YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာ​လံ 108

108
ရန်​သူ​တို့​နှင့်​တိုက်​ခိုက်​ရာ​တွင်​ကူ​မ​တော်​မူ​ရန် ဆု​တောင်း​ပတ္ထနာ#* ဟေ​ဗြဲ​ခေါင်း​စဉ်။ ဒါ​ဝိဒ်​စပ်​ဆို​သော​ဆာ​လံ​သီ​ချင်း။
(ဆာလံ၊ ၅၇:၇-၁၁၊ ၆၀:၅-၁၂)
1အို ဘု​ရား​သ​ခင်၊
ကျွန်​တော်​မျိုး​သည်​လုံး​ဝ​ယုံ​ကြည်​စိတ်​ချ ပါ​၏။
ကျွန်​တော်​မျိုး​သည်​သီ​ချင်း​ဆို​၍​ကိုယ်​တော်​ရှင် အား ထော​မ​နာ​ပြု​ပါ​မည်။ အို ငါ့​ဝိ​ညာဉ်၊နိုး​ထ​လော့။
2ငါ​၏​စောင်း​ကြီး​စောင်း​ငယ်​တို့၊နိုး​ထ​ကြ​လော့။ ငါ​သည်​နေ​ကို​နိုး​ထ​စေ​မည်။
3အို ထာ​ဝ​ရ​ဘု​ရား၊
လူ​မျိုး​တ​ကာ​တို့​အ​လယ်​တွင်​ကျွန်​တော်​မျိုး သည် ကိုယ်​တော်​ရှင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပါ​မည်။
လူ​မျိုး​အ​ပေါင်း​တို့​အ​လယ်​တွင်​ကိုယ်​တော်​ရှင် အား ထော​မ​နာ​ပြု​ပါ​မည်။
4ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​သည် မိုး​ကောင်း​ကင်​အ​ထက်​သို့​လည်း​ကောင်း၊
ကိုယ်​တော်​ရှင်​၏​သစ္စာ​တော်​သည်​ကောင်း​ကင် တိုင်​အောင်​လည်း​ကောင်း​ရောက်​ရှိ​ပါ​၏။
5အို ဘု​ရား​သ​ခင်၊
ကိုယ်​တော်​ရှင်​၏​ကြီး​မြတ်​သော​ဂုဏ်​တော်​ကို
မိုး​ကောင်း​ကင်​၌​လည်း​ကောင်း၊ဘုန်း​အ​သ​ရေ တော်​ကို ကမ္ဘာ​တစ်​ဝှမ်း​လုံး​တွင်​လည်း​ကောင်း​ပြ​တော်​မူ​ပါ။
6ကိုယ်​တော်​ရှင်​ချစ်​တော်​မူ​သော​လူ​စု​တော်​သည် အ​သက်​ချမ်း​သာ​ကြ​စေ​ရန်
ဘုန်း​အာ​နု​ဘော်​တော်​ဖြင့်​ကျွန်​တော်​မျိုး​တို့​ကို ကယ်​တော်​မူ​ပါ။
ကျွန်​တော်​မျိုး​၏​ဆု​တောင်း​ပတ္ထ​နာ​ကို နား​ညောင်း​တော်​မူ​ပါ။
7ဗိ​မာန်​တော်​တွင်​ဘု​ရား​သ​ခင်​က
``ငါ​သည်​အောင်​ပွဲ​ခံ​၍​ရှေ​ခင်​မြို့​ကို​ပိုင်း ခြား​မည်။
သု​ကုတ်​ချိုင့်​ဝှမ်း​ကို​လည်း​ငါ​၏​လူ​စု​တော် အား ခွဲ​ဝေ​ပေး​မည်။
8ဂိ​လဒ်​ပြည်​ကို​ငါ​ပိုင်​၏။ မ​နာ​ရှေ​ပြည်​ကို လည်း ငါ​ပိုင်​၏။
ဧ​ဖ​ရိမ်​ပြည်​သည်​ငါ​၏​သံ​ခ​မောက်​ဖြစ်​၍ ယု​ဒ​ပြည်​သည်​ငါ​၏​ရာ​ဇ​လှံ​တံ​ဖြစ်​၏။
9သို့​ရာ​တွင်​ငါ​သည်​မော​ဘ​ပြည်​ကို​ငါ​၏ ခြေ​ဆေး​အိုး​အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊
ဧ​ဒုံ​ပြည်​ကို​ငါ​ပိုင်​ကြောင်း
ငါ့​ဖိ​နပ်​တင်​ရာ​အ​ဖြစ်​ဖြင့်​လည်း​ကောင်း အ​သုံး​ပြု​မည်။
ဖိ​လိတ္တိ​ပြည်​ပေါ်​၌​အောင်​ပွဲ​ခံ​၍​ကြွေး​ကြော် မည်'' ဟု​မိန့်​တော်​မူ​ပေ​သည်။
10ဘု​ရား​သ​ခင်၊ခံ​တပ်​တည်​ဆောက်​ထား​သည့်
မြို့​အ​တွင်း​သို့​အ​ဘယ်​သူ​သည်​ကျွန်​တော် မျိုး​အား ပို့​ဆောင်​ပါ​မည်​နည်း။
အ​ဘယ်​သူ​သည်​ကျွန်​တော်​မျိုး​အား​ဧ​ဒုံ ပြည်​သို့ ပို့​ဆောင်​ပါ​မည်​နည်း။
11ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​အ​ကယ်​ပင် စွန့်​ပစ်​တော်​မူ​ပါ​ပြီ​လော။
ကျွန်​တော်​မျိုး​၏​တပ်​များ​နှင့်​အ​တူ​ချီ​တက် တော်​မ​မူ​တော့​ပြီ​လော။
12လူ​တို့​၏​အ​ကူ​အ​ညီ​သည်​အ​ချည်း​နှီး​ပင်
ဖြစ်​သော​ကြောင့်​ရန်​သူ​များ​ကို​တိုက်​ခိုက်​နိုင်​ရန် ကျွန်​တော်​မျိုး​အား​ကူ​မ​တော်​မူ​ပါ။
13ဘု​ရား​သ​ခင်​သည်​ငါ​တို့​ဘက်​၌​ရှိ​တော် မူ​လျှင် ငါ​တို့​သည်​အ​နိုင်​ရ​ကြ​လိမ့်​မည်။
ကိုယ်​တော်​သည်​ငါ​တို့​၏​ရန်​သူ​များ​ကို အ​ရေး​ရှုံး​နိမ့်​စေ​တော်​မူ​လိမ့်​မည်။

လက်ရှိရွေးချယ်ထားမှု

ဆာ​လံ 108: BCL

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ