တောလည် 30
30
သစ္စာပြုခြင်းဆိုင်ရာပညတ်များ
1မောရှေသည်သစ္စာပြုခြင်းနှင့်ဆိုင်သောပညတ် များကို ဣသရေလအနွယ်များခေါင်းဆောင် တို့အားအောက်ပါအတိုင်းညွှန်ကြားလေ သည်။- 2တစ်စုံတစ်ယောက်သောသူသည်ထာဝရ ဘုရားအား တစ်စုံတစ်ခုကိုဆက်သရန် ကတိပြုလျှင်သော်လည်းကောင်း၊ တစ်စုံ တစ်ရာကိုရှောင်ကြဉ်ရန်သစ္စာဆိုလျှင်သော် လည်းကောင်း ထိုသစ္စာကတိကိုမချိုးဖောက် ရ။ ကတိသစ္စာပြုထားသည့်အတိုင်းတစ် သဝေမတိမ်းဆောင်ရွက်ရမည်။#တရား၊ ၂၃:၂၁-၂၃။ မ၊ ၅:၃၃။
3အဖ၏အုပ်ထိန်းမှုအောက်တွင်ရှိနေသေး သောမိန်းမပျိုတစ်ဦးသည် ထာဝရဘုရား အားတစ်စုံတစ်ခုကိုဆက်သရန်ကတိပြု လျှင်သော်လည်းကောင်း၊ တစ်စုံတစ်ရာကို ရှောင်ကြဉ်ရန်သစ္စာဆိုလျှင်သော်လည်း ကောင်း၊- 4သူ၏ဖခင်ကြား၍မတားမြစ်လျှင် သူသည် ကတိသစ္စာပြုထားသည်အတိုင်းတစ်သဝေ မတိမ်းဆောင်ရွက်ရမည်။- 5သို့ရာတွင်သူ၏ဖခင်ကြား၍တားမြစ်ပါမူ သူသည်ကတိသစ္စာအတိုင်းဆောင်ရွက်ရန်မ လို။ ဖခင်၏တားမြစ်မှုကြောင့်ကတိသစ္စာပျက် ခြင်းကိုထာဝရဘုရားခွင့်လွှတ်တော်မူမည်။
6အိမ်ထောင်မကျသေးသောအမျိုးသမီးတစ် ဦးသည် သိလျက်နှင့်သော်လည်းကောင်း၊ အမှတ် တမဲ့သော်လည်းကောင်းတစ်စုံတစ်ရာကိုရှောင် ကြဉ်ရန် ကတိသစ္စာပြုပြီးနောက်အိမ်ထောင် ကျလျှင် သူ၏ခင်ပွန်းသည်ကြား၍မတား မြစ်သော်၊- 7သူသည်ကတိသစ္စာပြုထားသည်အတိုင်း တစ်သဝေမတိမ်းဆောင်ရွက်ရမည်။- 8သူ၏ခင်ပွန်းကြား၍တားမြစ်လျှင်မူကား သူသည်ကတိသစ္စာအတိုင်းဆောင်ရွက်ရန် မလို။ ထာဝရဘုရားသည်သူ့ကိုခွင့်လွှတ် တော်မူမည်။
9မုဆိုးမဖြစ်စေ၊ လင်ကွာမိန်းမဖြစ်စေ မိမိ ပြုခဲ့သမျှသောကတိသစ္စာကိုတည်စေ ရမည်။
10လင်ရှိမိန်းမသည်တစ်စုံတစ်ရာကိုရှောင် ကြဉ်ရန် ကတိသစ္စာပြုခဲ့သော်သူ၏ခင်ပွန်း ကြား၍မတားမြစ်လျှင်၊- 11သူသည်မိမိ၏ကတိသစ္စာကိုတည်စေရမည်။- 12သို့ရာတွင်သူ၏ခင်ပွန်းကြား၍တားမြစ်ပါ မူ သူသည်ကတိသစ္စာအတိုင်းဆောင်ရွက်ရန် မလို။ ခင်ပွန်း၏တားမြစ်မှုကြောင့်ကတိပျက် ခြင်းကို ထာဝရဘုရားခွင့်လွှတ်တော်မူမည်။- 13သူ၏ခင်ပွန်းသည်သူပြုခဲ့သောကတိ သစ္စာကို တည်စေနိုင်ခွင့်နှင့်ပယ်ဖျက်ပိုင်ခွင့် ရှိ၏။- 14သို့ရာတွင်ခင်ပွန်းသည်ဇနီး၏ကတိသစ္စာ အကြောင်းကိုကြားရသောနေ့၌မတားမြစ် လျှင် ဇနီးသည်မိမိ၏ကတိသစ္စာကိုတည် စေရမည်။ ခင်ပွန်းသည်ကြားရသောနေ့၌ မတားမြစ်သဖြင့်သဘောတူရာရောက် သည်။- 15သူသည်တစ်ရက်လွန်ပြီးမှဇနီး၏ကတိ သစ္စာကိုပယ်ဖျက်လျှင် ကတိသစ္စာပျက်ခြင်း အပြစ်ဒဏ်ကိုခံစေရမည်။
16ဤပညတ်များသည်ကားဖခင်၏အုပ်ထိန်း မှုအောက်တွင် ရှိနေသေးသောမိန်းမပျိုနှင့် အိမ်ထောင်ကျပြီးသောအမျိုးသမီးတို့ ကတိသစ္စာပြုခြင်းနှင့်ဆိုင်သည့်ပညတ် များဖြစ်သတည်း။
လက်ရှိရွေးချယ်ထားမှု
တောလည် 30: BCL
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
© 2005 Bible Society of Myanmar