ဆာလံ 124
124
လူစုတော်ကိုကွယ်ကာတော်မူသော ဘုရားသခင်#* ဟေဗြဲခေါင်းစဉ်။ ဒါဝိဒ်စပ်ဆိုသည်။
1အကယ်၍ထာဝရဘုရားသာ
ငါတို့ဘက်၌ရှိတော်မမူခဲ့လျှင်အဘယ်သို့ ဖြစ်ပါလိမ့်မည်နည်း။
အို ဣသရေလအမျိုးသားတို့၊ဖြေကြားကြလော့။
2ငါတို့အားရန်သူများတိုက်ခိုက်ကြစဉ်အခါက
ထာဝရဘုရားသာငါတို့ဘက်၌ရှိတော် မမူခဲ့လျှင်
3သူတို့သည်ဒေါသအမျက်ချောင်းချောင်းထွက်၍
ငါတို့အားအရှင်လတ်လတ်ဝါးမျိုလိုက်ကြ လိမ့်မည်။
4ထိုနောက်ငါတို့သည်ရေစီးရာသို့မျောပါသွား၍ ရေသည်ငါတို့ကိုလွှမ်းမိုးလိမ့်မည်။
5ငါတို့သည်အဟုန်ပြင်းသည့်ရေစီးချောင်းတွင် နစ်မြုပ်သွားကြလိမ့်မည်။
6ငါတို့ကိုရန်သူများအုပ်ဖမ်းကိုက်စားသည့်
အစာဖြစ်ခွင့်ပေးတော်မမူသောထာဝရဘုရား၏ ကျေးဇူးတော်ကိုချီးမွမ်းကြကုန်စို့။
7ငါတို့သည်မုဆိုး၏ကျော့ကွင်းမှလွတ်မြောက် လာသော ငှက်ကဲ့သို့သေဘေးမှလွတ်မြောက်ကြလေပြီ။
ကျော့ကွင်းပြတ်၍ငါတို့လွတ်မြောက်ရကြ၏။
8ငါတို့သည်ကူညီမစမှုကိုကောင်းကင်နှင့် ကမ္ဘာမြေကြီးကိုဖန်ဆင်းတော်မူသော
ထာဝရဘုရား၏ထံတော်မှရရှိကြ သတည်း။
လက်ရှိရွေးချယ်ထားမှု
ဆာလံ 124: BCL
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
© 2005 Bible Society of Myanmar