ကိုယ်တော်နှင့်တပည့်တော်သုံးဦးတို့သည် အခြား တပည့်တော်များရှိရာသို့ရောက်လာကြသောအခါ လူပရိသတ်ကြီးကိုမြင်ကြ၏။ တပည့်တော်တို့ သည်ကျမ်းတတ်ဆရာများနှင့်အခြေအတင် ပြောဆိုနေကြ၏။- လူအပေါင်းတို့သည်ကိုယ်တော်ကိုမြင်သောအခါ အံ့သြကြလျက်အထံတော်သို့ပြေး၍နှုတ်ခွန်း ဆက်ကြ၏။- ကိုယ်တော်ကတပည့်တော်တို့အား ``သင်တို့သည် ဤသူတို့နှင့်အဘယ်အကြောင်းအရာများကို အခြေအတင်ပြောဆိုနေကြသနည်း'' ဟုမေး တော်မူ၏။ ပရိသတ်ထဲမှလူတစ်ယောက်က ``ဆရာတော်၊ အကျွန်ုပ်သည်မိမိ၏သားငယ်ကိုအထံတော် သို့ခေါ်ခဲ့ပါသည်။ သူသည်ဆွံ့အသည့်နတ် ပူးဝင်နေသူဖြစ်ပါသည်။- နတ်ပူးဝင်သည့်အခါတိုင်းသူသည်မြေပေါ်မှာ လဲကျတတ်ပါ၏။ ပါးစပ်မှအမြှုပ်များထွက် လျက်အံသွားများကြိတ်တတ်ပါသည်။ ထိုနောက် သူ၏ကိုယ်သည်တောင့်မာလာပါသည်။ အရှင်၏ တပည့်များအားထိုနတ်ကိုနှင်ထုတ်ပေးရန် အကျွန်ုပ်တောင်းပန်ပါသော်လည်းသူတို့သည် မတတ်နိုင်ကြပါ'' ဟုကိုယ်တော်အားလျှောက် ထား၏။ ကိုယ်တော်က ``သင်တို့သည်ယုံကြည်ခြင်းကင်းမဲ့လှ ပါသည်တကား။ ငါသည်သင်တို့နှင့်မည်မျှကြာ အောင်နေရမည်နည်း။ မည်မျှကြာအောင်သင်တို့အား သည်းခံရမည်နည်း။ သူငယ်ကိုငါ့ထံသို့ခေါ်ခဲ့ကြ လော့'' ဟုမိန့်တော်မူ၏။- သူတို့သည်ထိုသူငယ်ကိုအထံတော်သို့ခေါ်ခဲ့ ကြ၏။ နတ်သည်ကိုယ်တော်ကိုမြင်လျှင်မြင်ချင်းသူငယ် အား ပြင်းထန်စွာတုန်တက်စေသဖြင့် သူငယ်သည် ပါးစပ်မှအမြှုပ်များထွက်လျက်မြေသို့လဲ ကျလူးလှိမ့်နေ၏။- သခင်ယေရှုက ``ဤသို့ဖြစ်ပျက်နေသည်မှာ ကြာပြီလော'' ဟုသူငယ်၏ဖခင်အားမေး တော်မူ၏။ ဖခင်က ``ကလေးအရွယ်မှပင်ဖြစ်ပါသည်။- နတ်သည်သူငယ်အားသေစေရန်ကြိမ်ဖန်များစွာ မီးထဲသို့ဖြစ်စေ၊ ရေထဲသို့ဖြစ်စေလဲစေတတ်ပါ သည်။ အရှင်တတ်နိုင်တော်မူလျှင် အကျွန်ုပ်တို့အား သနားသဖြင့်ကူမတော်မူပါ'' ဟုပြန်လည် လျှောက်ထား၏။ သခင်ယေရှုက ``တတ်နိုင်တော်မူလျှင်'' ဟု အဘယ်ကြောင့်ဆိုဘိသနည်း။ ယုံကြည်ခြင်း ရှိသူအဖို့မဖြစ်နိုင်သောအရာမရှိ'' ဟု ထိုသူအားမိန့်တော်မူ၏။- ချက်ချင်းပင်သူငယ်၏အဖက ``အကျွန်ုပ်အကယ် ပင်ယုံကြည်ပါ၏။ ယုံကြည်ခြင်းမပြည့်စုံသည့် အတွက်အကျွန်ုပ်အားမစတော်မူပါ'' ဟုကျယ် စွာလျှောက်ထား၏။ အထံတော်သို့လူပရိသတ်များပြေးလာကြ သည်ကိုကိုယ်တော်မြင်တော်မူလျှင် ``ဆွံ့အနားပင်း သောနတ်၊ သူငယ်ထံမှထွက်လော့။ အဘယ်အခါမျှ ပြန်၍မပူးမဝင်နှင့်၊ ငါအမိန့်ရှိသည်'' ဟုညစ် ညမ်းသောနတ်အားမိန့်တော်မူ၏။- နတ်သည်အော်ဟစ်ပြီးလျှင် သူငယ်ကိုပြင်းစွာတုန် တက်စေ၏။ ထိုနောက်သူ့ထံမှထွက်သွား၏။ သူငယ် သည်သူသေကဲ့သို့ဖြစ်နေသဖြင့် လူအများ ပင် ``သူငယ်သေပြီ'' ဟုပြောကြ၏။- သို့ရာတွင်သခင်ယေရှုသည်သူငယ်၏လက်ကို ကိုင်လျက်ထူမတော်မူ၏။ ထိုအခါသူငယ်သည် ထလေ၏။ ကိုယ်တော်သည်အိမ်သို့ပြန်ရောက်၍တစ်ကိုယ်တည်း ရှိတော်မူသောအခါ တပည့်တော်တို့က ``အကျွန်ုပ် တို့သည်ထိုနတ်ကိုအဘယ်ကြောင့်နှင်ထုတ်၍ မရပါသနည်း'' ဟုမေးလျှောက်ကြ၏။ ကိုယ်တော်က ``ဆုတောင်းခြင်းမှတစ်ပါး အခြား အဘယ်နည်းနှင့်မျှဤနတ်မျိုးကိုနှင်ထုတ်၍ မရ'' ဟုမိန့်တော်မူ၏။ ကိုယ်တော်နှင့်တပည့်တော်တို့သည်ထိုအရပ်မှ ထွက်ခွာကြပြီးလျှင် ဂါလိလဲပြည်ကိုဖြတ် သွားကြ၏။ ယင်းသို့ဖြတ်သွားကြောင်းကိုကိုယ် တော်သည်မည်သူ့အားမျှသိစေတော်မမူလို။- အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည် ``လူတို့ ၏လက်တွင်းသို့လူသားကိုအပ်နှံကြလိမ့်မည်။ သူ့ကိုသတ်ကြလိမ့်မည်။ သို့ရာတွင်သုံးရက်ကြာ သော်သူသည်သေခြင်းမှထမြောက်လိမ့်မည်'' ဟု တပည့်တော်တို့အားသွန်သင်တော်မူလျက်ရှိ သောကြောင့်ဖြစ်၏။- တပည့်တော်တို့သည်ကိုယ်တော်၏စကားတော်ကို နားမလည်ကြ။ သို့ရာတွင်ကိုယ်တော်အားမမေး မလျှောက်ဝံ့ကြ။ ကိုယ်တော်နှင့်တပည့်တော်တို့သည်ကပေရ နောင်မြို့သို့ရောက်ကြ၏။ အိမ်ထဲသို့ဝင်ပြီး နောက် ကိုယ်တော်က ``သင်တို့သည်လမ်းတွင် အဘယ်အကြောင်းအရာများကိုဆွေးနွေး ကြသနည်း'' ဟုတပည့်တို့အားမေးတော်မူ၏။- သူတို့သည်ဆိတ်ဆိတ်နေကြ၏။ အဘယ်ကြောင့် ဆိုသော်မိမိတို့အနက် အဘယ်သူသည်အကြီး မြတ်ဆုံးဖြစ်သည်ကိုလမ်းတွင်ဆွေးနွေးငြင်းခုံ ခဲ့ကြသောကြောင့်ဖြစ်၏။- ကိုယ်တော်သည်ထိုင်တော်မူပြီးလျှင်တစ်ကျိပ်နှစ် ပါးတို့ကိုခေါ်တော်မူ၍ ``အမြင့်ဆုံးသို့ရောက် လိုသူသည်အနိမ့်ဆုံးမှာနေရမည်။ လူခပ်သိမ်း တို့၏အစေခံလည်းဖြစ်ရမည်'' ဟုမိန့်တော်မူ၏။- ကိုယ်တော်သည်ကလေးသူငယ်တစ်ယောက်ကို ခေါ်၍ တပည့်တော်တို့အလယ်တွင်ထားတော် မူ၏။- ထိုနောက်ထိုသူငယ်ကိုပွေ့တော်မူလျက် ``ငါ ၏နာမကိုထောက်၍ ဤသို့သောသူငယ်တစ်စုံ တစ်ယောက်ကိုလက်ခံသူသည်ငါ့ကိုလက်ခံ၏။ ငါ့ကိုလက်ခံသူသည်ငါ့ကိုသာလက်ခံသည် မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသောအရှင်ကို လည်းလက်ခံ၏'' ဟုမိန့်တော်မူ၏။ ယောဟန်က ``အရှင်ဘုရား၊ အရှင်၏နာမတော် ကိုအမှီပြု၍နတ်မိစ္ဆာတို့ကိုနှင်ထုတ်နေသူလူ တစ်ယောက်ကို အကျွန်ုပ်တို့တွေ့မြင်ခဲ့ပါသည်။ သူသည်အကျွန်ုပ်တို့နှင့်အတူမလိုက်။ သို့မလိုက် သဖြင့်အကျွန်ုပ်တို့သည် သူ့အားအရှင်၏နာမ တော်ကိုအသုံးမပြုရန်တားမြစ်ခဲ့ပါ၏'' ဟု ကိုယ်တော်အားလျှောက်ထား၏။- သခင်ယေရှုက ``သူ့ကိုမတားမြစ်ကြနှင့်၊ ငါ ၏နာမကိုအမှီပြု၍အံ့ဖွယ်သောအမှုကိုပြု ပြီးနောက် ငါ့အားပုတ်ခတ်ပြောဆိုနိုင်မည့်သူ တစ်စုံတစ်ယောက်မျှမရှိ။- ငါတို့အားမဆန့်ကျင်သူသည်ငါတို့ဘက်သား ဖြစ်၏။- အမှန်အကန်သင်တို့အားငါဆိုသည်ကား ငါ၏ တပည့်များဖြစ်သည်ကိုထောက်လျက် သင်တို့အား သောက်ရေတစ်ခွက်ကိုပေးသူသည်မုချအကျိုး ခံစားရလိမ့်မည်။ ``ငါ့ကိုယုံကြည်ကိုးစားမှုပျက်ပြားစေရန် ဤ ကလေးသူငယ်တစ်စုံတစ်ယောက်ကိုမှောက်မှား လမ်းလွဲစေသောသူသည် လည်တွင်ကြိတ်ဆုံကျောက် ကိုဆွဲလျက်ပင်လယ်ထဲသို့ပစ်ချခံရလျှင်သူ့ အဖို့သာ၍ကောင်း၏။- သင်၏လက်သည်သင်၏ယုံကြည်ခြင်းကိုပျက် ပြားစေလျှင် ထိုလက်ကိုဖြတ်ပစ်လော့။- (လောက်ကောင်များမသေ၊ မီးမငြိမ်းရာ) ငရဲမီး ထဲသို့လက်နှစ်ဖက်အစုံအလင်နှင့်ကျရောက် ရသည်ထက်၊ လက်တစ်ဖက်ချို့တဲ့လျက်ထာဝရ အသက်ကိုရခြင်းကသာ၍ကောင်း၏။- သင်၏ခြေသည်သင်၏ယုံကြည်ခြင်းကိုပျက် ပြားစေလျှင် ထိုခြေကိုဖြတ်ပစ်လော့။- သင်သည်(လောက်ကောင်များမသေ၊ မီးမငြိမ်းရာ) ငရဲသို့ခြေနှစ်ဖက်အစုံအလင်နှင့်ကျရသည် ထက် ခြေတစ်ဖက်ချို့တဲ့လျက်ထာဝရအသက် ကိုရခြင်းကသာ၍ကောင်း၏။- သင်၏မျက်စိသည်သင်၏ယုံကြည်ခြင်းကိုပျက်ပြား စေလျှင် ထိုမျက်စိကိုထုတ်ပစ်လော့၊ မျက်စိတစ်စုံနှင့် ငရဲသို့ကျရသည်ထက် ဘုရားသခင်၏နိုင်ငံတော် သို့မျက်စိတစ်လုံးချို့တဲ့လျက်ဝင်ရသည်ကသာ၍ ကောင်း၏။- ထိုနေရာသည်ဖျက်ဆီးနေသောလောက်ကောင်များ မသေ၊ မီးမငြိမ်းရာနေရာဖြစ်သည်။ ``ယဇ်ကောင်ကိုဆားခပ်၍သန့်စင်စေသကဲ့သို့ မီးသည်လူခပ်သိမ်းတို့ကိုသန့်စင်စေလိမ့်မည်။- ဆားသည်အသုံးဝင်၏။ သို့သော်ဆားမှအငန်ကင်း ပျောက်သွားပါမူ သင်တို့သည်ယင်းကိုအဘယ်သို့ ပြန်၍ငန်အောင်ပြုနိုင်ပါမည်နည်း။ ``သင်တို့၌မိတ်ဖွဲ့ခြင်းတည်းဟူသောဆားရှိစေ ပြီးလျှင် အချင်းချင်းငြိမ်းချမ်းစွာနေကြလော့'' ဟုမိန့်တော်မူ၏။
ရှင်မာကု 9 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်မာကု 9:14-50
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
ကျမ်းစာ
အစီအစဉ်
ဗီဒီယို