YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဝတ်​ပြု 23:15-22

ဝတ်​ပြု 23:15-22 BCL

ဥ​ပုသ်​နေ့​အ​လွန်​နောက်​တစ်​နေ့​ဖြစ်​သည့်​ထာ​ဝ​ရ ဘု​ရား​အား ကောက်​လှိုင်း​စည်း​ကို​ဆက်​သ​သည့် နေ့​မှ​အ​စ​ပြု​၍​ရက်​သတ္တ​ပတ်​ခု​နစ်​ပတ်​ရေ တွက်​လော့။- သတ္တ​မ​ဥ​ပုသ်​နေ့​လွန်​သည့်​နောက်​တစ်​နေ့​ဖြစ် သော​ငါး​ဆယ်​မြောက်​နေ့​၌ ထာ​ဝ​ရ​ဘု​ရား အား​ကောက်​သစ်​ကို​တစ်​ဖန်​ဆက်​သ​လော့။- မိ​သား​စု​တိုင်း​က​မုန့်​နှစ်​လုံး​ကို​ယူ​ခဲ့​၍ ထာ​ဝ​ရ​ဘု​ရား​အား​အ​ထူး​ပူ​ဇော်​သ​ကာ အ​ဖြစ်​ဆက်​သ​ရ​မည်။ ယင်း​သို့​ဆက်​သ​ရာ​၌ မုန့်​တစ်​လုံး​စီ​ကို တ​ဆေး​ရော​သော​မုန့်​ညက် လေး​ပေါင်​ဖြင့်​ဖုတ်​ပြီး​လျှင် အ​ဦး​ဆုံး​ရ သော​ကောက်​နှံ​ပူ​ဇော်​သ​ကာ​အ​ဖြစ်​ထာ​ဝ​ရ ဘု​ရား​အား​ပူ​ဇော်​ရ​မည်။- သင်​တို့​အ​သိုင်း​အ​ဝိုင်း​သည်​အ​ထက်​ပါ​ပူ​ဇော် သ​ကာ​နှင့်​အ​တူ အ​နာ​အ​ဆာ​ကင်း​သော​တစ် နှစ်​သား​သိုး​က​လေး​ခု​နစ်​ကောင်၊ နွား​ထီး​တစ် ကောင်​နှင့်​ဆိတ်​နှစ်​ကောင်​တို့​ကို​ပူ​ဇော်​ရ​မည်။ ထို​ယဇ်​ကောင်​များ​ကို​မီး​ရှို့​ရာ​ယဇ်​အ​ဖြစ် ပူ​ဇော်​သည့်​အ​ခါ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ စ​ပျစ် ရည်​ပူ​ဇော်​သ​ကာ​တို့​ကို​လည်း​ပူ​ဇော်​ရ​မည်။ ထို​ပူ​ဇော်​သ​ကာ​၏​ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​တော်​မူ​၏။- ထို့​အ​ပြင်​အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ဖြစ်​ဆိတ် ထီး​တစ်​ကောင်​ကို​လည်း​ကောင်း၊ မိတ်​သ​ဟာ​ယ ယဇ်​အ​ဖြစ် တစ်​နှစ်​သား​သိုး​က​လေး​နှစ်​ကောင် ကို​လည်း​ကောင်း​ပူ​ဇော်​ရ​မည်။- ယဇ်​ပု​ရော​ဟိတ်​သည်​မုန့်​နှင့်​သိုး​က​လေး နှစ်​ကောင်​ကို ယဇ်​ပု​ရော​ဟိတ်​များ​အ​တွက် ထာ​ဝ​ရ​ဘု​ရား​အား အ​ထူး​ပူ​ဇော်​သ​ကာ အ​ဖြစ်​ဆက်​သ​ရ​မည်။ ဤ​ပူ​ဇော်​သ​ကာ တို့​သည်​သန့်​ရှင်း​၏။- ထို​နေ့​၌​အ​သက်​မွေး​ဝမ်း​ကျောင်း​အ​လုပ် ကို​မ​လုပ်​ဘဲ စု​ဝေး​ဝတ်​ပြု​ကိုး​ကွယ်​ရ​ကြ မည်။ သင်​တို့​၏​အ​ဆက်​အ​နွယ်​များ​သည် မည်​သည့်​အ​ရပ်​တွင်​နေ​ထိုင်​သည်​မ​ဆို ဤ ပ​ညတ်​ကို​ထာ​ဝ​စဉ်​စောင့်​ထိန်း​ရ​ကြ​မည်။- ကောက်​ရိတ်​သည့်​အ​ခါ​လယ်​ကွက်​အ​နား​တစ် လျှောက်​ရှိ​ကောက်​ပင်​များ​ကို​မ​ရိတ်​နှင့်၊ ကျန် ကြွင်း​သော​ကောက်​နှံ​များ​ကို​ပြန်​ကျော့​၍​မ ရိတ်​ရ။ ထို​ကောက်​ပင်​အ​ကျန်​အ​ကြွင်း​များ ကို​ဆင်း​ရဲ​သား​နှင့်​လူ​မျိုး​ခြား​တို့​အ​တွက် ချန်​ထား​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့ ၏​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​၏။