ဆာလံ 105
105
ဘုရားသခင်နှင့်ကိုယ်တော်၏လူစုတော်
(၅ ရာ၊ ၁၆:၈-၂၂)
1ထာဝရဘုရား၏ကျေးဇူးတော်ကိုချီးမွမ်း ကြလော့။
ကိုယ်တော်သည်ကြီးမြတ်တော်မူကြောင်းကို ထုတ်ဖော်ကြေညာကြလော့။
ကိုယ်တော်ပြုတော်မူသောအမှုတော်တို့ကို လူမျိုးတကာတို့အားပြောကြားကြလော့။
2သီချင်းဆို၍ထာဝဘုရား၏ဂုဏ်တော်ကို ချီးမွမ်းကြလော့။
ကိုယ်တော်ပြုတော်မူသောအံ့သြဖွယ်ရာ အပေါင်းတို့ကိုဖော်ပြကြလော့။
3ငါတို့အားကိုယ်တော်ပိုင်တော်မူသည်ဖြစ်၍ ဝမ်းမြောက်ကြလော့။
ထာဝရဘုရားအား
ကိုးကွယ်ဝတ်ပြုသူအပေါင်းတို့၊ ဝမ်းမြောက်ရွှင်မြူးကြလော့။
4အကူအညီတောင်းခံရန်ထာဝရဘုရား၏ ထံတော်သို့ချဉ်းကပ်ကြလော့။
ရှေ့တော်မှောက်တွင်အစဉ်အမြဲနေကြလော့။
5-6ကိုယ်တော်၏အစေခံအာဗြဟံ၏အမျိုး အနွယ်တို့၊
ကိုယ်တော်ရွေးကောက်တော်မူသောယာကုပ်၏ သားမြေးတို့၊
သင်တို့သည်ကိုယ်တော်ပြတော်မူသည့်
အံ့သြဖွယ်ကောင်းသောနိမိတ်လက္ခဏာတို့ ကိုလည်းကောင်း၊
ကိုယ်တော်ချမှတ်တော်မူသောတရားစီရင်ချက် တို့ကိုလည်းကောင်းအောက်မေ့သတိရကြလော့။
7ထာဝရဘုရားသည်ငါတို့၏ဘုရားဖြစ်တော်မူ၏။
ကိုယ်တော်၏အမိန့်တော်တို့သည် တစ်ကမ္ဘာလုံးအတွက်ဖြစ်၏။
8ကိုယ်တော်သည်မိမိ၏ပဋိညာဉ်တော်ကို ထာဝစဉ် ခိုင်မြဲစေတော်မူလိမ့်မည်။
ကတိတော်များကိုလူမျိုးဆက်တစ်ထောင် တိုင်အောင်တည်စေတော်မူလိမ့်မည်။
9အာဗြဟံနှင့်ပြုတော်မူသောပဋိညာဉ်တော်နှင့်
ဣဇာက်အားပေးတော်မူသောကတိတော်ကို တည်စေတော်မူလိမ့်မည်။#တ၊ ၁၂:၇၊ ၁၇:၈၊ ၂၆:၃။
10-11``သင့်အားခါနာန်ပြည်ကိုငါပေးမည်။
သင်သည်ထိုပြည်ကိုအပိုင်ရလိမ့်မည်'' ဟူ၍
ထာဝရဘုရားသည်ယာကုပ်နှင့် ပဋိညာဉ်ပြုတော်မူ၏။
ဤပဋိညာဉ်သည်ထာဝစဉ်တည်လိမ့်မည်။#က၊ ၂၈:၁၃။
12ဘုရားသခင်၏လူစုတော်သည်
အရေအတွက်အားဖြင့်နည်းပါး၍ခါနာန်ပြည်တွင် သူစိမ်းတစ်ရံဆံများဖြစ်ကြ၏။
13သူတို့သည်တစ်နိုင်ငံမှတစ်နိုင်ငံသို့လည်းကောင်း၊
တစ်ရပ်မှတစ်ရပ်သို့လည်းကောင်းလှည့်လည် သွားလာရကြ၏။
14သို့ရာတွင်ဘုရားသခင်သည်သူတို့အား
ဖိစီးနှိပ်စက်ရန်အဘယ်သူကိုမျှခွင့်ပြုတော်မမူ။ သူတို့ကိုကာကွယ်စောင့်ရှောက်တော်မူ၏။
15ကိုယ်တော်က``ငါရွေးချယ်ထားသည့်အစေခံတို့ကို မထိမခိုက်ကြနှင့်။
ငါ၏ပရောဖက်တို့အားလက်ဖျားနှင့်ပင်
မတို့ကြနှင့်'' ဟုရှင်ဘုရင်တို့အား သတိပေးတော်မူ၏။#က၊ ၂၀:၃-၇။
16ကိုယ်တော်သည်သူတို့ပြည်၌ငတ်မွတ်ခေါင်းပါး ခြင်း ဘေးဆိုက်ရောက်စေတော်မူသဖြင့်
စားနပ်ရိက္ခာပြတ်လပ်သွားသောအခါ#က၊ ၄၁:၅၃-၅၇။
17ကျွန်အဖြစ်အရောင်းခံရသူယောသပ်အား သူတို့၏ရှေ့မှစေလွှတ်တော်မူပေသည်။#က၊ ၃၇:၂၈၊ ၄၅:၅။
18-19ယောသပ်ကြိုတင်ဟောကြားသည့်အတိုင်း ဖြစ်ပျက်၍မလာမီ
ယောသပ်သည်ခြေကျင်းအခတ်ခံရ၏။
သူ၏လည်တွင်လည်းသံလည်ပတ်အတပ်ခံရ၏။
သူ့အားဖြင့်ထာဝရဘုရားမိန့်တော်မူသော ဗျာဒိတ်စကားအတိုင်းဖြစ်ပျက်လာ၏။#က၊ ၃၉:၂၀-၄၀:၂၃။
20ထိုအခါအီဂျစ်ဘုရင်သည်ယောသပ်အား အကျဉ်းထောင်မှလွှတ်စေတော်မူ၏။
လူမျိုးတကာတို့၏ဘုရင်သည်ယောသပ် အား လွတ်မြောက်စေတော်မူ၏။#က၊ ၄၁:၁၄။
21မင်းကြီးသည်သူ့အားတိုင်းပြည်အုပ်ချုပ်ရေး တာဝန်ကိုအပ်နှင်းတော်မူ၍
တစ်နိုင်ငံလုံး၏ဘုရင်ခံအဖြစ်ဖြင့် ခန့်ထားတော်မူ၏။#က၊ ၄၁:၃၉-၄၁။
22သူသည်မင်းကြီးခန့်ထားသည့်အရာရှိ များအား အမိန့်ပေးပိုင်ခွင့်ကိုလည်းကောင်း၊
မှူးမတ်တို့အားဆင့်ဆိုညွှန်ကြားပိုင်ခွင့် ကိုလည်းကောင်းရလေ၏။
23ထိုအခါယာကုပ်သည်အီဂျစ်ပြည်သို့ရောက် ရှိလာ၍ ထိုပြည်၌အခြေစိုက်နေထိုင်လေ၏။#က၊ ၄၆:၆၊ ၄၇:၁၁။
24ထာဝရဘုရားသည်မိမိ၏လူစုတော်အား
သားသမီးများစွာထွန်းကားလာစေတော်မူသဖြင့် ရန်သူတို့ထက်ပို၍အင်အားကြီးမားစေတော်မူ၏။
25ကိုယ်တော်သည်အီဂျစ်အမျိုးသားတို့၏စိတ်ကို ပြောင်းလဲစေသဖြင့်
သူတို့သည်ကိုယ်တော်၏လူစုတော်အားမုန်း၍ လိမ်လည်လှည့်ဖျားကြ၏။#ထွ၊ ၁:၇-၁၄။
26ထိုနောက်ကိုယ်တော်သည်မိမိ၏အစေခံမောရှေနှင့်
ကိုယ်တော်ရွေးချယ်တော်မူသူအာရုန်ကို စေလွှတ်တော်မူ၏။#ထွ၊ ၃:၁-၄:၁၇။
27သူတို့သည်အီဂျစ်ပြည်တွင်အံ့ဖွယ်သောတန်ခိုး နှင့်
ထူးဆန်းသောနိမိတ်လက္ခဏာများကိုပြကြ၏။
28ကိုယ်တော်သည်တစ်ပြည်လုံးတွင်အမှောင် ကျစေတော်မူ၏။
သို့သော်လည်းအီဂျစ်အမျိုးသားတို့သည် ကိုယ်တော်၏အမိန့်တော်ကိုနားမထောင် ကြ။#ထွ၊ ၁၀:၂၁-၂၃။
29ကိုယ်တော်သည်သူတို့၏မြစ်များကိုသွေး အတိ ဖြစ်စေတော်မူ၍
ငါးရှိသမျှတို့ကိုသေစေတော်မူ၏။#ထွ၊ ၇:၁၇-၂၁။
30ဘုရင့်နန်းတော်အပါအဝင်သူတို့၏ပြည်သည် ဖားများနှင့်ပြည့်လေ၏။#ထွ၊ ၈:၁-၆။
31ထာဝရဘုရားအမိန့်ပေးတော်မူသောအခါ
ငှက်နှင့်ယင်ရဲတို့သည်တစ်ပြည်လုံးသို့ အုပ်လိုက်ရောက်ရှိလာကြကုန်၏။#ထွ၊ ၈:၂၀-၂၄၊ ၈:၁၆-၁၇။
32ကိုယ်တော်သည်ထိုပြည်တွင်မိုးအစား မိုးသီးကိုရွာစေတော်မူ၍
လျှပ်ပန်းလျှပ်နွယ်များကိုဖြစ်ပွားစေတော်မူ၏။
33ထိုသူတို့၏စပျစ်ပင်နှင့်သင်္ဘောသဖန်းပင်တို့ကို ဖျက်ဆီးပစ်တော်မူ၍
တစ်ပြည်လုံးရှိသစ်ပင်များကိုကျိုးကျ စေတော်မူ၏။#ထွ၊ ၉:၂၂-၂၅။
34ကိုယ်တော်အမိန့်ပေးတော်မူသောအခါ
သန်းပေါင်းများစွာမရေမတွက်နိုင်သော နှံကောင်တို့သည်ရောက်ရှိလာကြ၍
35တိုင်းပြည်တွင်ရှိသမျှသောအပင်ငယ်တို့ကို စားကြကုန်၏။
အသီးအနှံရှိသမျှတို့ကိုကိုက်စားကြ ကုန်၏။#ထွ၊ ၁၀:၁၂-၁၅။
36ကိုယ်တော်သည်အီဂျစ်ပြည်ရှိအိမ်ထောင်စု အပေါင်းမှ သားဦးတို့ကိုသေဒဏ်ခတ်တော်မူ၏။#ထွ၊ ၁၂:၂၉။
37ထိုနောက်ဣသရေလအမျိုးသားတို့အား ထုတ်ဆောင်သွားတော်မူ၏။
သူတို့သည်ရွှေငွေများကိုသယ်ယူခဲ့ကြ၏။
သူတို့အားလုံးပင်ကျန်းမာသန်စွမ်းသူများ ဖြစ်ကြ၏။
38အီဂျစ်အမျိုးသားတို့သည်သူတို့ကိုကြောက် သဖြင့်
သူတို့ထွက်ခွာသွားကြသောအခါ ဝမ်းမြောက်ကြကုန်၏။#ထွ၊ ၁၂:၃၃-၃၆။
39ဘုရားသခင်သည်မိမိ၏လူစုတော်အပေါ်သို့ မိုးတိမ်ရိပ်ကျစေတော်မူ၍
ညဥ့်အခါအလင်းရစေရန်မီးကိုပေးတော် မူ၏။#ထွ၊ ၁၃:၂၁-၂၂။
40သူတို့တောင်းခံသဖြင့်ကိုယ်တော်သည်ငုံးများကို စေလွှတ်ပေးတော်မူ၏။
သူတို့ရောင့်ရဲစွာစားနိုင်ကြစေရန်ကောင်းကင်မှ အစားအစာကိုချပေးတော်မူ၏။#ထွ၊ ၁၆:၂-၁၅။
41ကိုယ်တော်သည်ကျောက်ဆောင်ကိုခွဲတော်မူသောအခါ
ရေသည်ပန်း၍ထွက်လာကာသဲကန္တာရတွင် မြစ်သဖွယ်စီး၍သွား၏။#ထွ၊ ၁၇:၁-၇။ တော၊ ၂၀:၂-၁၃။
42ကိုယ်တော်သည်မိမိ၏အစေခံအာဗြဟံအား
ပေးတော်မူခဲ့သောကတိတော်ကိုသတိရတော်မူ၏။
43သို့ဖြစ်၍ကိုယ်တော်သည်မိမိ၏လူစုတော်ကို ထုတ်ဆောင်တော်မူ၏။
သူတို့သည်လည်းသီချင်းဆိုလျက်ဝမ်းမြောက်စွာ ကြွေးကြော်ကြကုန်၏။
44ကိုယ်တော်သည်သူတို့အားအခြားလူမျိုးတို့၏ ပြည်များကိုပေးအပ်တော်မူသဖြင့်
သူတို့သည်ထိုသူတို့၏လယ်ယာများကို သိမ်းပိုက်ကြရ၏။#ယောရှု၊ ၁၁:၁၆-၂၃။
45ဤသို့ပြုတော်မူခြင်းမှာကိုယ်တော်၏လူစုတော် သည် ကိုယ်တော်ပေးအပ်ထားတော်မူသည့်
ပညတ်များကိုစောင့်ထိန်း၍အမိန့်တော်များကို လိုက်နာကြစေရန်ဖြစ်၏။
ထာဝရဘုရားအားထောမနာပြုကြလော့။
လက်ရှိရွေးချယ်ထားမှု
ဆာလံ 105: BCL
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
© 2005 Bible Society of Myanmar