YouVersion လိုဂို
ရှာရန် အိုင်ကွန်

မဿဲ 21:18-46

မဿဲ 21:18-46 BCL

နံ​နက်​စော​စော​မြို့​သို့​ပြန်​လည်​ကြွ​လာ​တော်​မူ​စဉ် ကိုယ်​တော်​သည်​ဆာ​လောင်​မွတ်​သိပ်​တော်​မူ​၏။- လမ်း​အ​နီး​တွင်​သ​င်္ဘော​သ​ဖန်း​ပင်​တစ်​ပင်​ကို မြင်​သ​ဖြင့်​ထို​အ​ပင်​ရှိ​ရာ​သို့​ကြွ​တော်​မူ​၏။ အ​ပင်​ပေါ်​တွင်​အ​ရွက်​များ​ကို​သာ​တွေ့​တော်​မူ လျှင်​ကိုယ်​တော်​သည်​ထို​အ​ပင်​အား ``သင်​သည် နောင်​အ​ဘယ်​အ​ခါ​၌​မျှ​အ​သီး​မ​သီး​စေ​နှင့်'' ဟု​မိန့်​တော်​မူ​၏။ သင်္ဘော​သ​ဖန်း​ပင်​သည်​လည်း ချက်​ချင်း​ပင်​ညှိုး​နွမ်း​ခြောက်​သွေ့​သွား​လေ​၏။ ထို​အ​ခြင်း​အ​ရာ​ကို​တ​ပည့်​တော်​တို့​မြင်​လျှင် လွန်​စွာ​အံ့​သြ​ကြ​သ​ဖြင့် ``သင်္ဘော​သ​ဖန်း​ပင် သည်​အ​ဘယ်​သို့​လျှင်​ချက်​ချင်း​ညှိုး​နွမ်း​ခြောက် သွေ့​သွား​ပါ​သ​နည်း'' ဟု​မေး​လျှောက်​ကြ​၏။ သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင်​တို့​အား ငါ​ဆို​သည်​ကား၊ သင်​တို့​သည်​သံ​သ​ယ​ကင်း သော​ယုံ​ကြည်​ခြင်း​ရှိ​လျှင်​သ​င်္ဘော​သ​ဖန်း​ပင် ကို​ငါ​ပြု​သ​ကဲ့​သို့​ပြု​နိုင်​လိမ့်​မည်။ ထို​မျှ​မ​က ဤ​တောင်​အား `ဤ​နေ​ရာ​မှ​ရွေ့​၍​ပင်​လယ်​ထဲ သို့​သက်​ဆင်း​လော့' ဟု​ဆို​လျှင်​ဆို​သည့်​အ​တိုင်း ဖြစ်​လိမ့်​မည်။- သင်​တို့​သည်​ယုံ​ကြည်​ခြင်း​ဖြင့်​တောင်း​လျှောက် လျှင်​တောင်း​လျှောက်​သ​မျှ​တို့​ကို​ရ​ရှိ​ကြ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ ကိုယ်​တော်​သည်​ဗိ​မာန်​တော်​သို့​ပြန်​လည်​ကြွ​လာ တော်​မူ​၍​ဟော​ပြော​သွန်​သင်​တော်​မူ​စဉ်​ယဇ်​ပု​ရော ဟိတ်​ကြီး​များ​နှင့်​ဘာ​သာ​ရေး​ခေါင်း​ဆောင်​များ​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်​ကြ​ပြီး​လျှင် ``အ​ရှင်​သည် ဤ​အ​မှု​အ​ရာ​များ​ကို​အ​ဘယ်​အ​ခွင့်​အာ​ဏာ​နှင့် ပြု​တော်​မူ​ပါ​သ​နည်း။ ထို​အ​ခွင့်​အာ​ဏာ​ကို​အ​ရှင့် အား​အ​ဘယ်​သူ​ပေး​အပ်​ပါ​သ​နည်း'' ဟု​မေး လျှောက်​ကြ​၏။ သ​ခင်​ယေ​ရှု​က ``သင်​တို့​အား​မေး​ခွန်း​တစ်​ခု​ကို ငါ​မေး​မည်။ ထို​မေး​ခွန်း​ကို​သင်​တို့​ဖြေ​ကြား​ကြ ပါ​လျှင် ဤ​အ​မှု​အ​ရာ​များ​ကို​အ​ဘယ်​အ​ခွင့် အာ​ဏာ​နှင့်​ငါ​ပြု​သည်​ကို​ငါ​ပြော​မည်။- ယော​ဟန်​ဗတ္တိ​ဇံ​မင်္ဂလာ​ပေး​သည်​မှာ​ဘု​ရား​သ​ခင်​၏ အ​ခွင့်​အာ​ဏာ​နှင့်​ပေး​သ​လော။ လူ​တို့​၏​အ​ခွင့် အာ​ဏာ​နှင့်​ပေး​သ​လော'' ဟု​မေး​တော်​မူ​၏။ သူ​တို့​သည် ``အ​ကယ်​၍​ဘု​ရား​သ​ခင်​၏​အ​ခွင့် အာ​ဏာ​နှင့်​ပေး​သည်​ဟု​ငါ​တို့​ဆို​လျှင်​ယော​ဟန် ကို​သင်​တို့​အ​ဘယ်​ကြောင့်​မ​ယုံ​ကြည်​ကြ သ​နည်း​ဟု​မေး​လိမ့်​မည်။- သို့​ရာ​တွင်​လူ​တို့​၏​အ​ခွင့်​အာ​ဏာ​နှင့်​ပေး​သည် ဟု​ဆို​ရ​မည်​မှာ​လည်း​လူ​အ​ပေါင်း​တို့​သည်​ယော​ဟန် ကို ပ​ရော​ဖက်​တစ်​ပါး​ဟု​ယုံ​ကြည်​ကြ​သ​ဖြင့်​လူ ပ​ရိ​သတ်​ကို​ငါ​တို့​ကြောက်​ရ​၏'' ဟု​အ​ချင်း​ချင်း ဆွေး​နွေး​ကြ​၏။- သို့​ဖြစ်​၍​သူ​တို့​က ``အ​ကျွန်ုပ်​တို့​မ​သိ​ပါ'' ဟု ပြန်​လည်​လျှောက်​ထား​ကြ​၏။ ထို​အ​ခါ​ကိုယ်​တော်​က ``ငါ​ပြု​သည့်​အ​မှု​အ​ရာ များ​ကို​အ​ဘယ်​အ​ခွင့်​အာ​ဏာ​နှင့်​ပြု​သည်​ကို လည်း​သင်​တို့​အား​ငါ​မ​ပြော'' ဟု​မိန့်​တော်​မူ​၏။ ထို​နောက်​ကိုယ်​တော်​က ``သင်​တို့​သည်​အ​ဘယ်​သို့ ထင်​မှတ်​ကြ​သ​နည်း။ လူ​တစ်​ယောက်​မှာ​သား​နှစ် ယောက်​ရှိ​၏။ သူ​သည်​သား​ကြီး​ထံ​သို့​သွား​ပြီး လျှင်`ငါ့​သား၊ ယ​နေ့​စ​ပျစ်​ဥ​ယျာဉ်​သို့​သွား​၍ လုပ်​ဆောင်​ပါ​လော့' ဟု​ဆို​၏။- သား​ကြီး​က `အ​ကျွန်ုပ်​မ​သွား​လို​ပါ' ဟု​ဆို သော်​လည်း​နောက်​မှ​စိတ်​ပြောင်း​လဲ​သ​ဖြင့် ဥ​ယျာဉ်​သို့​သွား​လေ​၏။- ဖ​ခင်​သည်​သား​ငယ်​ထံ​သို့​သွား​၍​ရှေး​နည်း​တူ ပြော​၏။ သား​ငယ်​က `ဟုတ်​ကဲ့ အ​ဖေ၊ အ​ကျွန်ုပ် သွား​ပါ​မည်' ဟု​ဆို​၏။- သို့​သော်​လည်း​မ​သွား​ဘဲ​နေ​၏။ ထို​သား​နှစ်​ယောက် တို့​တွင်​အ​ဘယ်​သူ​သည်​ဖ​ခင်​၏​စ​ကား​ကို​နား ထောင်​ပါ​သ​နည်း'' ဟု​မေး​တော်​မူ​၏။ ထို​သူ​တို့​က ``သား​ကြီး​နား​ထောင်​ပါ​သည်'' ဟု ဖြေ​ကြား​ကြ​၏။ သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို သည်​ကား၊ အ​ခွန်​ခံ​သူ​များ​နှင့်​ပြည့်​တန်​ဆာ​များ သည်​သင်​တို့​အ​လျင်​ကောင်း​ကင်​နိုင်​ငံ​တော်​သို့​ဝင် ကြ​လိမ့်​မည်။- ယော​ဟန်​သည်​သင်​တို့​ထံ​လာ​၍​လမ်း​မှန်​ကို​ညွှန်​ပြ သော်​လည်း​သင်​တို့​သည်​သူ့​ကို​မ​ယုံ​ကြည်​ကြ။ သို့ ရာ​တွင်​အ​ခွန်​ခံ​သူ​များ​နှင့်​ပြည့်​တန်​ဆာ​များ​မူ ကား​ယုံ​ကြည်​ကြ​၏။ ဤ​အ​ခြင်း​အ​ရာ​ကို​တွေ့​မြင် ရ​ကြ​သော​အ​ခါ​၌​ပင်​လျှင် သင်​တို့​သည်​စိတ်​ပြောင်း လဲ​၍​ယော​ဟန်​ကို​ယုံ​ကြည်​လာ​ခြင်း​မ​ရှိ​ကြ။'' ``အ​ခြား​ပုံ​ဥ​ပ​မာ​တစ်​ခု​ကို​နား​ထောင်​ကြ​ဦး လော့။ စ​ပျစ်​ဥ​ယျာဉ်​တစ်​ခု​ကို​စိုက်​ပျိုး​သည့်​မြေ ပိုင်​ရှင်​တစ်​ယောက်​ရှိ​၏။ သူ​သည်​ခြံ​ဝင်း​ကာ​၍ စပျစ်​သီး​နယ်​ရာ​ကျင်း​ကို​တူး​၏။ မျှော်​စင်​တစ်​ခု ကို​လည်း​ဆောက်​လုပ်​၏။ ထို​နောက်​မိ​မိ​၏​ဥ​ယျာဉ် ကို​ခြံ​သ​မား​တို့​အား​သီး​စား​ချ​၍​နိုင်​ငံ​ရပ် ခြား​သို့​ထွက်​သွား​၏။- စ​ပျစ်​သီး​ပေါ်​ချိန်​နီး​ကပ်​လာ​သော​အ​ခါ​မိ​မိ ၏​လုပ်​သား​များ​ကို​ခြံ​သ​မား​တို့​ထံ​သို့​စေ​လွှတ် ၍ သီး​စား​ခ​စ​ပျစ်​သီး​များ​ကို​တောင်း​ခံ​စေ​၏။- ခြံ​သ​မား​တို့​သည်​လုပ်​သား​များ​ကို​ဖမ်း​၍​ရိုက် သူ​ကို​ရိုက်၊ သတ်​သူ​ကို​သတ်၊ ခဲ​နှင့်​ပေါက်​သူ​ကို ပေါက်​ကြ​၏။- ထို​နောက်​ဥ​ယျာဉ်​ရှင်​သည်​ပ​ထ​မ​အ​ကြိမ်​ထက် လုပ်​သား​များ​ကို​ပို​၍​စေ​လွှတ်​၏။ သို့​ရာ​တွင် ခြံ​သ​မား​တို့​သည်​ထို​လုပ်​သား​များ​ကို​လည်း ရှေး​နည်း​တူ​ပြု​ကြ​ပြန်​၏။- နောက်​ဆုံး​၌​သူ​သည် `ငါ​၏​သား​ကို​မူ​ထို​သူ​တို့ လေး​စား​ကြ​ရာ​၏' ဟု​ဆို​လျက်​မိ​မိ​၏​သား ကို​ခြံ​သ​မား​တို့​ထံ​သို့​စေ​လွှတ်​၏။- သို့​သော်​ထို​သူ​တို့​သည်​ဥ​ယျာဉ်​ရှင်​၏​သား​ကို မြင်​သော​အ​ခါ `ဤ​သူ​သည်​အ​မွေ​စား​အ​မွေ​ခံ ဖြစ်​၏။ လာ​ကြ။ သူ့​ကို​သတ်​၍​သူ့​အ​မွေ​ဥစ္စာ ကို​ယူ​ကြ​ကုန်​အံ့' ဟု​အ​ချင်း​ချင်း​တိုင်​ပင် ပြီး​နောက်၊- သူ့​ကို​ဖမ်း​ပြီး​ဥ​ယျာဉ်​အ​ပြင်​သို့​ထုတ်​၍ သတ်​ကြ​၏။ သို့​ဖြစ်​၍​ဥ​ယျာဉ်​ရှင်​ရောက်​ရှိ​လာ​သော​အ​ခါ ခြံ​သ​မား​တို့​အား​အ​ဘယ်​သို့​ပြု​လိမ့်​မည်​နည်း'' ဟု​မေး​တော်​မူ​၏။ လူ​တို့​က ``ဥ​ယျာဉ်​ရှင်​သည်​ထို​ဆိုး​သွမ်း​သော သူ​တို့​ကို​အ​မှန်​ပင်​သတ်​ပစ်​ပါ​လိမ့်​မည်။ ဥ​ယျာဉ် ကို​လည်း​စ​ပျစ်​သီး​ပေါ်​ချိန်​၌​သီး​စား​ခ​မှန်​မှန် ပေး​မည့်​အ​ခြား​ခြံ​သ​မား​တို့​အား​ပေး​အပ်​ပါ လိမ့်​မည်'' ဟု​ဖြေ​ကြား​ကြ​၏။ သ​ခင်​ယေ​ရှု​က ``တိုက်​တည်​သူ​တို့​ပယ်​ထား​သော​ကျောက်​သည် အ​ရေး​အ​ကြီး​ဆုံး​သော​ထောင့်​ချုပ်​ကျောက်​ဖြစ် လာ​ရ​၏။ ဤ​အ​မှု​သည်​ဘု​ရား​သ​ခင်​ပြု​တော်​မူ​သော အ​မှု​ဖြစ်​၏။ ငါ​တို့​မျက်​မှောက်​တွင်​အံ့​သြ​ဖွယ်​ရာ​ဖြစ်​လေ​စွ' ဟူ​သော​ကျမ်း​စ​ကား​ကို​သင်​တို့​မ​ဖတ်​ဖူး ကြ​သ​လော။ ``သို့​ဖြစ်​၍​သင်​တို့​အား​ငါ​ဆို​သည်​ကား​ဘု​ရား သ​ခင်​၏​နိုင်​ငံ​တော်​ကို​သင်​တို့​ထံ​မှ​ရုပ်​သိမ်း​၍ နိုင်​ငံ​တော်​နှင့်​ထိုက်​လျောက်​သည့်​အ​ကျင့်​သီ​လ ရှိ​သော​လူ​မျိုး​အား​ပေး​လိမ့်​မည်။- (ထို​ကျောက်​အ​ပေါ်​သို့​ကျ​သော​သူ​သည်​ကြေ​မွ ၍​သွား​ပေ​အံ့။ မိ​မိ​၏​အ​ပေါ်​သို့​ထို​ကျောက် အ​ကျ​ခံ​ရ​သူ​သည်​ညက်​ညက်​ကြေ​၍​သွား​ပေ အံ့'') ဟု​မိန့်​တော်​မူ​၏။ ကိုယ်​တော်​၏​ပုံ​ဥ​ပ​မာ​များ​ကို​ယဇ်​ပု​ရော​ဟိတ် ကြီး​များ​နှင့်​ဖာ​ရိ​ရှဲ​များ​ကြား​ကြ​သော​အ​ခါ မိ​မိ​တို့​ကို​ရည်​မှတ်​၍​မိန့်​တော်​မူ​ကြောင်း​သိ ကြ​၏။- ထို​ကြောင့်​သူ​တို့​သည်​ကိုယ်​တော်​ကို​ဖမ်း​ဆီး​ရန် နည်း​လမ်း​ရှာ​ကြ​၏။ သို့​ရာ​တွင်​သူ​တို့​သည် ကိုယ်​တော်​အား​ပ​ရော​ဖက်​ဟု​မှတ်​ယူ​ယုံ​ကြည် နေ​သူ​လူ​ပ​ရိ​သတ်​တို့​ကို​ကြောက်​ကြ​၏။