YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာ​လံ 133

133
ညီ​အစ်​ကို​ချင်း​ထား​ရှိ​သည့်​မေတ္တာ​ကို ချီး​မွမ်း​ခန်း#* ဟေ​ဗြဲ​ခေါင်း​စဉ်။ ဒါ​ဝိဒ်​စပ်​ဆို​သည်။
1ဘု​ရား​သ​ခင်​၏​လူ​စု​တော်​သည်
စိတ်​သ​ဘော​ညီ​ညွတ်​လျက်​နေ​ထိုင်​ကြ​သည်​မှာ အ​လွန်​ကောင်း​မွန်​၍​တင့်​တယ်​လှ​ပါ​သည်​တ​ကား။
2ယင်း​သို့​နေ​ထိုင်​မှု​သည်​အာ​ရုန်​၏​ဦး​ခေါင်း​မှ
သူ​၏​မုတ်​ဆိတ်​နှင့်​ဝတ်​လုံ​အင်္ကျီ​လည်​ခွံ​သို့ တိုင်​အောင် စီး​ကျ​လာ​သည့်​အ​ဖိုး​တန်​ဘိ​သိက်​ဆီ​ကဲ့​သို့​ဖြစ်​၏။
3ဟေ​ရ​မုန်​တောင်​ပေါ်​သို့​ကျ​သော​နှင်း​သည်​ဇိ​အုန် တောင်​ကုန်း​များ​ပေါ်​သို့​ကျ​သ​ကဲ့​သို့​ဖြစ်​၏။
ထို​အ​ရပ်​ကား​ထာ​ဝ​စဉ်​အ​သက်​ရှင်​ခွင့်
တည်း​ဟူ​သော​ကောင်း​ချီး​မင်္ဂ​လာ​ကို ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​ရာ​အ​ရပ်​ဖြစ် သ​တည်း။

လက်ရှိရွေးချယ်ထားမှု

ဆာ​လံ 133: BCL

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ