YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 9:14-50

ရှင်မာကု 9:14-50 Judson Bible (JBMLE)

တ​ပည့်​တော်​တို့​ရှိ​ရာ​သို့ ရောက်​တော်​မူ​သော​အ​ခါ များ​စွာ​သော လူ​အ​စု​အ​ဝေး​သည် သူ​တို့​ကို​ဝိုင်း​လျက်၊ ကျမ်း​ပြု​ဆ​ရာ​တို့​သည် သူ​တို့​နှင့် ဆွေး​နွေး​မေး​မြန်း​ကြ​သည်​ကို မြင်​တော်​မူ၏။- စု​ဝေး​လျက်​ရှိ​သော လူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို​မြင်​လျှင် ချက်​ချင်း အံ့​ဩ​မိန်း​မော​ခြင်း​ရှိ​လျက် အ​ထံ​တော်​သို့ ပြေး၍ နှုတ်​ဆက်​ကြ၏။- ကိုယ်​တော်​က​လည်း၊ သင်​တို့​သည် သူ​တို့​နှင့် အ​ဘယ်​သို့ ဆွေး​နွေး​မေး​မြန်း​ကြ​သ​နည်း​ဟု ကျမ်း​ပြု​ဆ​ရာ​တို့​ကို မေး​တော်​မူ​လျှင်၊- လူ​အ​စု​အ​ဝေး၌​ပါ​သော သူ​တစ်​ယောက်​က၊ အ​ရှင်​ဘု​ရား၊ အ​သော​နတ်​အ​စွဲ​ခံ​ရ​သော အ​ကျွန်ုပ်၏​သား​ကို အ​ထံ​တော်​သို့ ဆောင်​ခဲ့​ပါ​ပြီ။- နတ်​သည် ဖမ်း​စား​လေ​ရာ​ရာ၌ သူ့​ကို​မြေ​ပေါ်​မှာ လှဲ၍၊ သူ​သည်​လည်း ခံ​တွင်း​မှ အ​မြှုပ်​ထွက်​လျက်၊ အံ​သွား​ခဲ​ကြိတ်​လျက်၊ ပိန်​ခြောက်​လျက် နေ​ရ​ပါ၏။ ထို​နတ်​ကို နှင်​ထုတ်​ပါ​မည်​အ​ကြောင်း တ​ပည့်​တော်​တို့​အား အ​ကျွန်ုပ်​လျှောက်၍ သူ​တို့​သည် မ​တတ်​နိုင်​ကြ​ပါ​ဟု လျှောက်​သော်၊- ကိုယ်​တော်​က၊ ယုံ​ကြည်​ခြင်း​မ​ရှိ​သော​အ​မျိုး၊ ငါ​သည် သင်​တို့​နှင့်​တ​ကွ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး နေ​ရ​မည်​နည်း။ သင်​တို့​ကို အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး သည်း​ခံ​ရ​မည်​နည်း။ သူ​ငယ်​ကို ငါ့​ထံ​သို့​ယူ​ခဲ့​ကြ​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊- ယူ​ခဲ့​ကြ၏။ ထို​နတ်​သည် ကိုယ်​တော်​ကို​မြင်​လျှင် ချက်​ချင်း သူ​ငယ်​ကို တောင့်​မာ​စေ​သ​ဖြင့် သူ​ငယ်​သည် မြေ​ပေါ်​မှာ​လဲ၍ အ​မြှုပ်​ထွက်​လျက် ကိုယ်​ကို လှိမ့်​လျက်​နေ၏။- ကိုယ်​တော်​က​လည်း၊ ဤ​သို့​ဖြစ်​သည်​ကား၊ အ​ဘယ်​မျှ​လောက် ကြာ​ပြီ​နည်း​ဟု သူ​ငယ်၏​အ​ဘ​အား မေး​တော်​မူ​လျှင်၊ အ​ဘ​က၊ ငယ်​သော အ​ရွယ်​က​ပင် ဖြစ်​ပါ၏။- သူ​ငယ်​ကို သေ​စေ​ခြင်း​ငှာ မီး၌​လည်း​ကောင်း၊ ရေ၌​လည်း​ကောင်း အ​ကြိမ်​ကြိမ် လဲ​စေ​တတ်၏။ သို့​သော်​လည်း ကိုယ်​တော်​သည် တတ်​နိုင်​တော်​မူ​လျှင် အ​ကျွန်ုပ်​တို့​ကို သ​နား၍ ကယ်​မ​တော်​မူ​ပါ​ဟု လျှောက်​လေ၏။- ယေ​ရှု​က​လည်း၊ သင်​သည် ယုံ​ကြည်​နိုင်​သ​လော။ ယုံ​ကြည်​သော​သူ​ဖြစ်​လျှင် ခပ်​သိမ်း​သော​အ​မှု​တို့​ကို တတ်​နိုင်​သည်​ဟု မိန့်​တော်​မူ၏။- သူ​ငယ်၏​အ​ဘ​သည် ချက်​ချင်း​ဟစ်​ကြော်၍ အ​ကျွန်ုပ်​ယုံ​ကြည်​ပါ၏ သ​ခင်။ မ​ယုံ​ကြည်​သည်​ကို မ​စ​တော်​မူ​ပါ​ဟု မျက်​ရည်​နှင့် လျှောက်​ပြန်​လေ၏။- ထို​အ​ခါ လူ​များ​တို့​သည် စု​ဝေး​လျက် ပြေး​လာ​ကြ​သည်​ကို ယေ​ရှု​သည်​မြင်​လျှင်၊ နား​ပင်း၍ စ​ကား​အ​သော​နတ်၊ သူ​ငယ်​မှ​ထွက်​လော့၊ နောက်​တစ်​ဖန်​မ​ဝင်​နှင့် ငါ​အ​မိန့်​ရှိ၏​ဟု ထို​ညစ်​ညူး​သော​နတ်​ကို ဆုံး​မ၍ မိန့်​တော်​မူ​သ​ဖြင့်၊- နတ်​သည် အော်​ဟစ်၍ အ​လွန်​တောင့်​မာ​စေ​ပြီး​မှ ထွက်​သွား၏။ သူ​ငယ်​သည် သေ​သ​ကဲ့​သို့​ဖြစ်၏။ သေ​ပြီ​ဟု လူ​များ​ဆို​ကြ၏။- ယေ​ရှု​သည် သူ၏​လက်​ကို​ကိုင်၍ ချီ​ကြွ​တော်​မူ​သ​ဖြင့် သူ​သည်​ထ​လေ၏။ အိမ်​သို့ ဝင်​တော်​မူ​ပြီး​မှ တ​ပည့်​တော်​တို့​က၊ အ​ကျွန်ုပ်​တို့​သည် ထို​နတ်​ကို အ​ဘယ်​ကြောင့် မ​နှင်​ထုတ်​နိုင်​ပါ​သ​နည်း​ဟု တိတ်​ဆိတ်​စွာ မေး​လျှောက်​ကြ​သော်၊- ကိုယ်​တော်​က၊ ဆု​တောင်း​ခြင်း၊ အ​စာ​ရှောင်​ခြင်း​မှ​တစ်​ပါး အ​ဘယ်​သို့​သော​အား​ဖြင့် ထို​နတ်​မျိုး​သည် မ​ထွက်​နိုင်​ဟု မိန့်​တော်​မူ၏။ ထို​အ​ရပ်​မှ​ထွက်၍ ဂါ​လိ​လဲ​ပြည်​အ​လယ်၌ လျှောက်​သွား​ကြ​စဉ်​တွင် အ​ဘယ်​သူ​မျှ သိ​စေ​ခြင်း​ငှာ အ​လို​တော်​မ​ရှိ။- အ​ကြောင်း​မူ​ကား၊ လူ​သား​သည် လူ​တို့​လက်​သို့ အပ်​နှံ​ခြင်း​ကို​လည်း​ကောင်း၊ အ​သေ​သတ်​ခြင်း​ကို​လည်း​ကောင်း ခံ​ရ​မည်။- ခံ​ပြီး​မှ သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​လိမ့်​မည်​ဟူ​သော အ​ကြောင်း​များ​ကို တ​ပည့်​တော်​တို့​အား ပြ​တော်​မူ၏။ ထို​အ​ကြောင်း​များ​ကို သူ​တို့​သည် နား​မ​လည်​သော်​လည်း၊ ကိုယ်​တော်​ကို မ​မေး​မ​လျှောက်​ဝံ့​ကြ။ က​ပေ​ရ​နောင်​မြို့​သို့ ရောက်၍ အိမ်၌​ရှိ​တော်​မူ​လျှင်၊ သင်​တို့​သည် လမ်း၌ အ​ဘယ်​အ​မှု​ကို အ​ချင်း​ချင်း ငြင်း​ခုံ​ကြ​သ​နည်း​ဟု မေး​တော်​မူ​သည်​ကို၊- သူ​တို့​သည် တိတ်​ဆိတ်​စွာ​နေ​ကြ၏။ အ​ကြောင်း​မူ​ကား၊ အ​ဘယ်​သူ​သည် သာ၍ ကြီး​မြတ်​အံ့​နည်း​ဟု လမ်း၌ အ​ချင်း​ချင်း ငြင်း​ခုံ​ကြ၏။- ထို​အ​ခါ ကိုယ်​တော်​သည် ထိုင်​လျက် တစ်​ကျိပ်​နှစ်​ပါး​တို့​ကို ခေါ်​တော်​မူ၍၊ အ​ရင်​အ​ဦး​ဖြစ်​လို​သော​သူ မည်​သည်​ကား နောက်​ဆုံး​ဖြစ်​ရ​မည်။ အ​လုံး​စုံ​တို့၏ အ​စေ​ခံ​လည်း ဖြစ်​ရ​မည်​ဟု မိန့်​တော်​မူ၏။- သူ​ငယ်​တစ်​ယောက်​ကို​လည်း​ယူ၍ သူ​တို့​အ​လယ်၌ ထား​ပြီး​မှ လက်​တော်​နှင့် ချီ​ပိုက်​လျက်၊- အ​ကြင်​သူ​သည် ငါ့​မျက်​နှာ​ကို​ထောက်၍ ဤ​ကဲ့​သို့​သော သူ​ငယ် တစ်​စုံ​တစ်​ယောက်​ကို လက်​ခံ၏။ ထို​သူ​သည် ငါ့​ကို​ပင် လက်​ခံ၏။ ငါ့​ကို​လက်​ခံ​သော သူ​သည်​လည်း ငါ့​ကို​သာ လက်​ခံ​သည်​မ​ဟုတ်။ ငါ့​ကို စေ​လွှတ်​တော်​မူ​သော​သူ​ကို​ပင် လက်​ခံ​သည်​ဟု မိန့်​တော်​မူ၏။ ယော​ဟန်​က​လည်း၊ အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်​တို့​နှင့်​အ​တူ မ​လိုက်​ဘဲ​လျက် ကိုယ်​တော်၏​နာ​မ​ကို အ​မှီ​ပြု၍ နတ်​ဆိုး​တို့​ကို နှင်​ထုတ်​သော​သူ​တစ်​ယောက်​ကို အ​ကျွန်ုပ်​တို့​တွေ့​ပါ၏။ သူ​သည် အ​ကျွန်ုပ်​တို့​နှင့်​အ​တူ မ​လိုက်​သော​ကြောင့် အ​ကျွန်ုပ်​တို့​သည် မြစ်​တား​ကြ​ပါ​သည်​ဟု လျှောက်​လေ​သော်၊- ယေ​ရှု​က၊ ထို​သူ​ကို မ​မြစ်​တား​ကြ​နှင့်။ ငါ့​နာ​မ​ကို အ​မှီ​ပြု​လျက် တန်​ခိုး​ကို​ပြ၍ ငါ့​ကို​အ​လွယ်​တ​ကူ ကဲ့​ရဲ့​နိုင်​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။- သင်​တို့၏​ရန်​သူ​ဘက်၌ မ​ရှိ​သော​သူ​သည် သင်​တို့​ဘက်၌ ရှိ၏။- သင်​တို့​သည် ခ​ရစ်​တော်​နှင့် ဆိုင်​သည်​ဟု ငါ့​မျက်​နှာ​ကို​ထောက်၍ အ​ကြင်​သူ​သည် သင်​တို့​အား ရေ​တစ်​ခွက်​ကို​မျှ​ပေး၏။ ထို​သူ​သည် အ​ကျိုး​ကို မ​ရ​ဘဲ​မ​နေ​ရာ၊ ငါ​အ​မှန်​ဆို၏။ ငါ့​ကို​ယုံ​ကြည်​သော ဤ​သူ​ငယ်​တစ်​စုံ​တစ်​ယောက်​ကို အ​ကြင်​သူ​သည် မှား​ယွင်း​စေ၏။ ထို​သူ​သည် လည်​ပင်း၌ ကြိတ်​ဆုံ​ကျောက်​ကို ဆွဲ၍ ပင်​လယ်၌​ချ​ခြင်း​ကို​ခံ​ရ​လျှင် အ​နေ​သာ၍ ကောင်း၏။- သင်၏​လက်​သည် သင့်​ကို​မှား​ယွင်း​စေ​လျှင် လက်​ကို​ဖြတ်​လော့။- ပိုး​မ​သေ၊ မီး​မ​ငြိမ်း​ရာ၊ င​ရဲ​အ​တွင်း​မ​ငြိမ်း​နိုင်​သော မီး​ထဲ​သို့ လက်​နှစ်​ဖက်​စုံ​နှင့် ဝင်​ရ​သည်​ထက်၊ လက်​ချို့​တဲ့၍ အ​သက်​ရှင်​ခြင်း​သို့​ဝင်​စား​သော် သာ၍​ကောင်း၏။- သင်၏​ခြေ​သည် သင့်​ကို​မှား​ယွင်း​စေ​လျှင် ခြေ​ကို​ဖြတ်​လော့။- ပိုး​မ​သေ၊ မီး​မ​ငြိမ်း​ရာ၊ င​ရဲ​အ​တွင်း မ​ငြိမ်း​နိုင်​သော​မီး​ထဲ​သို့ ခြေ​နှစ်​ဖက်​စုံ​နှင့်​ချ​ခြင်း​ကို ခံ​ရ​သည်​ထက်၊ ခြေ​ချို့​တဲ့၍ အ​သက်​ရှင်​ခြင်း​သို့ ဝင်​စား​သော် သာ၍​ကောင်း၏။- သင်၏​မျက်​စိ​သည်​လည်း သင့်​ကို​မှား​ယွင်း​စေ​လျှင် မျက်​စိ​ကို​ထုတ်​လော့။- ပိုး​မ​သေ၊ မီး​မ​ငြိမ်း​ရာ၊ င​ရဲ​မီး​ထဲ​သို့ မျက်​စိ​နှစ်​ဖက်​စုံ​နှင့်​ချ​ခြင်း​ကို ခံ​ရ​သည်​ထက်၊ မျက်​စိ​တစ်​ဖက်​နှင့် ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​သို့ ဝင်​စား​သော် သာ၍​ကောင်း၏။- ယဇ်​ကောင်​ရှိ​သ​မျှ​တို့၌ ဆား​ခတ်​ရ​သ​ကဲ့​သို့ ခပ်​သိမ်း​သော​သူ​တို့​သည် မီး​ဆား​ခတ်​ခြင်း​ကို ခံ​ရ​ကြ​မည်။- ဆား​သည်​ကောင်း၏။ သို့​သော်​လည်း အ​ငန်​ကင်း​ပျောက်​လျှင်၊ ငန်​သော​အ​ရ​သာ​ကို အ​ဘယ်​သို့ ရ​ပြန်​မည်​နည်း။ သင်​တို့၌ ဆား​ရှိ​စေ​ကြ​လော့။ အ​ချင်း​ချင်း အ​သင့်​အ​တင့်​နေ​ကြ​လော့​ဟု မိန့်​တော်​မူ၏။

ရှင်မာကု 9:14-50 Common Language Bible (BCL)

ကိုယ်​တော်​နှင့်​တ​ပည့်​တော်​သုံး​ဦး​တို့​သည် အ​ခြား တ​ပည့်​တော်​များ​ရှိ​ရာ​သို့​ရောက်​လာ​ကြ​သော​အ​ခါ လူ​ပ​ရိ​သတ်​ကြီး​ကို​မြင်​ကြ​၏။ တ​ပည့်​တော်​တို့ သည်​ကျမ်း​တတ်​ဆ​ရာ​များ​နှင့်​အ​ခြေ​အ​တင် ပြော​ဆို​နေ​ကြ​၏။- လူ​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​ကို​မြင်​သော​အ​ခါ အံ့​သြ​ကြ​လျက်​အ​ထံ​တော်​သို့​ပြေး​၍​နှုတ်​ခွန်း ဆက်​ကြ​၏။- ကိုယ်​တော်​က​တ​ပည့်​တော်​တို့​အား ``သင်​တို့​သည် ဤ​သူ​တို့​နှင့်​အ​ဘယ်​အ​ကြောင်း​အ​ရာ​များ​ကို အ​ခြေ​အ​တင်​ပြော​ဆို​နေ​ကြ​သ​နည်း'' ဟု​မေး တော်​မူ​၏။ ပ​ရိ​သတ်​ထဲ​မှ​လူ​တစ်​ယောက်​က ``ဆ​ရာ​တော်၊ အ​ကျွန်ုပ်​သည်​မိ​မိ​၏​သား​ငယ်​ကို​အ​ထံ​တော် သို့​ခေါ်​ခဲ့​ပါ​သည်။ သူ​သည်​ဆွံ့​အ​သည့်​နတ် ပူး​ဝင်​နေ​သူ​ဖြစ်​ပါ​သည်။- နတ်​ပူး​ဝင်​သည့်​အ​ခါ​တိုင်း​သူ​သည်​မြေ​ပေါ်​မှာ လဲ​ကျ​တတ်​ပါ​၏။ ပါး​စပ်​မှ​အ​မြှုပ်​များ​ထွက် လျက်​အံ​သွား​များ​ကြိတ်​တတ်​ပါ​သည်။ ထို​နောက် သူ​၏​ကိုယ်​သည်​တောင့်​မာ​လာ​ပါ​သည်။ အ​ရှင်​၏ တ​ပည့်​များ​အား​ထို​နတ်​ကို​နှင်​ထုတ်​ပေး​ရန် အ​ကျွန်ုပ်​တောင်း​ပန်​ပါ​သော်​လည်း​သူ​တို့​သည် မ​တတ်​နိုင်​ကြ​ပါ'' ဟု​ကိုယ်​တော်​အား​လျှောက် ထား​၏။ ကိုယ်​တော်​က ``သင်​တို့​သည်​ယုံ​ကြည်​ခြင်း​ကင်း​မဲ့​လှ ပါ​သည်​တ​ကား။ ငါ​သည်​သင်​တို့​နှင့်​မည်​မျှ​ကြာ အောင်​နေ​ရ​မည်​နည်း။ မည်​မျှ​ကြာ​အောင်​သင်​တို့​အား သည်း​ခံ​ရ​မည်​နည်း။ သူ​ငယ်​ကို​ငါ့​ထံ​သို့​ခေါ်​ခဲ့​ကြ လော့'' ဟု​မိန့်​တော်​မူ​၏။- သူ​တို့​သည်​ထို​သူ​ငယ်​ကို​အ​ထံ​တော်​သို့​ခေါ်​ခဲ့ ကြ​၏။ နတ်​သည်​ကိုယ်​တော်​ကို​မြင်​လျှင်​မြင်​ချင်း​သူ​ငယ် အား ပြင်း​ထန်​စွာ​တုန်​တက်​စေ​သ​ဖြင့် သူ​ငယ်​သည် ပါး​စပ်​မှ​အ​မြှုပ်​များ​ထွက်​လျက်​မြေ​သို့​လဲ ကျ​လူး​လှိမ့်​နေ​၏။- သ​ခင်​ယေ​ရှု​က ``ဤ​သို့​ဖြစ်​ပျက်​နေ​သည်​မှာ ကြာ​ပြီ​လော'' ဟု​သူ​ငယ်​၏​ဖ​ခင်​အား​မေး တော်​မူ​၏။ ဖ​ခင်​က ``က​လေး​အ​ရွယ်​မှ​ပင်​ဖြစ်​ပါ​သည်။- နတ်​သည်​သူ​ငယ်​အား​သေ​စေ​ရန်​ကြိမ်​ဖန်​များ​စွာ မီး​ထဲ​သို့​ဖြစ်​စေ၊ ရေ​ထဲ​သို့​ဖြစ်​စေ​လဲ​စေ​တတ်​ပါ သည်။ အ​ရှင်​တတ်​နိုင်​တော်​မူ​လျှင် အ​ကျွန်ုပ်​တို့​အား သ​နား​သ​ဖြင့်​ကူ​မ​တော်​မူ​ပါ'' ဟု​ပြန်​လည် လျှောက်​ထား​၏။ သ​ခင်​ယေ​ရှု​က ``တတ်​နိုင်​တော်​မူ​လျှင်'' ဟု အ​ဘယ်​ကြောင့်​ဆို​ဘိ​သ​နည်း။ ယုံ​ကြည်​ခြင်း ရှိ​သူ​အ​ဖို့​မ​ဖြစ်​နိုင်​သော​အ​ရာ​မ​ရှိ'' ဟု ထို​သူ​အား​မိန့်​တော်​မူ​၏။- ချက်​ချင်း​ပင်​သူ​ငယ်​၏​အ​ဖ​က ``အ​ကျွန်ုပ်​အ​ကယ် ပင်​ယုံ​ကြည်​ပါ​၏။ ယုံ​ကြည်​ခြင်း​မ​ပြည့်​စုံ​သည့် အ​တွက်​အ​ကျွန်ုပ်​အား​မ​စ​တော်​မူ​ပါ'' ဟု​ကျယ် စွာ​လျှောက်​ထား​၏။ အ​ထံ​တော်​သို့​လူ​ပ​ရိ​သတ်​များ​ပြေး​လာ​ကြ သည်​ကို​ကိုယ်​တော်​မြင်​တော်​မူ​လျှင် ``ဆွံ့​အ​နား​ပင်း သော​နတ်၊ သူ​ငယ်​ထံ​မှ​ထွက်​လော့။ အ​ဘယ်​အ​ခါ​မျှ ပြန်​၍​မ​ပူး​မ​ဝင်​နှင့်၊ ငါ​အ​မိန့်​ရှိ​သည်'' ဟု​ညစ် ညမ်း​သော​နတ်​အား​မိန့်​တော်​မူ​၏။- နတ်​သည်​အော်​ဟစ်​ပြီး​လျှင် သူ​ငယ်​ကို​ပြင်း​စွာ​တုန် တက်​စေ​၏။ ထို​နောက်​သူ့​ထံ​မှ​ထွက်​သွား​၏။ သူ​ငယ် သည်​သူ​သေ​ကဲ့​သို့​ဖြစ်​နေ​သ​ဖြင့် လူ​အ​များ ပင် ``သူ​ငယ်​သေ​ပြီ'' ဟု​ပြော​ကြ​၏။- သို့​ရာ​တွင်​သ​ခင်​ယေ​ရှု​သည်​သူ​ငယ်​၏​လက်​ကို ကိုင်​လျက်​ထူ​မ​တော်​မူ​၏။ ထို​အ​ခါ​သူ​ငယ်​သည် ထ​လေ​၏။ ကိုယ်​တော်​သည်​အိမ်​သို့​ပြန်​ရောက်​၍​တစ်​ကိုယ်​တည်း ရှိ​တော်​မူ​သော​အ​ခါ တ​ပည့်​တော်​တို့​က ``အ​ကျွန်ုပ် တို့​သည်​ထို​နတ်​ကို​အ​ဘယ်​ကြောင့်​နှင်​ထုတ်​၍ မ​ရ​ပါ​သ​နည်း'' ဟု​မေး​လျှောက်​ကြ​၏။ ကိုယ်​တော်​က ``ဆု​တောင်း​ခြင်း​မှ​တစ်​ပါး အ​ခြား အ​ဘယ်​နည်း​နှင့်​မျှ​ဤ​နတ်​မျိုး​ကို​နှင်​ထုတ်​၍ မ​ရ'' ဟု​မိန့်​တော်​မူ​၏။ ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည်​ထို​အ​ရပ်​မှ ထွက်​ခွာ​ကြ​ပြီး​လျှင် ဂါ​လိ​လဲ​ပြည်​ကို​ဖြတ် သွား​ကြ​၏။ ယင်း​သို့​ဖြတ်​သွား​ကြောင်း​ကို​ကိုယ် တော်​သည်​မည်​သူ့​အား​မျှ​သိ​စေ​တော်​မ​မူ​လို။- အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​သည် ``လူ​တို့ ၏​လက်​တွင်း​သို့​လူ​သား​ကို​အပ်​နှံ​ကြ​လိမ့်​မည်။ သူ့​ကို​သတ်​ကြ​လိမ့်​မည်။ သို့​ရာ​တွင်​သုံး​ရက်​ကြာ သော်​သူ​သည်​သေ​ခြင်း​မှ​ထ​မြောက်​လိမ့်​မည်'' ဟု တ​ပည့်​တော်​တို့​အား​သွန်​သင်​တော်​မူ​လျက်​ရှိ သော​ကြောင့်​ဖြစ်​၏။- တ​ပည့်​တော်​တို့​သည်​ကိုယ်​တော်​၏​စ​ကား​တော်​ကို နား​မ​လည်​ကြ။ သို့​ရာ​တွင်​ကိုယ်​တော်​အား​မ​မေး မ​လျှောက်​ဝံ့​ကြ။ ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည်​က​ပေ​ရ နောင်​မြို့​သို့​ရောက်​ကြ​၏။ အိမ်​ထဲ​သို့​ဝင်​ပြီး နောက် ကိုယ်​တော်​က ``သင်​တို့​သည်​လမ်း​တွင် အ​ဘယ်​အ​ကြောင်း​အ​ရာ​များ​ကို​ဆွေး​နွေး ကြ​သ​နည်း'' ဟု​တ​ပည့်​တို့​အား​မေး​တော်​မူ​၏။- သူ​တို့​သည်​ဆိတ်​ဆိတ်​နေ​ကြ​၏။ အ​ဘယ်​ကြောင့် ဆို​သော်​မိ​မိ​တို့​အ​နက် အ​ဘယ်​သူ​သည်​အ​ကြီး မြတ်​ဆုံး​ဖြစ်​သည်​ကို​လမ်း​တွင်​ဆွေး​နွေး​ငြင်း​ခုံ ခဲ့​ကြ​သော​ကြောင့်​ဖြစ်​၏။- ကိုယ်​တော်​သည်​ထိုင်​တော်​မူ​ပြီး​လျှင်​တစ်​ကျိပ်​နှစ် ပါး​တို့​ကို​ခေါ်​တော်​မူ​၍ ``အ​မြင့်​ဆုံး​သို့​ရောက် လို​သူ​သည်​အ​နိမ့်​ဆုံး​မှာ​နေ​ရ​မည်။ လူ​ခပ်​သိမ်း တို့​၏​အ​စေ​ခံ​လည်း​ဖြစ်​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။- ကိုယ်​တော်​သည်​က​လေး​သူ​ငယ်​တစ်​ယောက်​ကို ခေါ်​၍ တ​ပည့်​တော်​တို့​အ​လယ်​တွင်​ထား​တော် မူ​၏။- ထို​နောက်​ထို​သူ​ငယ်​ကို​ပွေ့​တော်​မူ​လျက် ``ငါ ၏​နာ​မ​ကို​ထောက်​၍ ဤ​သို့​သော​သူ​ငယ်​တစ်​စုံ တစ်​ယောက်​ကို​လက်​ခံ​သူ​သည်​ငါ့​ကို​လက်​ခံ​၏။ ငါ့​ကို​လက်​ခံ​သူ​သည်​ငါ့​ကို​သာ​လက်​ခံ​သည် မ​ဟုတ်။ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​ကို လည်း​လက်​ခံ​၏'' ဟု​မိန့်​တော်​မူ​၏။ ယော​ဟန်​က ``အ​ရှင်​ဘု​ရား၊ အ​ရှင်​၏​နာ​မ​တော် ကို​အ​မှီ​ပြု​၍​နတ်​မိစ္ဆာ​တို့​ကို​နှင်​ထုတ်​နေ​သူ​လူ တစ်​ယောက်​ကို အ​ကျွန်ုပ်​တို့​တွေ့​မြင်​ခဲ့​ပါ​သည်။ သူ​သည်​အ​ကျွန်ုပ်​တို့​နှင့်​အ​တူ​မ​လိုက်။ သို့​မ​လိုက် သ​ဖြင့်​အ​ကျွန်ုပ်​တို့​သည် သူ့​အား​အ​ရှင်​၏​နာ​မ တော်​ကို​အ​သုံး​မ​ပြု​ရန်​တား​မြစ်​ခဲ့​ပါ​၏'' ဟု ကိုယ်​တော်​အား​လျှောက်​ထား​၏။- သ​ခင်​ယေ​ရှု​က ``သူ့​ကို​မ​တား​မြစ်​ကြ​နှင့်၊ ငါ ၏​နာ​မ​ကို​အ​မှီ​ပြု​၍​အံ့​ဖွယ်​သော​အ​မှု​ကို​ပြု ပြီး​နောက် ငါ့​အား​ပုတ်​ခတ်​ပြော​ဆို​နိုင်​မည့်​သူ တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ။- ငါ​တို့​အား​မ​ဆန့်​ကျင်​သူ​သည်​ငါ​တို့​ဘက်​သား ဖြစ်​၏။- အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ငါ​၏ တ​ပည့်​များ​ဖြစ်​သည်​ကို​ထောက်​လျက် သင်​တို့​အား သောက်​ရေ​တစ်​ခွက်​ကို​ပေး​သူ​သည်​မု​ချ​အ​ကျိုး ခံ​စား​ရ​လိမ့်​မည်။ ``ငါ့​ကို​ယုံ​ကြည်​ကိုး​စား​မှု​ပျက်​ပြား​စေ​ရန် ဤ က​လေး​သူ​ငယ်​တစ်​စုံ​တစ်​ယောက်​ကို​မှောက်​မှား လမ်း​လွဲ​စေ​သော​သူ​သည် လည်​တွင်​ကြိတ်​ဆုံ​ကျောက် ကို​ဆွဲ​လျက်​ပင်​လယ်​ထဲ​သို့​ပစ်​ချ​ခံ​ရ​လျှင်​သူ့ အ​ဖို့​သာ​၍​ကောင်း​၏။- သင်​၏​လက်​သည်​သင်​၏​ယုံ​ကြည်​ခြင်း​ကို​ပျက် ပြား​စေ​လျှင် ထို​လက်​ကို​ဖြတ်​ပစ်​လော့။- (လောက်​ကောင်​များ​မ​သေ၊ မီး​မ​ငြိမ်း​ရာ) င​ရဲ​မီး ထဲ​သို့​လက်​နှစ်​ဖက်​အ​စုံ​အ​လင်​နှင့်​ကျ​ရောက် ရ​သည်​ထက်၊ လက်​တစ်​ဖက်​ချို့​တဲ့​လျက်​ထာ​ဝ​ရ အ​သက်​ကို​ရ​ခြင်း​က​သာ​၍​ကောင်း​၏။- သင်​၏​ခြေ​သည်​သင်​၏​ယုံ​ကြည်​ခြင်း​ကို​ပျက် ပြား​စေ​လျှင် ထို​ခြေ​ကို​ဖြတ်​ပစ်​လော့။- သင်​သည်​(လောက်​ကောင်​များ​မ​သေ၊ မီး​မ​ငြိမ်း​ရာ) င​ရဲ​သို့​ခြေ​နှစ်​ဖက်​အ​စုံ​အ​လင်​နှင့်​ကျ​ရ​သည် ထက် ခြေ​တစ်​ဖက်​ချို့​တဲ့​လျက်​ထာ​ဝ​ရ​အ​သက် ကို​ရ​ခြင်း​က​သာ​၍​ကောင်း​၏။- သင်​၏​မျက်​စိ​သည်​သင်​၏​ယုံ​ကြည်​ခြင်း​ကို​ပျက်​ပြား စေ​လျှင် ထို​မျက်​စိ​ကို​ထုတ်​ပစ်​လော့၊ မျက်​စိ​တစ်​စုံ​နှင့် င​ရဲ​သို့​ကျ​ရ​သည်​ထက် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော် သို့​မျက်​စိ​တစ်​လုံး​ချို့​တဲ့​လျက်​ဝင်​ရ​သည်​က​သာ​၍ ကောင်း​၏။- ထို​နေ​ရာ​သည်​ဖျက်​ဆီး​နေ​သော​လောက်​ကောင်​များ မ​သေ၊ မီး​မ​ငြိမ်း​ရာ​နေ​ရာ​ဖြစ်​သည်။ ``ယဇ်​ကောင်​ကို​ဆား​ခပ်​၍​သန့်​စင်​စေ​သ​ကဲ့​သို့ မီး​သည်​လူ​ခပ်​သိမ်း​တို့​ကို​သန့်​စင်​စေ​လိမ့်​မည်။- ဆား​သည်​အ​သုံး​ဝင်​၏။ သို့​သော်​ဆား​မှ​အ​ငန်​ကင်း ပျောက်​သွား​ပါ​မူ သင်​တို့​သည်​ယင်း​ကို​အ​ဘယ်​သို့ ပြန်​၍​ငန်​အောင်​ပြု​နိုင်​ပါ​မည်​နည်း။ ``သင်​တို့​၌​မိတ်​ဖွဲ့​ခြင်း​တည်း​ဟူ​သော​ဆား​ရှိ​စေ ပြီး​လျှင် အ​ချင်း​ချင်း​ငြိမ်း​ချမ်း​စွာ​နေ​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။

ရှင်မာကု 9:14-50 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် သူ​တို့​သည် အခြား​တပည့်​တော်​တို့​ရှိ​ရာ​သို့ ပြန်လာ​ကြ​ရာ များစွာ​သော​လူထု​ပရိသတ်​သည် တပည့်​တော်​တို့​ကို​ဝိုင်းရံ​လျက်​ရှိ​၍ ကျမ်းပြု​ဆရာ​တို့​သည် သူ​တို့​နှင့်​ငြင်းခုံ​ပြောဆို​နေ​ကြ​သည်​ကို​တွေ့မြင်​ကြ​၏။ လူထု​ပရိသတ်​အပေါင်း​တို့​သည် ကိုယ်တော်​ကို​မြင်​သည်နှင့် အလွန်​အံ့သြ​လျက် ပြေး​လာ​၍ ကိုယ်တော်​ကို​နှုတ်ဆက်​ကြ​၏။ ကိုယ်တော်​က​လည်း တပည့်​တော်​တို့​အား“သင်​တို့​သည် ထို​သူ​တို့​နှင့် မည်သည့်​အကြောင်းအရာ​ကို ဆွေးနွေး​နေ​ကြ​သနည်း”​ဟု မေး​တော်မူ​၏။ ထိုအခါ လူထု​ပရိသတ်​ထဲမှ​တစ်​ဦး​က “ဆရာ၊ ဆွံ့အ​သော​နတ်​ပူး​နေ​သည့် အကျွန်ုပ်​၏​သား​ကို ဆရာ့​ထံ​ခေါ်ဆောင်​လာ​ပါ​၏။ နတ်​သည် သူ့​ကို​ဖမ်းစား​သည့်​အခါ​တိုင်း သူ့​ကို​လှဲချ​၍ သူ​သည် ပါးစပ်​မှ​အမြှုပ်​ထွက်​ပြီး အံသွား​ကြိတ်​ကာ မာတောင့်​လာ​တတ်​ပါ​၏။ သို့ဖြစ်၍ ကိုယ်တော်​၏​တပည့်​တော်​တို့​အား ထို​နတ်​ကို​နှင်ထုတ်​ပေး​ရန် တောင်းပန်​သော်လည်း သူ​တို့​သည်​မ​တတ်နိုင်​ကြ​ပါ”​ဟု လျှောက်​လေ​၏။ ကိုယ်တော်​က​လည်း“အို ယုံကြည်​ခြင်း​မ​ရှိ​သော​မျိုးဆက်၊ ငါ​သည် သင်​တို့​နှင့်အတူ မည်မျှ​ကြာအောင်​နေ​ရ​မည်နည်း။ သင်​တို့​ကို မည်မျှ​ကြာအောင်​သည်းခံ​ရ​မည်နည်း။ သူ့​ကို​ငါ့​ထံသို့​ခေါ်​ခဲ့​ကြ​လော့”​ဟု မိန့်​တော်မူ​၏။ ထိုအခါ သူ​တို့​သည် သူငယ်​ကို အထံ​တော်​သို့​ခေါ်​ခဲ့​ကြ​ရာ ထို​နတ်​သည် ကိုယ်တော်​ကို​မြင်​လျှင် သူငယ်​ကို ချက်ချင်း​တက်​စေ​သဖြင့် သူငယ်​သည် မြေ​ပေါ်သို့​လဲကျ​ပြီး ပါးစပ်​မှ​အမြှုပ်​ထွက်​လျက် လူးလိမ့်​နေ​၏။ ကိုယ်တော်​က သူငယ်​၏​ဖခင်​အား“သူ​၌ ဤသို့​ဖြစ်​ခဲ့​သည်​မှာ မည်မျှ​ကြာ​ပြီ​နည်း”​ဟု မေး​တော်မူ​ရာ ဖခင်​က “ငယ်စဉ်​ကတည်းက​ဖြစ်​ပါ​၏။ နတ်​သည် သူ့​ကို​သေ​စေရန် မီး​ထဲသို့​လည်းကောင်း၊ ရေ​ထဲသို့​လည်းကောင်း မကြာခဏ​ပစ်ချ​တတ်​ပါ​၏။ သို့သော် ကိုယ်တော်​တစ်စုံတစ်ခု​တတ်နိုင်​လျှင် အကျွန်ုပ်​တို့​ကို​သနား​၍ ကူညီမစ​တော်မူ​ပါ”​ဟု လျှောက်​လေ​၏။ ယေရှု​က​လည်း“တတ်နိုင်​လျှင်​ဟု​ဆို​ရ​သလော။ ယုံကြည်​သော​သူ​အတွက် အရာ​ခပ်သိမ်း​သည် ဖြစ်နိုင်​၏”​ဟု မိန့်​တော်မူ​၏။ သူငယ်​၏​ဖခင်​က “အကျွန်ုပ်​ယုံကြည်​ပါ​၏။ အကျွန်ုပ်​၏​မ​ယုံကြည်​မှု​ကို ကူညီမစ​တော်မူ​ပါ”​ဟု ချက်ချင်း​အော်ဟစ်​လျက် လျှောက်ထား​လေ​၏။ ယေရှု​သည် လူထု​ပရိသတ်​ပြေး​လာ​ကြ​သည်​ကို​မြင်​လျှင် ညစ်ညူး​သော​နတ်​ကို​ဆုံးမ​လျက်“ဆွံ့အ​၍ နားပင်း​သော​နတ်၊ သင့်​အား ငါ​အမိန့်​ပေး​၏။ သူ့​အထဲမှ​ထွက်သွား​လော့။ နောက်တစ်ဖန် သူ့​အထဲသို့​မ​ဝင်​နှင့်”​ဟု မိန့်​တော်မူ​၏။ ထိုအခါ နတ်ဆိုး​သည် အော်ဟစ်​လျက် သူငယ်​ကို ပြင်းထန်​စွာ​တက်​စေ​ပြီးလျှင် ထွက်သွား​လေ​၏။ သူငယ်​သည် လူသေ​ကဲ့သို့​ဖြစ်​သွား​သဖြင့် လူ​အပေါင်း​တို့​က “သူ​သေ​ပြီ”​ဟု ပြောဆို​ကြ​၏။ သို့သော် ယေရှု​သည် သူငယ်​၏​လက်​ကို​ကိုင်​လျက် သူ့​ကို​ထူမ​တော်မူ​ရာ သူ​သည်​ထ​လေ​၏။ ထို့နောက် ကိုယ်တော်​သည် အိမ်​ထဲသို့​ဝင်​တော်မူ​လျှင် တပည့်​တော်​တို့​က “အကျွန်ုပ်​တို့​သည် ထို​နတ်ဆိုး​ကို အဘယ်ကြောင့် မ​နှင်ထုတ်​နိုင်​ပါ​သနည်း”​ဟု တိတ်တဆိတ်​မေးလျှောက်​ကြ​၏။ ကိုယ်တော်​က​လည်း“ထို​နတ်​မျိုး​ကို ဆုတောင်း​ခြင်း​အားဖြင့်​မ​ဟုတ်​လျှင် မည်သည့်​နည်း​နှင့်​မျှ မ​နှင်ထုတ်​နိုင်”​ဟု မိန့်​တော်မူ​၏။ သူ​တို့​သည် ထို​အရပ်​မှ​ထွက်ခွာ​၍ ဂါလိလဲ​နယ်​ကို​ဖြတ်​သွား​ကြ​၏။ သို့သော် ကိုယ်တော်​သည် မည်သူ့​ကို​မျှ မ​သိ​စေ​လို​ချေ။ အဘယ်ကြောင့်​ဆိုသော် ကိုယ်တော်​က တပည့်​တော်​တို့​အား သွန်သင်​လျက်“လူ့သား​သည် လူ​တို့​၏​လက်​သို့​အပ်နှံ​ခြင်း​ခံရ​လိမ့်မည်။ သူ​တို့​သည်​လည်း သူ့​ကို​သတ်​ကြ​လိမ့်မည်။ သို့သော် အသေ​သတ်​ခြင်း​ခံရ​ပြီး သုံး​ရက်​ကြာ​သောအခါ သူ​သည် ထမြောက်​လိမ့်မည်”​ဟု မိန့်​တော်မူ​သောကြောင့်​ဖြစ်​၏။ တပည့်​တော်​တို့​သည် ထို​စကား​ကို နား​မ​လည်​ကြ​သော်လည်း ကိုယ်တော်​အား​မ​မေး​ဝံ့​ကြ​ချေ။ ထို့နောက် သူ​တို့​သည် ကပေရနောင်​မြို့​သို့​ရောက်​ကြ​၏။ အိမ်​ထဲ၌​ရှိ​တော်မူ​စဉ် ကိုယ်တော်​က တပည့်​တော်​တို့​အား“သင်​တို့​သည် လမ်း​၌ မည်သည့်​အကြောင်းအရာ​ကို အချေအတင်​ပြောဆို​လာ​ခဲ့​ကြ​သနည်း”​ဟု မေး​တော်မူ​၏။ သို့သော် သူ​တို့​သည် တိတ်ဆိတ်​စွာ​နေ​ကြ​၏။ အကြောင်းမှာ မည်သူ​သည် အကြီးမြတ်ဆုံး​ဖြစ်​သနည်း​ဟု လမ်း​၌ အချင်းချင်း​အချေအတင်​ပြောဆို​ခဲ့​ကြ​သောကြောင့်​ဖြစ်​၏။ ထိုအခါ ကိုယ်တော်​သည်​ထိုင်​လျက် တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​ကို​ခေါ်​ပြီးလျှင်“မည်သူမဆို ပထမ​ဦးဆုံး​ဖြစ်​လို​လျှင် အားလုံး​တွင် နောက်ဆုံး​ဖြစ်​ပြီး အားလုံး​၏​အစေခံ​ဖြစ်​ရ​မည်”​ဟု မိန့်​တော်မူ​၏။ ထို့နောက် ကိုယ်တော်​သည် သူငယ်​တစ်​ယောက်​ကို​ခေါ်​၍ သူ​တို့​အလယ်​၌​ရပ်​စေ​ပြီးလျှင် သူ့​ကို​ပွေ့ချီ​ကာ “ဤသို့​သော​ကလေး​သူငယ်​များ​ထဲမှ တစ်စုံတစ်ဦး​ကို ငါ​၏​နာမ​၌​လက်ခံ​သော​သူ​သည် ငါ့​ကို​လက်ခံ​၏။ ငါ့​ကို​လက်ခံ​သော​သူ​သည် ငါ့​ကို​မ​ဟုတ်​ဘဲ ငါ့​အား​စေလွှတ်​တော်မူ​သော​အရှင်​ကို​လက်ခံ​၏”​ဟု မိန့်​တော်မူ​၏။ ယောဟန်​က “ဆရာ၊ ဆရာ​၏​နာမ​ဖြင့် နတ်ဆိုး​များ​နှင်ထုတ်​နေ​သူ​တစ်​ဦး​ကို အကျွန်ုပ်​တို့​တွေ့​ခဲ့​ပါ​သည်။ သူ​သည် အကျွန်ုပ်​တို့​နှင့်အတူ​မ​လိုက်​သောကြောင့် သူ့​ကို​တားမြစ်​ခဲ့​ပါ​သည်”​ဟု လျှောက်​လေ​၏။ သို့သော် ယေရှု​က“သူ့​ကို​မ​တားမြစ်​ကြ​နှင့်။ အကြောင်းမူကား ငါ​၏​နာမ​ဖြင့် တန်ခိုး​လက္ခဏာ​ကို​ပြု​ပြီးနောက် မကြာမီ​အတွင်း ငါ့​ကို​ပုတ်ခတ်​ပြောဆို​နိုင်​မည့်​သူ တစ်စုံတစ်ဦး​မျှ​မ​ရှိ။ ငါ​တို့​ကို​မ​ဆန့်ကျင်​သော​သူ​သည် ငါ​တို့​ဘက်သား​ဖြစ်​၏။ သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား ခရစ်တော်​၏​တပည့်​ဟူသော​အမည်​နာမ​ကို​ထောက်၍ သင်​တို့​အား ရေ​တစ်​ခွက်​ကို​တိုက်​သော​သူ​သည် အကျိုးကျေးဇူး​ကို လုံးဝ​ဆုံးရှုံး​ရ​မည်​မ​ဟုတ်။ သို့သော် ငါ့​ကို​ယုံကြည်​သည့် ဤ​ငယ်​သော​သူ​များ​ထဲမှ တစ်စုံတစ်ဦး​ကို မှားယွင်း​စေ​သော​သူ​သည် ကြီးမား​သော​ကြိတ်ဆုံ​ကျောက်​ကို သူ့​လည်ပင်း​၌​ဆွဲ​လျက် ပင်လယ်​ထဲသို့​ပစ်ချ​ခံရ​လျှင် သူ့​အတွက် သာ၍​ကောင်း​၏။ သင်​၏​လက်​သည် သင့်​ကို​မှားယွင်း​စေ​လျှင် ၎င်း​ကို​ဖြတ်​ပစ်​လော့။ လက်​နှစ်​ဖက်​ပါ​လျက် မီး​မ​ငြိမ်း​နိုင်​သည့်​ငရဲ​သို့​လား​ရ​သည်​ထက် လက်​တစ်ဖက်​နှင့် အသက်ရှင်​ခြင်း​သို့​ဝင်စား​ရ​သည်​က သင့်​အတွက် သာ၍​ကောင်း​၏။ [ထို​နေရာ​တွင် လောက်ကောင်​သည်​မ​သေ၊ မီး​လည်း​မ​ငြိမ်း​ပေ။] သင်​၏​ခြေ​သည် သင့်​ကို​မှားယွင်း​စေ​လျှင် ၎င်း​ကို​ဖြတ်​ပစ်​လော့။ ခြေ​နှစ်​ဖက်​ပါ​လျက် ငရဲ​ထဲသို့​ပစ်ချ​ခြင်း​ခံရ​သည်​ထက် ခြေ​တစ်ဖက်​နှင့် အသက်ရှင်​ခြင်း​သို့​ဝင်စား​ရ​သည်​က သင့်​အတွက် သာ၍​ကောင်း​၏။ [ထို​နေရာ​တွင် လောက်ကောင်​သည်​မ​သေ၊ မီး​လည်း​မ​ငြိမ်း​ပေ။] သင်​၏​မျက်စိ​သည် သင့်​ကို​မှားယွင်း​စေ​လျှင် ၎င်း​ကို​ထုတ်​ပစ်​လော့။ မျက်စိ​နှစ်​လုံး​ပါ​လျက် ငရဲ​ထဲသို့​ပစ်ချ​ခြင်း​ခံရ​သည်​ထက် မျက်စိ​တစ်​လုံး​နှင့် ဘုရားသခင်​၏​နိုင်ငံ​တော်​သို့​ဝင်စား​ရ​သည်​က သင့်​အတွက် သာ၍​ကောင်း​၏။ ထို​နေရာ​တွင် လောက်ကောင်​သည်​မ​သေ၊ မီး​လည်း​မ​ငြိမ်း​ပေ။ လူ​တိုင်း​သည် မီး​ဖြင့် ဆား​ခတ်​ခြင်း​ကို​ခံရ​လိမ့်မည်။ ဆား​သည်​ကောင်း​၏။ သို့သော် ဆား​သည် အငန်​ဓာတ်​ကင်းမဲ့​သွား​လျှင် ၎င်း​ကို မည်သည့်​အရာ​ဖြင့် အရသာ​ပြန်​ရှိ​စေ​မည်နည်း။ သင်​တို့​သည် မိမိ​ကိုယ်တိုင်​၌ ဆား​ရှိ​စေ​၍ အချင်းချင်း​သင့်မြတ်​စွာ​နေ​ကြ​လော့”​ဟု မိန့်​တော်မူ​၏။