YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာ​လံ 8

8
ထာ​ဝ​ရ​ဘု​ရား​၏​ဘုန်း​အ​သ​ရေ​တော်​နှင့် လူ​၏​ဂုဏ်​ဒြပ်#* ဟေ​ဗြဲ​ခေါင်း​စဉ်။ ဒါ​ဝိဒ်​စပ်​ဆို​သော​ဆာ​လံ။
1အို ကျွန်​တော်​မျိုး​တို့​၏​ဘု​ရား​ရှင်​ထာ​ဝ​ရ​ဘု​ရား၊
ကိုယ်​တော်​ကြီး​မြတ်​တော်​မူ​ပုံ​ကို ကမ္ဘာ​တစ်​ပြင်​လုံး​တွင်​တွေ့​မြင်​ရ​ကြ​ပါ​၏။
ကိုယ်​တော်​အား​ထော​မ​နာ​ပြု​သည့်​သီ​ချင်း သံ​သည် ကောင်း​ကင်​ဘ​ဝဂ်​တိုင်​အောင်​ရောက်​ရှိ​ပါ​၏။
2ယင်း​သီ​ချင်း​ကို​က​လေး​များ​နှင့်​နို့​စို့​သူ​ငယ် များ​က သီ​ဆို​ကြ​ပါ​၏။
ကိုယ်​တော်​သည်​ရန်​သူ​များ​၏​ဘေး​မှ ကင်း​လွတ်​လုံ​ခြုံ​ပါ​၏။
ကိုယ်​တော်​အား​ရန်​မူ​သူ​များ​ကို​ဆီး​တား​တော် မူ​ပါ​၏။#မ၊ ၂၁:၁၆။
3ကိုယ်​တော်​ရှင်​ဖန်​ဆင်း​တော်​မူ​သော မိုး​ကောင်း​ကင်​ကို​လည်း​ကောင်း၊
စီ​မံ​ထား​ရှိ​တော်​မူ​သော
လ​နှင့်​ကြယ်​တာ​ရာ​များ​ကို​လည်း​ကောင်း ကျွန်​တော်​မျိုး​တွေ့​မြင်​ရ​ပါ​၏။
4သို့​ဖြစ်​၍​လူ​သည်​အ​ဘယ်​သို့​သော​သူ​ဖြစ်​၍
ကိုယ်​တော်​ရှင်​သည်​သူ့​အား အောက်​မေ့​တော်​မူ​ရ​ပါ​သ​နည်း။
လူ​သား​သည်​အ​ဘယ်​သို့​သော​သူ​ဖြစ်​၍
ကိုယ်​တော်​သည်​သူ့​ကို​ကြည့်​ရှု​စောင့်​ရှောက် တော်​မူ​ရ​ပါ​သ​နည်း။#ယော​ဘ၊ ၇:၁၇-၁၈။ ဆာ၊ ၁၄၄:၃။ ဟေ​ဗြဲ၊ ၂:၆-၈။
5သူ့​အား​ကောင်း​ကင်​တ​မန်​တို့​ထက်​သာ နိမ့်​ကျ​စေ​တော်​မူ​လျက်
သူ့​အား​ဘုန်း​အ​သ​ရေ​ကို​လည်း​ကောင်း၊
ဂုဏ်​အ​သ​ရေ​ကို​လည်း​ကောင်း​ချီး​မြှင့်​တော် မူ​၏။
6သူ့​အား​ကိုယ်​တော်​ဖန်​ဆင်း​တော်​မူ​သော​အ​ရာ ရှိ​သ​မျှ​တို့​ကို​အုပ်​စိုး​ခွင့်​ပေး​တော်​မူ​၏။#၁ကော၊ ၁၅:၂၇။ ဧ၊ ၁:၂၂။ ဟေဗြဲ၊ ၂:၈။
7-8ကိုယ်​တော်​ဖန်​ဆင်း​တော်​မူ​သော​သိုး၊နွား၊ တော​တိရစ္ဆာန်၊ငှက်၊ငါး​နှင့်
ပင်​လယ်​ရေ​သတ္တ​ဝါ​တို့​ကို​အုပ်​စိုး​ခွင့်​ပေး​တော် မူ​၏။
9အို ကျွန်​တော်​မျိုး​တို့​၏​ဘု​ရား​ရှင်​ထာ​ဝ​ရ​ဘု​ရား၊
ကိုယ်​တော်​ကြီး​မြတ်​တော်​မူ​ပုံ​ကို​ကမ္ဘာ​မြေ တစ်​ပြင်​လုံး​တွင်​တွေ့​မြင်​ရ​ကြ​ပါ​၏။

လက်ရှိရွေးချယ်ထားမှု

ဆာ​လံ 8: BCL

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ