YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာ​လံ 105:17-22

ဆာ​လံ 105:17-22 BCL

ကျွန်​အ​ဖြစ်​အ​ရောင်း​ခံ​ရ​သူ​ယော​သပ်​အား သူ​တို့​၏​ရှေ့​မှ​စေ​လွှတ်​တော်​မူ​ပေ​သည်။ ယော​သပ်​ကြို​တင်​ဟော​ကြား​သည့်​အ​တိုင်း ဖြစ်​ပျက်​၍​မ​လာ​မီ ယော​သပ်​သည်​ခြေ​ကျင်း​အ​ခတ်​ခံ​ရ​၏။ သူ​၏​လည်​တွင်​လည်း​သံ​လည်​ပတ်​အ​တပ်​ခံ​ရ​၏။ သူ့​အား​ဖြင့်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော ဗျာ​ဒိတ်​စ​ကား​အ​တိုင်း​ဖြစ်​ပျက်​လာ​၏။ ထို​အ​ခါ​အီ​ဂျစ်​ဘု​ရင်​သည်​ယော​သပ်​အား အ​ကျဉ်း​ထောင်​မှ​လွှတ်​စေ​တော်​မူ​၏။ လူ​မျိုး​တ​ကာ​တို့​၏​ဘု​ရင်​သည်​ယော​သပ် အား လွတ်​မြောက်​စေ​တော်​မူ​၏။ မင်း​ကြီး​သည်​သူ့​အား​တိုင်း​ပြည်​အုပ်​ချုပ်​ရေး တာ​ဝန်​ကို​အပ်​နှင်း​တော်​မူ​၍ တစ်​နိုင်​ငံ​လုံး​၏​ဘု​ရင်​ခံ​အ​ဖြစ်​ဖြင့် ခန့်​ထား​တော်​မူ​၏။ သူ​သည်​မင်း​ကြီး​ခန့်​ထား​သည့်​အ​ရာ​ရှိ များ​အား အ​မိန့်​ပေး​ပိုင်​ခွင့်​ကို​လည်း​ကောင်း၊ မှူး​မတ်​တို့​အား​ဆင့်​ဆို​ညွှန်​ကြား​ပိုင်​ခွင့် ကို​လည်း​ကောင်း​ရ​လေ​၏။