ့သည်။- 13ငါ၏မိန့်တော်မူချက်ကိုသူတို့သည်နား မထောင်သောကြောင့် သူတို့၏ဆုတောင်းသံ ကိုအနန္တတန်ခိုးရှင်ငါထာဝရဘုရား နားညောင်းတော်မမူ။- 14မုန်တိုင်းသဖွယ်တိုက်ခတ်ကာနိုင်ငံရပ် ခြားများသို့လွင့်စင်သွားစေ၏။ ဤသာ ယာသောပြည်သည်လည်းနေထိုင်သူမ ရှိဘဲလူသူဆိတ်ငြိမ်ရာဖြစ်လျက်ကျန် ရစ်ခဲ့ပေသည်'' ဟုမိန့်တော်မူ၏။
လက်ရှိရွေးချယ်ထားမှု
ဇာခရိ 7: BCL
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
© 2005 Bible Society of Myanmar