YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာ​လံ 2

2
ဘု​ရား​သ​ခင်​ရွေး​ချယ်​တော်​မူ​သော​ဘု​ရင်
1တိုင်း​နိုင်​ငံ​တို့​သည်​အ​ဘယ်​ကြောင့်​ဆူ​ပူ​ပုန်​ကန်​ရန် ကြံ​စည်​ကြ​သ​နည်း။
လူ​တို့​သည်​အ​ဘယ်​ကြောင့်​အ​ချည်း​နှီး လျှို့​ဝှက်​ကြံ​စည်​ကြ​သ​နည်း။
2ထို​သူ​တို့​၏​ဘု​ရင်​တို့​သည်​ပုန်​ကန်​ကြ​၏။
သူ​တို့​၏​ဘု​ရင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​နှင့်
ကိုယ်​တော်​ဘိ​သိက်​ပေး​တော်​မူ​သော​ဘု​ရင်​အား ပုန်​ကန်​ရန်​လျှို့​ဝှက်​တိုင်​ပင်​ကြ​၏။#တ၊ ၄:၂၅-၂၆။
3သူ​တို့​က``ငါ​တို့​သည်​သူ​တို့​စိုး​မိုး​မှု​မှ လွတ်​မြောက်​အောင်​ဆောင်​ရွက်​ကြ​ကုန်​အံ့။
သူ​တို့​၏​အ​ချုပ်​အ​နှောင်​ကို​ပယ်​ရှား​ကြ ကုန်​အံ့'' ဟု​ဆို​ကြ​၏။
4ကောင်း​ကင်​ဘုံ​ရှိ​ပလ္လင်​တော်​ပေါ်​မှာ​ထာ​ဝ​ရ ဘု​ရား​သည် ပြုံး​ရယ်​တော်​မူ​လျက်
ထို​သူ​တို့​၏​အ​ကြံ​အ​စည်​ကို​ပြက်​ရယ်​ပြု တော်​မူ​၏။
5ထို​နောက်​ကိုယ်​တော်​သည်​အ​မျက်​တော်​ထွက် လျက် သူ​တို့​အား​သ​တိ​ပေး​တော်​မူ​သ​ဖြင့်
သူ​တို့​သည်​အ​မျက်​တော်​အ​ရှိန်​ကြောင့် ကြောက်​လန့်​တုန်​လှုပ်​ကြ​ကုန်​၏။
6ကိုယ်​တော်​က``သန့်​ရှင်း​မြင့်​မြတ်​သော ဇိ​အုန်​တောင်#* ဇိ​အုန်​တောင်။ မူ​လ​တွင်​ဒါ​ဝိဒ်​၏​မြို့။ ထို​နောက်​ဗိ​မာန် တော်​တည်​ရာ​တောင်​ကို​ဆို​လို​သည်။ ပေါ်​တွင်
ငါ​ရွေး​ချယ်​ထား​သော​ရှင်​ဘု​ရင်​ကို​ငါ​ကိုယ်​တိုင် တင်​မြှောက်​ပြီ'' ဟု​မိန့်​တော်​မူ​၏။
7မင်း​ကြီး​က``ထာ​ဝ​ရ​ဘု​ရား​၏​ဗျာ​ဒိတ်​တော်​ကို ငါ​ကြေ​ငြာ​မည်။
ကိုယ်​တော်​က​ငါ့​အား`သင်​သည်​ငါ​၏​သား ဖြစ်​၏။
ယ​နေ့​ပင်​လျှင်​ငါ​သည်​သင်​၏​အ​ဖ​ဖြစ်​လာ ပြီ။#တ၊ ၁၃:၃၃။ ဟေ​ဗြဲ၊ ၁:၅၊၅:၅။
8တောင်း​လော့။ လူ​မျိုး​တ​ကာ​တို့​ကို​သင့်​အား ငါ​ပေး​မည်။
ကမ္ဘာ​မြေ​ပြင်​တစ်​ခု​လုံး​ကို​သင်​ပိုင်​ဆိုင်​ရ လိမ့်​မည်။
9သင်​သည်​လူ​မျိုး​တ​ကာ​တို့​ကို​သံ​လှံ​တံ​ဖြင့် အုပ်​စိုး​လိမ့်​မည်။
သူ​တို့​အား​မြေ​အိုး​ကို​ခွဲ​သ​ကဲ့​သို့
အ​စိတ်​စိတ်​အ​မြွှာ​မြွှာ​ဖြစ်​စေ​လိမ့်​မည်' ဟု မိန့်​တော်​မူ​ပါ​၏'' ဟူ​၍​ဆို​၏။#ဗျာ၊ ၂:၂၆-၂၇၊ ၁၂:၅၊ ၁၉:၁၅။
10အ​ချင်း​ဘု​ရင်​တို့၊ပ​ညာ​သ​တိ​ရှိ​ကြ​လော့။
အ​ချင်း​မင်း​အ​ပေါင်း​တို့၊သ​တိ​မူ​ကြ​လော့။
11သင်​တို့​သည်​ကြောက်​ရွံ့​ရို​သေ​သော​စိတ်​နှင့်
ထာ​ဝ​ရ​ဘု​ရား​၏​အ​မှု​တော်​ကို​ထမ်း​ရွက်​ကြ​လော့။
12တုန်​လှုပ်​လျက်​ရှေ့​တော်​တွင်​ဦး​ညွှတ်​ပျပ်​ဝပ်​ကြ​လော့။
ယင်း​သို့​မ​ပြု​ပါ​မူ​ကိုယ်​တော်​သည် အ​မျက်​တော်​ထွက်​တော်​မူ​သ​ဖြင့်
သင်​တို့​သည်​မု​ချ​သေ​ကြေ​ပျက်​စီး​ကြ​လိမ့်​မည်။
ကိုယ်​တော်​ထံ​တော်​သို့​ချဉ်း​ကပ်​ခို​လှုံ​သူ အ​ပေါင်း​တို့​သည်​မင်္ဂ​လာ​ရှိ​ကြ​၏။

လက်ရှိရွေးချယ်ထားမှု

ဆာ​လံ 2: BCL

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။