YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 14:6-11

ရှင်ယောဟန် 14:6-11 BCL

သ​ခင်​ယေ​ရှု​က ``ငါ​သည်​ခ​ရီး​လမ်း​ဖြစ်​၏။ သမ္မာ​တ​ရား​လည်း​ဖြစ်​၏။ အ​သက်​လည်း​ဖြစ်​၏။ ငါ့​ကို​အ​မှီ​မ​ပြု​ဘဲ​အ​ဘယ်​သူ​မျှ​ခ​မည်း တော်​ထံ​သို့​မ​ရောက်​နိုင်။- ယ​ခု​သင်​တို့​သည်​ငါ့​ကို​သိ​ကြ​ပြီ​ဖြစ်​၍ ငါ့​ခ​မည်း​တော်​ကို​လည်း​သိ​ကြ​လိမ့်​မည်။ ယ​ခု မှ​စ​၍​ခ​မည်း​တော်​ကို​သင်​တို့​သိ​ကျွမ်း​၍​ဖူး မြင်​ရ​ကြ​လေ​ပြီ'' ဟု​မိန့်​တော်​မူ​၏။ ဖိ​လိပ္ပု​က ``အ​ရှင်​ဘု​ရား၊ ခ​မည်း​တော်​ကို အ​ကျွန်ုပ်​တို့​အား​ပြ​တော်​မူ​ပါ။ သို့​ပြ​တော် မူ​လျှင်​အ​ကျွန်ုပ်​တို့​အ​လို​ပြည့်​ပါ​ပြီ'' ဟု လျှောက်​၏။ သ​ခင်​ယေ​ရှု​က ``ဖိ​လိပ္ပု၊ ငါ​သည်​သင်​တို့​နှင့် အ​တူ​ဤ​မျှ​ကြာ​အောင်​နေ​ခဲ့​ပြီး​ဖြစ်​ပါ လျက်​ငါ့​ကို​သင်​မ​သိ​ပါ​သ​လော။ ငါ့​ကို တွေ့​မြင်​ရ​သူ​သည်​ခ​မည်း​တော်​ကို​ဖူး​မြင် ရ​၏။ ခ​မည်း​တော်​အား​အ​ကျွန်ုပ်​တို့​ကို​ပြ တော်​မူ​ပါ​ဟု​အ​ဘယ်​ကြောင့်​ဆို​သ​နည်း။- ငါ​သည်​ခ​မည်း​တော်​၌​တည်​ရှိ​နေ​၍​ခ​မည်း တော်​သည်​လည်း ငါ​၌​တည်​ရှိ​နေ​တော်​မူ​သည် ကို​သင်​မ​ယုံ​သ​လော။ သင်​တို့​အား​ငါ​ပြော သော​စ​ကား​သည်​ငါ့​ကိုယ်​ပိုင်​စ​ကား​မ​ဟုတ်။ ငါ​ပြု​သော​အ​မှု​တို့​သည်​ခ​မည်း​တော်​ပြု တော်​မူ​သော​အ​မှု​များ​ပင်​ဖြစ်​၏။- ငါ​သည်​ခ​မည်း​တော်​၌​တည်​နေ​၍​ခ​မည်း တော်​သည်​လည်း ငါ​၌​တည်​နေ​တော်​မူ​သည် ဟု​ငါ​ပြော​သည်​ကို​ယုံ​ကြ​လော့။ မ​ယုံ​လျှင် ငါ​ပြု​သော​အ​မှု​များ​ကို​ထောက်​၍​ယုံ​ကြ လော့။