YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာ​လံ 126

126
ကယ်​နုတ်​တော်​မူ​ရန်​ဆု​တောင်း​ပတ္ထ​နာ
1ငါ​တို့​အား​ဇိ​အုန်​မြို့​သို့
ထာ​ဝ​ရ​ဘု​ရား​ပြန်​လည်​ခေါ်​ဆောင်​သည်​မှာ အိပ်​မက်​ကဲ့​သို့​ဖြစ်​ပါ​၏။
2ငါ​တို့​သည်​များ​စွာ​ရယ်​မော​ကြ​ရ​လျက် ပျော်​ရွှင်​စွာ​သီ​ချင်း​ဆို​ကြ​ရ​၏။
ထို​အ​ခါ​အ​ခြား​လူ​မျိုး​တို့​က
``ထာ​ဝ​ရ​ဘု​ရား​သည်​ဤ​သူ​တို့​အ​တွက်
ကြီး​မြတ်​သော​အ​မှု​တို့​ကို​ပြု​တော်​မူ​ပါ​သည် တ​ကား'' ဟု​ဆို​ကြ​၏။
3ကိုယ်​တော်​သည်​အ​မှန်​ပင်​ငါ​တို့​အ​တွက် ကြီး​မြတ်​သော​အ​မှု​ကို​ပြု​တော်​မူ​ပြီ။
ငါ​တို့​သည်​အ​လွန်​ရွှင်​လန်း​ဝမ်း​မြောက်​ခဲ့ ကြ ပါ​သည်​တ​ကား။
4အို ထာ​ဝ​ရ​ဘု​ရား၊
မိုး​ရေ​သည်​ခြောက်​သွေ့​သည့်​ချောင်း​များ​ကို ရေ​ဖြင့်​တစ်​ဖန်​ပြည့်​စေ​သ​ကဲ့​သို့
ကျွန်​တော်​မျိုး​တို့​ကို​တစ်​ဖန်​ကြီး​ပွား​တိုး​တက် စေ​တော်​မူ​ပါ။
5မျက်​ရည်​ကျ​လျက်​စိုက်​ပျိုး​ကြ​ရ​သူ​တို့​အား
ဝမ်း​မြောက်​စွာ​သီး​နှံ​များ​ရိတ်​သိမ်း​ရ​သော အ​ခွင့်​ကို​ပေး​တော်​မူ​ပါ။
6မျက်​ရည်​ကျ​လျက်​မျိုး​စေ့​များ​ကို ယူ​ဆောင်​သွား​ကြ​သူ​တို့​သည်
သီး​နှံ​များ​ကို​သယ်​ဆောင်​ကာ​ဝမ်း​မြောက်​စွာ သီ​ချင်း​ဆို​၍​ပြန်​လာ​ကြ​လိမ့်​မည်။

လက်ရှိရွေးချယ်ထားမှု

ဆာ​လံ 126: BCL

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ