YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 5:24-40

ရှင်ယောဟန် 5:24-40 BCL

``အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ငါ​၏​စ​ကား​ကို​ကြား​နာ​၍ ငါ့​ကို​စေ​လွှတ် တော်​မူ​သော​အ​ရှင်​ကို​ယုံ​ကြည်​သူ​သည် ထာ​ဝ​ရ​အ​သက်​ကို​ရ​၏။ သူ​သည်​တ​ရား စီ​ရင်​တော်​မူ​ခြင်း​ကို​မ​ခံ​ရ​ဘဲ သေ​ခြင်း မှ​အ​သက်​ရှင်​ခြင်း​သို့​ကူး​မြောက်​သော​သူ ဖြစ်​၏။- အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား သူ​သေ​တို့​သည် ဘု​ရား​သ​ခင်​၏​သား​တော် အ​သံ​ကို​ကြား​ရ​သည့်​အ​ချိန်​ကျ​ရောက် လာ​လိမ့်​မည်။ ထို​အ​ချိန်​သည်​ယ​ခု​ပင်​ကျ ရောက်​လျက်​ရှိ​ပြီ။ သား​တော်​၏​အ​သံ​ကို ကြား​ရ​သော​သူ​တို့​သည်​အ​သက်​ပြန်​၍ ရှင်​ကြ​လိမ့်​မည်။- ခ​မည်း​တော်​မှာ​အ​သက်​ပေး​ပိုင်​သော​တန်​ခိုး ရှိ​တော်​မူ​သည်​နည်း​တူ သား​တော်​တွင်​လည်း​ရှိ စေ​ရန်​ထို​တန်​ခိုး​ကို​သား​တော်​အား​အပ်​နှင်း ထား​တော်​မူ​၏။- သား​တော်​သည်​လူ​သား​ဖြစ်​တော်​မူ​သည်​နှင့် အ​ညီ တ​ရား​စီ​ရင်​ပိုင်​သော​တန်​ခိုး​အပ်​နှင်း ခြင်း​ကို​ခံ​ရ​၏။- ဤ​အ​ခြင်း​အ​ရာ​ကို​သင်​တို့​မ​အံ့​သြ​ကြ​နှင့်။ သင်္ချိုင်း​မှ​သူ​သေ​တို့​သည်​သား​တော်​၏​အ​သံ တော်​ကို​ကြား​၍​ထွက်​လာ​ကြ​မည့်​အ​ချိန်​ကျ ရောက်​လိမ့်​မည်။- အ​ကျင့်​ကောင်း​ကို​ပြု​ခဲ့​သူ​တို့​သည်​ထ​မြောက် ၍​အ​သက်​ရှင်​ကြ​ရ​လိမ့်​မည်။ အ​ကျင့်​ဆိုး​ကို ပြု​ခဲ့​သူ​တို့​မူ​ကား ထ​မြောက်​၍​အ​ပြစ်​စီ​ရင် ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ ``ငါ​သည်​မိ​မိ​အ​လို​အ​လျောက်​မည်​သည့်​အ​ရာ ကို​မျှ​မ​ပြု​နိုင်။ ခ​မည်း​တော်​ဖော်​ပြ​သည့်​အ​တိုင်း သာ​လျှင်​စီ​ရင်​ဆုံး​ဖြတ်​၏။ ငါ​သည်​ကိုယ့်​အ​လို သို့​မ​လိုက်။ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​၏ အ​လို​တော်​သို့​လိုက်​သည်​ဖြစ်​၍ ငါ​၏​စီ​ရင်​ဆုံး ဖြတ်​ချက်​သည်​မှန်​ကန်​၏။ ``ငါ​သည်​မိ​မိ​၏​အ​ကြောင်း​ကို​သက်​သေ​ခံ​လျှင် ငါ​၏​သက်​သေ​ခံ​ချက်​သည်​ခိုင်​လုံ​ခြင်း​မ​ရှိ။- သို့​ရာ​တွင်​ငါ့​အ​ကြောင်း​ကို​သက်​သေ​ခံ​သူ တစ်​ပါး​ရှိ​၏။ သူ​၏​သက်​သေ​ခံ​ချက်​သည်​မှန် ကန်​ကြောင်း​ကို​ငါ​သိ​၏။- သင်​တို့​သည်​ယော​ဟန်​၏​ထံ​သို့​စေ​တ​မန်​များ စေ​လွှတ်​ခဲ့​ကြ​၏။ သူ​သည်​သမ္မာ​တ​ရား​ဘက် က​သက်​သေ​ခံ​၏။- ငါ့​အ​ကြောင်း​ကို​လူ​တစ်​စုံ​တစ်​ယောက်​က သက်​သေ​ခံ​ရန်​လို​၍​မ​ဟုတ်။ သင်​တို့​ကယ်​တင် ခြင်း​ခံ​ရ​စေ​ရန်​သာ​ဤ​စ​ကား​ကို​ငါ​ပြော ၏။- ယော​ဟန်​သည်​အ​လျှံ​ထ​၍​ထွန်း​လင်း​နေ​သော ဆီ​မီး​ခွက်​သ​ဖွယ်​ဖြစ်​သ​ဖြင့် သင်​တို့​သည်​သူ ၏​အ​လင်း​ရောင်​တွင်​ခ​ဏ​မျှ​သာ​ပျော်​မွေ့​လို ကြ​၏။- သို့​ရာ​တွင်​ယော​ဟန်​၏​သက်​သေ​ခံ​ချက်​ထက် ကြီး​မြတ်​သည့်​သက်​သေ​ခံ​ချက်​ငါ့​မှာ​ရှိ​၏။ ခ​မည်း​တော်​ငါ့​အား​ပေး​အပ်​သ​ဖြင့် ယ​ခု​ငါ လုပ်​ဆောင်​လျက်​ရှိ​သည့်​အ​မှု​အ​ရာ​များ​က​ပင် ငါ့​ကို​ခ​မည်း​တော်​စေ​လွှတ်​တော်​မူ​ကြောင်း​ကို သက်​သေ​ခံ​ကြ​၏။- ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​ခ​မည်း​တော်​ကိုယ် တိုင်​က​လည်း ငါ့​အ​ကြောင်း​ကို​သက်​သေ​ခံ​တော် မူ​၏။ သင်​တို့​သည်​ခ​မည်း​တော်​၏​အ​သံ​တော် ကို​အ​ဘယ်​အ​ခါ​က​မျှ​မ​ကြား​ဘူး​ကြ။ သဏ္ဌာန်​တော်​ကို​လည်း​မ​မြင်​ဘူး​ကြ။- ခ​မည်း​တော်​စေ​လွှတ်​တော်​မူ​သော​သူ​ကို မ​ယုံ​ကြည်​ကြ​သ​ဖြင့် နှုတ်​က​ပတ်​တော်​သည် သင်​တို့​၏​စိတ်​နှ​လုံး​တွင်​မ​ကိန်း​အောင်း။- ကျမ်း​စာ​တော်​တွင်​ရှာ​ဖွေ​၍​ထာ​ဝ​ရ​အ​သက် ကို​တွေ့​ရှိ​လိမ့်​မည်​ဟု​သင်​တို့​ထင်​မှတ်​ကြ​သ​ဖြင့် ကျမ်း​စာ​တော်​ကို​အ​ပတ်​တ​ကုတ်​လေ့​လာ​ကြ​၏။ ထို​ကျမ်း​စာ​တော်​က​ပင်​လျှင်​ငါ့​အ​ကြောင်း​ကို သက်​သေ​ခံ​၏။- သို့​သော်​လည်း​သင်​တို့​သည်​အ​သက်​ရ​အံ့​သော ငှာ​ငါ့​ထံ​သို့​မ​လာ​လို​ကြ။

​ရှင်ယောဟန် 5:24-40 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။