ရက်အနည်းငယ်ကြာသောအခါကိုယ်တော်သည် ကပေရနောင်မြို့သို့ပြန်လည်ရောက်ရှိလာ၏။ အိမ်သို့ကိုယ်တော်ရောက်ရှိနေသည့်သတင်းကို လူတို့ကြားကြကုန်၏။- ထို့ကြောင့်အထံတော်သို့စုရုံးလာကြသူများ လှသဖြင့် အိမ်ဥပစာမှာခြေချစရာမရှိ တော့ပေ။ ကိုယ်တော်သည်ထိုသူတို့အားတရား တော်ကိုဟောပြောလျက်နေတော်မူ၏။- ထိုအခါလူလေးယောက်တို့သည်လေဖြတ်သူ တစ်ဦးကို ထမ်းစင်ဖြင့်အထံတော်သို့ယူဆောင် လာကြ၏။- ပရိသတ်တိုးမပေါက်သဖြင့် သူတို့သည်ကိုယ်တော် အနီးသို့မချဉ်းကပ်နိုင်ကြ။ ထို့ကြောင့်ကိုယ်တော် ရှိသည့်နေရာအထက်မှခေါင်မိုးကိုဖောက်ထွင်း၍ လူမမာလဲလျောင်းနေသောထမ်းစင်ကိုလျောချ ကြ၏။- သခင်ယေရှုသည်သူတို့၏ယုံကြည်ခြင်းကိုမြင် တော်မူလျှင် လေဖြတ်သူအား ``ငါ့သား၊ သင်၏ အပြစ်များကိုဖြေလွှတ်ပြီ'' ဟုမိန့်တော်မူ၏။- သို့သော်လည်းထိုအရပ်မှာထိုင်လျက်ရှိကြ သောကျမ်းတတ်ဆရာအချို့တို့က၊- ``ဤသူသည်အဘယ်ကြောင့်ဤသို့ဆိုပါသနည်း။ သူသည်ဘုရားသခင်ကိုပြစ်မှားပြောဆိုလေ ပြီ။ ဘုရားသခင်မှတစ်ပါးအဘယ်သူသည် အပြစ်ကိုဖြေလွှတ်နိုင်ပါမည်နည်း'' ဟူ၍ တွေးတောနေကြလေသည်။- သခင်ယေရှုသည်ထိုသူတို့ယင်းသို့တွေးတော နေသည်ကို ချက်ချင်းသိတော်မူသဖြင့် ``သင်တို့ သည်အဘယ်ကြောင့်ဤသို့တွေးတောနေကြ သနည်း။- လေဖြတ်သူအားအဘယ်သို့ပြောရန်ပို၍လွယ်ကူ သနည်း။ `သင်၏အပြစ်ကိုဖြေလွှတ်ပြီ' ဟုပြောရန် ပို၍လွယ်ကူသလော။ သို့တည်းမဟုတ် `နေရာမှ ထလော့၊ သင်၏ထမ်းစင်ကိုထမ်း၍လှမ်းသွား လော့' ဟုပြောရန်ပို၍လွယ်ကူသလော။- လူသားသည်လောကတွင်အပြစ်ဖြေလွှတ်ပိုင် သည်ကို သင်တို့အားသိမြင်စေအံ့'' ဟုဆိုလျက် လက်ခြေသေသူအား၊- ``နေရာမှထ၍ထမ်းစင်ကိုထမ်း၍အိမ်သို့ပြန် လော့'' ဟုမိန့်တော်မူ၏။ လူပရိသတ်ရှေ့မှောက်၌ပင်ထိုသူသည်ထ၍ ထမ်းစင်ကိုထမ်းပြီးလျှင်ထွက်သွားလေသည်။ ယင်းသို့ထ၍ထွက်သွားသဖြင့်လူအပေါင်း တို့သည်လွန်စွာအံ့သြကြ၏။ ``ဤအချင်း အရာမျိုးကိုငါတို့အဘယ်အခါကမျှ မမြင်စဖူး'' ဟုဆိုကာဘုရားသခင်၏ ဂုဏ်တော်ကိုချီးကူးကြ၏။ ကိုယ်တော်သည်ဂါလိလဲအိုင်ကမ်းခြေသို့တစ်ဖန် ကြွတော်မူပြန်၏။ လူအပေါင်းတို့သည်ကိုယ်တော် ထံသို့လာကြသဖြင့် ကိုယ်တော်သည်သူတို့ကို ဟောပြောသွန်သင်တော်မူ၏။- ကိုယ်တော်သည်ဆက်လက်၍လျှောက်သွားတော်မူ ပြန်သောအခါ အကောက်ခွန်ရုံးခန်းတွင်အာလဖဲ ၏သားလေဝိထိုင်နေသည်ကိုမြင်တော်မူ၏။ သူ့ ကိုကိုယ်တော်က ``ငါ့နောက်သို့လိုက်လော့'' ဟုမိန့် တော်မူလျှင်သူသည်ထ၍နောက်တော်သို့လိုက် လေ၏။ ထိုနောက်သခင်ယေရှုသည်လေဝိ၏အိမ်တွင် တပည့်တော်တို့နှင့်အတူစားသောက်လျက်ရှိစဉ်၊ အခွန်ခံသူနှင့်အပယ်ခံသူအမြောက်အမြား သည်လည်း ကိုယ်တော်နှင့်လိုက်ပါလာကြသဖြင့် ကိုယ်တော်နှင့်တကွတပည့်တော်တို့နှင့်အတူ စားသောက်လျက်ရှိကြ၏။- ဤသို့ထိုသူတို့နှင့်ကိုယ်တော်ထိုင်၍စားသောက်နေ သည်ကို ဖာရိရှဲဂိုဏ်းဝင်ကျမ်းတတ်ဆရာတို့မြင် လျှင် ``အဘယ်ကြောင့်ကိုယ်တော်သည်အခွန်ခံသူ များ၊ အပြစ်ကူးသူများနှင့်ထိုင်၍စားသောက်နေ ပါသနည်း'' ဟုတပည့်တော်တို့အားမေးမြန်း ကြ၏။ ယင်းသို့မေးမြန်းသည်ကို သခင်ယေရှုကြားတော် မူလျှင် ``ကျန်းမာသူသည်ဆရာဝန်ကိုမလို။ ဖျား နာသူသာလျှင်လို၏။ ငါသည်ဂုဏ်အသရေရှိ သူများကိုခေါ်ရန်ကြွလာသည်မဟုတ်။ အပြစ် ကူးသူများကိုခေါ်ရန်ကြွလာသတည်း'' ဟု ထိုသူတို့အားမိန့်တော်မူ၏။ တစ်နေ့၌ယောဟန်၏တပည့်များနှင့်ဖာရိရှဲတို့ သည်အစာရှောင်လျက်နေကြ၏။ လူအချို့တို့သည် ကိုယ်တော့်ထံလာ၍ ``ယောဟန်၏တပည့်များနှင့် ဖာရိရှဲတို့သည်အစာရှောင်ကြပါသည်။ အရှင် ၏တပည့်များမူကားအဘယ်ကြောင့်အစာ မရှောင်ကြပါသနည်း'' ဟုမေးလျှောက်ကြ၏။ သခင်ယေရှုက ``မင်္ဂလာဆောင်သတို့သား၏ အပေါင်းအဖော်များသည် သတို့သားနှင့်အတူ ရှိနေချိန်၌အစာရှောင်နိုင်ပါမည်လော။ သတို့ သားရှိနေသမျှကာလပတ်လုံးသူတို့သည် အစာမရှောင်နိုင်ကြရာ။- သို့ရာတွင်သူတို့ထံမှသတို့သားကို ခွဲခွာ ယူဆောင်သွားမည့်နေ့ရက်ရောက်ရှိလာသော အခါ သူတို့သည်အစာရှောင်ကြလိမ့်မည်။ ``မည်သူမျှပိတ်စသစ်နှင့်အထည်ဟောင်းကို ဖာရိုးမရှိ။ ဖာခဲ့လျှင်ပိတ်စသစ်ကရုန်းသဖြင့် စုတ်ပြဲရာပို၍ဆိုးပေမည်။- ထိုမှတစ်ပါးစပျစ်ရည်သစ်ကိုသားရေဘူးဟောင်း တွင်ထည့်ရိုးမရှိ။ ထည့်ခဲ့ပါမူစပျစ်ရည်သစ်သည် သားရေဘူးကိုပေါက်ပြဲစေသဖြင့် စပျစ်ရည်နှင့် သားရေဘူးပါပျက်စီးသွားလိမ့်မည်။ စပျစ်ရည် သစ်ကိုသားရေဘူးသစ်တွင်ထည့်ရမည်'' ဟုထို သူတို့အားမိန့်တော်မူ၏။
ရှင်မာကု 2 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်မာကု 2:1-22
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ