YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 9:1-27

ရှင်ယောဟန် 9:1-27 BCL

ကိုယ်​တော်​သည်​လမ်း​လျှောက်​၍​ကြွ​တော်​မူ​စဉ် ဝမ်း​တွင်း​ပါ​မျက်​မ​မြင်​တစ်​ဦး​ကို​တွေ့​ရှိ တော်​မူ​၏။- တ​ပည့်​တော်​တို့​က ``အ​ရှင်​ဘု​ရား၊ ဤ​သူ​မျက်​စိ မ​မြင်​သည်​မှာ​မိ​မိ​၏​အ​ပြစ်​ကြောင့်​လော၊ မိ​ဘ တို့​၏​အ​ပြစ်​ကြောင့်​လော'' ဟု​မေး​လျှောက်​ကြ​၏။ သ​ခင်​ယေ​ရှု​က ``သူ​၏​အ​ပြစ်​ကြောင့်​မ​ဟုတ်၊ မိ​ဘ​တို့​၏​အ​ပြစ်​ကြောင့်​လည်း​မ​ဟုတ်။ သူ မျက်​စိ​မ​မြင်​ရ​ခြင်း​မှာ ဘု​ရား​သ​ခင်​၏ တန်​ခိုး​တော် သူ​၌​ထင်​ရှား​လာ​စေ​ရန်​ပင် ဖြစ်​၏။- ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​၏​အ​မှု တော်​မြတ်​ကို​နေ့​အ​ချိန်​၌​ငါ​တို့​လုပ်​ဆောင် ကြ​ရ​မည်။ အ​ဘယ်​သူ​မျှ​မ​လုပ်​ဆောင်​နိုင် သည့်​ညဥ့်​အ​ချိန်​ကျ​ရောက်​လာ​လိမ့်​မည်။- ငါ​သည်​ဤ​လော​က​မှာ​ရှိ​နေ​စဉ်​လော​က ၏​အ​လင်း​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။ ဤ​သို့​မိန့်​တော်​မူ​ပြီး​နောက်​ကိုယ်​တော်​သည် မြေ​ပေါ်​သို့​တံ​တွေး​ထွေး​၍​ရွှံ့​ပြု​လုပ်​တော် မူ​၏။ မျက်​မ​မြင်​၏​မျက်​စိ​ကို​ရွှံ့​နှင့်​လူး​၍၊- ``သွား​လော့၊ ရှိ​လောင်​ရေ​ကန်​တွင် ဆေး​လော့'' ဟု မိန့်​တော်​မူ​၏။ (ရှိ​လောင်​၏​အ​နက်​ကား ``စေ​လွှတ် သည်'' ဟု​ဆို​လို​သ​တည်း။) ထို​သူ​သည်​သွား​၍ မျက်​စိ​ကို​ဆေး​ပြီး​နောက်​မျက်​စိ​မြင်​လျက် ပြန်​လာ​၏။ သူ​သည်​သူ​တောင်း​စား​ဖြစ်​သ​ဖြင့်​ယ​ခင်​က သူ့​ကို​မြင်​ဖူး​သူ​များ​နှင့်​အိမ်​နီး​ချင်း​များ က ``ဤ​သူ​သည်​ထိုင်​၍​ကြေး​ငွေ​တောင်း​ခံ​လေ့ ရှိ​သူ​မ​ဟုတ်​ပါ​လော'' ဟု​ဆို​ကြ​၏။ လူ​အ​ချို့​တို့​က ``ဟုတ်​ပါ​သည်'' ဟူ​၍​လည်း​ကောင်း၊ အ​ချို့​က ``ထို​သူ​မ​ဟုတ်၊ ထို​လူ​နှင့်​တူ​သူ​ဖြစ်​၏'' ဟူ​၍​လည်း​ကောင်း​ဆို​ကြ​၏။ သူ​ကိုယ်​တိုင်​က​မူ ``အ​ကျွန်ုပ်​သည်​ထို​သူ​ပင်​တည်း'' ဟု​ဆို​၏။ လူ​တို့​က ``သင်​အ​ဘယ်​သို့​မျက်​စိ​မြင်​လာ သ​နည်း'' ဟု​မေး​ကြ​၏။ ထို​သူ​က ``ယေ​ရှု​ဆို​သူ​သည်​ရွှံ့​အ​နည်း​ငယ်​လုပ် ၍​အ​ကျွန်ုပ်​၏​မျက်​စိ​ကို​လူး​ပြီး​လျှင် အ​ကျွန်ုပ် အား​ရှိ​လောင်​ရေ​ကန်​သို့​သွား​၍​မျက်​စိ​ကို​ဆေး ခိုင်း​ပါ​၏။ သို့​ဖြစ်​၍​အ​ကျွန်ုပ်​သည်​သွား​၍​ဆေး လိုက်​ရာ မျက်​စိ​မြင်​လာ​ပါ​သည်'' ဟု​ပြန်​ပြော​၏။ လူ​တို့​က ``ထို​သူ​သည်​အ​ဘယ်​မှာ​နည်း'' ဟု မေး​လျှင်၊ သူ​တောင်း​စား​က ``အ​ကျွန်ုပ်​မ​သိ​ပါ'' ဟု​ဆို​၏။ လူ​တို့​သည်​ယ​ခင်​က​မျက်​မ​မြင်​ဖြစ်​ခဲ့​သူ​ကို ဖာ​ရိ​ရှဲ​တို့​ထံ​သို့​ခေါ်​ခဲ့​ကြ​၏။- သ​ခင်​ယေ​ရှု​ရွှံ့​ဖြင့်​ပြု​လုပ်​၍​ထို​သူ​ကို​မျက်​စိ မြင်​စေ​တော်​မူ​သော​နေ့​ကား​ဥပုသ်​နေ့​ဖြစ်​သ​တည်း။- ဖာ​ရိ​ရှဲ​တို့​သည်​ထို​သူ​မျက်​စိ​အ​လင်း​ရ​ရှိ လာ​ပုံ​ကို​မေး​မြန်း​ကြ​၏။ ထို​သူ​က ``သူ​သည် အ​ကျွန်ုပ်​၏​မျက်​စိ​ကို​ရွှံ့​နှင့်​လူး​ပေး​ပါ​၏။ ထို​နောက်​အ​ကျွန်ုပ်​သည်​မျက်​စိ​ကို​ဆေး​လိုက် ရာ​မျက်​စိ​မြင်​လာ​ပါ​သည်'' ဟု​ဆို​၏။ အ​ချို့​သော​ဖာ​ရိ​ရှဲ​တို့​က ``ထို​သူ​သည်​ဥ​ပုသ် မ​စောင့်​သ​ဖြင့်​ဘု​ရား​သ​ခင်​ထံ​မှ​ကြွ​လာ သူ​မ​ဟုတ်'' ဟု​ဆို​ကြ​၏။ အ​ချို့​က​မူ ``အ​ပြစ်​ကူး​သူ​တစ်​စုံ​တစ်​ယောက် သည်​အ​ဘယ်​သို့​လျှင် ဤ​သို့​သော​အံ့​သြ​ဖွယ် နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ​နိုင်​ပါ​မည်​နည်း'' ဟု​ဆို​ကြ​၏။ ဤ​သို့​လျှင်​ထို​သူ​တို့​သည် အ​ချင်း​ချင်း​စိတ်​သ​ဘော​ကွဲ​လွဲ​လျက်​နေ ကြ​၏။ ထို့​ကြောင့်​ဖာ​ရိ​ရှဲ​တို့​သည် မျက်​မ​မြင်​ဖြစ်​ခဲ့​ဖူး သူ​အား ``သင့်​ကို​မျက်​စိ​မြင်​စေ​သူ​သည်​အ​ဘယ် သို့​သော​သူ​ဖြစ်​သ​နည်း'' ဟု​တစ်​ဖန်​မေး​ပြန် ကြ​၏။ ထို​သူ​က ``ပ​ရော​ဖက်​ဖြစ်​ပါ​၏'' ဟု​ဖြေ​ကြား​၏။ သို့​ရာ​တွင်​ယု​ဒ​အာ​ဏာ​ပိုင်​တို့​သည်​ယ​ခင်​က ထို​သူ​မျက်​မ​မြင်​ဖြစ်​ခဲ့​သည်​ကို​လည်း​ကောင်း၊ ယ​ခု​မျက်​စိ​မြင်​လာ​သည်​ကို​လည်း​ကောင်း မ​ယုံ​သ​ဖြင့် သူ့​မိ​ဘ​တို့​ကို​ခေါ်​၍​မေး​ကြ​၏။- သူ​တို့​က ``ဤ​သူ​သည်​သင်​တို့​၏​သား​လော။ သင် တို့​ပြော​သည်​အ​တိုင်း​ဝမ်း​တွင်း​ပါ​မျက်​မ​မြင် လော။ သို့​မှန်​လျှင်​သူ​သည်​အ​ဘယ်​သို့​ယ​ခု မျက်​စိ​မြင်​သ​နည်း'' ဟု​မေး​ကြ​၏။ မိ​ဘ​တို့​က ``ဤ​သူ​သည်​အ​ကျွန်ုပ်​တို့​၏ သား​မှန်​ပါ​၏။ ဝမ်း​တွင်း​ပါ​မျက်​မ​မြင်​ဖြစ် ကြောင်း​လည်း​မှန်​ပါ​၏။- သို့​ရာ​တွင်​အ​ဘယ်​နည်း​ဖြင့်​သူ့​မျက်​စိ​မြင် လာ​သည်​ကို​အ​ကျွန်ုပ်​တို့​မ​သိ​ပါ။ သူ့​အား အဘယ်​သူ​မျက်​စိ​မြင်​စေ​သည်​ကို​လည်း​မ​သိ ပါ။ သူ​သည်​အ​ရွယ်​ရောက်​ပါ​ပြီ။ သူ့​အား​မေး ပါ။ သူ့​အ​ကြောင်း​ကို​သူ​ကိုယ်​တိုင်​ပြော​ပြ နိုင်​ပါ​လိမ့်​မည်'' ဟု​ဖြေ​ကြား​ကြ​၏။- ဤ​သို့​ဖြေ​ကြား​ကြ​ခြင်း​မှာ​ယု​ဒ​အာ​ဏာ ပိုင်​တို့​ကို​ကြောက်​သော​ကြောင့်​ဖြစ်​၏။ ကိုယ်​တော် အား​မေ​ရှိ​ယ​အ​ဖြစ်​ဖြင့်​အ​သိ​အ​မှတ်​ပြု သူ​မှန်​သ​မျှ​အား တ​ရား​ဇ​ရပ်​မှ​ထုတ်​ပယ်​ရန် ယု​ဒ​အာ​ဏာ​ပိုင်​တို့​သ​ဘော​တူ​ဆုံး​ဖြတ် ထား​ပြီး​ဖြစ်​သ​တည်း။- ထို့​ကြောင့်​မိ​ဘ​တို့​က ``သူ​သည်​အ​ရွယ်​ရောက် ပြီ​ဖြစ်​၍​သူ့​အား​မေး​ပါ'' ဟု​ဆို​ကြ​ခြင်း ဖြစ်​၏။ ဖာ​ရိ​ရှဲ​တို့​သည်​မျက်​မ​မြင်​ဖြစ်​ခဲ့​ဖူး​သူ​ကို ဒု​တိ​ယ​အ​ကြိမ်​ခေါ်​ပြီး ``ဘု​ရား​သ​ခင်​ရှေ့ တွင်​ဟုတ်​မှန်​ရာ​ကို​ပြော​ပါ​လော့။ သင့်​အား မျက်​စိ​မြင်​စေ​သော​သူ​သည်​အ​ပြစ်​ကူး​သူ ဖြစ်​ကြောင်း​ငါ​တို့​သိ​ကြ​၏'' ဟု​ဆို​၏။ ထို​သူ​က ``ဤ​သူ​သည်​အ​ပြစ်​ကူး​သူ​ဖြစ်​သည် မ​ဖြစ်​သည်​ကို​အ​ကျွန်ုပ်​မ​သိ​ပါ။ အ​ကျွန်ုပ်​သည် ယ​ခင်​က​မျက်​စိ​ကွယ်​၍​ယ​ခု​မျက်​စိ​မြင်​လာ သည်​ကို​သာ​လျှင်​သိ​ပါ​၏'' ဟု​ပြော​၏။ ထို​သူ​တို့​က ``သူ​သည်​သင့်​ကို​မည်​သို့​ပြု သ​နည်း။ အ​ဘယ်​သို့​သင်​၏​မျက်​စိ​ကို​မြင် စေ​သ​နည်း'' ဟု​မေး​ကြ​၏။ ထို​သူ​က ``သင်​တို့​အား​အ​ကျွန်ုပ်​တစ်​ကြိမ် ဖော်​ပြ​ပြီး​ပါ​ပြီ။ သင်​တို့​နား​မ​ထောင်​ကြ။ အ​ဘယ်​ကြောင့်​ထပ်​၍​ကြား​လို​ကြ​ပါ​သ​နည်း။ သင်​တို့​သည်​လည်း​သူ​၏​တ​ပည့်​ဖြစ်​လို​ကြ ပါ​သ​လော'' ဟု​ပြန်​၍​မေး​၏။

ရှင်ယောဟန် 9:1-27 အကြောင်း ဗီဒီယိုများ